မစံပယ်နှင့် ဖိနပ် ၉ ရံ....။

မစံပယ် စလုံးရောက်သည်မှာ တစ်နှစ်ကျော်၍၃လစွန်းစွန်း ၄ လထဲဝင်ရုံသာရှိသေးသည်..။ တွက်ကြည့်လိုက်တော့ ဖိနပ် ၉ ရံ ပြတ်ပြီးပြီး..။ မစံပယ်တို့ မြန်မာနိုင်ငံတုံးကဆို ဖိနပ်တစ်ရံ အနည်းဆုံး ၆ လကနေ တစ်နှစ်လောက်ထိစီးရသည်..။ မစံပယ်တို့က ဖိနပ်ကို တစ်ရံထဲပုံသေးထားစီးတာမျိုးမရှိဘဲ ဟိုတစ်ရံစီးလိုက်၊ ဒီတစ်ရံစီးလိုက်ဆိုတော့ ဖိနပ်တွေက ပြတ်ခဲသည်..။ စီးမကောင်းတော့ဘဲ ကျသွားတာမျိုးသာရှိသည်..။

မစံပယ်စလုံးကိုလာတော့ ရေချိုးခန်းစီးဖိနပ်တစ်ရံနှင့် ဒေါက်ဖိနပ်တစ်ရံ..၊ ကွင်းသိုင်းတစ်ရံပါလာသည်..။ ရေချိုးခန်းစီးဖော့ဖိနပ်က ခုထိစီးလို့ရဆဲ..၊ နောက်ဖေးမီးဖိုးစီးဖိနပ်လုပ်ကာထားသည်..။ ဒေါက်ဖိနပ်ကလည်း ရံဖန်ရံခါသာစီးသည်မို့ ခုထိစီးလို့ရဆဲ..။ ကွင်းသိုင်းဖိနပ်မှာ မစံပယ်မှာ မြန်မာနိုင်ငံမှာ ၁၂၀၀၀ ပေး၍ အောင့်အောင့်အင့်အင့် ၀ယ်လာရသောဖိနပ်ဖြစ်သည်..။ စလုံးရောက်မှ စစီးပြီး စီးပြီးတစ်လမကြာခင် ဖိနပ်က ခါးကျိုးသလို ပျော့စိစိဖြစ်နေပါတယ်လို့ စိတ်ထဲမသင်္ကာလို့ကြည့်လိုက်တော့ တကယ်ခါးကျိုးကာနေလေသည်..။ မစံပယ်မှာ မယုံနိုင်အောင်ပင်ဖြစ်သွားရသည်..။ စီးသည်မှမကြာသေး..။ စီးသာကျသည်ဆိုရုံသာရှိသေးသည်..။ ခါးမှပြတ်ထွက်သွားသည်..။ (ဖိနပ်ပုံကို google မှာရှာတာ ပုံစံတစ်ထပ်တည်းတူတာ မတွေ့ပါ..။ ဖိနပ်တံဆိပ်ကလည်း မေ့သွားခဲ့ပြီ..။ ဈေးသာကြီးပြီး ပေးရကျိုးလုံးဝမနပ်သည့် ဖိနပ်...။)

မစံပယ်၏ ပထမဆုံးလေဒီရှူးပုံ..။ (ဂူဂဲမှ ရှားထား၏..။)
နောက်တော့ စလုံးမှာ အချိန်ပိုင်းအလုပ်စလုပ်သည်..။ ဈေးဆိုင်မှာ တောက်တိုမယ်ရအလုပ်..။ ဖိနပ်ထိပ်ပိတ်စီးရမည်ဆိုသည်..။ လေဒီရှူးတစ်ရန်ဝယ်လိုက်သည်..။ လေဒီရှူးလို ဖိနပ်အလုံပိတ် စီးနေမကျသဖြင့် မစံပယ်ခြေထောက်မှာ ထုပ်စည်းထားသလိုဖြစ်ကာ ဖိနပ်များ ဒလစပ်ပေါက်လျက် ခြေမနှစ်ဘက်စလုံးညိုပုပ်ကာသွားလေသည်..။ ခြေအိတ်စွပ်ကာစီးတော့မှ အနည်းငယ်သက်သာသွားပါသည်..။ ဖိနပ်ထိပ်ပိတ်မစီးခဲ့ဘူးသော အညာသူ၏ခြေထောက်ကားကားမှာ လေဒီရှူးအလုံပိတ်ဒဏ်ကို အတော်ပင်ခံလိုက်ရပါသေးသည်..။ ထိုဖိနပ်လေးမှာ မဆိုးဟုဆိုရမည်..။ နှစ်လကျော် သုံးလလောက်စီးလိုက်ရသည်..။ တော်သေးသည်ဟု ဆိုရမည်..။

ထို့နောက် မစံပယ်ကျောင်းတက်ရက်ရောက်သဖြင့် ကျောင်းတက်ရာ အလုပ်မလုပ်ဖြစ်တော့ဘဲ ထိုဖိနပ်လေးကို ကျောင်းသွားလည်းစီးသွားဖြစ်ရာ သုံးလထဲအရောက်ဍ် မြင်မကောင်းအောင်ကျသွားတော့သဖြင့် မစီးဘဲထားလိုက်ရတော့သည်..။ မိုးရေတစ်ခါလောက်ထိလျှင် ဖိနပ်မှာ ဒုတ်ဒုတ်ထိ ကျသွားတော့ကာ စီးလို့လည်းမကောင်းတော့..။


မစံပယ်နှစ်ရံကို ၃၀နှင့်ဝယ်သောဖိနပ်သည် ပုံထဲကဖိနပ်လောက် အမျိုးအစားမကောင်းပါ..။ (ဒီဖိနပ်က နှစ်ရံ...။ အနက်ရောင်တစ်ရံ.၊ အသားရောင်တစ်ရံ...။)

