ကပေါက်တိကပေါက်ချာ........။

ရေးချင်တာတွေလျှောက်လျှောက်ရေးထားတဲ့ ဘလော့ကို သူများကိုဖတ်ဖို့တိုက်တွန်းမိတာ အားနာမိလာတယ်..။ အွန်လိုင်းပေါ်တင်ထားပေမယ့် နေ့စဉ်မှတ်တမ်းသာသာပဲရှိတဲ့ ဘလော့ကို သူများတွေကို ဖတ်ခိုင်းမိတာ အားနာမိတယ်..။ အရေးအသားကလည်းမကောင်းလို့ တင်ထားသမျှပို့စ်တွေအကုန်လုံးလည်း ဖျက်ပစ်ချင်မိတယ်..။ ကိုယ်ဘာသာ ကိုယ့်ဒိုင်ယာရီလေးနဲ့ပဲ ပြန်ရေးရင် ကောင်းမလားလို့လည်း စဉ်းစားမိတယ်..။ ဘလော့မှာတင်မကဘဲ လျှောက်ရေးသမျှဖိုရမ်တိုင်းက ပို့စ်တွေပါ ပြန်ဖျက်ပစ်ချင်နေတယ်..။ စာအရေးအသားလည်းမကောင်းဘဲနဲ့ လျှောက်ရေးမိလို့..။

No comments:

Post a Comment