လိုက်နာရမယ့် နည်းလမ်းတွေ..။

အမှန်ဆို လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ Web Developer ဆိုတာမျိုးက ကနေ့ခေတ်စားနေတဲ့ Joomla တို့ Wordpress တို့လို CMS တွေသိထားရဦးမယ်... Web ရဲ့ အဓိကလိုဖြစ်နေတဲ့ Ajax လိုနည်းပညာမျိုးကိုသိထားရဦးမယ်... .NET ဘက်ကိုသွားနေတဲ့သူဆိုရင်လည်း Silverlight လိုနည်းပညာမျိုးကို သိထားရဦးမယ်... Sharepoint လိုနည်းပညာမျိုးကိုလည်း သိထားရဦးမယ်... MVC လို ခေတ်စားလာတဲ့ Pattern မျိုးကိုလည်း နားလည်ထားရမယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... အများကြီး ကျန်ပါသေးတယ်... အဲ့ဒါတွေအားလုံးအတွက် သင်တန်းတစ်ခုချင်းသာလိုက်တက်နေမယ်ဆိုရင် ဆုံးတော့မှာမဟုတ်သလို တစ်ခုမကျန် သင်ပေးနိုင်တဲ့ သင်တန်းလည်းရှိမှာမဟုတ်ပါဘူး...။
        လူငယ်တွေအတွက် အမှန်တစ်ကယ်လိုအပ်နေတာက Self-Study လုပ်တက်ဖို့လိုနေသလို Self-Study လုပ်လေ့ရှိတဲ့ အလေ့အကျင့်လည်း လုပ်ထားဖို့ လိုအပ်နေတာဖြစ်ပါတယ်...

ကိုရာဗီက ဘယ်အချိန်မှာ သင်တန်းတက်ရမလဲဆိုတာကို ဒီလို ရှင်းပြပါတယ်... တစ်ချို့ကိစ္စတွေမှာ Self-study လုပ်ရင်းနဲ့ အခက်အခဲတွေတွေ့လာတဲ့အခါ၊ တစ်ဦးတစ်ယောက်က လမ်းညွှန်လိုက်ရင် လေ့လာရတာ ပိုမိုမြန်ဆန်မယ့်အနေအထားဖြစ်လာတဲ့အခါ သင်တန်းတက်ရပါတယ်... သင်တန်းတက်တယ်ဆိုတာ သင်တန်းကသင်ပေးလိုက်ရင် လွယ်လွယ်နဲ့တက်သွားမလားဆိုတဲ့ စိတ်နဲ့တက်ရတာမျိုးမဟုတ်ပါဘူး... Self-study လုပ်ရတာ ပိုမိုလွယ်ကူချောမွေ့စေဖို့ သင်ပြပေးနေတဲ့ ဆရာလုပ်သူတွေရဲ့ လမ်းညွှန်မှုကို လိုချင်လို့ တက်တာမျိုးသာဖြစ်သင့်တယ်လို့ ဆိုပါတယ်...

ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းဖို့ဆိုတာ မိမိကိုယ်တိုင်ကလည်း အမှန်တစ်ကယ် လုပ်နိုင်မှာသာ အခွင့်အလမ်းကောင်းမှာဖြစ်ပါတယ်... Programming နဲ့ ဆက်နွယ်နေနဲ့ ပညာရပ်နယ်ပယ်တွေမှာ Self-study လုပ်ခြင်းဖြင့်သာ အမှန်တစ်ကယ် လုပ်နိုင်ပြီး၊ ကျွမ်းကျင်တဲ့သူ ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်... သင်တန်းတွေ တက်တယ်ဆိုရင်လည်း၊ ပိုက်ဆံပေးလိုက်ရင် "တက်" များသွားမလားဆိုပြီး တက်တာမျိုးမဖြစ်သင့်ပဲ၊ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ တက်တာမျိုးပဲ ဖြစ်သင့်ကြောင့် အကြံပြုလိုပါတယ်...။


http://www.myanmaritpro.com/profiles/blogs/certificate-selfstudy-1 မှကူးယူထားပါသည်..။

No comments:

Post a Comment