သမိုင်း

သမိုင်းတစ်ခေတ် ပြောင်းမည်လော..။ ပြောင်းသင့်ပြီ..။ အခြေအနေအရပ်ရပ်က ပြောင်းသင့်တဲ့ လက္ခာဏာတွေ ပြနေပြီ..။ ပြောင်းအောင်မလုပ်နိုင်တာ ကိုယ်ညံ့လို့ပဲ..။

စံပယ်

Education

Credit/http://www.todaygroup.com.mm/Magazine/Lst%20PDF/Coverstory.jpg

အဝေးရောက် သီတင်းကျွတ်လပြည့်..။

မြန်မာနိုင်ငံနှင့်ဝေးကွာသောဒေသတွင် မြန်မာနိုင်ငံမှ mood ကိုထိန်းသိမ်းထားဖို့ခဲယဉ်းလှပါသည်..။ သီတင်းကျွတ်လပြည့်ညကို အခါကြီးရက်ကြီးနေ့အဖြစ် အသိမှာစွဲနေအောင် မိမိကိုယ်ကို သတိပေးနေရပါသည်..။ တစ်ချို့အစ်ကိုကြီးများမှာ လေးစားဖွယ် ရသမျှအချိန်တွင် ဥပုသ်ရအောင်စောင့်သည်ဟု သိရသည်..။ တစ်ချို့ကတော့ တိုးပါးရိုးဘုရားသွားကြသည်..။ ကံကောင်းထောက်မစွာဖြင့် လပြည့်နေ့က စနေဖြစ်နေသောကြောင့်..။ မဖြစ်လျှင် သတိရနိုင်ဖို့ခဲယဉ်းသည်..။ အခါကြီးရက်ကြီးမှန်းမသိ..၊ ကုသိုလ်ရေးတွင်မပါဝင်နိုင်၊ မပါဝင်ဖြစ်..။ စိတ်ထားကိုသာ အကောင်းဆုံးထားကာ နေသွားရပေမည်..။