ထိုဖိနပ်လေးကျသွားတော့ (စီးမဖြစ်တော့) မစံပယ်မှာ ဖိနပ်ဝယ်ဖို့အားထုတ်ရပြန်သည်..။ ရောက်ကာစဖြစ်ကာ စလုံးမှပစ္စည်းများအားလုံးမှာ ဈေးကြီးကြသဖြင့် မစံပယ်မှာ ဖိနပ်တစ်ရံဝယ်ရန်အတွက် တော်တော်ပင် စဉ်းစားအားထုတ်ရပါသည်..။ ၁ ဒေါ်လာကို ငွေ ၇၀၀ နှင့်တွက်ကာ ဘာကိုမှမ၀ယ်ရဲအောင်ပင် ဖြစ်နေပါသည်..။ ထိုသည်နှင့် မစံပယ် ဖိနပ်ဆိုင်သွားသည်..။ တစ်ရံ ၂၀ ကျပ်ဆိုသည့်ဖိနပ်ကို နှစ်ရံဝယ်လျှင် ၃၀ ဆို၍ နှစ်ရံဝယ်ကာလာသည်..။ ဖိနပ်ဒီဇိုင်းလေးက မစံပယ်ကြိုက်သည်..။ စီးလိုက်တော့ အသားမကျ..။ ခြေထောက်နာလှသည်..။ အစပိုင်းမို့နာသည်ထင်ကာဆက်စီးတော့ နောက်ပိုင်းလည်း နာမြဲနာလျက်..။ ဖိနပ်ကိုက ဒီဇိုင်းလှဖို့သာအသားပေးထားသည်..။ သက်သောင့်သက်သာမရှိ..။ မစံပယ်မှာ အနာခံကာ အောင့်အည်းလျက် စီးရပါသည်..။ ပိုက်ဆံ၃၀ တောင် အောင့်အောင့်အင့်အင့်ထွက်ထားသည့်အတွက် မစံပယ်မှာ နောက်ထပ်အကုန်မခံနိုင်၍ ကြိတ်မှိတ်ကာ စီးနေလိုက်ပါသည်..။ သို့သော်မရပါ..။ ဖိနပ်စီးထားတိုင်း နာလှ၍ မဲ့ခွက်ကာစီးရပါသည်..။ ဖိနပ်စီးဖို့အရေးပင် ကြောက်မိသည့်တိုင်အောင် ဖြစ်လာပါသည်..။ ဈေးချိုချင်သည်သာသိ၍ စီးလို့ကောင်းမည် မကောင်းမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားနိုင်မှူ အားနည်းလှပါသည်..။ ဈေးဘယ်လောက်ချိုစေကာမူ ကိုယ်စီး၍မရလျှင် ပေးရသမျှပိုက်ဆံမှာ အလကားဆိုသည်ကို မစံပယ်ထည့်မစဉ်းစားတတ်ပါ..။ ဈေးချိုရေးကိုသာ ဦးစားပေးတတ်ပါသည်..။ ထိုနှစ်ရံသည် မစံပယ်၏ ဒုတိယအကြိမ်မြောက် ဖိနပ်နှစ်ရံဖြစ်ပါသည်..။


မစံပယ်၏တတိယမြောက်ဖိနပ်တစ်ရံမှာ charles and keith ဖိနပ်ဖြစ်သည်..။ သူငယ်ချင်းကခေါ်သဖြင့်သွားဝယ်ကြရာ မစံပယ်မှာ အိတ်တစ်လုံးနှင့် ဖိနပ်တစ်ရံပါလာ၏..။ ဖိနပ်မှာကွင်းသိုင်းလေးနှင့် ချစ်စရာကောင်းရာ မစံပယ်မှာ ကျောင်းသွားတိုင်း ထိုဖိနပ်လေးကို စီးပါတော့သည်..။ ဖိနပ်မှာ ကော်သံပေးလှ၏...။ ခြေနင်းလိုက်တိုင်း တဂတ်ဂတ်နှင့်..။ သို့သော် မစံပယ်သဘောကျသည်..။စီး၍မှ တစ်ပတ်မပြည့်သေး..။ ကျောင်းမှာ ကင်န်တင်းအသွား ကိုယ့်စိတ်ကူးနှင့်ကိုယ်လမ်းလျှောက်လာစဉ် နောက်မှ ပျာယိပျာယာ မကုလားမက ဘာတွေအရေးကြီးနေမှန်းမသိ မစံပယ်ဖိနပ်နောက်မြီးကို တက်နင်းသွားရာ မစံပယ့်ဖိနပ်မှ အသိုင်းလေးမှာ ပြတ်၍သွားခဲ့သည်..။ မစံပယ်မှာကြောင်အနေစဉ် ကုလားမမှာ ဆောရီးတစ်လုံးသာပြောကာ ပျာယာပျာယာ ဆက်သွားနေချေပြီ..။ မစံပယ်မှာ ဖိနပ်ပြတ်ကြီး တဲစီးကာ ကင်န်တင်းသို့ရောက်အောင်သွားရ၏..။ ထို့နောက် လက်ချာတစ်ချိန် တက်ရသေး၏..။ ထို့နောက်တော့ အဲဒီဖိနပ်ကလေးမှာ ဘယ်လိုမှစီး၍မဖြစ်နိုင်တော့သောကြောင့် ပစ်ရမှာလည်း နှမြောကာ ဖိနပ်ပုံးလေးထဲဍ် ဒီအတိုင်းထည့်ကာထားလိုက်ရလေသည်..။


ကျောင်းပိတ်ရက်ဍ် အချိန်ပိုင်းအလုပ်လုပ်ရပြန်ချေပြီ..။ လေဒီရှူး ၂၀ ကျော်တန် အနက်ကလေးတစ်ရန် သူများစီးတာလှလို့ဟုဆိုကာ ၀ယ်လာပြန်ချေ၏..။ တိုပါရိုးဘုရားသို့အသွား john little မှ ဈေးချ၍ ၀င်ဝယ်ခြင်းဖြစ်သည်...။ ဖိနပ်ကလေးက စီးပြီးတစ်လမကြာခင် အောက်ခံအခင်းက စက္ကူများထွက်လာ၏...။ ဖိနပ်စီးထားစဉ် ရေကိုနင်းမိ၍ ခဏနှင့်ကွာထွက်လာသည်...။ လှိမ့်ပိန့်၍သာစီးရသည်..။ တစ်လပင်ကောင်းကောင်းမခံချင်...။ မြန်မာနိုင်ငံငွေနှင့်တွက်လျှင် ၂၀ ကျော်ဆိုလည်း တစ်သောင်းကျော်ပင်..။ စီးလိုက်တော့ဘာမှမခိုင်..။ နှမြောဖို့ကောင်းလှ၏...။


