လိုက်နာရမယ့် နည်းလမ်းတွေ..။
အမှန်ဆို လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ Web Developer ဆိုတာမျိုးက ကနေ့ခေတ်စားနေတဲ့ Joomla တို့ Wordpress တို့လို CMS တွေသိထားရဦးမယ်... Web ရဲ့ အဓိကလိုဖြစ်နေတဲ့ Ajax လိုနည်းပညာမျိုးကိုသိထားရဦးမယ်... .NET ဘက်ကိုသွားနေတဲ့သူဆိုရင်လည်း Silverlight လိုနည်းပညာမျိုးကို သိထားရဦးမယ်... Sharepoint လိုနည်းပညာမျိုးကိုလည်း သိထားရဦးမယ်... MVC လို ခေတ်စားလာတဲ့ Pattern မျိုးကိုလည်း နားလည်ထားရမယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... အများကြီး ကျန်ပါသေးတယ်... အဲ့ဒါတွေအားလုံးအတွက် သင်တန်းတစ်ခုချင်းသာလိုက်တက်နေမယ်ဆိုရင် ဆုံးတော့မှာမဟုတ်သလို တစ်ခုမကျန် သင်ပေးနိုင်တဲ့ သင်တန်းလည်းရှိမှာမဟုတ်ပါဘူး...။
        လူငယ်တွေအတွက် အမှန်တစ်ကယ်လိုအပ်နေတာက Self-Study လုပ်တက်ဖို့လိုနေသလို Self-Study လုပ်လေ့ရှိတဲ့ အလေ့အကျင့်လည်း လုပ်ထားဖို့ လိုအပ်နေတာဖြစ်ပါတယ်...
ကိုရာဗီက ဘယ်အချိန်မှာ သင်တန်းတက်ရမလဲဆိုတာကို ဒီလို ရှင်းပြပါတယ်... တစ်ချို့ကိစ္စတွေမှာ Self-study လုပ်ရင်းနဲ့ အခက်အခဲတွေတွေ့လာတဲ့အခါ၊ တစ်ဦးတစ်ယောက်က လမ်းညွှန်လိုက်ရင် လေ့လာရတာ ပိုမိုမြန်ဆန်မယ့်အနေအထားဖြစ်လာတဲ့အခါ သင်တန်းတက်ရပါတယ်... သင်တန်းတက်တယ်ဆိုတာ သင်တန်းကသင်ပေးလိုက်ရင် လွယ်လွယ်နဲ့တက်သွားမလားဆိုတဲ့ စိတ်နဲ့တက်ရတာမျိုးမဟုတ်ပါဘူး... Self-study လုပ်ရတာ ပိုမိုလွယ်ကူချောမွေ့စေဖို့ သင်ပြပေးနေတဲ့ ဆရာလုပ်သူတွေရဲ့ လမ်းညွှန်မှုကို လိုချင်လို့ တက်တာမျိုးသာဖြစ်သင့်တယ်လို့ ဆိုပါတယ်...
ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းဖို့ဆိုတာ မိမိကိုယ်တိုင်ကလည်း အမှန်တစ်ကယ် လုပ်နိုင်မှာသာ အခွင့်အလမ်းကောင်းမှာဖြစ်ပါတယ်... Programming နဲ့ ဆက်နွယ်နေနဲ့ ပညာရပ်နယ်ပယ်တွေမှာ Self-study လုပ်ခြင်းဖြင့်သာ အမှန်တစ်ကယ် လုပ်နိုင်ပြီး၊ ကျွမ်းကျင်တဲ့သူ ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်... သင်တန်းတွေ တက်တယ်ဆိုရင်လည်း၊ ပိုက်ဆံပေးလိုက်ရင် "တက်" များသွားမလားဆိုပြီး တက်တာမျိုးမဖြစ်သင့်ပဲ၊ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ တက်တာမျိုးပဲ ဖြစ်သင့်ကြောင့် အကြံပြုလိုပါတယ်...။
http://www.myanmaritpro.com/profiles/blogs/certificate-selfstudy-1 မှကူးယူထားပါသည်..။
Professional ဖြစ်လိုသူများ Internet မှ လေ့လာနည်း..။
ပြီးခဲ့တဲ့ တစ်ပါတ်က ပြုလုပ်ခဲ့တဲ့ MZ 3rd Anniversary အထိမ်းအမှတ်ပွဲရဲ့ နောက်ဆုံးပိုင်းမှာ Open Discussion ဆိုတဲ့ အစီအစဉ်လေးတစ်ခု ပါခဲ့ပါတယ်... အဲ့ဒီ အစီအစဉ်မှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ "Beginner ကနေ Professional ဖြစ်အောင် ဘာတွေလုပ်ရမလဲ" ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်...
Professional ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ ဆိုတာကနေ စတင်ဆွေးနွေးလိုက်ကြတာ အတော် စိတ်ဝင်စားဖို့ကောင်းပါတယ်... Professional ဖြစ်အောင် ဘာတွေလုပ်ရမယ်ဆိုတဲ့ အတိအကျအဖြေတစ်ခုကို မပေးနိုင်ခဲ့ပေမယ့် တက်ရောက်လာသူများအတွက် အကျိုးရှိခဲ့တဲ့ စကားဝိုင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်...
Professional ဖြစ်အောင် လုပ်ရမယ့် အချက်တွေထဲမှာ "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတဲ့အချက်တစ်ချက် ပါဝင်ပါတယ်... အမြဲမပြတ် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကြောင့် "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတာဟာ Beginner တွေသာမကပါဘူး၊ မိမိကိုယ်ကို ကျွမ်းကျင်သူလို့ ယူဆထားတဲ့ Professional များအတွက်ပါ လိုအပ်တယ်ဆိုတာကို အားလုံး သိပြီးသားပါ...
ဒီ Post မှာ ထိရောက်တဲ့ "စဉ်ဆက်မပြတ်လေ့လာမှု" တွေကို ပြုလုပ်နိုင်ဖို့ Internet ကို ဘယ်လို အသုံးချရမလဲ ဆိုတာကို အဓိကထား တင်ပြသွားချင်ပါတယ်...
ကျွန်တော်တို့ ကွန်ပြူတာစတင်လေ့လာစအချိန်က လေ့လာဖို့အတွက် Resource ဆိုတာ အတော်လေးရှားပါးပါတယ်... ကိုးကားစရာရဖို့အတွက် သင်တန်းတွေမှာ ဆရာသင်သမျှတစ်လုံးမကျန် လိုက်လံမှတ်သားထားရပါတယ်... Programming နဲ့ပက်သက်တဲ့ စာအုပ်အထူကြီးတွေကိုတွေ့မိရင် လိုချင်လွန်းလို့ ရင်တွေဘာတွေတောင် တုန်ပါတယ်... ဒါပေမယ့် အဲ့လိုစာအုပ်တွေက ဈေးသိပ်ကြီးလို့ အနားတောင်မကပ်နိုင်ပါဘူး... စာအုပ်တစ်အုပ်လောက် ရလိုက်ပြီဆိုရင်လည်း ရွှေမန်ကျည်းတောင့်ရသလောက်ကို ၀မ်းသာရပါတယ်... စာအုပ်က သိပ်ရှားပါးတော့ ကိုယ့်မှာရှိရင် သူများကို မပေးချင်ပါဘူး... ကိုယ်တောင်မှ ခက်ခက်ခဲခဲ ရထားရတာကိုး... သူများစာအုပ်ဆိုရင်လည်း တစ်ရက်လောက်ခဏလို့ ငှားပြီး တစ်အုပ်လုံးကို မိတ္တူကူးယူထားရတာတွေ ရှိပါတယ်... အဲ့ဒီလောက်ထိ ကိုးကားစရာ၊ လေ့လာစရာ စာအုပ် နဲ့ Resource ရှားပါးပါတယ်...
နောက်ပိုင်း အင်တာနက်ကွန်နက်ရှင် အလွယ်တစ်ကူရလာတော့ အင်တာနက်ကို လေ့လာဖို့အတွက် အသုံးပြုခဲ့ပါတယ်... အစပိုင်းမှာ လိုချင်တာတောင်မှ မရှာတက်ဆိုတော့ သိပ်မထိရောက်ပါဘူး... နောက်ပိုင်း သုံးတက်လာတဲ့အခါ အင်တာနက်ဟာ သိပ်ကောင်းတဲ့ လေ့လာစရာ Resource ဖြစ်သွားပြီး အများကြီး အထောက်အကူပြုခဲ့ပါတယ်... အခုချိန်မှာ အင်တာနက်မရှိပဲ အလုပ်လုပ်ဖို့ ဆိုတာနဲ့၊ အင်တာနက်မရှိပဲ လေ့လာဖို့ဆိုတာကို တွေးကြည့်လို့တောင် မရတော့ပါဘူး...
MZ 3rd Anniversary ပွဲနေ့က အများကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်... "မိမိကိုယ်ကို စဉ်ဆက်မပြတ်တိုးတက်နေတယ်လို့ ထင်သလား? နေ့စဉ်တိုးတက်တာက မမြင်သာရင်တောင်မှ ပြီးခဲ့တဲ့လကထက် ဒီလ ပိုမိုတိုးတက်လာတယ်လို့ ထင်သလား?" ဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်... "တိုးတက်နေပါတယ်" ဆိုတဲ့အဖြေကို ဖြေရဲတဲ့သူ တစ်ယောက်တောင်မှ မရှိတဲ့အတွက် အံ့အားသင့်မိပါတယ်... လူကြားထဲမှာ တိုးတက်နေပါတယ်လို့ ဖြေဖို့ မ၀ံ့ရဲတာဖြစ်နိုင်သလို၊ အမှန်တကယ်ကို မိမိကိုယ်ကို တိုးတက်နေတယ်လို့ "မထင်" တာလည်း ဖြစ်နိုင်ပါတယ်... အဲ့ဒီမှာ ပြန်ပြောဖြစ်တာက "ကနေ့ခေတ်လို အင်တာနက် ရှိပြီး လေ့လာဖို့ Resource မရှားပါးတဲ့ အချိန်မှာမှ မိမိကိုယ်ကို ပုံမှန်တိုးတက်နေတယ်လို့ မထင်ဘူးဆိုရင်တော့၊ ကျွန်တော်တို့ တစ်ခုခုမှားနေပါပြီ"...
"ငါ... ပုံမှန် တိုးတက်နေရဲ့လား" ဆိုတဲ့ မေးခွန်းကို လေ့လာနေသူးတိုင်း မိမိကိုယ်ကို အမြဲမေးနေသင့်ပါတယ်...
နောက်ထပ် ထပ်မေးတဲ့ "ဒါဆိုရင် အင်တာနက်မှာ လေ့လာတဲ့အချိန်နဲ့ အချိန်ဖြုန်းတဲ့အချိန် ဘယ်ဟာကများလဲ? ကိုယ့်ကိုယ့်ကို ဘယ်အပိုင်းမှာ များနေတယ်ထင်လဲ?" ကိုတော့ တစ်ညီတစ်ညွတ်တည်း "အချိန်ဖြုန်းနေတာက များနေတယ်" လို့ ဖြေတာကို တွေ့ရပါတယ်...
အင်တာနက်မှာ အချိန်ဖြုန်းတာကို လုံးဝအကျိုးမရှိတဲ့ အချိန်ဖြုန်းခြင်းလို့တော့ မပြောလိုပါဘူး... ဥပမာ Social Network တွေမှာ အချိန်ကုန်နေခြင်းဟာ တစ်နည်းအားဖြင့် အချိန်ဖြုန်းသလိုဖြစ်နေပေမယ့်၊ တစ်နည်းအားဖြင့်လည်း အပေါင်းအသင်းမိတ်ဆွေ တိုးတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းသစ်တွေ ရနိုင်တာပဲဖြစ်ပါတယ်...
အင်တာနက်ကို လေ့လာဖို့ချည်းသက်သက် သုံးရမယ်လို့ ဇွတ်ပြောလိုခြင်းမဟုတ်ပါဘူး... နှစ်သက်သလို သုံးလို့ရပါတယ်... ဟိုလိုပဲသုံးရမယ် ဒီလိုပဲသုံးရမယ်လို့ လိုက်ပြီး တာမြစ်ပိတ်ပင်နေလို့လည်း ဘယ်သူကမှ နားထောင်မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ အခွင့်အရေးကို မယူတက်လို့၊ အသုံးမချတက်လို့ (လူငယ်များအတွက်) အကျိုးမရှိသလို ဖြစ်နေမှာကိုတော့ စိုးရိမ်မိပါတယ်... ဒါကြောင့် ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းတစ်ချို့ကို အခုလို ဝေမျှရခြင်းဖြစ်ပါတယ်...
ကျွန်တော်က Web Developer တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်ပေးတဲ့နည်းလမ်းတွေကလည်း Web Developer တွေအတွက်ပဲ အဆင်ပြေတာမျိုးလည်း ဖြစ်နိုင်ပါတယ်... တစ်ခြားနယ်ပယ်တွေကို အဓိကထားလေ့လာနေသူများအနေနဲ့ သင့်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်...
