ကျွန်တော်နှူင့် စင်္ကာပူ..(၁)..။

စင်ကာပူလာဖို့ပြင်ဆင်တာတွေကိုပြောဖို့မဟုတ်ပါ..။ စင်ကာပူရောက်ကာစ ရက်များက အသားမကျခင်က ကြုံရသည်များကို ပြောလိုခြင်းသာ ဖြစ်ပါသည်..။
စင်ကာပူမလာခင်ကတည်းက ဖော်ဝပ်မေးလ်များထဲမှ ဖတ်ရသည်များက စင်ကာပူတွင် သရဲပေါသည့်အကြောင်း..။ ဓာတ်လှေကားများတွင် ခြောက်တတ်သည်ဟု ဖော်ဝပ်မေးလ်တစ်စောင်တွင် ဖတ်ရဖူးသည်ကို အစွဲကြီးစွဲနေသည်..။ ဓာတ်လှေကားစီးတိုင်း ဘုရား၊တရား၊သံဃာကို ရှိခိုးပါ၏ဟု စိတ်မှအမြဲ ရွတ်ဆိုနေမိသည်..။ တကယ်ကတော့ ကြောက်လို့ ကိုယ့်ကိုယ်ကိုမကြောက်အောင် ရဲဆေးတင်နေခြင်းသာ..။
စင်ကာပူကို သူငယ်ချင်းများအလုပ်ပိတ်သော တနင်္ဂနွေနေ့ကို အသေအချာရွေးကာလာခဲ့သည်..။ သူတို့ကို ဟိုနားဒီနားဘယ်လိုသွားလဲဆိုတာကစ လိုက်ပြပေးစေချင်သောကြောင့်..။ တနင်္ဂနွေနေ့ကတော့ သူငယ်ချင်းများနှင့်အတူနေလိုက်ရသောကြောင့် ဘာအခက်အခဲမှမရှိ..။ တနင်္လာမှာ တစ်ယောက်တည်း အိမ်ကစထွက်ကာ run ရတော့သည်..။ ပြန်လာသောအခါ ဓာတ်လှေကားစီးမည်လုပ်သောအခါ ဓာတ်လှေကားတံခါးကြီးက ပွင့်နေသည်..။ ကိုယ်ကခလုတ်မနှိပ်ခင် ပွင့်နှင့်နေသော ဓာတ်လှေကားကြီးကို ပျက်နေလို့ပွင့်နေတာဟု ယူဆကာ ခလုတ်ကို ဆက်နှိပ်နေမိသည်..။ အကြောင်းထူးမလာ..။ ခလုတ်နှိပ်နေစဉ် တရုတ်အမျိုးသမီးတစ်ယောက် ရောက်လာကာ တံခါးပွင့်နေတယ် လာလေဟု တရုတ်စကားနှင့်ခေါ်မှ အော်... မြေညီထပ်မှာ ဓာတ်လှေကားက ကြိုစောင့်နေတာပါလားဟု သဘောပေါက်သွားသည်..။ ကိုယ်ကတော့ မသိ..။ ပျက်နေတာဟု တွေးခဲ့တာဖြစ်သည်..။ (ဟိဟိ..။)
တစ်ရက်ကျတော့ ဓာတ်လှေကားစီးရမှာ သရဲကြောက်လို့ လန့်နေပါတယ်ဆိုမှ နေ့လည်ခင်းအပြင်ထွက်ဖို့ အိမ်ကထွက်လာရသည်..။ ဓာတ်လှေကားခလုတ်ကိုနှိပ်ကာ စောင့်နေစဉ် အလယ်မှ ဓာတ်လှေကားက တံခါးပွင့်လာသည်..။ အားးးးးးးးးးးးးးးးးးးး....။ လန့်ကာ မှင်တက်မိသွားမိသည်..။ ဓာတ်လှေကားထဲမှာ အဘိုးကြီးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပါလာနှင့်သည်..။ တစ်ခါမှ လူပါလာသည့် ဓာတ်လှေကားကိုမကြုံဘူးသေးပါ..။ တော်တော်လန့်ကာ အသံပင်ထွက်သွားမိသည်..။ အဘိုးကြီးက လန့်သွားမှန်းသိကာ အပေါ်ကတည်းက လူပါလာကြောင်း မလန့်ဖို့အကြောင်း တရုတ်လိုပြောနေသည်..။ နားမလည်သော်လည်း အဲလိုအဓိပ္ပာယ်ပြောနေသည်ဟု ယူဆမိသည်..။ ရင်ဘတ်ထဲကပင် တဒိတ်ဒိတ် ခုန်လာမိသည်..။ ကျွန်တော်များ ကြောက်တတ်ချက်..။ (ဟိဟိ)
    အခုတော့ဓာတ်လှေကားစောင့်စဉ် ကျလာမည့်ဓာတ်လှေကားကို သေချာအောင်ကြည့်တတ်လာပါပြီ..။ လူပါမပါကိုပါ..။ (ဟား ဟား)

2 comments:

  1. လူပါလဲ မမြင်ရဘူးလေ ဟောင်ကောင် သရဲကားတွေထဲက သရဲတွေဆိုရင် ဓါတ်လှေကာတွေ မှာ အောက်ဘက်နား ကပ်အိပ်နေကြတာ
    နောက် ထောင့် တွေမှာ နေတယ်
    ထောင်ဘက်ကို မျက်နှာမူပြီး ငိုနေရင် သေချာပြီအဲ့တာ သရဲမ
    နောက်လှည့်မကြည့်နဲ့ပြေးပေတော့ပဲ

    ဝေါ့ ဗာရီဖီကေးရှင်းဖြုတ် ပါ မန့် ရတာ အချိန်ကုန်တယ်

    ReplyDelete
  2. ဟုတ်..။ တီချမ်း အလည်လာတာ ကျေးဇူးပါ..။ Verification ဘယ်လိုဖြုတ်ရလဲဆိုတာ သိအောင်လုပ်ပြီး ဖြုတ်ကြည့်ပါမယ်နော်..။


    ခင်မင်စွာဖြင့်

    မစံပယ်

    ReplyDelete