ဒါနဲ့နောက်တစ်ရန်ထပ်ဝယ်ရပြန်သည်..။ ဈေးကြီးပေး၍မ၀ယ်ချင်တော့...။ လျှော့ဈေးထဲမှဝယ်ရန်စိတ်ကူးသည်...။ အလုပ်ကိုအသွား Vivocity မှာ ဆိုင်ကြီးကြီးတစ်ဆိုင်ထဲဍ် မြန်မာပရိုမိုတာများရောင်းသောဆိုင်မှ မှတ်မှတ်ရရ ၉.၉၀ ပေးကာ ၀ယ်လာပြီးစီးသည်..။ မည်မျှခိုင်သည်ထင်ပါသနည်း...။ ဗေဒင်မေးစရာမလိုပါ..။ တစ်လပြည့်အောင်ပင် မခိုင်ပါ..။ ယိုယွင်းပျက်စီးကာ ပန်းထိပ်ဖူးများပြုတ်ကွာလျက် ဘယ်လိုမှ တစ်လတင်းတင်းပြည့်အောင်ပင် မခိုင်လိုက်ပါ...။


ဒီတစ်ခါတော့တော်ပြီ။ နပ်သွားပြီ...။ လေဒီရှူးအလှလေးတွေ ဘယ်တော့မှ မစီးတော့ဟု ဆုံးဖြတ်ပြီး လျှော့ဈေးမှဝယ်လာသော converse ဖိနပ်နှင့်အလုပ်လုပ်တော့သည်...။ ထိုဖိနပ်များကမှ တန်သည်..။ အစုတ်အပြတ်များကိုသာ ဈေးချသည်မဟုတ်..။ အကောင်းကိုလည်းဈေးချသောကြောင့် ရှူးဖိနပ်မှာ အကြမ်းပတမ်းစီးသော်လည်း နှစ်လကျော် သုံးလကြာမှ ဘေးခွံများကွာကာလာသည်...။ နေ့စဉ်အကြမ်းစီးတာနှင့်စာလျှင် အတော်လေးစီးလိုက်ရသည်...။ ဒီတော့ ကျောင်းတက်ရင်းစီးရန် ဖိနပ်ကောင်းကောင်းလေးဝယ်မည်ဟု ဆုံးဖြတ်ကာ ဖိနပ်ကောင်းကောင်းလေးလှည့်ကြည့်ရပြန်၏..။ ဖိနပ်ဝယ်လျှင် John Little နှင့်သာ ညားသည်..။ ထိုဆိုင်မှဖိနပ်များကိုသာ အကြိုက်တွေ့ကာဝယ်မိသည်...။ မျက်စိထဲသူများစီးတာလှသောဖိနပ်လေးများကို ထိုဆိုင်တွင် သွားသွားတွေ့သည်.....။ မခိုင်တာကို မမှတ်..။ ၀ယ်ပြန်၏ .။ နောက်တစ်ရံ...။ ကျောင်းသွားတုံးသာ စီးသည်ကို ရေနင်းမိတာနှင့် ခဏနှင့်ရွဲလိုက်လာသည်..။ ရွဲပြီးတာနှင့် သားရေဖတ်များ ပြတ်ကာထွက်လာသည်..။ ဟာ..။ စီးတဲ့အကြိမ်ရေမှ ဘယ်လောက်မှမရှိသေး...။ ကျောင်းက တစ်ပတ်မှတစ်ကြိမ်သာသွားရရာ တစ်ပတ်တစ်ကြိမ်ပဲ ထိုဖိနပ်စီးဖြစ်သည်...။ နောက်ကြိုကြားကြိုကြားသာစီးဖြစ်သည်..။ အချိန်အားဖြင့် သုံးလလောက်သာကြာသည်..။ စီးဖြစ်သည်အကြိမ်ရေက တစ်ပတ်တစ်ခါလောက်သာ..။ သို့ပေမယ့် သားရေဖတ်များပြုတ်ကာထွက်လာ၏..။ မကောင်းချေ..။

နောက်တစ်ရန်လာပြန်ချေပြီ...။ ကျောင်းသွားရင် formal နဲ့စီးဖို့ဆိုပြီး John Little ကပင် ၀ယ်မိပြန်ချေသည်...။ ၂၀ ကျော်ပဲ..။ မခိုင် မခိုင်ပါကွယ်..။ တစ်လကျော်အကြာမှာ ပြုတ်ပျက်ထွက်..။ ပန်းပွင့်တွေကအရင်ပြုတ်ထွက်..။ တစ်ဘက်ကပန်းပွင့်တပ်လျက်...။ နောက်တစ်ဘက်ကပြုတ်ရက်နဲ့ ဒီတိုင်း တဲပြီးစီးနေတာလည်း မရပါကွယ်..။ တစ်လတောင် သီသီလေးစွန်းရုံသာစွန်းရုံ အနိုင်စီးရပါတယ်..။

အောင်မလေးစလုံးရယ်...။ နင်တို့ ၂၀ ကျော်ဆိုတာ ငါတို့ ၁၂၀၀၀ ကျော်ပါဟယ်..။ ငါတို့ဆီမှာ ၁၂၀၀၀ ကျော်တန်ဆို တကယ့်အကောင်းဆုံး အခိုင်ဆုံးတွေကို ရတယ်..။(မစံပယ်ရဲ့ မြန်မာနိုင်ငံက ၀ယ်လာခဲ့တဲ့ ဖိနပ်မပါ...။) နင်တို့ဆီမှာ ၂၀ ကျော်တန်ဆိုတာ တကယ့်ရောင်းတန်းအဆင့် ကော်ကပ်တွေလောက်ပဲ ရတာပါလားဟယ်..။

မစံပယ်အ၀ယ်အများဆုံးက ဖိနပ်ပဲ...။ ၀ယ်ပေမယ့် ခုလောလောဆယ် ဖိနပ်စီးစရာ တစ်ရန်မှမရှိလို့ အိမ်နေရင်းစီးရတဲ့ ပလတ်စတစ်ကော်ဖိနပ်ကို အပြင်ထွက်လည်း ဒါပဲကောက်စွပ်စီးနေရတယ်...။ နောက်တစ်ရံဝယ်ဖို့ရာ တော်တော်စဉ်းစားနေရပြီ..။ မခိုင်တာကြီးကို သည်းကိုမခံနိုင်ဘူး..။ ဖိနပ်တစ်ရံ ၇၀ ၈၀ ပေးဝယ်ဖို့ရာကျတော့လည်း တွန့်နေပြန်တယ်..။ စိတ်ကလက်မခံဘူး..။ ဒါနဲ့အပေါစားဝယ်..။ ခဏနဲ့ပျက် သံသရာက လည်နေတော့တာပါပဲ...။