၁.) နေ့စဉ်ဖတ်ရမည့်စာရင်းတစ်ခု ထားပါ
တစ်ချို့ Tutorial Web Site တွေနဲ့ နည်းပညာ Blog တွေဟာ နေ့စဉ်နဲ့အမျှ Update အသစ်တွေ တက်လေ့ရှိပါတယ်... ကိုယ့်အတွက်အကျိုးရှိတဲ့ အဲ့ဒီလို Web Site တွေကို စာရင်းတစ်ခု ပြုစုထားပြီး နေ့စဉ်ဖတ်ဖို့လိုအပ်ပါတယ်...
Web Developer တွေအတွက်ဆိုရင် Smashing Magazine လို Site မျိုးနဲ့ Sitepoint လို Site မျိုးတွေဟာ နေ့စဉ် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Site တွေ ဖြစ်ပါတယ်... အဲ့ဒီ Site တွေဟာ Multi Author Blog တွေဖြစ်ပြီး နေ့စဉ်နဲ့အမျှ (Web Development ကို အသားပေးတဲ့) နည်းပညာ Article တွေတင်ပေးနေတဲ့ Site တွေဖြစ်ပါတယ်... ဒီလို Site မျိုးက Article တွေဟာ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင် သိဖို့ ကူညီပေးလေ့ရှိပါတယ်... သူတို့ Article တွေက ရှည်ပြီး တစ်ခါတစ်ရံ လေးနက်တဲ့ အကြောင်းအရာတွေ ဖြစ်တက်တဲ့အတွက် စာဖတ်မပျင်းဖို့တော့ လိုပါတယ်...
Nettuts လို Site မျိုးကတော့ Tutorial Site တစ်ခုဖြစ်ပြီး နေ့စဉ်နဲ့အမျှ Free Tutorial လေးတွေ တင်ပေးလေ့ရှိပါတယ်... သူတို့တင်ပေးသမျှ Tutorial တွေက တစ်ခုမှ ပစ်ရက်စရာမရှိပါဘူး... ကိုယ့်အတွက် အသုံးဝင်တာချည်းပါပဲ...
OS News တို့ CNet တို့လို သတင်း Site တွေကလည်းပဲ နေ့စဉ် ကြည့်ရှု့နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်... အဲ့ဒီ Site တွေက ကိုယ့်ကို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ အဆက်ပြတ်မသွားစေဖို့ အကူအညီပေးပါလိမ့်မယ်...
ကိုယ့်မှာ အဲ့ဒီလို နေ့စဉ်ဖတ်သင့်ပါတယ်လို့ ယူဆတဲ့ Web Site စာရင်းတစ်ခုမရှိသေးဘူးဆိုရင်လည်း အခြားသူတွေကို အကူအညီတောင်းလို့ ရပါတယ်...
သူတို့ရေးသမျှ နေ့စဉ် တစ်လုံးမကျန် လိုက်ဖတ်နေရမယ်လို့ မဆိုလိုပါဘူး... Update တွေကိုကြည့်ပြီး ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ၊ ကိုယ်နဲ့ ကိုက်ညီတဲ့အကြောင်းအရာဆိုရင်ဖတ်ပြီး ကိုယ့်အတွက် အလှမ်းဝေးနေတဲ့အရာ သို့မဟုတ် လုံးဝစိတ်မ၀င်စားတဲ့ အကြောင်းအရာဆိုရင်တော့ ဖတ်ဖို့မလိုပါဘူး... နေ့စဉ်ဖတ်ရမယ့် Site ၁၀ခုလောက်ထားပြီး အနည်းဆုံး ခေါင်းစဉ်တွေလောက် ရွေးဖတ်ရင်ကို မဆိုးပါဘူး...
၂.) RSS Reader တစ်ခု သုံးပါ
အထက်မှာ နေ့စဉ် ဖတ်ရမယ့် Site စာရင်းထားပါလို့ ပြောခဲ့ပါတယ်... ဒါပေမယ့် တစ်ချို့ Site တွေက ဖတ်ရတာ အကျိုးရှိပေမယ့် နေ့စဉ် Update မဖြစ်ပါဘူး... ပြီးတော့ ကြည့်ချင်တဲ့ Site တွေများလာတဲ့အခါ အဲ့ဒါတွေကို နေ့တိုင်းသာ အကုန်သာလျှောက်ကြည့်ရရင် စာဖတ်တဲ့စခန်းကိုမရောက်ပဲ Web Site တွေ လိုက်ဖွင့်နေရာတာနဲ့တင် အချိန်ကုန်ပါလိမ့်မယ်...
ဖတ်ချင်သမျှ Web Site တွေအားလုံးရဲ့ Update တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ဖတ်ဖို့အတွက် RSS Reader တွေကို အသုံးပြုလို့ရပါတယ်... RSS Reader သုံးခြင်းအားဖြင့် ကိုယ် Subscribe လုပ်ထားတဲ့ Web Site တွေမှာ Content Update ဖြစ်မဖြစ် တစ်ခုခြင်း လျှောက်ကြည့်နေစရာ မလိုအပ်တော့ပါဘူး... Content Update ဖြစ်တာနဲ့ Update တွေအားလုံးဟာ ကိုယ့်ရဲ့ RSS Reader ထဲမှာ တစ်စုတစ်စည်းထဲ ရောက်ရှိနေမှာဖြစ်ပါတယ်...
ကနေ့ခေတ်မှာ RSS Feed Support မလုပ်တဲ့ Web Site ဆိုတာ အတော်လေး နည်းသွားပါပြီ...
Reader အနေနဲ့ Google Reader ကို Recommend ပေးချင်ပါတယ်... လူတိုင်းနီးပါးမှာ Google Account ရှိနေတဲ့အတွက် ထပ်ပြီးတော့လည်း Register လုပ်ဖို့မလိုအပ်တော့ပါဘူး... RSS Reader မသုံးဖူးသူတွေအတွက် Feed တွေ ဘယ်လို Subscribe လုပ်ရမလဲဆိုတာ မရှင်းပြတော့ပါဘူး... Google Reader ကိုသာ ၀င်လိုက်ပါ... Google ရဲ့ Usable ဖြစ်တဲ့ အသွင်အပြင်ကြောင့် အလိုလို နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်... Alternate Reader အဖြစ်နဲ့ Bloglines ကိုလည်း စမ်းကြည့်လို့ရပါတယ်...
RSS Reader လက်ရှိသုံးနေပါတယ်ဆိုတဲ့သူတွေကိုလည်း အကြံပေးချင်ပါတယ်... ကိုယ်ဖတ်နိုင်သလောက်သာ Subscribe လုပ်ပါ... လောဘတစ်ကြီး Site တွေအများကြီးကို Subscribe လုပ်မထားပါနဲ့... Subscribe လုပ်ထားပြီး မဖတ်နိုင်ရင်အလကားပါပဲ... Feed Update တွေကိုလည်း နေ့စဉ် ဖတ်ဖို့လိုပါတယ်... မဖတ်ချင်တဲ့ Feed တွေ၊ မဖတ်နိုင်တဲ့ Feed ကို ထားမနေပါနဲ့ Un-Subscribe သာလုပ်ပစ်ပါ... နေ့စဉ်ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အထက်မှာ ပြောခဲ့သလိုပဲ တစ်လုံးမကျန် လိုက်ဖတ်နေဖို့မလိုပါဘူး... အနည်းဆုံး ခေါင်းစဉ်တွေလောက် လိုက်ဖတ်သွားနိုင်ရင်တောင် မဆိုးပါဘူး... ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမှ အသေးစိတ်ဖတ်လို့ရပါတယ်...
၃.) တစ်နေ့ အနည်းဆုံး (၁)နာရီ စာဖတ်ပါ
ဘယ်လောက်ပဲ အလုပ်များများ တစ်နေ့ကို (၁)နာရီလောက်တော့ စာဖတ်ဖို့ အချိန်ပေးသင့်ပါတယ်... ပြီးတော့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ စာဖတ်မယ်ဆိုပြီး တိတိကျကျ သတ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်... ဒီလိုအချိန်ပေးလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်လည်း အလေ့အကျင့်လေးတစ်ခုဖြစ်သွားပြီး စာဖတ်ရတာ ပိုမိုအဆင်ပြေလာနိုင်ပါတယ်...
ကျွန်တော်ကတော့ နေ့စဉ် အလုပ်တွေမစခင် (၉)နာရီကနေ (၁၀)နာရီအထိကု စာဖတ်ဖို့ သက်သက်ပဲ အသုံးပြုပါတယ်... အဲ့ဒီအချိန်အတွင်းမှာ RSS Reader ထဲမှာ ရောက်နေသမျှ Update တွေကုန်အောင်ဖတ်ပါတယ်... တစ်နေ့ကို Update (၁၂၀) လောက် ရလေ့ရှိပြီး (၁၀၀) လောက်ကို အကြမ်းဖျင်းသာ ဖတ်ဖြစ်ပါတယ်... (၂၀) လောက်ကိုတော့ အသေးစိတ် ဖတ်ဖြစ်ပါတယ်...
အဲ့ဒီလို နေ့စဉ် (၁)နာရီလောက်ပဲ မဖြစ်မနေ အချိန်ပေးသွားပါ... (၆) လလောက်ကြာတဲ့အချိန် ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ရင် အများကြီးတိုးတက်လာတာကို တွေ့လိမ့်မယ်လို့ အာမခံပါတယ်...
၎.) Online Forum တွေမှာ ပါဝင်ဆွေးနွေးပါ
Online Forum တွေမှာ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးခြင်းဟာလည်း ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်တဲ့ဖို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်... သိချင်တာရှိရင်လည်း မေးလို့ရသလို၊ သူများတွေ ဆွေးနွေးတိုင်ပင်တာတွေကနေ ကိုယ့်အတွက် စိတ်ဝင်စားစရာအသစ်တွေ ရနိုင်သလို မသိသေးတာတွေလည်း အများကြီး သိလာနိုင်ပါတယ်...
ကိုယ်သိထားတာတစ်ခုရှိလို့ သူများမေးတာကိုဖြေတော့မယ်ဆိုရင်လည်း စကားပြောတာမဟုတ်ပဲ စာနဲ့ရေးတာဖြစ်လို့ တိတိကျကျ ရေးသားဖို့လဲလိုအပ်လာပါတယ်... အဲ့ဒီအတွက်လည်း သိထားပြီးသားကို ဖြေပေးတာဖြစ်ပေမယ့် စာပြန်ဖတ်ဖို့ လိုအပ်တက်ပါတယ်... ပြန်ဖတ်ပြီး သေချာတော့မှ အသေးစိတ်ဖြေပေးရတာဖြစ်လို့ ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းအရာကို နဂိုကထက်ပိုပြီး အသေးစိတ် သိရှိသွားတက်ပါသေးတယ်...
ဒီလို Online Forum တွေမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာဟာ အရည်အချင်းတိုးမြှင့်ရာမှာ အထောက်အကူဖြစ်ယုံမက အသိမိတ်ဆွေတိုးပွားပြီး အလုပ်အကိုင်အခွင့်အလမ်းပါတိုးပွားလာတက်ပါတယ်...
၅.) Social Bookmark Site တွေသုံးပါ
ဘယ် Site တွေကို ဖတ်ရမှန်းမသိဖြစ်နေသူတွေအနေနဲ့ Digg တို့ Reddit တို့လို Social Bookmark Site တွေကနေ စကြည့်သင့်ပါတယ်... Web Site တစ်ခု ဒါမှမဟုတ် Blog Post တစ်ခုကို ကြိုက်တယ်ဆိုရင် Link ကို Social Bookmark Site တွေမှာ တင်ပေးလို့ရပါတယ်... အဲ့ဒီလို တင်ပေးလို့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေက Link တွေ တင်ပေးနေပါတယ်...
ဒါကြောင့် Social Bookmark Site တွေဟာ ဒီနေ့အတွက် ကမ္ဘာမှာ ဘာတွေလူကြိုက်များနေလဲဆိုတာကို စုစည်းပေးထားတဲ့ Collection ကြီးတွေလို ဖြစ်နေပါတယ်... ဘာကောင်းလဲ ကိုယ်လိုက်ရှာနေစရာမလိုပဲ အကောင်းတစ်ကာ့အကောင်းဆုံးတွေကို Social Bookmark Site တွေမှာ စုစည်းထားပြီးသား ရနိုင်ပါတယ်... Popular အဖြစ်ဆုံးနဲ့ Latest အဖြစ်ဆုံးက Home Page မှာ ရှိနေပါလိမ့်မယ်...
Link တွေက သိပ်များလွန်းလို့လည်း စိတ်ညစ်စရာမလိုပါဘူး... ကိုယ်လိုချင်တဲ့ Category ပဲရွေးပြီး ကြည့်လို့ရပါတယ်... ဒါကြောင့် Social Bookmark Site တွေဟာလည်း နေ့စဉ် ကြည့်ရမယ့် စာရင်းထဲမှာ ပါ ပါတယ်...
