ကျွန်တော့်သူငယ်ချင်း..။

   စင်ကာပူမှာရောက်နေသော ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း နောက်တစ်ယောက်ရှိသေးသည်..။ သူ့ကိုကျွန်တော်မှမဟုတ်..။ သူငယ်ချင်းအားလုံးက ချစ်ကြသည်..။ ဘာ့ကြောင့်လဲဟု ကျွန်တော်ဆန်းစစ်ကြည့်သောအခါ စိတ်ရှည်သည်းခံကာ သူငယ်ချင်းအားလုံးအပေါ် အကောင်းမြင်ပေးတတ်သောစိတ်ကြောင့်ဟု ကျွန်တော်မြင်မိသည်..။ သူ့ကိုလူတိုင်းနီးပါးက ခင်ကာ ရေရှည်ဆက်ဆံချစ်ခင်ကြသည်..။ အနေအေးဆေးတည်ငြိမ်ကာ စိတ်အေးချမ်းသော ကျွန်တော့်သူငယ်ချင်းနှင့် တွဲလျက်ဓာတ်ပုံကိုကျွန်တော့်ဘလော့တွင်တင်ရန်ကြိုးစားသည်မှာ ကြာပြီ..။ မအောင်မြင်သေး..။ သူငယ်ချင်းက သူ့ပုံကိုတင်မည်ပြောသောကြောင့် ရှက်နေသည်..။ အခုလည်း သူနဲ့ တစ်ညနေလုံးအတူရှိခဲ့သည်..။ ဓာတ်ပုံရိုက်ခွင့်က မသာ..။ နောက်တော့ ရိုက်ရဦးမည်..။

No comments:

Post a Comment