မန္တလေးအမှတ်တရများ..။

မစံပယ်စာမေးပွဲပြီးသွားပါပြီ..။ တစ်လလုံးအတွင်းမှာ စာမေးပွဲသုံးရက်အတွက်အချိန်ကုန်ရပါတယ်..။ အောင်စာရင်းကလည်း ရင်တထိတ်ထိတ်နဲ့စောင့်ရမယ့် အနေအထားမှာရှိပါတယ်..။ ကိုယ့်ကိုယ်ကိုစိတ်ချပိုင်နိုင်အောင် မလုပ်နိုင်တဲ့ မစံပယ်ပါ..။

အောင်စာရင်းစောင့်တုံး ထုံးစံအတိုင်း အချိန်ပိုင်းအလုပ်လုပ်ရပါတော့မယ်..။ ဒါပေမယ့် အချိန်ပိုင်းအလုပ်က ဗုဒ္ဒဟူးမှာမရပါဘူး..။ ဒါကြောင့်မို့တစ်ရက်နားပြီး ကြာသပတေးနေ့မှာ စပါတော့မယ်..။ အားလပ်သွားတဲ့ ဒီနေ့နေ့ခင်းရယ်..၊ မနက်ဖြန်တစ်နေကုန်ရယ်ကို ဘယ်လိုအသုံးချရမလဲဆိုတာ တွေးရင် အင်တာနက်ထဲမှာပဲ စာတွေတစ်လှေကြီးလိုက်ဖတ်နေမိပါတယ်..။ မဖတ်တာကြာပြီဖြစ်တဲ့ စာရေးဆရာအတ္တကျော်ရဲ့ဆိုဒ်မှာ မဖတ်ရသေးတာတွေအများကြီးကျန်နေသေးလို့ သွားဖတ်လိုက်ပါတယ်..။ အဲဒီမှာသွားတွေ့တဲ့တစ်ခုက www.bl.uk ဆိုတဲ့ online gallery တစ်ခုမှာ Mandalay လို့ရိုက်ထည့်ရှာလိုက်ရင် သီပေါမင်းပါတော်မူတုံးကပုံတွေပါတွေ့နိုင်တယ်ဆိုလို့ ပုံတွေကိုလိုက်ရှာကြည့်ရင်း စိတ်ဝင်စားတဲ့ပုံတစ်ချို့ကို ကူးယူထားလိုက်ပါတယ်..။ ဓာတ်ပုံတစ်ပုံဟာ ဇာတ်လမ်းတစ်ခုကိုပြောတယ်လို့ ဆရာအတ္တကျော်ပြောသလိုပဲ ကိုယ်မသိမီတဲ့သမိုင်းတစ်ခုကို ပြန်မြင်လိုက်ရပါတယ်..။ အစပိုင်းတော့ပုံတွေကို ခေါင်းစဉ်မကူးဘဲကြုံသလို ကူးထားလိုက်ပါတယ်..။ နောက်တော့မှ ခေါင်းစဉ်တွေကလည်းပုံရဲ့ဆိုလိုရင်းကို အသေအချာပြောထားတာပါလားဆိုတာ သဘောပေါက်မိပြီး ပုံတွေကိုသေချာသိမ်းရပါတော့တယ်..။ စိတ်ဝင်စားမိတဲ့ပုံတွေကို ပြန်တင်ပြမယ်နော်..။


ဒီပုံက သီပေါမင်းကို ခေါ်သွားဖို့ အင်္ဂလိပ်စစ်တပ်တွေရောက်လာတဲ့ပုံတဲ့..။ လူတွေက ဘာမှန်းမသိလို့ အင်္ဂလိပ်စစ်သားတွေကို ပွဲကြည့်သလို ၀ိုင်းကြည့်နေကြတယ်..။


ဒါတွေက သီပေါမင်းအစောင့် တစ်ချို့တဲ့..။ Some of Thipawmin's guard. လို့ပါတယ်..။ ကိုယ်ရံတော်နဲ့ အစောင့်က အတူတူပဲလား ထင်ပါရဲ့..။





သီပေါမင်းခေတ်က ရဲသားအချို့တဲ့..။ မိုက်တယ်နော်..။ ခေတ်ကိုပြနေသလိုပဲ..။ လူတန်းစားကလည်း သိသာတယ်နော်..။ စိတ်မကောင်းလိုက်တာ..။



young Burmese Princes and Princesses တွေတဲ့..။ ဟုတ်မယ်..။ ရွှေလက်ကောက်တွေ..၊ မျက်နှာချေတွေ..၊ တိုက်ပုံအကျအနနဲ့ တောင်ရှည်ပုဆိုးတွေနဲ့..။ သာမန်လူတန်းစားဆို ဘယ်ဒီလိုဝတ်နိုင်၊ နေနိုင်မလဲနော်..။ မဲမဲသဲသဲ ဖုန်နဲ့သောသောလေးတွေနေမှာ..။


A Cigar Shop in B Road. B လမ်းက ဆေးပေါ့လိပ်သည်ဆိုတော့ ၂၆ ဘီလမ်းက နေမယ်..။ လူတန်းစားက သိသာတယ်နော်..။


ဆေးလိပ်သောက်တာ ဖက်ရှင်တစ်ခုထင်တယ်နော်..။ ဒါကတော့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေရဲ့ သမီးတွေလားမသိဘူး..။ A Couple of Burmese Young Ladies. တဲ့..။ မော်ဒယ်ဂဲလ်တွေလိုပဲနော်..။


ကိုပြည်ကြီးတွေကလည်း သိပေါမင်းခေတ်ကတည်းကိုက မန္တလေးမှာ ဈေးဆိုင်အကျအနဖွင့်ကာ လုပ်ကိုင်စားသောက်နေခဲ့ပါတယ်တဲ့..။ အခုခေတ်မှသူတို့ကရောက်လာတာမဟုတ်ဘူး..။ သီပေါခေတ်ကတည်းကဆိုတော့ ရိုဟင်ဂျာတွေလို လွှတ်တော်မှာ သူတို့ကို တိုင်းရင်းသားအဖြစ်သတ်မှတ်ပေးဖို့ မတောင်းဆိုတာ ကံကောင်းနော်..။ ပုံနာမည်က John Chinaman in King's Bazaar တဲ့..။


