စိတ်ထဲရှိတာ.....။

ဘလော့ဘက်ကိုမလှည့်ဖြစ်တာကြာပြီ..။ သူများရေးတာတွေပဲလိုက်ဖတ်နေတာရယ်..၊ သိချင်တာတစ်ခုရှာနေတာရယ်..၊ တစ်ခြားဟာလေးတွေလှည့်လုပ်နေတာရယ်နဲ့ စိတ်ကရောက်ပြီး လူကမရောက်နိုင်ဘူးဖြစ်နေတယ်..။ ရေးမယ်လုပ်တော့လည်း ခေါင်းထဲကစာကြောင်းတွေက ခဲနေသလိုဖြစ်နေတယ်..။ အကြည်ဓာတ်ကလေးမရလာဘူးဖြစ်နေလို့ မရေးဖြစ်ဘူး..။ ဘလော့ကလည်းရေးတဲ့သူတစ်ယောက်ပဲဖတ်တဲ့သူရှိတာ ရယ်ချင်စရာကြီး..။ ဒါပေမယ့်မရေးရမှမနေနိုင်တာ ဘယ်သူမဖတ်ဖတ် ရေးဖြစ်နေမှာပါပဲ..။ အကျိုးပြုပို့စ်လေးတွေရေးကြတဲ့ဘလော့လေးတွေမှာ လူစည်တာတွေ့ရတယ်..။ ကိုယ့်ပို့စ်တွေက အကျိုးပြုပို့စ်တွေဆိုတာထက် ကိုယ့်ခံစားချက်ကိုသွန်ထုတ်တဲ့နေရာပဲဖြစ်နေတာမို့ လူမစည်တာဆိုတာ ကိုယ်သဘောပေါက်ပါတယ်..။ ရေးဖို့အကြည်ဓာတ်ရလာတဲ့အခါ ရေးဖြစ်လာရင်းလူလည်းသူဘာသာစည်လာလိမ့်မယ်လို့ ယူဆပါတယ်..။ ခုတော့ ကိုယ့်ဘလော့ကသက်တမ်းနုသေးတာရယ်..၊ ကိုယ်ရေးချင်တဲ့ခေါင်းထဲရောက်နေတဲ့အကြောင်းအရာတွေကို မသေချာတာတွေချမရေးထားချင်တာနဲ့မရေးဖြစ်တာပါ..။

ခုလည်းအချိန်မရဘူး..။ အလုပ်သွားရဦးမယ်..။ ရေးချင်ပေမယ့် ခဏရပ်ရဦးမယ်..။ အဲလိုပဲ ဘ၀ကလေ..။



မစံပယ်

စိတ်ထဲရှိတာ.....။

ဘလော့မရေးဖြစ်တာတောင်ကြာပြီ..။

နေ့ရောညရောကိုယ်ဘာသာရပ်တည်ဖို့ကြိုးစားရတာ မောလိုက်တာ..။ အမေပေးတဲ့ပိုက်ဆံကို လက်ဖြန့်သုံးတုံးက ကားစီးသွားရသလိုပဲ..။ လိုရာခရီးကိုသက်သက်သာသာ မမောမပန်းဘဲရောက်ခဲ့တယ်..။ အခုကိုယ်ဘာသာတတ်နိုင်သလောက်လေးရှာကြည့်မယ်ဆိုပြီး အားခဲပြီးနေထိုင်ဖို့စားရိတ်လေးရအောင် ကြိုးစားရှာရတာကျတော့ ရေထဲမှာလက်ပစ်ကူးသွားရသလိုပဲ မောလိုက်တာ..။


ဒါပေမယ့်ကိုယ်ဘာသာအားပေးရတယ်...။ ပင်ပန်းမှာကိုကြောက်တဲ့သူက ပိုပင်ပန်းတတ်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရသလိုပဲ..။ ဒါကြောင့်မို့ပင်ပန်းမှာကိုမကြောက်နဲ့ လုပ်စရာရှိတာကို အာရုံစိုက်လုပ်လို့ ကိုယ်ဘာသာအားပေးရတယ် ကွယ်..။




စံပယ်ပန်း