၆.) Google ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်အောင် လုပ်ပါ
Online ကို လေ့လာဖို့အတွက် အသုံးပြုလိုသူတွေအတွက် လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ကတော့ Google ကို ထိထိရောက်ရောက် အသုံးပြုတက်ဖို့ပါပဲ...
ကနေ့ခေတ်မှာ လေ့လာစရာတွေက များလွန်းလှပါတယ်... Professional တစ်ယောက်အတွက်ဆိုရင်လည်း တစ်မျိုးတည်း တစ်ခုတည်းကို တက်နေလို့ မရတော့တဲ့ခေတ်ဖြစ်ပါတယ်... ဒီလောက်များတဲ့လေ့လာစရာတွေထဲမှာ ဘယ်သူကမှ အားလုံးကို တစ်ခုမကျန် မှတ်ထားနိုင်မှာ မဟုတ်ပါဘူး...
Web Developer တစ်ယောက်အတွက်ဆိုရင် HTML လေ့လာဖို့လိုသလို CSS လည်း ကျွမ်းကျင်ဖို့လိုပါတယ်... Javascript ကို လေ့လာဖို့လိုသလို jQuery ကိုလည်း သိထားရပါဦးမယ်... Web 2.0 တို့ Ajax တို့လို နည်းပညာတွေကို သိထားဖို့လိုအပ်သလို HTML5 မှာပါဝင်လာတဲ့ Feature အသစ်တွေကိုလည်း သိဖို့လိုအပ်ပါတယ်... PHP လို Server Side Technology ကို သိထားဖို့လိုအပ်သလို MySql လို Database Server တွေအကြောင်းသိဖို့လည်း လိုအပ်ပါတယ်... MVC လို Pattern မျိုးကို နားလည်ထားဖို့လိုသလို Web Development Framework တွေအကြောင်းလည်း သိထားရပါဦးမယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... နောက်ထပ် အများကြီး အများကြီး ကျန်ပါသေးတယ်... ဒီလောက်အများကြီး သိထားဖို့လိုအပ်နေတဲ့အချိန်မှာ CSS မှာ ရှိသမျှ Property တွေကို အကုန်အလွတ်ကျက်ဖို့ ကြိုးစားနေမယ်ဆိုရင် အချိန်တွေ ကုန်သွားပါလိမ့်မယ်... အလွတ်မှတ်နေဖို့မလိုပါဘူး... သဘောတရားပဲ နားလည်ထားဖို့လိုပြီး အသေးစိတ်ကို လိုအပ်လာတော့မှ လိုအပ်သလို ရှာဖွေအသုံးပြုတက်ဖို့လိုပါတယ်...
Google ဟာ ရှာဖွေတက်သူအတွက် အမှန်တစ်ကယ်အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါတယ်... သိချင်တာတစ်ခုကို စာအုပ်ထဲမှာရှာရင် တစ်မျိုးပဲသိရပါတယ်... Google မှာ ရှာရင်တော့ နည်းလမ်းပေါင်းစုံနဲ့ ပုံစံစုံ ရှင်းပြထားတဲ့ အဖြေတွေကို ရနိုင်ပါတယ်...
Google မှာ ရှာတက်ဖို့ကလည်း အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်...
ဒါတွေဟာ Professional ဖြစ်လိုသူတစ်ယောက်အတွက် အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုပြီး ဘယ်လို လေ့လာရမလဲဆိုတဲ့ နည်းလမ်းတွေထဲက တစ်ချို့ဖြစ်ပါတယ်... ကျွန်တော်က Web Developer တစ်ယောက်ဖြစ်လို့ ကျွန်တော်ပြောတဲ့ နည်းလမ်းတွေက Professional Web Developer ဖြစ်လိုသူတွေနဲ့သာ ကိုက်ညီတာမျိုးဖြစ်နိုင်ပါတယ်...
ဒါကြောင့် တစ်ခြားနယ်ပယ်က Professional များကိုလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် အင်တာနက်ကို လေ့လာဖို့အတွက် ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတဲ့ အချက်လေးတွေကို ဝေမျှပေးစေချင်ပါတယ်...
--
ကျေးဇူး...
[ Ei Maung ]
(Myanmar IT Pro မှ ပြန်လည်တင်ပြအပ်ပါသည်။)
ကိုးကား။   ။http://www.myanmarfamily.org/forum/showthread.php?t=19726
Dear Diary
တစ်ရက်ပြီးတစ်ရက် တိုးတိုးလာလေ..သူ မဆက်သွယ်လာတော့ဘူးဆိုတာ သိလာလေလေ.. နာကျင်လိုက်ရတာ ရင်နဲ့မမျှအောင်ပါပဲ..။ စစ်မှန်တဲ့သူမဟုတ်ဘူးဆိုတာ သိလာလေလေ ကိုယ်ထင်ခဲ့မိတာနဲ့ ပြောင်းပြန်ပါလားဆိုတာ သိရလေလေ...။ ဆိုးရွားလိုက်တာ...။ လုံးဝမထင်ခဲ့မိပါဘူးနော်..။ မကောင်းတဲ့ဘက်က စဉ်းကိုမစဉ်းစားခဲ့မိပါဘူး..ညာခဲ့လိမ့်မယ်ဆိုတာလေ..။အခုအချိန်ရောက်မှတော့ သေချာပြီပေါ့နော်..ညာခဲ့တယ်ဆိုတာလေ..။ ကိုယ်ထင်သလို ကိုယ့်ကိုဆက်ချစ်နေမယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူးနော်..။ အဲလိုထင်တာကိုက ကိုယ့်ကိုယ်ကိုအထင်ကြီးမှူ ..၊ သူ့ကိုအထင်ကြီးမှူတွေပါဆိုတာ ပိုပိုသေချာလာပါလားနော်..။
         ဆိုးရွားလိုက်တဲ့ ကံကြမ္မာနော်..။
သံယောဇဉ်ကြိုးလေးပြတ်သွားပြီလား..။
              ဂစ်တာကြိုးလေးပြတ်သလိုပဲ သံယောဇဉ်ကြိုးလေးတစ်ချောင်းလည်းပြတ်သွားပြီလားလို့ ကျွန်မရဲ့တစ်စုံတစ်ယောက်ကို မေးချင်ပါတယ်..။ဒီသံယောဇဉ်ကြိုးက ဒီလိုပဲလွယ်လွယ်ပြတ်နိုင်သလားလို့လည်း အံ့သြမိရပါတယ်..။ ဒါဆိုရင်ဒါဟာ တကယ် သံယောဇဉ်ဆိုတာမဖြစ်နိုင်လို့လို့ ကောက်ချက်ချနိုင်ပေမယ့်လည်း ကျွန်မဘက်ကသံယောဇဉ်ကတော့ ပြတ်မသွားနိုင်ပါလား..။ ကျွန်မတော်တော်သံယောဇဉ်တွယ်တတ်တာပဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရမလား..၊ ချီးကျူးရမလား..၊ ရိုက်နှက်ဆုံးမရမလား..။
      မမြင်ရပေမယ့် ပြတ်ဖို့ခက်တဲ့ကြိုးလေးက သံယောဇဉ်ပဲနော်..။ ဒီကြိုးလေးကြောင့် လူစိမ်းနှစ်ဦးအတူနေနိုင်လာကြတယ်..။ တစ်ယောက်အမှားကိုတစ်ယောက်က သည်းခံနိုင်ကြတယ်..။ တစ်ယောက်မှာမရှိတာကို တစ်ယောက်ကဖြည့်ဆည်းပေးချင်လာကြတယ်..။ ကျွန်မမှာဒီလိုသံယောဇဉ်မျိုး တစ်စုံတစ်ယောက်ပေါ်မှာ ဖြစ်ပေါ်ခဲ့ပြီးပေမယ့် အဲဒီတစ်စုံတစ်ယောက်က ကျွန်မသံယောဇဉ်ကို လျစ်လျူရှူထားတဲ့အခါ ကျွန်မမှာဖြစ်ပေါ်ရတဲ့ ၀မ်းနည်းမှူဆိုတဲ့ခံစားချက်က အတိုင်းအဆမရှိအောင်ပါပဲ..။         
ကျွန်တော်နှင့်မသိခြင်းများ..။
ဆော့ဝဲတစ်ခုကို မောင်လေးတစ်ယောက်၏အကူအညီဖြင့်တင်ပြီးသောအခါ ကျွန်တော့်မှာ ကျွန်တော်မသိသေးသောအရာများ များလှပါလားဆိုတာ ပိုပိုသတိထားမိလာပါသည်..။ ဆော့ဝဲမဒေါင်းတတ်ပါ..။ ဘယ်လိုအင်စတောရမလဲဆိုတာ ပုံမှန်နှင့်မတူရင် မလုပ်တတ်တော့ပါ..။ ဇာတ်ကားကြည့်သောဝက်ဆိုဒ် ဘယ်ကရှာရမလဲမသိပါ..။ သူများကိုမေးလို့ပြောပြသော်လည်း flash movie player လိုနေသောကြောင့် ကြည့်မရပါ..။ ဒေါင်းလုပ်ဆွဲသော်လည်း error ပြနေပါသည်..။ ဘယ်လိုဆက်လုပ်ရမှန်းမသိသဖြင့် မကြည့်ရပါ..။ ဒါများ အိုင်တီသမားတဲ့..။ ဘယ်လိုပြောမလဲ လူပုံအလည်ကြားမှာ..။ networking ဘာမှန်းမသိ..၊ ကွန်ပျူတာဖွင့်တိုင်း default ပွင့်ပွင့်လာတဲ့ VZO ချက်ကြီးကို ဘယ်လိုမပွင့်အောင်လုပ်ရမှန်းမသိ..။ ဖိုရမ်ကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ..။ ၀က်ပေ့ကို ဘယ်လိုလွှင့်တင်ရမှန်းမသိ..။ ကျွန်တော့်ရဲ့မသိခြင်းတွေက များလှပါလား..။
ကျွန်တော်နဲ့ကျွန်တော့်အမေ..။
အဖေကိုချစ်ပေမယ့် ကံမကောင်းအကြောင်းမလှစွာ အဖေနဲ့တစ်သက်လုံးနေခွင့်မရတော့ အမေနဲ့ပဲ အတူနေရပါတော့တယ်..။
    စိတ်ဓာတ်မာတဲ့အမေဟာ ကျွန်တော့်ကိုခွဲခွာတာတောင် မျက်ရည်လုံးဝမ၀ဲပါဘူး..။ အမေ့ကိုကန်တော့ရင် လုံးဝမျက်ရည်မကျဘူးလို့စဉ်းစားထားတဲ့ကျွန်တော်ပဲ ကန်တော့ရင်း မျက်ရည်တွေဝဲလာမိပါတယ်..။ အဲဒါကြောင့် အမေ့ကိုမကန်တော့ချင်တာ..။ ကန်တော့ရင်ဝမ်းနည်းလွန်းလို့..။ ခွဲရကာနီးဆို ညာတာပါတေးနဲ့ လှည့်ထွက်လာခဲ့တာများတယ်..။ မသိတတ်ဘူးပြောပြော ရိုင်းတယ် မယဉ်ကျေးဘူးပဲပြောပြော အမေ့ကို မကန်တော့ဘူး..။ ၀မ်းနည်းတတ်လွန်းလို့..။ ခုက အကြာကြီးခွဲရမှာမို့ ကန်တော့ခဲ့တာ..။ ရိုးလွန်းတဲ့အမေက နိုင်ငံခြားကိုကျောင်းသွားတက်တဲ့သမီးကို semister တစ်ခုပြီးတဲ့ ၆ လပြည့်ရင် အိမ်ပြန်လာမှာမို့လားလို့မေးတယ်..။ လေယာဉ်ခတင် ၅ သိန်းလောက်ရှိတဲ့ဈေးမှာ ဘယ်လိုလုပ်ပြီး ၆ လ တစ်ခါ အိမ်ပြန်နိုင်မှာလဲ..။ ၃ နှစ်ပြည့်မှပြန်လာမှာအမေလို့ပြောလိုက်တော့မှ မျက်နှာပျက်သွားတယ်..။ ဘာပဲဖြစ်ဖြစ် ပညာရေးအတွက် မျက်နှာတစ်ချက်မပျက်တဲ့အမေကို ကျေးဇူးတွေတင်ပြီးရင်းတင်ရင်းပါပဲ..။ ကျောင်းက Grade တွေနဲ့လျှောက်ရတာမို့ ကျောင်းဝင်ခွင့်ရတာကိုပဲ အမေက ဂုဏ်ယူနေပါတယ်..။ တကယ်ကအင်တာဗျူးဖြေတာမအောင်တဲ့ကိုယ့်ကိုယ်ကို ကျိန်ဆဲလို့မဆုံးပါဘူး..။ နှစ်ဘာသာလျှောက်တာမှာ တစ်ဘာသာကအင်တာဗျူးဖြေရပါတယ်..။ မအောင်ပါဘူး..။ အောင်တဲ့သူတွေရှိပါတယ်..။ အင်တာဗျူးမဖြေရတဲ့ဘာသာက ကျောင်းဝင်ခွင့်ရတာပါ..။ ဒီ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးအောင်ရှိပါတယ်..။
ချစ်တဲ့သူများနဲ့ တစ်ညနေ...။
ကျွန်မသည်လောကတွင်တော်တော်လေးကံကောင်းသူများစာရင်းတွင်ပါသည်ဟု မိမိကိုယ်ကိုထင်မြင်မိပါသည်..။ ရောက်လေရာအရပ်တွင် ချစ်ခင်သူများနှင့်အမြဲပျော်ပျော်ရွှင်ရွှင်နေရသည်ကများပါသည်...။ ကျွန်မ၏ဖော်ရွေတတ်မှူ၊ ပွင့်လင်းမှူ၊ ရိုးသားမှူများကြောင့် ယခုကဲ့သို့ရိုးသားသောမောင်နှမများနှင့် ရောက်လေရာတွေ့ရသည်ဟု ထင်မြင်မိပါသည်..။ ကျွန်မလက်ခံထားသောဘုရားဟောတစ်ခုကြောင့်လည်းဖြစ်နိုင်ပါသည်...။ ဘ၀သံသရာခရီးမှာရှည်ခဲ့လှသောကြောင့် ညီအစ်ကိုမောင်နှမတူဝရီးသားချင်း မတော်စပ်ဘူးသောသူမရှိဟူသော ဘုရားဟောစကားအတိုင်း လူတိုင်းအားလုံးကို မောင်နှမသားချင်းကဲ့သို့သတ်မှတ်လိုက်သောအခါ ကျွန်မတွင်ခင်စရာပုဂ္ဂိုလ်များချည်းဖြစ်လာပါသည်..။ အားလုံးကိုမေတ္တာနှင့်ယှဉ်၍ကြည့်နိုင်လာပါသည်..။
ကျွန်မ၏ဘ၀ခရီးသည်မည်သို့မည်ပုံရှေ့ဆက်ရမည်မသိသေးသောကြောင့် ယခုကဲ့သို့မောင်နှမများနှင့်နေရသည်ကို ကျွန်မအလွန်နှစ်ခြိုက်မိပါသည်..။
ထိုက်တန်၏ မထိုက်တန်၏..။
လောကတွင်အချို့အရာများတွင် မိမိဘက်မှလိုသောအရည်အချင်းများကိုဖြည့်ဆည်းကာ အများသတ်မှတ်ထားသောစံနှူန်းများနှင့် ညီမညီဆုံးဖြတ်ခံရသောအရာများစွာရှိ၏..။ ထိုအတွက် ဘာမှသိပ်ပူနေစရာမလို..။ လိုအပ်သောမိမိအရည်အချင်းကိုဖြည့်ဆည်းထားရုံသာ...။ ထိုက်တန်၏ မထိုက်တန်၏က အလိုလိုသတ်မှတ်ပြီးသားဖြစ်၏...။ ဘာမှ စိတ်စနောင့်စနင်းဖြစ်စရာမလို..။ ဥပမာ။  ။ ၁၀ တန်းစာမေးပွဲလိုမျိုးဖြစ်၏..။ ဒီအမှတ်ရလျှင် ဒီအတန်းတက်နိုင်သည်..။ ဒီအမှတ်မရလျှင် ဒီအတန်းတက်လို့မရ...။ အဲဒီတော့ ဒီအတန်းတက်ချင်လျှင် ဒီအမှတ်ရအောင်ကြိုးစားဟူ၍ သူ့ကန့်သတ်ချက်နှင့်သူရှိပြီးသားဖြစ်၏..။ ထိုက်တန်၏ မထိုက်တန်၏ တွေးပူနေစရာမလို...။ သူ့အထွာနှင့်သူရှိပြီးသားဖြစ်သောကြောင့် သူ့အထွာဝင်ရန် ကြိုးစားသွားရုံသာ...။