ဒါကတော့ ဖန်သားနန်းတော်တဲ့..။ ဂုဏ်ယူချင်လို့ ဒီပုံကိုတင်လိုက်တာ..။ နန်းတော်ကိုဖန်နဲ့ဆောက်ပြီး နေခဲ့တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ဟုတ် ဟုတ်ဟုတ် ယူမှာပဲ..။ တို့ဘုရင်တွေ ဒီလိုနေခဲ့တယ်ပေါ့..။ ဂုဏ်လုပ်စရာမဟုတ်တာတွေကို အတင်းကြံဖန် သီချင်းလုပ်ဆိုပြီး အမြဲလွှင့်နေတာကို ကြားခဲ့ရဘူးတော့ ဘာနေနေ ဂုဏ်ပဲယူနေချင်တော့တယ်..။ မှတ်ကရော..။ ပုံနာမည်က The Glass Palace တဲ့..။


ဒီပုံက ဘုန်းကြီးပျံပွဲက ပုံလို့ထင်တာပဲ..။ Splendid Honor to a Dead Buddist. လို့နာမည်တပ်ထားတယ်..။ သူလည်းခမ်းနာလို့ တင်လိုက်တယ်..။


SPG Mission Church တဲ့..။ သီပေါပါတော်မူတော့ သာသနာပြုတွေရောက်လာပြီလေ..။ ရင်နာဖို့ကောင်းတယ်နော်..။ အုပ်ချူပ်တဲ့သူ ညံ့တာနဲ့ ဘာသာတရားတွေပါ နယ်ချဲ့ခံရတယ်..။ အခြေခံမခိုင်တဲ့သူတွေ ဘာသာတွေပြောင်းကုန်ကြရော..။


SPG Mission School တဲ့..။ သေချာတယ်..။ ဒီကျောင်းထွက်တွေဆိုရင်တော့ ဘာသာပြောင်းသွားတဲ့သူ လူ ၁၀၀ ရှိရင် ၉၉.၅ လောက် ဘာသာပြောင်းသွားကြမယ်ဆိုတာ..။


ဒီပုံက ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ နေအိမ်ပုံတဲ့..။ မစံပယ်က ကင်းဝန်မင်းကြီးမွေးခဲ့တဲ့ရွာကို တစ်နှစ်သမီးကတည်းက အမေတာဝန်ကျလို့ နေထိုင်ခဲ့တာ အခုချိန်ထိဗျ..။ ဒါကြောင့်မို့ ဦးကောင်းအစွဲရှိတယ်..။ ကိုယ့်ကိုယ်ကို ဦးကောင်းရွာကလို့လည်း ဂုဏ်ယူတတ်တယ်..။ ပြောပါပကော..။ ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူတတ်တယ်လို့..။ မစံပယ်တို့ရွာကျောင်းကဘုန်းကြီးလည်း ဦးကောင်းသုံးခဲ့တဲ့ပစ္စည်းတွေကို ဂုဏ်ယူစွာနဲ့ အပြကောင်းတာ ရှေးဟောင်းပစ္စည်းတွေ အကြီးအကျယ်ရောင်းဝယ်ဖောက်ကားကြတုံးက လူစိမ်းတစ်ယောက် ဘုန်းကြီးကျောင်းကိုတက်ဖူးပြီး ကင်းဝန်မင်းကြီးသုံးခဲ့တဲ့ ကွမ်းညှပ်ကို မ,သွားပါရောလား..။ (ခိုးသွားတယ်လို့ စကားကြမ်းကြမ်း မသုံးချင်လို့ပါခင်ဗျာ..။) ဘုန်းကြီးက ပစ္စည်းအသေးတွေကို စားပွဲပေါ်မှာ ခင်းကျင်းပြထားတာ ဟိုလူက ဒါတွေတန်ဘိုးရှိမှန်း သိမှာပေါ့..။ ဘုန်းကြီးကတော့ ဒီလိုလုပ်ကြလိမ့်မယ်လို့ ထင်မထားတော့ ပြတာပေါ့..။ နောက်တော့ မစံပယ်တို့ရွာကျောင်းကဘုန်းကြီးလည်း ပစ္စည်းအားလုံးကို မှန်ဗီရိုထဲပဲထည့်ပြပါတော့တယ်..။ ဘယ်ဧည့်သည်လာလာ ကိုရင်တစ်ပါးကို အပါးကမခွာခိုင်းတော့ဘဲ မှန်ခန်းထဲက ပစ္စည်းတွေကိုပဲပြပါတော့တယ်..။ ဦးကောင်းအမေ၀တ်ခဲ့တယ်ဆိုတဲ့ လွန်းနှစ်ရာချိတ်တွေ..၊ ဦးကောင်းပြင်သစ်ကပါလာတဲ့ မီးပန်းဆိုင်းတွေတော့ ရှိတုံးဗျာ..။ ဒါနဲ့စကားမစပ်... ၀န်ကြီးတွေထဲမှာ ဟစ်ဖြစ်နေတဲ့ လူအများမေတ္တာပွားကာ အချစ်ပိုကြတဲ့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းဟာ ကင်းဝန်မင်းကြီးမျိုးလို့ ပြောပါတယ်ခင်ဗျာ..။ ရာဇ၀င်မှာ ကင်းဝန်လိမ်ထုတ် မင်းဆက်ပြုတ်လို့ တဘောင်ရှိတယ်လို့ သိရပါတယ်..။ ဒါကို ကင်းဝန်နယ်သားတွေ မကြိုက်ဘူး..။ လက်မခံနိုင်ဘူးနော်..။ ကင်းဝန်က ခေတ်အမြင်ရှိလို့၊ ပြင်သစ်ကိုသွားထားတာမို့ စစ်တိုက်ရင်မနိုင်နိုင်ဘူးဆိုတာသိလို့ အရှူံးပေးခိုင်းတာပဲရှိတယ်..။ တကယ်တမ်း ပါတော်မူပါစေဆိုတဲ့စိတ်နဲ့ လုပ်တာမဟုတ်ဘူးလို့ ကြားဘူးတာပဲ..။ ပါတော်မူခန်းဆိုတဲ့ ဇာတ်ထုပ်မှာလည်း အဲလိုပဲကြားဘူးတာပဲ..။ အဲဒါဆိုတော့ ဦးကောင်းကခေတ်အမြင်တော့ရှိတယ်..။ ပါတော်မမူအောင်တော့ မစီမံနိုင်ခဲ့ရှာဘူးလို့ ဆိုရမှာပေါ့နော်..။ စီမံဖို့ရာကလည်း ခက်ခဲ့ပုံရပါတယ်..။ မိဖုရားကတစ်မျိုး..၊ သားတွေအရွယ်စုံ ဆိုဒ်စုံတွေကလည်း တစ်မှောင့်နေမှာကိုး..။

