ကျွန်တော့်သူငယ်ချင်းနဲ့သူ့၈၈..။

ဗိုက်ပူပူနဲ့ကျွန်တော့်သူငယ်ချင်းဟာ စင်ကာပူနဲ့တည့်လို့လားမသိဘူး ၀င်းပြောင်ပြီး ၀နေပါတယ်..။ ပင်ပန်းလို့လားမသိဘူး ၀နေပါတယ်..။ ဘာပဲဖြစ်ဖြစ် ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းပြီးအောင်တက်လာတဲ့ သူငယ်ချင်းကို မလေးစားဘဲမနေနိုင်ပါဘူး..။ ပညာလည်းစုံ၊ ကြင်ယာကိုလည်းအစောကြီးကတည်းက မျက်စပစ်ထားတဲ့ သူငယ်ချင်းပါ..။ ကျောင်းလည်းပြီး အလုပ်လည်းရရော၊ အချိန်မဆိုင်းဘဲ ကဆုန်စိုင်းပါတော့တယ်..။ ဘာပဲဖြစ်ဖြစ် အားလုံးကိုအကြံပေးလမ်းညွှန်ပြီး မငြိုမငြင်နဲ့အလုံးစုံကူညီပေးတဲ့သူငယ်ချင်းကို ကျေးဇူးတင်မိရပါတယ်..။ သူ့ကိုလက်ဖွဲ့ကောင်းကောင်းလက်ဖွဲ့ဖို့ကြံစည်စိတ်ကူးထားပါတယ်..။ အခုလက်မဖွဲ့နိုင်သေးလို့ အချိန်ဆိုင်းထားရတာ စိတ်မကောင်းပေမယ့် သူနားလည်ပေးပါတယ်..။ တကယ်ကောင်းတာလေး လက်ဖွဲ့ချင်တာပါ..။ လက်ဖွဲ့နိုင်မှာပါ သူငယ်ချင်းရေ..။

No comments:

Post a Comment