   အချို့သောကိစ္စများတွင် ထိုကဲ့သို့တိတိကျကျသတ်မှတ်ထားသော စံနှူန်းများမရှိ..။ ထို့ကြောင့် မိမိကမည်သို့သောစံနှူန်းပြည့်မီအောင်ကြိုးစားရမည်ကိုမိမိကိုယ်တိုင်ပင်မသိနိုင်ပါ...။ ထိုအတွက်က စိတ်ညစ်ရသည်..။ ဥပမာ။  ။ လူတစ်ယောက်၏အချစ်ကိုရဖို့အတွက် မိမိက မည်သည့်အရည်အချင်းတွေပြည့်စုံနေဖို့လိုသလဲဟူသောမေးခွန်းအတွက် အဖြေမရှိနိုင်ဟုထင်ပါသည်..။ အချို့အချို့သောမိန်းကလေးများ ကံကောင်းသည်ဟု ကျွန်မထင်မိပါသည်...။ လိမ္မာသော..၊ တော်သော၊ ထက်မြက်သော၊ ရည်မွန်သော၊ ယောကျာ်းလေးမျာ၏ချစ်ခြင်းကိုခံကြရသည်.. ။ မှန်ရာကိုမရှက်တမ်းဝန်ခံရလျှင် ထိုမိန်းကလေးများကိုအားကျမိကြောင်း ၀န်ခံချင်ပါသည်..။ ထိုကဲ့သို့သောအမျိုးသားများ၏ချစ်ခြင်းကိုခံယူဖို့ရာ ဘယ်လိုအရည်အချင်းရှိရမလဲဆိုသည်မှာ တိကျသောပုံသေကားချပ်မရှိနိုင်ဟု ထင်မြင်မိပါသည်...။ ကျွန်မတို့လက်ခံထားသော ကံကံ၏အကျိုး..၊ ရှေးကရေစက်တို့နှင့်စဉ်းစားလိုက်သောအခါ အရည်အချင်းနှင့်ယခုအခြေအနေမှာ လားလားမျှမဆိုင်ဆိုသော အနေအထားကိုသဘောပေါက်မိရပါသည်...။ ကံကောင်းအကြောင်းလှသောညီမလေးများမှာ အများတကာအရူးလုပ်ခံရသောအနေအထားနှင့်တိုးနေသောအချိန်မှာပင် အစစ်အမှန်နှင့်သာ ရင်ဆိုင်တိုးမိခြင်းဖြစ်၏..။ ထိုကဲ့သို့သောအမျိုးသမီးများကို အားကျပါဘိတောင်း...။
သွေးအမျိုးအစား ကပြောသော ဗေဒင်..။
အင်ဂျင်နီယာဖိုရမ်ကပဲယူထားတာ..။ ပိုင်ရှင်ကိုခွင့်မတောင်းရသေးဘူး..။
" A "သွေးပိုင်ရှင်များ ၏ထူးခြားချက် 
သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်... တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့ သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်..
    . ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်... စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
    ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်... ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက် ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို ဆက်လက် တင်ပြသွားပါဦးမည်...
    " B "သွေးပိုင်ရှင်များ 
    ဒီနေ့တော့ ဘီသွေးပိုင်ရှင်များရဲ့ စိတ်နေသဘောထားများကို တင်ပြမှာ ဖြစ်ပါတယ်
    ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့ ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ... ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့် ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့... ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်... မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာ တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...
    ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့... ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်
    ကျန်ရှိနေသေးတဲ့ သွေးအမျိုးအစားများ အကြောင်းကိုလည်း ဆက်လက် ဖော်ပြသွားပါမည်..
    " O " သွေးပိုင်ရှင်များ 
    ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...
    အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
    အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...
    ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....
    " AB "သွေးပိုင်ရှင်များ.. 
    အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
    မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...
လထဲကရက်နဲ့တွက်တာလေး..။
အင်ဂျင်နီယာဖိုရမ်ဖတ်ရင်း ကြိုက်တာလေးတွေကူးထည့်နေတာ..။ အက်ဒမင်ဆီကိုလည်းအသိမပေးရသေးဘူး..။ ဒါလေးတွေကတော့ မိန်းကလေးတိုင်းစိတ်ဝင်စားကြတဲ့အရာတွေမို့ တင်ပေးလိုက်တာ..။ ကိုယ်ကတော့ ကြုံရင်ကြည့်ဖြစ်လိုက်တာပဲ..။ ကိုယ်နဲ့ တိုတိုအတွက်လေ..။ ဒါလေးမှန်တယ်ထင်လို့ ကြည့်ဖြစ်တယ်..။
ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့
ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်
မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်
ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်
မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့
ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်
ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်
သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်
စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး
အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်
နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်
ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်
၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။
၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။
၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။
၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။
၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။
၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။
၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။
၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။
ကိုယ်(သို့)သူ ဘယ်လိုလူလဲ..တဲ့..။
အင်ဂျင်နှီယာဖိုရမ်က ယူထားတာ..။ ကိုယ်ဘယ်လိုလူလဲသိချင်လို့ ရှာဖတ်ထားတာ..။ အရမ်းကြီးမမှန်တောင် အမှားကြီးမဟုတ်ဘူးပဲ..။ လက်ခံလို့ရတယ်..။ အပျင်းပြေဖတ်ကြည့်သွားပါလား..။ ကိုယ်ဘယ်လိုလူလဲဆိုတာသိရသလို၊ သူဘယ်လိုလူလဲဆိုတာ မှန်းနိုင်တာပေါ့..။
>A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
> B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
> C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
> D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
> E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
> F = သင်.မှာ ချစ်မွေး ပါတယ်
> G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
> H = သင်.မှာ ဆင်ခြင်တုံ တရား မရှိဘူး
> I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
> J = သင်မှာ မနာလိုမရူစိတ် ရှိတယ်
> K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
> L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
> M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
> N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
> O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
> P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည်.ရှိတယ်
> Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
> R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
> S = သင်ဟာ သဘောထား ကြီးတယ်
> T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
> U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
> V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
> W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
> X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
> Y = သင်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ.တယ်
> Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။
နာမည်ရင်းနဲ့ဆို
>A=သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
> M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
တစ်ခုမှမမှန်ဘူး..။ ဟား ဟား..။ အင်မတန်အေးဆိုတာ မမှန်ဘူးလို့ထင်တယ်..။ တခါတရံတော့ အေးအေးလေးနေပါတယ်..။ အောင်မြင်မှူတွေအလွယ်တကူရတယ်ဆိုတာ လူတိုင်းအတွက်မဖြစ်နိုင်ပါဘူးနော်..။ မကြိုးစားပဲအောင်မြင်မှူဆိုတာ မရနိုင်ဘူးလို့ထင်ပါတယ်..။ 
မေထုန်..။
ကိုယ်ကမေထုန်ရာသီဖွားဆိုတော့ ဘယ်ဗေဒင်ကိုပဲဖတ်ဖတ် မေထုန်ကိုပဲဖတ်ဖြစ်တယ်..။ ခုဖတ်ဖြစ်တဲ့ဆိုဒ်လေးမှာ ဗြိစ္ဆာကိုလည်းဖတ်ချင်တာ မပါဘူးဖြစ်နေတယ်..။ ဒီအဟောလေးက ကိုယ့်အတွက်တော့မှန်တယ်ထင်လို့ ဒီမှာအမှတ်တရအနေနဲ့တင်လိုက်တာ..။ ကိုယ့်ဆိုဒ်ကိုဝင်ကြည့်မယ့်သူတွေကိုတော့ အားနာပါတယ်..။ တင်ချင်တာတွေတင်ထားလို့လေ..။ 
GEMINI - The Twin
                        Nice. Love is one of a kind. Great listeners Very Good at confusing people... Lover not a fighter, but will still knock you out. Gemini's will not take any crap from anyone. Gemini's like to tell people what they should do and get offended easily.  They are great at losing things and are forgetful.  Gemini's can be very sarcastic and childish at times, and are very nosey.
Trustworthy. Always happy. VERY Loud. Talkative. Outgoing VERY FORGIVING. Loves to make out. Has a beautiful smile. Generous. Strong. THE MOST IRRESISTIBLE.