ပုံတွေက ၅၀၀ ကျော်လောက်ရှိတယ်..။ သီပေါအမေရဲ့ဂူ..၊ ပုဂံမင်းအမေဂူဆိုတာတွေလည်းပါတယ်..။ လူပုံတွေပဲ ပိုကူးတာများတယ်..။ ဘယ်လိုနေထိုင်ကြလဲဆိုတာ သိချင်လို့လေ..။

ကျောင်းပိတ်ထားတုံး အချိန်ပိုင်းအလုပ်လုပ်ရင်း..၊ အိမ်ကိုထိန်းရင်း.. ၊ အင်္ဂလိပ်စကားလေ့ကျင့်ရင်း စာတွေရေးသွားမယ်လို့ စိတ်ကူးမိပါတယ်..။ သူများဘလော့တွေကိုလည်း အားကျလို့ပါ..။ လူလည်းများများလာဖတ်စေချင်တယ်လေ..။ အမှန်ပြောတာပါ..။

အိမ်ငှားစည်းကမ်းများ..။

အိမ်ရှင်အိမ်ငှားကြားနှင့် အတူနေအခန်းဖော်များ အဆင်မပြေမှူများမဖြစ်စေရန် ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များ..။

၁။ အတူနေသောအခန်းတွင်းစည်းကမ်းများ..(မာစတာခန်းသုံးယောက်လိုက်နာရမည့် စည်းကမ်းများ..။)
အခန်းအတွင်းဍ် အတူနေသောသူများသည် နှစ်ရှည်လများသိကျွမ်းလာပြီးသူများ ဖြစ်ရန်အလားအလာနည်းပါသည်..။ တစ်ယောက်အကြောင်း တစ်ယောက်မသိသူများ အခြေအနေအရ အတူနေထိုင်ရန်ဖန်လာခြင်းကြောင့် အတူတူနေကြရပါသည်..။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေမှူများမဖြစ်ကြစေရန်နှင့် တစ်ယောက်ကြောင့် တစ်ယောက်မှာအနှောင့်အယှက်မဖြစ်စေရန် အားလုံးညီတူမျှတူလိုက်နာသင့်သောအချက်များ သတ်မှတ်ထားသင့်သည်ဟု ယူဆပါသည်..။

၁.၁ အခန်းတွင်း ည ၉ ခွဲကျော်လျှင် ဆူညံစွာနေခြင်း… ခွင့်မပြုပါ..။ တိတ်ဆိတ်အေးချမ်းစွာဖြင့် လေ့လာစရာရှိသည်ကိုလေ့လာ..၊ မီးပူတိုက်စရာရှိလျှင်တိုက် ညင်သာစွာလုပ်ကိုင်ပါ..။ ည ၉ ခွဲကျော်လျှင် ဇာတ်ကားများအသံထုတ်ကာကြည့်ခြင်း..၊အခန်းတွင်း ကုတင်ပေါ်မှာနေ၍ ဖုန်းစကားမပြီးပြတ်အောင် ပြောခြင်း..၊ နိုင်ငံတွင်းနှင့်အခြားနိုင်ငံမှလူများနှင့် ဂျီတော့ခ်ပြောခြင်း များ ခွင့်မပြုပါ..။ တစ်ပါးသူကိုအနှောင့်အယှက်ဖြစ်ပါသည်..။ ၉ ခွဲကျော်လျှင် ဖုန်းပြောခြင်း နှင့် ဂျီတော့ပြောခြင်းကိုအခန်းအပြင် ဧည့်ခန်းတွင်လုပ်ရပါမည်..။ အခန်းအတွင်း လူသုံးယောက်စုံနေသည့်အခါ အခြားသူကိုအနှောင့်အယှက်ဖြစ်စေသော ဆူညံသံမျိုး မလုပ်မိအောင် သတြိပုရပါမည်..။ အခန်းအတွင်း တစ်ယောက်တည်းရှိသောအချိန်တွင် စိတ်ကြိုက်နေချင်သလို နေနိုင်ပါသည်..။

၁.၁.၁မီးကို ည ၁၁ ထိဖွင့်နိုင်ပါသည်..။ မအိပ်ချင်သေးသောသူတစ်ယောက်ရှိပါက မီးအဖွင့်အပိတ်ကြောင့် အနှောင့်အယှက်ဖြစ်ရနိုင်ပါသည်..။ ထို့ကြောင့် စောစီးစွာအိပ်သောသူသည် ၁၁ နာရီမထိုးမချင်း မီးဖွင့်လျက်သားအိပ်ရမည်..။ ၁၁ ထိုးလျှင် မီးပိတ်နိုင်သည်..။ (ဆောင့်ကြီးအောင့်ကြီးမပိတ်ရပါ..။)၁၁ထိုးနောက်ပိုင်းထိမအိပ်သေးသောသူသည် မီးပိတ်လျက်သာ ကွန်ပျူတာသုံးခြင်း ဇာတ်ကားကြည့်ခြင်း လုပ်ရမည်..။ အားလုံးသဘောတူပါက စိတ်ကြိုက်ဖွင့်၍ ရပါသည်..။ တစ်ယောက်ကမီးဖွင့်ချင် တစ်ယောက်ကမီးပိတ်ချင်တာမျိုးကြုံလာသောအခါ ထိုစည်းကမ်းအတိုင်း ကျင့်သုံပါမည်..။

၁.၁.၂ ည (၁၀) နာရီကျော်လျှင် ဆူညံခြင်း..၊ ကျယ်လောင်စွာ စကားပြောခြင်း.၊ အသံထွက်ရယ်မောခြင်း မလုပ်ရတော့ပါ..။ ကွန်ပျူတာသုံးကာ ဇာတ်ကားကြည့်လျှင် နားကြပ်တပ်ကာကြည့်ရပါမည်..။

