အင်းယားကန်သို့ အိုကုတို့ (မင်းသုဝဏ်)

မိုးပေါက်ကျ၍
ထသည့်ဂယက် ၀ိုင်းစက်စက်သည်
ဝကွက်ခင်နှီး နှယ်တကား။

ခဏချင်းတွင်၊ မိုးသက်ဆင်က
ရေပြင်လှိုင်းကြွ၊ ခုန်ပေါက်ကြလျက်
ကြက်ဖချင်းထိုး၊ ခေါင်းဖြူမိုး၍
ရေရိုးရှူပ်ပွေ၊ မိုးသီးကြွေသည်
စွေစွေစောင်းစောင်း ရွာသွန်းလောင်း။

ဗယ်ယိမ်း ညာယိမ်း၊ တောခပ်သိမ်းလည်း
နတ်စိမ်းဝင်သို့၊ ကမ်းယံမို့တွင်
မှိုင်းညို့မိုးသား၊ နောက်ခံကား။

မိုးဖျင်ဇာပါး၊ ၀တ်ရုံလွှားလျက်
မော်ကြွားသည့်ဟန်၊ ဤသည့်ကန်တွင်
မြင်ပြန်ဝိုးဝါး၊ ကျွန်းညိုကြား၌
လူးလားချင်လို၊ ငါတောင်းဆိုသည်
လှေကိုပြင်ပ ကုတို့မှူး။

၁၉၄၈

No comments:

Post a Comment