Before and After
မနေ့က စာအုပ်လေးတစ်အုပ်(အီးဘုတ်)လေးတစ်အုပ်ဖတ်မိတယ်..။ ခင်နှင်းယုရဲ့ တံလျှပ်တဲ့..။ တောမှာအဖေနဲ့ကြမ်းကြမ်းတမ်းတမ်းကြီးပြင်းခဲ့ရတဲ့ မသန္တာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ အဖေဆုံးပြီးတော့လည်းသူ့ဘ၀ကိုဒီလိုပဲရပ်တည်လာခဲ့တာ ရပ်တည်လို့ရခဲ့တယ်..။ တစ်နေ့တော့ မျက်စိလည်လာတဲ့မြို့သားတစ်ယောက်ကိုအကူအညီပေးရာကနေ ချစ်ကျွမ်းဝင်သွားလို့ မြို့ကိုခေါ်လို့ ပါသွားတယ်..။ မြို့မှာ လူတွေ၊ အသိုင်းအ၀ိုင်းတွေကြားထဲမှာ လိုက်လျောညီထွေရှိအောင် အားထုတ်ပြီးနေခဲ့ရတယ်..။ အဲဒီအချိန်မှာ သူ့မြို့သားက တရားအားထုတ်ချင်လို့ (မသေချာဘူး..။ ဘာလို့ပြန်လွှတ်တာလည်း မသိရဘူး..။)မသန္တာကိုတောကိုပြန်လွှတ်လိုက်တာ..။
         အရင်ကလည်းတစ်ယောက်တည်းနေလာခဲ့ရတဲ့နေရာလေးပြန်ရောက်ပေမယ့် ချောင်းထဲမှာရေမချိုးတတ်တော့ဘူး..။ အရင်ကတစ်ယောက်တည်းရပ်တည်နိုင်တယ်..။ခု မရပ်တည်နိုင်တောကဘူး..။ အရင်က မိုးခြိမ်းသံကိုမကြောက်ဘူး..။ သဘာဝတရားကြီးရဲ့အသံဆိုပြီးနားထောင်ရဲတယ်..။ ခုတော့ ခိုဝင်စရာရင်ခွင်မရှိလို့ကြောက်နေမိတော့တယ်..။ အရင်က ကျားဟိန်းသံကိုကြားလည်းဘာမှမဖြစ်ဘူး..။ အခုတော့ ကြောက်တတ်နေပြီ..။
           အချစ်ဆိုတဲ့စိတ်ကလေးမ၀င်ရောက်ခင်နဲ့ဝင်ရောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့စိတ်ကလေးပြောင်းလဲသွားပုံကို ပါးပါးလေးတင်ပြထားတာပါ..။ ဆရာမကြီးခင်နှင်းယုရဲ့အိမ်သားက တရားကိုအပြတ်အားထုတ်ချင်လို့ ဆရာတော်ကိုလျှောက်ထားတာ ဆရာတော်က မိန်းမနဲ့သားသမီးကိုငဲ့သင့်ကြောင်းပြောလို့ အားမထုတ်ဖြစ်တာလို့ တစွန်းတစသိရပါတယ်..။ အဲဒီအချိန်မှာရေးတဲ့ဝတ္ထုလေးဖြစ်ချင်ဖြစ်မှာပေါ့နော်..။ ဆရာမကြီးက တအားဖွဲ့နွဲ့ပြီးရေးလေ့မရှိပါဘူး..။
http://www.multiupload.com/2D72X30W5K
ဘလော့မှာ စာအုပ်ဘယ်လိုတင်လဲ..။
ဘလော့ပေါ်မှာ စာအုပ်ကိုမဒေါင်းခိုင်းဘဲ attach တွဲပြီးတင်သလိုမျိုးတင်လိုက်ချင်တာ ဘယ်လိုလုပ်ရမလဲမသိဘူးနော်..။
Pdf to Word(converter)
ကျွန်တော့်ဘလော့ကတော့ လာသမျှလူကို အသိပညတွေတိုးစေမယ့်အစား..လာသမျှလူကိုမေးခွန်းတွေမေးချင်တာပါ..။ လောကမှာ ကျွန်တော်မသိတဲ့အရာက တော်တော်များတာကိုး..။ လူမှူရေးနယ်ပယ်၊ ကွန်ပျူတာနယ်ပယ်၊ နယ်ပယ်အစုံမှာ ကျွန်တော်မသိတဲ့ ၊ သိချင်တဲ့အချက်တွေက တော်တော်များတာကလား..။ အဲဒီတော့ ကျွန်တော်ကတော့ တစ်ခြားဘလော့တွေနဲ့ဆန့်ကျင်ဘက် ဘလော့လာဖတ်တဲ့သူကိုအကျိုးရှိတာတွေပေးလိုက်ဖို့နေနေသာသာ..၊ ဘလော့လာဖတ်တဲ့သူတွေကို ကျွန်တော်သိချင်လို့မေးထားတာလေးတွေ ဖြေသွားပေးကြပါလို့ ပြောချင်ပါတယ်..။
        ဒီနေ့ကျွန်တော်လိုချင်နေတဲ့ Software လေးက PDF ကနေ Word ဖိုင်ပြောင်းတဲ့ software လိုချင်နေပါတယ်..။ CD အိတ်ပါခဲ့ပေမယ့် ထမကြည့်သေးဘဲ ဟိုလူ့ကိုတောင်းလိုက်၊ ဒီလူ့ကိုတောင်းလိုက်လုပ်နေတာ ကျွန်တော့်အကျင့်ပါ..။ တစ်ခါပြောင်းကြည့်ခဲ့ဘူးပြီး အဲဒီ software သုံးပုံကိုလည်း မေ့နေပါတယ်..။ ခွေကလည်း ပထမတစ်ခါinstall လုပ်တုံးကအဆင်ပြေပြီး နောက်တစ်ခါ install လုပ်တော့အဆင်မပြေဘဲ ဖြစ်နေပါတယ်..။ အဲဒီတော့ install လုပ်ဖို့ရာလည်း ပျင်းနေမိပါတယ်..။ အရင်ကတော့ Adobe professional နဲ့ ပြောင်းခဲ့တာမှတ်မိနေပါတယ်..။ ခုက စက်ပြောင်းလိုက်တော့ အဲဒီ software ကမတင်ထားမိပြန်ပါဘူး..။
ရွှေဥဒေါင်း(တစ်သက်တာမှတ်တမ်းနဲ့အတွေးအခေါ်များ)
http://www.multiupload.com/9577N0QPEW
ဖေးဘရိတ်အဖြစ်ဆုံးစာအုပ်ပဲ..။ ဖတ်ပြီးရင်ဖတ်ချင်နေမိတယ်..။ ဖတ်ရတာလည်းအရသာရှိတယ်လို့ ခံစားရတယ်..။
လမင်းမိုမို(မောင်)
http://www.multiupload.com/FMZP4FQGCU
မောင် ၀တ္ထု..။ အကြိမ်ပေါင်းမရေတွက်နိုင်အောင်ဖတ်ခဲ့ပြီးတဲ့ ၀တ္ထုလေး...။ အဲဒါကြောင့် ၀မ်းနည်းတတ်၊ ခံစားတတ်တာထင်တယ်...။
ဘလော့ရေးတဲ့သူရဲ့ ကြိုက်နှစ်သက်မိတဲ့ စာအုပ်တွေ..။
အရင်ကတော့ အီးဘုတ်တွေဆိုတာမဖတ်ဘူးပါဘူး... ။ အခုတော့စာအုပ်ကိုင်ဖတ်လို့မရတဲ့အခြေအနေကြောင့် ကြိုက်နှစ်သက်မိတဲ့စာအုပ်တွေကို အီးဘုတ်အနေနဲ့ပြန်တင်ပြပေးလိုက်ပါတယ်..။ ဒီစာအုပ်ကိုဘာလို့ကြိုက်တယ်..။ ဘယ်တုံးကဖတ်မိလိုက်တယ်..။ ဘယ်လိုစိတ်ထဲမှာခံစားမိသွားတယ်ဆိုတာတွေ ပြောချင်ပါတယ်...။http://www.multiupload.com/K6D9A8W962
အချစ်၏နောက်ဆက်တွဲစာမျက်နှာ..။ မိန်းကလေးတော်တော်များများဖတ်ဘူးကြ ကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်..။
အစ်တိုထွန်းတို့အိမ် အလည်တစ်ခေါက်..။
    အစ်တိုထွန်းအိမ်ကိုရောက်ချင်နေတာကြာပါပြီ..။ သောမတ်စ်နဲ့တွေ့ချင်တာရော...၊ အစ်တိုထွန်းပြောပြောနေတဲ့ မမမူမူကိုတွေ့ချင်တာရောပါ..။ မမမူမူကို မူမူလို့ ချစ်စနိုးခေါ်မလို့ဟာကို သူ့နာမည်ကလည်း မူမူဘာညာဆိုပြီးဖြစ်နေပါတယ်..။ မူမူလို့ခေါ်ရင် သူ့နာမည်ရင်းကိုခေါ်သလိုကြီးဖြစ်နေလို့ မမမူမူလို့ပြောင်းခေါ်ရပါတယ်..။ မူမူလို့ခေါ်ရင် ရွယ်တူချင်းကို မ တပ်မခေါ်ဘဲ ရိုင်းသလိုဖြစ်သွားလို့ပါ..။
     သဘောကောင်းပြီးဖော်ရွေလှိုက်လှဲကြတဲ့ ဟန်မများတဲ့မိသားစုထဲမှာ ညီအစ်မတွေနေရာကိုအလိုလိုရောက်သွားသလိုခံစားရပါတယ်..။ ကျွန်တော်နဲ့ နွေဦးနဲ့နှစ်ယောက်ပေါ့..။
မင်းသားလေး ကိုသောမတ်စ်..။
အပြင်မှာမမြင်ဘူးခင်ကတည်းက ကြိုချစ်နေခဲ့ရတဲ့ အစ်တိုထွန်းရဲ့သားလေး သောမတ်စ်ပါ..။ စင်ကာပူကိုမြန်မြန်လာချင်တဲ့အကြောင်းထဲမှာ သောမတ်စ်နဲ့အတူ ဓာတ်ပုံရိုက်ပြီး တာတာ့ကိုစချင်တာလည်းပါပါတယ်..။ ရည်ရွယ်ချက်တော့ အဲလိုကြီးမားပါတယ်..။
  စင်ကာပူကိုရောက်ရောက်ချင်း အစ်ကိုထွန်းကလည်း ၀မ်းသာအားရလာတွေ့ပါတယ်..။ ခင်ရတဲ့အစ်ကိုကိုလည်း အပြင်မှာလည်း တကယ့်မောင်နှမရင်းချာလိုသတ်မှတ်မိပါတယ်..။ အသက်ကြီးလာလေ ရောက်တဲ့အရပ်မှာ ပျော်အောင်နေဖို့ကြိုးစားလေ ခင်ရာဆွေမျိုးဆိုတဲ့စကားကို ပိုလက်ခံလာလေဖြစ်မိပါတယ်..။
ကျွန်တော့်သူငယ်ချင်းနဲ့သူ့၈၈..။
ဗိုက်ပူပူနဲ့ကျွန်တော့်သူငယ်ချင်းဟာ စင်ကာပူနဲ့တည့်လို့လားမသိဘူး ၀င်းပြောင်ပြီး ၀နေပါတယ်..။ ပင်ပန်းလို့လားမသိဘူး ၀နေပါတယ်..။ ဘာပဲဖြစ်ဖြစ် ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းပြီးအောင်တက်လာတဲ့ သူငယ်ချင်းကို မလေးစားဘဲမနေနိုင်ပါဘူး..။ ပညာလည်းစုံ၊ ကြင်ယာကိုလည်းအစောကြီးကတည်းက မျက်စပစ်ထားတဲ့ သူငယ်ချင်းပါ..။ ကျောင်းလည်းပြီး အလုပ်လည်းရရော၊ အချိန်မဆိုင်းဘဲ ကဆုန်စိုင်းပါတော့တယ်..။ ဘာပဲဖြစ်ဖြစ် အားလုံးကိုအကြံပေးလမ်းညွှန်ပြီး မငြိုမငြင်နဲ့အလုံးစုံကူညီပေးတဲ့သူငယ်ချင်းကို ကျေးဇူးတင်မိရပါတယ်..။ သူ့ကိုလက်ဖွဲ့ကောင်းကောင်းလက်ဖွဲ့ဖို့ကြံစည်စိတ်ကူးထားပါတယ်..။ အခုလက်မဖွဲ့နိုင်သေးလို့ အချိန်ဆိုင်းထားရတာ စိတ်မကောင်းပေမယ့် သူနားလည်ပေးပါတယ်..။ တကယ်ကောင်းတာလေး လက်ဖွဲ့ချင်တာပါ..။ လက်ဖွဲ့နိုင်မှာပါ သူငယ်ချင်းရေ..။