၁.၁.၃ မနက်ခင်းနှိုးစက်ကို ကျယ်လောင်စွာပေးထားခြင်း မလုပ်ရပါ..။ နှိုးစက်ပေးလျှင် ဖုန်းမှနှိုးစက်ကို အသံအလယ်အလတ်ထားကာ နှိုးစက်ပေးရပါမည်..။

၁.၁.၄မနက်ခင်းအလုပ်သွားစရာစီစဉ်ချိန်တွင် တိုးတိတ်ညင်သာစွာ သတိထားလုပ်ကိုင်ပါ…။ အ၀တ်အစားများကို မနက်သွားကာနီးမှ မီးပူတိုက်ခြင်း ခွင့်မပြုပါ..။ မီးပူကိုညကတည်းက တိုက်ထားရပါမည်..။ ရေချိုးခန်းတံခါးဖွင့်ခြင်း..၊ အ၀တ်ဗီရိုတံခါးဖွင့်ခြင်း..၊ ဖီးလိမ်ပြင်ဆင်ခြင်း..၊ အခန်းတံခါးဖွင့်ခြင်း ပိတ်ခြင်းတို့ကို အတတ်နိုင်ဆုံးညင်သာစွာ သတိထားလုပ်ဆောင်ရပါမည်..။

၂။ အားလုံးနှင့်ဆိုင်သောစည်းကမ်းများ..။
- အလုပ်မသွားခင် နှင့် အပြင်သို့မထွက်ခင် မီးခလုတ်များ၊ ကွန်ပျူတာများကို သေချာစွာ ပိတ်၍သွားရပါမည်..။ အခန်းတံခါး သေချာစွာ ပိတ်ထားခဲ့ရပါမည်..။

-အလုပ်မသွားခင် အိမ်သာတက် ၊ သွားတိုက်ရေချိုးလုပ်ရာတွင် စိမ်ပြေနပြေလုပ်၍မရပါ..။ အားလုံးအလုပ်သို့ အချိန်မီရောက်ရန် အရေးကြီးကြပါသည်..။ ၁၀-၁၅ မိနစ်ပတ်ဝန်းကျင်သာ ရေချိုးခန်းသုံးရန် ခွင့်ပြုပါသည်..။ ညနေခင်းနှင့် ကျန်သောအချိန်တွင် အခြေအနေပေါ်မူတည်ကာ အချိန်ယူနိုင်ပါသည်..။

-ရေချိုးခန်းတွင် ရေချိုးပြီးတိုင်း ရေစစ်ပေါက်ကိုသေချာစွာသန့်ရှင်းခဲ့ပါ..။ ဆံပင်ချည်များကျန်နေခဲ့ခြင်း ရှိမရှိ သေချာစွာ စစ်ပါ..။ ရှိနေလျှင် သေချာစွာကောက်၍ အိမ်သာပေါက်မှ ရေဆွဲချပါ..။

-အိမ်သာရေ သေချာစွာဆွဲပါ..။ ကိစ္စပြီးလျှင် သန့်ရှင်းခဲ့မရှင်းခဲ့ စစ်ဆေးပါ..။

-ချက်ပြုတ်ပြီးလျှင် သေချာသန့်ရှင်းထားခဲ့ပါ..။ လက်ဆေးဘေစင်တွင် ထမင်းကျန် ဟင်းကျန်အဖတ်များ ကျန်မနေစေခဲ့ရပါ..။ ပန်းကန်ဆေးပြီးပါက ထမင်းကျန် ဟင်းကျန်အဖတ်များကို အမှိုက်ပုံးတွင် သေချာစွာသွန်ခဲ့ပါ..။ ပန်းကန်များမဆေးဘဲ ရေစိမ်ထားခဲ့ခြင်းကို ခွင့်မပြုပါ..။

-တစ်ပတ်တစ်ခါ အလှည့်ကျသန့်ရှင်းရေးလုပ်ရမည်..။ ဧည့်ခန်း၊ ရေချိုးခန်းနှင့် မီးဖိုချောင်အတွက် ဖြစ်သည်..။ မာစတာခန်းမှသန့်ရှင်းရေးကျသောသူသည် ဗုဒ္ဒဟူးနေ့တွင် အမှိုက်သွန်ရမည်..။ common room မှ သန့်ရှင်းရေးကျသောသူသည် တနင်္ဂနွေတွင် အမှိုက်သွန်ရမည်..။ မာစတာခန်းမှတစ်ယောက်နှင့် common room မှတစ်ယောက် အလှည့်ကျ တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ရမည်..။ (ဧည့်ခန်းကြမ်းတိုက်ရန်နှင် မီးဖို၊ ဘေစင် ဆေးကြောရန်..၊ မီးဖိုကြမ်းပြင်ကြမ်းတိုက်ရန်..။)

-မိမိအသုံးအဆောင်များသန့်ရှင်းရေးနှင့်အခန်းတွင်းမှ မိမိကုတင်နှင့်ကိုယ်ပိုင်ပစ္စည်းများသန့်ရှင်းရေးကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ရမည်..။ ပုံမှန်မလုပ်ပါက အကောင်ပလောင်များ ပေါက်ပွားမည်စိုးသောကြောင့် ဖြစ်ပါသည်..။

-အိမ်လခကို လဆန်း ၁ ရက်မှ ၃ ရက်အတွင်း လွှဲပါ..။

-အခန်းပြောင်းမည်ဆိုလျှင် အင်္ဂလိပ်လကုန်မှ အင်္ဂလိပ် လဆန်း ၃ရက်အတွင်း ပြောပါ..။ လလယ်၊ လနှောင်းမှပြောခြင်း အကျူံးမ၀င်ပါ..။

-ဧည့်သည်ကိုဧည့်ခန်းတွင် နာရီပိုင်း ခဏမျှ လက်ခံ၍ရပါသည်..။ ညအိပ်ညနေဧည့်သည် လက်မခံပါ..။

-နောက်ဖေးစားပွဲတွင် ပစ္စည်းများတင်ပါ..။ ထမင်းစားစားပွဲတွင် ထမင်းစားရုံသာအသုံးပြုနိုင်ပါသည်..။ ပစ္စည်းတင်ထားခြင်း ကျန်ခဲ့ခြင်း မရပါ..။

