သူငယ်ချင်းမင်္ဂလာဆောင်ကရတဲ့ခံစားချက်..။

အချစ်ဆုံးအခင်မင်ရဆုံးသူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်သွားပြီ..။ သူ့ပွဲကိုသွားရင်းနဲ့ တရားနာရင်း စိတ်ထဲမှာအတွေးတစ်ချို့ပေါ်လာမိတယ်.။ ငါ မင်္ဂလာဆောင်ဖြစ်ပါဦးမလား..။ အပျိုကြီးပဲဖြစ်ဖို့များတယ်လို့ အဖြေထွက်လာတယ်..။အဲဒါကတစ်ခု..။
နောက်တစ်ခုက ၀ိသာခါကျောင်းအစ်မကြီးမင်္ဂလာဆောင်တုံးက မိဘကသုံးဂါဝုတ်ရှိတဲ့ခြံဝိုင်းထဲကိုနွားအကောင်ရေဆန့်သလောက်ထည့်ပြီးလက်ဖွဲ့တာ နွားတွေကခုန်ပေါက်မြူးထူးပြီးပြေးဝင်သွားတာ ဆန့်တဲ့အတိုင်းအတာထက်ကျော်လွန်သွားတယ်လို့ ဆရာတော်ကဟောလိုက်တယ်..။ အဲဒါရှေးကပြုခဲ့ဘူးတဲ့ကုသိုလ်ဒါနကြောင့်တဲ့..။ သူတစ်ပါးတွေကိုကျွေးမွေးပေးကမ်းလို့ ဒီလိုအကျိုးခံစားရတာလို့ဟောတော့ တစ်ယောက်စာအတွက်ပဲ ရပ်တည်နေတဲ့ကိုယ့်အဖြစ်ကိုယ်သတိထားမိလာတယ်..။ အကျွေးအမွေး၊ အထောက်အပံ့လေးပြုဦးမှလို့ ကိုယ့်ကိုယ်ကိုဆုံးမမိတယ်..။ နေ့တိုင်းလှူနိုင်တဲ့ ဆွမ်းလောင်းနိုင်တဲ့နေရာဒေသမှာလည်း ရှိနေတာမဟုတ်တော့လေ..။



စံပယ်

No comments:

Post a Comment