ကျွန်တော်ချစ်တဲ့ ညီအစ်မနှစ်ယောက်..။
စင်ကာပူကိုကျွန်တော်ရောက်အောင်အတင်းတိုက်တွန်း အားပေးကူညီပြီး လိုအပ်တာမှန်သမျှအားလုံကူညီပေးတဲ့ အစ်ကိုမိသားစုရဲ့ သမီးလေးနှစ်ယောက်ပါ..။ အလွန်ချစ်ဖို့ကောင်းပါတယ်..။ ကလေးချစ်တတ်လာတဲ့ကျွန်တော့်အတွက် ချစ်စရာသမီးလေးနှစ်ယောက်ပါ..။ သူတို့နဲ့တွေ့တိုင်း ဓာတ်ပုံရိုက်ထားမိတတ်ပါတယ်..။
တိုးပါးရိုးက ရပ်တော်မူဆင်းတုတော်..။
အပေါ်ထပ်က ရပ်တော်မူကိုယ်တော်..။ လိုက်ပို့ပေးတဲ့သူငယ်ချင်းတွေကို အရမ်းကျေးဇူးတင်မိပါတယ်..။ စင်ကာပူမှာလည်း မြန်မာတွေများတော့ မြန်မာနဲ့မခြားဘူးဆိုတာသိရတော့ ၀မ်းသာမိပါတယ်..။ ကိုယ်ဖူးချင်တဲ့အချိန်သွားလိုက်ရုံပဲမို့ စိတ်ချမ်းသာမိပါတယ်..။
တိုပါရိုးက ကြည်ညိုစရာ ဘုရားဆင်းတုများ...။
မြေညီထပ်က ဘုရားဆင်းတုတော်..။ တနင်္ဂနွေအလုပ်ပိတ်ရက်မှာ မြန်မာအများဆုံးနဲ့ တရုတ်အများစုလာရောက်ကြတဲ့ကျောင်းပါ..။ စကျင်တောင်ကနေထုဆစ်ပြီး စင်ကာပူကို ဆင်တစ်တန်၊လှည်းတစ်တန်၊ သဘောင်္တစ်တန်၊ရထားတစ်တန်နဲ့ စိတ်ရှည်ရှည်ပင့်ဆောင်ပူဇော်ထားကြတဲ့ ဘုရားဆင်းတုတော်ပါ..။ မြန်မာအများစုတွေ့ရလို့ အိမ်လွမ်းတဲ့ဝေဒနာမခံစားရအောင်ကို သက်သာစေပါတယ်..။
သူငယ်ချင်းမင်္ဂလာဆွမ်းကျွေးတဲ့ စင်ကာပူက ဓာတ်တော်ကျောင်း..။
သူငယ်ချင်းမင်္ဂလာဆွမ်းကျွေးတဲ့ စင်ကာပူမှာ မြန်မာအများစုလာရောက်တတ်တဲ့ ကလန်းဘက်က ဓာတ်တော်ကျောင်းပါ..။ မြန်မာတွေ ပုတီးစိပ်၊ အဓိဌာန် ဆုတောင်းလာလုပ်ကြတတ်ပါတယ်လို့ ပြောပါတယ်..။
ကျွန်တော်သွားခဲ့တဲ့ ပတ်ဝန်းကျင်..။
NTU ထဲမှာ ကျောင်းသွားအပ်တော့ ကျွန်တော်ရင်ခုန်မိတဲ့ ရွှေလာဂမုန်းတွေကို ကန်စွန်းရွက်တွေလို မြေပြင်မှာ ချစိုက်ထားတာ တွေ့ခဲ့ရပါတယ်..။ ကျွန်တော်လည်း ပါတဲ့ဖုန်းလေးနဲ့ လက်စွမ်းပြပါတော့တယ်..။ ဒီလိုပဲကြုံရင်ကြုံသလိုလက်စွမ်းပြပါတော့မယ်ဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်..။
ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူမလဲ..။
အင်း ငါဝင်ပြီး အကြံပေးရင်တော့ ရှုပ်ကုန်တော့မယ်
Quote
(၃) ဘာဖြစ်လို့ တစ်ချို့သူဌေးတွေရဲ့ ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲ ရှိကြတာလဲ? ကျွန်မမြင်ဖူးတဲ့ တစ်ချို့မိန်းကလေးရဲ့ ရုပ်ရည်က ရွက်ကြမ်းရေကျိုပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူတို့ သူဌေးတွေကို လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့ မိန်းမတွေက ကံမကောင်းကြဘူး။
(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့ အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ? (အခု ကျွန်မရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)
ညီမလေး အေး ရေ
တစ်ယောက်တစ်မျိုးစီဖြေကြမှာပါဘဲ
အခုဖြေသူက တော့ သူ့ ရဲ့ ဟာသဆန်တဲ့ သဘောနဲ့ဖြေကြားပုံရပါတယ်
ကျွန်တော်ငယ်ငယ်က ငယ်သူငယ်ချင်း မောင်နစ်မအားလုံးနဲ့ကို ခင်ကြတဲ့ သူငယ်ချင်းမလေးရှိခဲ့ပါတယ် ဆိုရှယ်ကျတယ် အားလုံးနဲ့ခင်မင်ဖေါ်ရွေစွာနေတတ်တယ် ကျောင်းနေစဉ် ရည်းစားများတယ် အလှကြိုက်တယ်
ကျောင်းပြေးတယ် ရုပ်ရှင်ကြည့်တယ် ဒါပေမယ့် သူ့ကိုယ်သူ ထိန်းနိုင်တဲ့သူပါ ဘွဲ့ရပြီးခါစမှာ သူကမေးတယ် သူ ရည်းစားများခဲ့တဲ့ အချက်ကြောင့် အိမ်ထောင်ပြုဖို့စဉ်းစားတိုင်း သူ့ကို အတည်တကျတန်ဖိုးထားပြီး တင့်တောင့်တင်တယ် ထိမ်းမြားလက်ထပ်ဖို့တောင်းဆိုသူ ရှိနိုင်ပါဦးမလား လို့မေးခဲ့ဘူးပါတယ် ကျွန်တော်ဖြေခဲ့တာကတော့ မူလတန်း ပြ ကျောင်းဆရာမလေး ၀င်လုပ်ပါလို့ ပြီးတော့် နင်အခု မကောင်းတာကို မကောင်းမှန်းသိနေပြီ
ကိုယ့်ကိုကိုယ်လည်းထိန်းသိန်းနိုင်နေပြီ တစ်ကယ့်ကို စေတနာ ဆရာမလေး အလုပ်ကို စိတ်နှစ်ပြီးပျော်ဝင်လုပ်ကြည့်ပါ
အလုပ်ရဲ့ ဂုဏ်သိက္ခာ အလုပ်ရဲ့ တာဝန်ယူတာဝန်ခံရမှုတွေက နင့်ကို ပျော်ရွှင်စေမှာပါ ပြီးတော့ ချောမောလှပတဲ့ မိန်းခလေးတွေ အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံလေးနဲ့ သိပ်လိုက်ဖက်တာမို့ နင့်ကို တန်ဖိုးထားပြီး နှစ်သက်လိုလားစွာ အနာဂတ်ခရီးကို အတူလက်တွဲပြီး လျှောက်လိုလှပါတယ်ဆိုပြီးတောင်းဆိုလာမယ့်သူတွေ အများကြီးရှိလာတာနင်တွေ့ပါလိမ့်မယ် ဆိုပြီး အကြံပေးခဲ့ပါတယ်
အခုတော့ သူက အထက်တန်းပြဆရာမတစ်ဦးဖြစ်နြေ့ပီး ခင်ပွန်းသည်ကလည်း တပ်မတော်အရာရှိတစ်ဦး သားသမီးတွေနဲ့ စိတ်ချမ်းမြေ့ဖွယ် မိသားစုဘ၀လေးနဲ့တွေ့နေရတာမို့ ကျွန်တော့်ရဲ့ အကြံပြုချက်လေးက တန်ဖိုးရှိကြောင်း သူနဲ့တွေ့တော့ပြောပြပါတယ်
လမ်းလွဲသွားနိုင်တဲ့အချိန်မှာ လူတိုင်းက အကူအညီတောင်းဆိုတတ်ပါတယ် အရေးကြီးတဲ့ တစ်ဒင်္ဂ လေးမှာ သူတို့ ဦးနှောက်ထဲ ကို မှန်ကန်သင့်မြတ်တဲ့ အသိတရားလေး ထည့်ပေးနိုင်ရင် တော်တော်များများလမ်းလွဲမယ်မထင်ပါဘူးနော်။
နိုင်ဆက်(လေးဆက်)
ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူမလဲ..။
လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက် အမေရိကားရှိ စီးပွားရေးဖိုရမ်တစ်ခုမှာ “ကျွန်မ ဘယ်လိုလုပ်မှ ချမ်းသာတဲ့သူကို ရနိုင်မလဲ” လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်း မေးခဲ့တယ်။
“အောက်ကစာတွေက ကျွန်မစိတ်ထဲက စကားတွေပါ။ ကျွန်မ အသက်၂၅နှစ်၊ လူတကာ ငေးမောရလောက်အောင် လှတယ်။ စကားပြော ယဉ်ကျေးတယ်။ သိမ်မွေ့တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅သိန်း ၀င်ငွေရှိသူကို လက်ထပ်ယူချင်ပါတယ်။ ကျွန်မကို လောဘကြီးတယ်လို့ လူတွေထင်ကြမယ်။ ဒါပေမဲ့ နယူးယောက်လို နေရာမျိုးမှာ တစ်နှစ်ကို ဒေါ်လာ ၁၀သိန်း ရသူကတောင် အလယ်အလတ်တန်းစား ဖြစ်တဲ့အတွက် ကျွန်မတောင်းဆိုတာ မများဘူးလို့ ထင်ပါတယ်။
ဒီဖိုရမ်မှာ တစ်နှစ် ၅သိန်း ၀င်ငွေရှိတဲ့ လူမရှိဘူးလား? သူတို့ လက်ထပ်ကုန်ပြီလား? အားလုံးကို ကျွန်မ မေးခွန်းတစ်ခု မေးချင်ပါတယ်။ ကျွန်မဘယ်လိုလုပ်မှ ရှင်တို့လို သူဌေးတွေကို ရနိုင်မလဲ? ကျွန်မချိန်းတွေ့ဖူးတဲ့ လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ၀င်ငွေ ၂သိန်းခွဲရတဲ့ လူတွေဖြစ်တယ်။ ဒါ ကျွန်မရဲ့အနှိမ့်ဆုံး ကန့်သတ်ချက်ပေါ့။ နယူးယောက်မြို့လယ်မှာ နေဖို့ဆိုတာ တစ်နှစ်ဝင်ငွေ ၂သိန်းခွဲနဲ့ ဘယ်လိုမှ မလောက်နိုင်ပါဘူး။ ကျွန်မက တကယ်အကြံဥာဏ် လာတောင်းသူပါ။ ကျွန်မ ထပ်မေးချင်ပါတယ်။
(၁) သူဌေးလူလွတ်တွေ ဘယ်မှာအချိန်ဖြုန်းကြသလဲ? (အရက်ဘား၊ ဟိုတယ်၊ gym စတာတွေရဲ့ လိပ်စာ အတိအကျကို သိချင်ပါတယ်)
(၂) ဘယ်အရွယ် သူဌေးတွေကို ကျွန်မ ပစ်မှတ်ထားရမလဲ?
