ကျွန်တော်နှင့် တောက်တိုမယ်ရ TTMY..။

စင်ကာပူမှာကျောင်းတက်မယ်ဆိုတော့ ကျောင်းစားရိတ်ကို လက်ငင်းပေးနိုင်တယ်ထား..၊ နေစားရိတ်ကြေအောင်တော့ အချိန်ပိုင်းအလုပ်တွေဝင်လုပ်ကြတာ မြန်မာကျောင်းသားကျောင်းသူတင်မက..၊ ကျောင်းသားကျောင်းသူတိုင်းရဲ့ ထုံးစံတစ်ခုပါ..။ သတ္တိနည်းတဲ့ကျွန်တော်က သူများတွေလုပ်လို့ လမ်းကြောင်းဖြစ်သွားပြီဆိုမှ လျှောက်ရဲတာပါ..။ ဒီတော့ ကျွန်တော့်သူငယ်ချင်းက ကျောင်းပြီးသွားပြီ..။ ကျွန်တော်က စင်ကာပူကိုလာဖို့ တွန့်နေလို့ ခုမှ လာရတာပါ..။ ဒီတော့ ကျွန်တော့်သူငယ်ချင်းတွေလျှောက်တဲ့လမ်းကို ကျွန်တော်လျှောက်ပါတော့တယ်..။ ဒီမှာ တောက်တိုမယ်ရ အချိန်ပိုင်းအလုပ်လေး လုပ်တယ်ပေါ့ဗျာ..။
         ကံကောင်းထောက်မစွာနဲ့ အလုပ်က ၁၀ မိနစ်လောက်အသွားအပြန်နေရာမှာ လုပ်ရပါတယ်..။ နေတဲ့အခန်းက ဈေးနီး၊ ကားဂိတ်နီး၊ ရထားဂိတ်နီးမို့ အဆင်ပြေပါတယ်..။ အလုပ်ကလည်း ဈေးထဲမှာလို့ ပြောလို့ရပါတယ်..။ ဈေးရောင်းတယ်ပေါ့ဗျာ..။ ဈေးဆိုင်တစ်ဆိုင်ရဲ့ လိုအပ်တာမှန်သမျှလုပ်ပေးရတဲ့သူလို့ ကိုယ့်ကိုယ်ကိုသတ်မှတ်မိပေမယ့် အဲလိုအတန်းအစားခွဲခြားတာမရှိပါဘူး..။ ဒါပေမယ့် သိပ်မတတ်သေးတဲ့သူကိုတော့ သူတို့မလုပ်ချင်တာတွေခိုင်းဖို့ချန်ထားပါတယ်..။ အနှစ်နှစ်အလလက မလှည်းကျင်းခဲ့ရတဲ့အမှိုက်တွေ လှည်းခိုင်းတာမျိုး..၊ ဆိုင်ရှေ့ထွက်ပြီး ဈေးရောင်းခိုင်းတာမျိုးတွေကို အချိန်ပိုင်းလာလုပ်တဲ့ ကျောင်းသားတွေကို ခိုင်းပါတယ်..။ ပထမရက်စလုပ်တော့ ချောကလက် ပရိုမိုရှင်းနဲ့တိုးပြီး ဆိုင်ရှေ့မှာဈေးထွက်ရောင်းခိုင်းပါတယ်..။ ဖိလစ်ပိုင်တွေပြောတဲ့ အင်္ဂလိပ်ကို နားမလည်ပါဘူး..။ တရုတ်တွေပြောတဲ့ အင်္ဂလိပ်ကလည်း တော်တော်ဆိုးပါတယ်..။ သူတို့တရုတ်စကားနဲ့ လိုသလိုဆွဲပြောကြတဲ့စကားတွေကို တော်တော်နဲ့နားမယဉ်ပါဘူး..။ ဒီမှာနေတာ သုံးနှစ်ရှိပြီဖြစ်တဲ့ညီမလေးကတော့ သူတို့နဲ့လုံးဝထပ်တူအဆင်ပြေနေပါပြီ..