ဒုတိယအကြိမ် စင်ကာပူစာပေဟောပြောပွဲ..။

   စာပေဟောပြောပွဲသို့ နောက်ကျမှ သွားနိုင်သည်..။ ကျွန်တော်တို့ရောက်တော့ ဒုတိယမြောက်ဟောပြောနေသည့် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ပြီးတော့မည်..။ ခဏအကြာ ဘရိတ်တိုင်းမ် ပေးသည်..။ ဒံပေါက်ဘူးများကို အပြင်မှာပင် မတ်တပ်ရပ်ကာ စားကြသည်..။ အအေးက လက်မှတ်ပြကာယူရသည်..။ အားလုံးအဆင်ပြေသည်..။ အေးဆေးပင်..။
      ဆရာအော်ပီကျယ်ဟောသည်ကိုမှ အစအဆုံးမီသည်..။ ဆရာပြောလိုသည့် လိုရင်းက မြန်မာများ မြန်မာပြည်ကိုအကျိုးပြုနိုင်သောသူများဖြစ်စေချင်သည်..။ အပေါ်မှဆွဲတင်သည်ထက်စာလျှင် အောက်မှပုခုံးဖြင့်ထမ်းတင်ပေးသူများက ပိုကူညီရာရောက်သည်..။ ဆရာတော် ရှင်ဇနကာဘိဝံသက ဟောထားသည်..။ နာတရား ၊ ဟောတရား၊ အလုပ်တရားတို့တွင် အလုပ်တရားသည်သာ အကောင်းမွန်ဆုံးဟု..။ ထို့ကြောင့်ဆိုလိုချင်သည်က ဟောပြောနေသည်နှင့်မကျေနပ်ဘဲ ကိုယ်တိုင်တတပ်တအားပါဝင်စေချင်သည်ဟု ဆိုလိုရင်းဖြစ်သည်ဟု ကျွန်တော်ကောက်ချက်ချမိပါသည်..။

No comments:

Post a Comment