(၃) ဘာဖြစ်လို့ တစ်ချို့သူဌေးတွေရဲ့ ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲ ရှိကြတာလဲ? ကျွန်မမြင်ဖူးတဲ့ တစ်ချို့မိန်းကလေးရဲ့ ရုပ်ရည်က ရွက်ကြမ်းရေကျိုပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူတို့ သူဌေးတွေကို လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့ မိန်းမတွေက ကံမကောင်းကြဘူး။
(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့ အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ? (အခု ကျွန်မရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)
Bowers
သူ့အမေးကို နယူးယောက် Wall Street မှာ အလုပ်လုပ်နေသူတစ်ဦးက အောက်ပါအတိုင်း ဖြေခဲ့တယ်။
“ချစ်လှစွာသော Bowers
ရေးထားတဲ့ စာအားလုံးကို ကျွန်တော် စိတ်ဝင်တစားဖတ်ခဲ့ပါတယ်။ မိန်းကလေး အများကလည်း ခင်ဗျားလိုပဲ မေးချင်ကြမယ် ထင်ပါတယ်။ ခင်ဗျားရဲ့အမေးကို ရင်းနှီးမြှုပ်နှံသူ ရှုထောင့်ကနေ ကျွန်တော်ဖြေပါရစေ။ ကျွန်တော်ရဲ့ နှစ်စဉ်ဝင်ငွေ ဒေါ်လာ၅သိန်း ကျော်ပါတယ်။ ဒါကြောင့် လူတွေရဲ့ အချိန်ကို ကျွန်တော် မဖြုန်းဘူးလို့ ယုံကြည်ပါတယ်။
စီးပွါးရေးသမားတစ်ဦးရဲ့ အမြင်ကနေကြည့်ရင် ခင်ဗျားနဲ့လက်ထပ်တာ အဆိုးဝါးဆုံး ရောင်းဝယ်မှုပဲဖြစ်တယ်။ အကြောင်းက ရှင်းရှင်းလေးပါ။ ကျွန်တော်ရှင်းပြပါရစေ။ ခင်ဗျားပြောတဲ့ စကားအရဆိုရင် ဒါဟာ “ရုပ်ရည်” နဲ့ “ငွေကြေး” လဲလှယ်မှု တစ်ခုပါပဲ။ တစ်ဖက်က ရုပ်ရည်ပေးမယ်၊ တစ်ဖက်က ငွေကြေးပေးမယ်။ ဒါဟာ သင့်မြတ်တဲ့ လဲလှယ်မှုပေါ့။ ဒါပေမဲ့ မပြောမဖြစ် ပြောစရာတစ်ခုရှိတယ်။ ခင်ဗျားရဲ့ ရုပ်ရည်က ပျောက်ပျက်တတ်တယ်။ ငွေတွေက ဘာမှမလုပ်ပဲနဲ့တော့ မပျောက်ပျက်သွားတတ်ဘူး။ ကျွန်တော်ရဲ့ ၀င်ငွေက တစ်နှစ်ထက် တစ်နှစ်တိုးနေမှာပဲ။ ခင်ဗျားက တစ်နှစ်ထက်တစ်နှစ် လှပနိုင်မှာ မဟုတ်ဘူး။
စီးပွါးရေးပညာအရ ပြောရမယ်ဆိုရင် ကျွန်တော်က တန်ဖိုးတက်ပစ္စည်း၊ ခင်ဗျားက တန်ဖိုးကျပစ္စည်း ဖြစ်တယ်။ ကျတာတောင်မှ အရှိန်အမြန်နဲ့ကျမယ့် ပစ္စည်းဖြစ်တယ်။ ခင်ဗျား အခု ၂၅နှစ် နောက်ထပ် ၅နှစ်မှာ ခင်ဗျား အခုလို လှပတဲ့ကိုယ်လုံး၊ မြင်သူငေးတဲ့ ရုပ်ရည်က တစ်နှစ်ထက် တစ်နှစ် ဆုတ်လျှော့လာမှာပဲ။ လှပတဲ့ မျက်နှာက ဆုတ်လျှော့တာ ပိုမြန်လိမ့်မယ်။ တကယ်လို ရုပ်ရည်ဟာ ခင်ဗျားရဲ့ အရင်းအနှီးဆိုရင် နောင် ၁၀နှစ်မှာ ခင်ဗျား ဘာမှမရှိတော့ဘူး။
ကျွန်တော်တို့ Wall Street စကားအရ ပြောရမယ်ဆိုရင် ရောင်းဝယ်တဲ့ ပစ္စည်းတိုင်းမှာ အနေအထားတစ်ခုတော့ ရှိတယ်။ ခင်ဗျားနဲ့ ဆိုရင်တော့ လဲလှယ်မှု အနေအထား (trading position)ပေါ့။ ဈေးကျတာနဲ့ ချက်ချင်း လက်လွတ်လိုက်ရတယ်။ ကြာရှည် သိမ်းထားလို့ မဖြစ်ဘူး။ ဈေးကျမြန်တဲ့ ပစ္စည်းတစ်ခုကို လူတွေက အပိုင်ဝယ်မထားဘဲ ခဏတဖြုတ်သာ ချေးငှားကြမှာပဲ။ တစ်နှစ် ၀င်ငွေ ၅သိန်းဝင်တဲ့ လူတွေက လူတုံးလူအတွေတော့ မဟုတ်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ခင်ဗျားကို ခဏတဖြုတ်ပဲ တွဲကြမယ်။ လက်ထပ်ဖို့အထိတော့ ရည်ရွယ်ကြမှာ မဟုတ်ဘူး။ သူဌေးတွေကို ဘယ်လို လက်ထပ်ယူရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပင်ပင်ပန်းပန်း ရှာမနေပါနဲ့လို့ ကျွန်တော် အကြံပေးပါရစေ။
ကိုယ့်ကိုယ်ကို တစ်နှစ်ဝင်ငွေ ၅သိန်းဝင်တဲ့လူဖြစ်အောင် ကြိုးစားတာက တုံးအတဲ့ သူဌေးတစ်ယောက်ကို လက်ထပ်ယူတာထက်စာရင် ပိုမြတ်တယ်လို့ နောက်ဆုံး စကားတစ်ခွန်း ပါးလိုက်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်
ဘယ်သူ အပျိုစစ်ပါသလဲ .....
Quote
အဲဒီတော့လိမ္မာပါးနပ်တဲ့မိန်းကလေးတွေဆိုရင် ဘယ်တော့မှ ယောကျာ်းတွေရှေ့ကမနေကြပါဘူး..။ နောက်ကွယ်ကနေပဲ မသိမသာလေးနေကြပါတယ်..။ ဒီအထဲက ညီမလေးကတော့ မလိမ္မာမပါးနပ်ရှာလို့ပေါ့..။ နှစ်ယောက်လုံးအတွက် စိတ်မကောင်းပါဘူးလေ..။
အစ်မအေးပြောမှသတိရတယ်။ ဟုတ်တယ်။ ဘယ်ဝထ္တုလဲတော့မမှတ်မိတော့ဘူး ၀တ္ထုတိုပါပဲ။ လွန်ထားထားထင်တယ်။ အဲထဲမှာလေ ကောင်လေးက အရမ်းထက်တဲ့ကောင်မလေးနဲ့ရည်စားဖြစ်တာ။ သူကအရမ်းကိုတော်တယ် ဦးဆောင်နိုင်တယ်။လည်လဲလည်တယ်ပေါ့။ ကောင်လေးကိုလဲအရမ်းချစ်တော့သူပဲအမြဲတမ်းအပင်ပန်းခံပြီး လုပ်ပေးတယ်။ ကြာတော့ကောင်လေးစိတ်ထဲမှာသူ့ကိုယ်သူ အသုံးမကျတဲ့လူတစ်ယောက်လိုမြင်လာတယ်။ ဘေးကလဲဝိုင်းပြောကြတာပေါ့နော်။ မင်းရည်းစားကအရမ်းထက်တာပဲ။ bus စီးရင်တောင်ကောင်မလေးကတော့ သဘောရိုးပေါ့အရမ်းချစ်တော့သူအရင်တက်ပြီးတော့ကောင်လေးကိုရေရာပေးတာ။ ဒါပေမယ့်ကောင်လေးစိတ်မှာကျတော့ သူ့ကိုအရှက်ခွဲတယ်လို့ထင်တယ်လေ။ ကြာတော့သူတို့အဆင်မပြေဖြစ်ပြီးပြတ်သွားတယ်။ နောက်ကောင်လေးကကောင်မလေးရတယ်။ အဲကောင်မလေးက ခပ်ညံ့ထဲကပဲပေါ့။ ဒါပေမယ့်ပတ်ဝန်းကျင်ကသတ်မှတ်တာပါ။ ဘာလို့လဲဆိုတော့ တကယ်တန်းလည်တာက နောက်ဒုတိယကောင်မလေးကမှလည်တာ။ သူအကုန်လုပ်တက်ရဲ့သားနဲ့ ကောင်လေးကိုနေရာပေးသလိုနဲ့အကုန်ခိုင်းတယ်လေ။ ဥပမာပေါ့ မောင်ရေ မီးသီးကဘာဖြစ်သွားတာလဲ မသိဘူးမောင်လာကြည့်မှဖြစ်မယ်ထင်တယ် ဆိုတာလေးပေါ့။ ဒါကတော့ မီးသီးလဲတာလောက်ကတော့ လုပ်တက်ပါတယ်။ နေရာပေးတာပေါ့။အဲလို ပျောပျော့နဲ့ခိုင်းတယ်။ အဲဒါကျတော့ယောင်္ကျားလေးစိတ်မှာ ထင်တာက သူကဦးဆောင်ရတော့ လုပ်ရတာမမြင်ပဲနဲ့ကျေနပ်နေတယ်လေ။ အော်စဉ်းစားကြည့်မိတယ် အပြင်မှာလဲအဲလိုတကယ်ပဲရှိမှာပဲလို့။ ယောင်္ကျားလေးတော်တော်များများက ထက်မြက်တဲ့မိန်းကလေးတွေကိုသဘောတော့ကျကျပါတယ်။ ဒါပေမယ့်အိမ်ထောင်ဖက်အနေနဲ့သိပ်မရွေးကြဘူးလားလို့။ခုနက တာရာပွလေး ပြောသလိုပေါ့။ အဲလိုမိန်းကလေးကလဲ သူ့မာနနဲ့သူကိုး။ ဒါပေမယ့်  ထက်တဲ့တော်တဲ့မိန်းကလေးတိုင်း အကုန်လုံးတိုင်းတော့ သူ့ထက်အရည်အချင်းနိမ့်တဲ့သူနဲ့ရတာမဟုတ်ပါဘူး။ အပျိုကြီးဖြစ်ကြတာများမယ်ထင်ပါတယ်။ တကယ်တန်းကျတော့ လည်တဲ့သူက သူလည်တယ်ဆိုတာကိုဘယ်တော့မှမပြကြပါဘူး။ အဲဒါကမှတကယ်လည်တာပါ။ ပါးနပ်တာပါ။
ဘယ်သူ အပျိုစစ်ပါသလဲ .....
Quote from: skhaung on August 17, 2010, 05:35:43 AM
အင်း အဲဒါလေး ဘယ်သူ ပြန် modify သလဲတော့မသိဘူး၊ ငယ်ငယ်က မဂ္ဂဇင်း တစ်ခုထဲမှာ ဖတ်ဖူးပါတယ်၊ ဆရာဝန်စာရေးဆရာမ တစ်ယောက်ရေးတာပါ
မူရင်း ဝတ္ထုတို အမည်က “အစ်တိုးပစ် အပျိုစင် (Ectopic)” ပါတဲ့ခင်ဗျာ၊ ဘာပဲဖြစ်ဖြစ်ပေါ့ အခု ဒီဇာတ်လမ်းလေးလဲကောင်းပါတယ်၊ အဓိ ဇာတ်ကောင်က ဆရာဝန် မဟုတ်တော့တာကလွဲရင်ပေါ့
သဘောလဲကျပါတယ် ပြန် modify ပေးသူကိုရောပေါ့
လေးစားလျှက်
အက်တိုးပစ်အပျိုစင်က ယဉ်မင်းဦး(ဆေးတက္ကသိုလ်)ပါ..။ မဖတ်ဘူးပါဘူး..။ နာမည်ထူးဆန်းလို့မှတ်မိနေတာပါ..။ မမလည်းအဲဒီမေးလ်လေး ရဘူးပါတယ်..။ အပေါ်ယံအမြင်နဲ့မိန်းကလေးတစ်ယောက်ကိုဆုံးဖြတ်ဖို့မလွယ်ဘူးဆိုတာ ပြောချင်တယ်ထင်ပါတယ်..။ မိန်းကလေးပီပီသသပုံစံလေးနဲ့ နူးနူးညံ့ညံ့ မိန်းကလေးဆန်ဆန်လေးရှိတတ်ပေမယ့် မရိုးသားမပွင့်လင်းရင် သူမြုံပြီးမပြောဘဲထားတဲ့အရာက သူများကိုအနှောင့်အယှက်ဖြစ်စေမှာပေါ့..။ အပေါ်ယံပဲကြည့်ပြီး မဆုံးဖြတ်သင့်ဘူးဆိုတာယောကျာ်းလေးတွေကိုပြောချင်တယ်ထင်ပါတယ်..။
ဟောဟောဒိုင်းဒိုင်းနဲ့ဦးဆောင်နိုင်တဲ့မိန်းကလေးတွေပုံစံကို ယောက်ျားလေးအများစုမနှစ်သက်ကြဘူးဆိုတာ သိသာစေတဲ့အချက်လေးဖြစ်သလို နူးနူးညံ့ညံ့အိညှက်ညှက်နေတဲ့မိန်းကလေးတိုင်း ရိုးသားတဲ့သူမဟုတ်ဘူးဆိုတာကို ပြောချင်တာပါ..။ အတွင်းစိတ်ကိုမြင်အောင်မကြည့်နိုင်လို့ဖြစ်သွားရတဲ့အဖြစ်လေးပေါ့..။ ဟောဟောဒိုင်းဒိုင်းပွင့်ပွင့်လင်းလင်းရှိတဲ့မိန်းကလေးရဲ့ရိုးသားမှူကိုမြင်အောင်မကြည့်နိုင်ဘဲ နူးညံ့ပြီးမဖြူစင်တော့တဲ့မိန်းကလေးရဲ့ညာသလိုဖြစ်တဲ့အဖြစ်နဲ့တိုးရတဲ့ ကံမကောင်းတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းလေးပေါ့..။ ဘာပဲဖြစ်ဖြစ် အနှစ်ကိုမြင်အောင်ကြည့်နိုင်တဲ့ဥာဏ်ရှိဖို့လိုတယ်နော်..။ သူကဒီလိုမိန်းကလေးဆန်ဆန် နုနုညံ့ညံ့လေးကိုမှလိုချင်တယ်ဆိုတော့လည်း အနာအဆာပါတာကိုခွင့်လွှတ်လိုက်ပေါ့ကွယ်..။ ဒါပေမယ့် အနာမပါတဲ့သူမျိုးကိုလည်း ရနိုင်ပါတယ်နော်..။ သူ အဲလိုအနာပါတဲ့သူမျိုးနဲ့တိုးတာ ဒဏ်ပြန်ခတ်ခံရတယ်လို့မှတ်ရမှာပေါ့လေ..။
အဲဒီတော့လိမ္မာပါးနပ်တဲ့မိန်းကလေးတွေဆိုရင် ဘယ်တော့မှ ယောကျာ်းတွေရှေ့ကမနေကြပါဘူး..။ နောက်ကွယ်ကနေပဲ မသိမသာလေးနေကြပါတယ်..။ ဒီအထဲက ညီမလေးကတော့ မလိမ္မာမပါးနပ်ရှာလို့ပေါ့..။ နှစ်ယောက်လုံးအတွက် စိတ်မကောင်းပါဘူးလေ..။
ဘယ်သူ အပျိုစစ်ပါသလဲ .....
