NTU သင်္ခန်းစာတွေ ဘယ်လိုသင်..။

          အတန်းမှ ပထမဆုံးစတက်ကာရှိပါသေးသည်..။ နက်ဝပ်အကောင့်များမှ သုံးတတ်ကာစရှိသေးသည်..။ Assignment button ကိုကလစ်ကြည့်သောအခါ assignment တစ်စောင်ရောက်နေပါရောလား..။ ခေါင်းစဉ်ကို အောက်တိုဘာ ၄ တွင် တင်ရမည်ဟုဆိုပါသည်..။ အုပ်စုတစ်ခုတွင် သုံးယောက်အနည်းဆုံးပါရမည်ဟုဆိုပါသည်..။ part time များနှင့် အတူရော၍ သင်ပါသည်..။ မည်သည့်အဖွဲ့ထဲပါရမည်မှန်း မသိသေးပါ..။ ဖုန်းဆက်နေကျညီမလေးကို မေးကြည့်ရပါဦးမည်..။ သူတို့နှင့်တွဲ၍ရလျှင် သူတို့နှင့်တွဲပါမည်..။ မည်သူနှင့်မှဟူ၍ လူစွဲမရှိပါ..။ အဆင်ပြေရာ မည်သူနှင့်မဆို တွဲ၍ဖြစ်ပါသည်..။
      assignment ကို နိုဝင်ဘာ ၄ တွင် အပြီးတင်ရမည်ဟုဆိုပါသည်..။ စာကြည့်တိုက်သို့ သွားရပါဦးမည်..။ စာဖတ်မှ ..၊ ကိုးကားစရာကောင်းကောင်းတွေ့မှသာ မည်သည့်အပိုင်းကိုတင်သင့်သည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်နိုင်ပါမည်..။ အချိန်ရသေးသော်လည်း ပေါ့ဆ၍မရသော အလုပ်တစ်ခုဖြစ်ပါသည်..။
      Lab ခြောက်ခါ လုပ်ရပါမည်..။ Tutorial ၂ ခါ ထင်ပါသည်..။ Assignment ကတော့ တစ်ခုပဲထင်ပါသည်..။ ပြီးလျှင်တော့ စာမေးပွဲကြီးထင်ပါသည်..။
       သင်ကြားနည်းစနစ်များ ကောင်းလွန်းလှပါသည်..။ ထိုကျောင်းကြီးတွင် တက်ချင်၍ မိမိဘာသာအားကြိုးမာန်တက် ကြိုးစားလာခဲ့ခြင်းဖြစ်ပါသည်..။ အကျိုးကျေးဇူးရှိရန်ကတော့ ကြိုးစားရပါဦးမည်..။
      

No comments:

Post a Comment