တစ်ရေးချစ်ခွင့် မြင်(ကြင်)ရနိုးရှင့်..။

နီးဖို့ရာဆိုရင် ၀ါဆိုတောင်မှ
ပြာသိုနားပင်ထားလိုက်ချင်
ရက်ဖြင့်လစွန်း ပြောင်းလေသည့်အဝေးနှင်
ကြာလေလေ သတိရအတိုင်းတိုင်း
တပြန်တသီ တစ်နာရီမျှ
တစ်ဆံခြည်မျှင် မမေ့နိုင်အောင်ပဲ
စေ့စေ့ကဲလျှင်
ထိလုမိုးဆီ တိမ်သို့မီသား
ထွဋ်ဘုန်းခေါင်ဖျာ့
မြတ်စေတီအပါး၌ နယ်ခြားမြေဝေး
နှောင်းချစ်ထွေးနှင့်
တစ်ရေးချစ်ခွင့်
မြင်(ကြင်)ရနိုးရှင့်
တစ်ရေးချစ်ခွင့်
မြင်(ကြင်)ရနိုးးးးးရှင့်..............။

ခပ်ညည်းညည်းလေးဆိုလိုက်ရင် ဆိုလို့ကောင်းတဲ့သီချင်းလေး..။ ရှားရှားပါးပါး အမေသီချင်းဆိုတာ ကြားမိတဲ့ တစ်ပုဒ်တည်းသော သီချင်းလေး..။ အမေဆိုလို့မှတ်ထားမိတဲ့သီချင်းလေးကို ကြီးလို့နားထောင်တတ်လာတော့ ရှာပြီးနားထောင်မိရင်း အရမ်းကြိုက်မိတဲ့သီချင်းလေး တိုက်ဆိုင်လာလို့ တင်ထားလိုက်တာပါ..။

http://www.youtube.com/watch?v=UkHSU0_R4-M&feature=related

2 comments:

  1. တာရာပွလေး9/09/2010 10:36:00 am

    စာသားပဲတင်ထားတာပဲ.. သီချင်းဖိုင်ရှိဘူးလား အန်တီအေး လိုချင်လို့ :)

    ReplyDelete
  2. youtube ကနေကြည့်ပြီး Mp3 ပြောင်းထားတယ်..။ အဲလို Mp3 ပြောင်းပုံကို http://www.myanmarfamily.org/forum/showthread.php?t=19901 ဒီမှာကြည့်လို့ရတယ်..။ ပြောင်းတာ ပြောင်းလို့မရသေးဘူး..။ ရရင်ပြောလိုက်မယ်..။

    ReplyDelete