ကျွန်မနဲ့သူကချစ်သူတွေပါ
လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာဆိုင်မှာပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့
"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..
လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင် ၊
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး
ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မအကျင့်ကိုး ၊
ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ...အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက " တဲ့ ၊
ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။
စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ...အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး" တဲ့ ၊
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။
သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်၊ နာမည်ကချောချောတဲ့..။
ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။
LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊
စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့
ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊
လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊ ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။
ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ ကျွန်မသိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊
ရော်...ဘာတွေလဲကွယ်...။
အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ ၊ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်
မတွေ့ရတော့ပါဘူး။
အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။
ဖိတ်စာကသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ် ။
မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ် ။
အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊
အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။
ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ..
ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..
ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။
အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ထင်ပြီး ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ် ၊
စာထဲပါတာကတော့..
" ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ ၊
အိမ်ကရှာပေးတာ ၊ ငါလဲနှစ်သက်တယ် ၊
သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် " လေတဲ့ ။
ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်တယ် ။
ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။
ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို
" ဘယ်သူ အပျိုစစ်ပါသလဲ " လို့ ပေးမိမှာပါ ။ ။
mail ထဲကရတာလေးပါ။ ဖတ်ရတာတိုတောင်းပေမယ့် အရမ်းသဘောကျတဲ့ စာလေးပါ။ လူဆိုတာကလဲ ကိုယ့်ခံယူချက် ကိုယ်မှန်တယ် ထင်တက်ကြတာကြည့်ပဲနော်။ ကိုယ်တကယ် တန်ဖိုးထားရမဲ့အရာက ဘာဆိုတာလဲ မမြင်မိတာလဲဖြစ်မယ်ထင်ပါတယ်။
THIS CANDLE (Ngwe Ta Yi)
A candle shines steamy and fragrant
before the holy image.
Though other candles are kindled from its flame
it shines on as though unaware.
1954
Translated By Win Pe
ဤမီးတိုင်(ငွေတာရီ)
ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင်
နံ့ကြိုင်ကြိုင်ဖြင့်
တတိုင်ဆီမီး
ထိန်ထိန်ညီးတည့်။
သူ့အလျှံမှ
တဖန်ကူးဘိ
သူငါညှိလည်း
မသိလျော့ရာ
ထိန်မြဲသာတည့်။
၁၉၅၄
THE GREAT GUEST(Tin Moe)(1933-)
the cigar's burnt down
the sun is brown
will somebody take me home
1959
Translated By Win Pe
ဧည့်သည်ကြီး(တင်မိုး)(၁၉၃၃-)
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ။
၁၉၅၉
အင်းယားကန်သို့ အိုကုတို့ (မင်းသုဝဏ်)
မိုးပေါက်ကျ၍
ထသည့်ဂယက် ၀ိုင်းစက်စက်သည်
ဝကွက်ခင်နှီး နှယ်တကား။
ခဏချင်းတွင်၊ မိုးသက်ဆင်က
ရေပြင်လှိုင်းကြွ၊ ခုန်ပေါက်ကြလျက်
ကြက်ဖချင်းထိုး၊ ခေါင်းဖြူမိုး၍
ရေရိုးရှူပ်ပွေ၊ မိုးသီးကြွေသည်
စွေစွေစောင်းစောင်း ရွာသွန်းလောင်း။
ဗယ်ယိမ်း ညာယိမ်း၊ တောခပ်သိမ်းလည်း
နတ်စိမ်းဝင်သို့၊ ကမ်းယံမို့တွင်
မှိုင်းညို့မိုးသား၊ နောက်ခံကား။
မိုးဖျင်ဇာပါး၊ ၀တ်ရုံလွှားလျက်
မော်ကြွားသည့်ဟန်၊ ဤသည့်ကန်တွင်
မြင်ပြန်ဝိုးဝါး၊ ကျွန်းညိုကြား၌
လူးလားချင်လို၊ ငါတောင်းဆိုသည်
လှေကိုပြင်ပ ကုတို့မှူး။
၁၉၄၈
FERRY ON INYA LAKE (Min Thu Wun)
The circles of raindrops on the water
are like a mat of O's.
In the sudden squall the surface prances.
The waves are like fighting cocks.
The dusturbed waters are crested with white.
Hailstones fall and the rain pours in a slant.
The trees swing to left and right
As if possessed by spirits
And behind the spit of land
The clouds form a dark backdrop.
While the lake wears the proud mantle of rain-lace
I wish to roam among the obsure islands.
Ferryman, prepare the boat.
1948
Translated By Win Pe
THE GHOST (Kyi Aye)
Unable to sleep in the depth of the night
I sit on the bed, the sheets tossed and wrinkled,
Agitated, uncontrolled, without refuge.
Outside, a few stars between the leaves.
An old magnolia tree besides the lake,
And pottering among the bushes, the ghost, I.
A shuffle of feet beside the bed,
then footsteps at the door and on the verandah,
Frightened, I look at the ghost’s face
and, how I want to cry, I see me.
I drown in the river and shiver.
I rest on the branch of the rain-tree.
I kneel at the holy shrine.
Weary, an I rises from many I’s,
goes to my lover, who does not hear me,
and cry:
“Get up. Let’s go. Don’t you dream of me.”
The image of the ghost comes as a blur in my mind.
1947
Translated By Win Pe(modern Burmese Poetry)
တစ္ဆေ (ကြည်အေး)
အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွှေ့ရာတွေလည်း၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မရ။
အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စံကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှူပ်လှူပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချူံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။
ခုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်ထဲပဲ သူနဲ့ငါ။
မြစ်နက်ထဲမှာ
ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ
ကိုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။
မောပန်းလျနှင့်
တယောက်သောငါ၊ ငါများစွာမှ
ထလာ လွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမျှမကြား၊ မောင့်အနားမှာ
ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား၊ တစ္ဆေဖြားယောင်း
မှူန်မွှား စိတ်ဝယ် အရိပ်ထင်။
၁၉၄၇
HAYCINTH WAY-10 (Zaw Gyi)
At the mudflat’s margin of murky blue
the hyacinth* moves up with the waves
and with the waves descends.
Descent is not without travail.
A coconut frond comes floating with the tide.
Descent and drift. The coconut frond
Hits the hyacinth girl in the side.
Though hit in the side she finds no rest.
In a moment a wave has smothered her.
She goes under and does not rise.
Then a wave surges and the hyacinth girl
Comes up about a yard away.
Coming up does not bring respite.
Ducks emerge from a branch of the creek.
A hundred ducks and a lone hyacinth.
She is jostled and kicked but
Holds her lips tight
and keeps wearing her flower.
1960
*Water-hyacinth called BEDA in Burmese, that grows in the deltaic stream floating up and down with the ebb and flow of the tide.ed.
Translated By Win Pe(modern Burmese Poetry)
ဗေဒါလမ်း-၁၀ (ဇော်ဂျီ)
ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲ ထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တပင်တည်း။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။
FOOTPRINTS (Maung Swan Yi)
footprints when summer runs-
the parched earth
footprints when the rain runs-
these puddles
footprints when winter runs-
residual dew
footprints when the mind runs-
poems
1960
ခြေရာ(မောင်စွမ်းရည်)
နွေပြေးသောအခါ
နွေခြေရာကား
မြေအက်ကြားတည့်။
မိုးပြေးသောခါ
မိုးခြေရာကား
ရေကွက်များတည့်။
ဆောင်းပြေးသောခါ
ဆောင်းခြေရာကား
နှင်းကြွင်းများတည့်။
ဝိဥာဉ်ပြေးရာ
စိတ်ခြေရာမူ
ကဗျာများတို့ ဖြစ်သတည်း။
၁၉၆၀
PICKING STAR-FLOWERS(Maung Swe Tint)(1939-)
Darling, look, we never saw them in the rain.
The road is strewn with star-flowers.
Let's pick them.Come, darling. Don't be naughty.
Bring a basket for the star-flowers.
Stay then, if you don't want to come.
But when I return with star-flowers in my hair,
don't kiss me. I'll run away.
Translated By Win Pe
ခရေကောက်(မောင်ဆွေတင့်)(၁၉၃၉-)
ဟေး..ကြည့်စမ်းမောင်
ဟိုလမ်းပေါ်မှာ၊ ဘာတွေပါလိမ့်
မိုးရွာတုန်းက၊ မတွေ့ရဘူး
ခုမှကြွေတဲ့ ခရေပန်း။
သွားကောက်ရအောင်
အို...မောင်ကလဲ၊ အရေးထဲမှာ
လာပါမောင်ရဲ့၊ခြင်းယူခဲ့လေ
ကောက်ထည့်စရာ ပါမှပေါ့။
မလိုက်ချင်ယင်၊ နေချင် နေခဲ့
ခရေပွင့်ကောက်၊ ပြန်လို့ရောက်မှ
ကျမခေါင်းမှာ၊ ပန်လို့လာတဲ့
ပွင့်လွှာဖြူဖွေး၊ မောင်မမွှေးနဲ့
ထွက်ပြေးမှာပဲ သိရဲ့လား။
၁၉၆၂
THE PYINMA STUMP(Min Thu Win)
The ancient pyinma stump, gnarled and knotted,
sits like a vulture on the hill.
Termites have nested in the wasted trunk
and scabs form on the ulcerous bole.
A dented helmet sunk in a cranny
on the hill's side shows that war was here.
The ancient pyinma stump ravaged by war,
savaged by termites,
notched by blade,
scorched by the sun,
does not bow to the storm.
When summer comes again the old leaf
breaks at the stalk and new leaves form.
It wears its youthful beauty in the wind-
courageous, manly pyinma stump.
1949
Translated By Win Pe
ပျဉ်းမငုတ်တို(မင်းသုဝဏ်)
ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။
ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာသို့
ကျယ်စွားဟက်ပက် ခြအိမ်ပျက်။
ကုန်းမိုကမ်းပါး၊ မြေပပ်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လမ်းပြညွှန်း။
ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောကျာ်းကောင်းတကား။
၁၉၄၉
ROSES (Min Thu Win)(1909-)
returning from the fields
she said she wanted
to wear star flowers
I plucked them
in the morning
I saw the elegant one
with roses in her hair
magnificent !
(1932)
Translated By Win Pe
နှင်းဆီပွင့်(မင်းသုဝဏ်)(၁၉၀၉-)
လယ်တောကပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။
(၁၉၃၂)
သူငယ်ချင်းမင်္ဂလာဆောင်ကရတဲ့ခံစားချက်..။
အချစ်ဆုံးအခင်မင်ရဆုံးသူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်သွားပြီ..။ သူ့ပွဲကိုသွားရင်းနဲ့ တရားနာရင်း စိတ်ထဲမှာအတွေးတစ်ချို့ပေါ်လာမိတယ်.။ ငါ မင်္ဂလာဆောင်ဖြစ်ပါဦးမလား..။ အပျိုကြီးပဲဖြစ်ဖို့များတယ်လို့ အဖြေထွက်လာတယ်..။အဲဒါကတစ်ခု..။
နောက်တစ်ခုက ၀ိသာခါကျောင်းအစ်မကြီးမင်္ဂလာဆောင်တုံးက မိဘကသုံးဂါဝုတ်ရှိတဲ့ခြံဝိုင်းထဲကိုနွားအကောင်ရေဆန့်သလောက်ထည့်ပြီးလက်ဖွဲ့တာ နွားတွေကခုန်ပေါက်မြူးထူးပြီးပြေးဝင်သွားတာ ဆန့်တဲ့အတိုင်းအတာထက်ကျော်လွန်သွားတယ်လို့ ဆရာတော်ကဟောလိုက်တယ်..။ အဲဒါရှေးကပြုခဲ့ဘူးတဲ့ကုသိုလ်ဒါနကြောင့်တဲ့..။ သူတစ်ပါးတွေကိုကျွေးမွေးပေးကမ်းလို့ ဒီလိုအကျိုးခံစားရတာလို့ဟောတော့ တစ်ယောက်စာအတွက်ပဲ ရပ်တည်နေတဲ့ကိုယ့်အဖြစ်ကိုယ်သတိထားမိလာတယ်..။ အကျွေးအမွေး၊ အထောက်အပံ့လေးပြုဦးမှလို့ ကိုယ့်ကိုယ်ကိုဆုံးမမိတယ်..။ နေ့တိုင်းလှူနိုင်တဲ့ ဆွမ်းလောင်းနိုင်တဲ့နေရာဒေသမှာလည်း ရှိနေတာမဟုတ်တော့လေ..။
စံပယ်