တစ္ဆေ (ကြည်အေး)

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွှေ့ရာတွေလည်း၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မရ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စံကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှူပ်လှူပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချူံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်ထဲပဲ သူနဲ့ငါ။

မြစ်နက်ထဲမှာ
ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ
ကိုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တယောက်သောငါ၊ ငါများစွာမှ
ထလာ လွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမျှမကြား၊ မောင့်အနားမှာ
ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား၊ တစ္ဆေဖြားယောင်း
မှူန်မွှား စိတ်ဝယ် အရိပ်ထင်။

၁၉၄၇

No comments:

Post a Comment