ချစ်တဲ့သူများနဲ့ တစ်ညနေ...။

ကျွန်မသည်လောကတွင်တော်တော်လေးကံကောင်းသူများစာရင်းတွင်ပါသည်ဟု မိမိကိုယ်ကိုထင်မြင်မိပါသည်..။ ရောက်လေရာအရပ်တွင် ချစ်ခင်သူများနှင့်အမြဲပျော်ပျော်ရွှင်ရွှင်နေရသည်ကများပါသည်...။ ကျွန်မ၏ဖော်ရွေတတ်မှူ၊ ပွင့်လင်းမှူ၊ ရိုးသားမှူများကြောင့် ယခုကဲ့သို့ရိုးသားသောမောင်နှမများနှင့် ရောက်လေရာတွေ့ရသည်ဟု ထင်မြင်မိပါသည်..။ ကျွန်မလက်ခံထားသောဘုရားဟောတစ်ခုကြောင့်လည်းဖြစ်နိုင်ပါသည်...။ ဘ၀သံသရာခရီးမှာရှည်ခဲ့လှသောကြောင့် ညီအစ်ကိုမောင်နှမတူဝရီးသားချင်း မတော်စပ်ဘူးသောသူမရှိဟူသော ဘုရားဟောစကားအတိုင်း လူတိုင်းအားလုံးကို မောင်နှမသားချင်းကဲ့သို့သတ်မှတ်လိုက်သောအခါ ကျွန်မတွင်ခင်စရာပုဂ္ဂိုလ်များချည်းဖြစ်လာပါသည်..။ အားလုံးကိုမေတ္တာနှင့်ယှဉ်၍ကြည့်နိုင်လာပါသည်..။
ကျွန်မ၏ဘ၀ခရီးသည်မည်သို့မည်ပုံရှေ့ဆက်ရမည်မသိသေးသောကြောင့် ယခုကဲ့သို့မောင်နှမများနှင့်နေရသည်ကို ကျွန်မအလွန်နှစ်ခြိုက်မိပါသည်..။

2 comments:

  1. တာရာပွလေး8/24/2010 11:31:00 am

    အန်တီအေးရေ.. အဲနေ့က မ၀တ၀စားလိုက်ရတာကို အရမ်းအားနာတယ်ဗျာ.. ကျွန်တော်တို့ မင်္ဂလာဆောင်မှပဲ အ၀ကျွေးတော့မယ် :P

    ReplyDelete
  2. ကြာဦးမှာပေါ့..။ အကြာကြီးစောင့်ရလိမ့်မယ်..။ ကြားထဲမှာပဲ ညန်ညန်ကျွေး..။ ဟင့်..။

    ReplyDelete