။ ကျွန်တော်ကတော့ သူတို့ဘာပြောလဲဆိုတာ အဲဒီညီမလေးကိုပြန်ပြန်မေးရပါတယ်..။ သူတို့ကကျွန်တော့်ကိုရယ်ချင်ကြပါတယ်..။ ကျွန်တော်က နားမလည်တော့ Incharge ကို နှာခေါင်းရှုံ့ပြလိုက်ပါတယ်..။ နားလည်လားမေးရင် ခေါင်းယမ်းပြလိုက်ပါတယ်..။ ကျွန်တော်မှနားမလည်တာ..။ အချိန်ပိုင်းလာလုပ်တဲ့သူကို ပေးတဲ့ပိုက်ဆံနဲ့တန်အောင်တော့ လုံးဝနားမနေရအောင် ခိုင်းပါတယ်..။ တစ်ဆိုင်လုံးတံမြက်စည်းလှည်းရတယ်..။ အေးအေးဆေးဆေးလှည်းနိုင်ပါတယ်..။ အိမ်မှာလည်းလှည်းနေကျဆိုတော့လေ..။ တံမြက်စည်းကိုအိမ်မှာလိုအကြာကြီးမလှည်းရတာကြာလို့ လက်နာတာတစ်ခုပါပဲ..။ အဆင်ပြေပါတယ်..။ ဆိုင်ရှေ့ထွက်ပြီးဈေးရောင်းပြီးရင် ဆိုင်ကမှန်တံခါးတွေကိုပိတ်လိုက်ပြီးရင် ပစ္စည်းတွေကို လိုက်စီရပါတယ်..။ နောက်ဆုတ်နေတဲ့ပစ္စည်းတွေကို ရှေ့တိုးရတာပါ..။ လာလုပ်တဲ့သူပေါရင် တစ်ယောက်အဲဒါလုပ်နေရင် နောက်တစ်ယောက်ကို တံမြက်စည်းလှည်းခိုင်းထားပါတယ်..။ ပြီးတာနဲ့အမှိုက်ပစ်..။ အမှိုက်ကိုလည်း တစ်ယောက်ယောက်ဝင်ပစ်သွားပါတယ်..။ ပစ်တတ်အောင်လို့ လိုက်ကြည့်ထားရပါတယ်..။
ိ         သူတို့က ငွေသိမ်းကောင်တာကို ကိုင်ခိုင်းချင်နေပါတယ်..။ ကျွန်တော်က လုံးဝမရင်းနှီးတာနဲ့ သူတို့ခိုင်းလို့မရသေးမှန်းသိလို့မခိုင်းသေးဘဲ စောင့်ကြည့်နေတာပါ..။ ဘဏ်ကဒ်အမျိုးမျိုး၊ ဈေးဝယ်ပုံအမျိုးမျိုး၊ ရာခိုင်နှူန်းတွက်တာ အမျိုးမျိုးနဲ့ ကျွန်တော်မရင်းနှီးသေးပါဘူး..။ တစ်ဖြည်းဖြည်းတော့တတ်အောင်သင်မှာပါ..။ ဒါတွေနဲ့ကင်းတာမရှိဘူးဆိုတော့ လုပ်ရမှာပါပဲ..။ အချိန်ပိုင်းအလုပ်ကို နေစားရိတ်နည်းနည်းခုအောင်လို့သာလုပ်ချင်တာမို့ သိပ်ခေါင်းခဲတာမျိုးကြီးမလုပ်ချင်ပါဘူး..။ အလုပ်ထဲမှာဘာတွေပြောပြော ဘယ်လိုရှိရှိ သိပ်စိတ်ထဲလည်း မရှိပါဘူး..။ ဒါက ခဏယာယီလုပ်တဲ့အလုပ်လို့ စိတ်ထဲသဘောပိုက်ထားလို့ သူတို့ဘာပြောပြော ခေါင်းထဲသိပ်မထားပါဘူး..။

No comments:

Post a Comment