သီချင်းကြီးများနှင့် တစ်မနက်ခင်း..။

ဒီနေ့မနက်အိပ်ယာနိုးတော့ နှောင့်ယှက်ရမယ့်သူက နှောင့်ယှက်လို့မရတာနဲ့သီချင်းဖွင့်နားထောင်နေမိပါတယ်..။ မနေ့ညက စာပေဟောပြောပွဲ You Tube ကိုကြည့်ရင်း ကိုမင်းနောင်ဆိုတဲ့ ထိလုမိုးဆီ(တစ်ရေးချစ်ခွင့်မြင်ရနိုး)ဆိုတဲ့ အလွန်ကြိုက်ခဲ့တဲ့သီချင်းကို ပြန်ကြားမိရာက You Tube ထဲမှာ ကိုမင်းနောင်ရှာရင်း လိုက်အော်ဆိုရင်း နားထောင်နေမိပါတယ်..။ သီချင်းကလည်းရွေးရင်းရွေးရင်း ရွေ့ရွေ့သွားလို့ ဟိုရောက်လိုက် ဒီရောက်လိုက်..။ နောက်တော့ အလွမ်းသီချင်းတွေဘက် ဂန္ထ၀င်သီချင်းတွေဘက်ရောက်သွားရင်း အကျယ်ကြီးလိုက်အော်ဆိုရင်း ရယ်ချင်နေမိပါတယ်..။ အဲလိုမဆိုဖြစ်တာကြာပြီ..။

No comments:

Post a Comment