-အိမ်ထဲတွင် မည်သည့်နေရာမျှ ဆေးလိပ်မသောက်ရပါ..။ အနားယူအပန်းဖြေသည့်အနေနှင့် ဘီယာသောက်ပါက မိမိအိပ်ခန်းသို့ ယူသောက်နိုင်ပါသည်..။ လူမြင်ကွင်း ဧည့်ခန်း၊ ထမင်းစားစားပွဲတွင် သောက်ခွင့်မရှိပါ..။

-အလုပ်သွားရသည့်နေ့များတွင် မနက် ၈ နာရီခန့်ထိ စကားအော်ကြီးဟစ်ကျယ်ပြောခြင်း.၊ စနေ၊တနင်္ဂနွေပိတ်ရက်တွင် လူအများအိပ်စက်နေစဉ် ကျယ်လောင်စွာစကားပြောခြင်း..၊ ဖုန်းပြောခြင်း..၊ ရယ်မောခြင်း ၊ ဆူညံသံများပြုလုပ်ခြင်း..၊ အခန်းတံခါးခေါက်ကာနှိုးခြင်း..၊ဖိနပ်သံပြင်းပြင်းသွားခြင်း..၊ သီချင်းသံ တရားသံများကျယ်လောင်စွာဖွင့်ခြင်းစသော အိပ်စက်နေသူများအား အနှောင့်အယှက်တစုံတရာဖြစ်စေသောအပြုအမူများ မပြုရပါ..။ မိမိလုပ်စရာရှိသည်များကို တိုးတိတ်ညင်သာစွာ လုပ်ဆောင်ရပါမည်..။

-အဲကွန်းကို ည ၉.၃၀ မှ မနက် ၅.၃၀ ထိ အချိန်ကိုက်ပေးထားပါမည်..။ နေ့ခင်း အဲကွန်းမသုံးရပါ..။

-အ၀တ်ကိုတစ်ပတ်နှစ်ကြိမ်အများဆုံးသာ လျှော်ရပါမည်..။ တစ်ပတ်နှစ်ကြိမ်ထက် မပိုရပါ..။

-ထမင်းအိုးကျက်လျှင် သေချာစွာခလုတ်ပိတ်ရပါမည်..။ မီးဝါနေလျှင် မီတာခပိုကုန်ကျပါသည်..။

သန့်ရှင်းရေး
ပထမပတ် မာစတာခန်း၁+common room ၁
ဒုတိယပတ် မာစတာခန်း ၂+ common room ၂
တတိယပတ် မာစတာခန်း ၃ + common room ၃
စတုတ္တပတ် common room အတွဲ

မှတ်ချက်။ ။ မာစတာခန်းတွင် မိန်းကလေးသုံးယောက်နေမည်ဟုစိတ်ကူးကာ စည်းမျဉ်းများထုတ်ထားခြင်း ဖြစ်ပါသည်..။ ယခု မာစတာခန်းတွင် ယောကျာ်းလေးသုံးယောက်၊ ကျန်နှစ်ခန်းတွင် ၂ ယောက်စီသာနေသည့်အတွက် မာစတာခန်းသုံးယောက်အတွက်ထုတ်သောစည်းမျဉ်းများမှာ အပိုသဘောဆောင်သွားပါသည်..။

ကျွန်တော်အိမ်သူကြီး..။

အိမ်သူကြီးလုပ်သည်ဆိုသော်လည်း အမှန်မှာ မစံပယ်ကကိုယ့်ကိုယ်ကို အိမ်သူကြီးဟုခံယူလိုက်၍သာဖြစ်ပါသည်..။ မစံပယ်က မစံပယ်နှင့်ခင်သော အစ်ကိုကြီးသုံးယောက်နှင့် အိမ်တစ်အိမ်ကို အတူနေရန် စပ်တူငှားလိုက်ပါသည်..။ ထိုအစ်ကိုသုံးယောက်ကသာ ငွေစိုက်ထားနှင့်ပါသည်..။ မစံပယ်တို့ဆီမှ စပေါ်ငွေရလာသောအခါ သူတို့စိုက်ထားသောငွေကို မစံပယ်တို့ဆီမှာ စပေါ်ငွေနှင့်ပြန်မျှခံထားပါသည်..။ ငွေရေးကြေးရေး မစံပယ်မသိလှပါ..။ မစံပယ်သိသည်မှာ လေးယောက်တွင် မစံပယ်တစ်ယောက်သာ မိန်းကလေးပါသည်..။ ထို့ကြောင့်မစံပယ်ပဲ အိမ်စည်းကမ်းတွေ ရေးထုတ်သတ်မှတ်ထားပါသည်..။ ကြီးမားသောအကြောင်းတစ်ကြောင်းကတော့ မစံပယ်ရန်ကုန်မှာနေစဉ် အလွန်စည်းကမ်းကျနကာ အုပ်ချူပ်မှူကောင်းလှသော အဆောင်တွင်နေလာခဲ့သည့်အတွက် အဆောင်စည်းမျဉ်းများနှင့် ပိုင်ရှင်များ၏ ကိုင်တွယ်အုပ်ချူပ်ပုံကို မစံပယ်တွေ့ရှိခဲ့၊ အတုယူလာနိုင်ခဲ့ပါသည်..။ ထို့ကြောင့် မစံပယ်လည်း မျှတသော၊ စည်းကမ်းကျနသောအဆောင်သဘောမျိုးကို အုပ်ထိန်းနိုင်သည်ဟု မိမိကိုယ်ကို ယူဆပါသည်..။

သို့သော် စလုံးသည် မြန်မာနိုင်ငံနှင့် lifestyle အနည်းငယ်ကွာပါသည်..။ မြန်မာနိုင်ငံအဆောင်ဆိုသည်မှာ မိန်းကလေးသီးသန့် ယောကျာ်းလေးသီးသန့်သာ အုပ်ချူပ်ရပါသည်..။ စလုံးမှာမှတော့ မိန်းကလေး၊ ယောကျာ်းလေး လင်မယားစုံတွဲများနှင့် အတူတွဲကာနေရပါသည်..။ အဆောင်သဘောမျိုး အလုပ်သမားတစ်ယောက်ယောက်မှ သန့်ရှင်းရေး စပနခပ်သိမ်း လုပ်ပေးနေနိုင်သောသူ မထားနိုင်၊ မရှိနိုင်ကြပါ..။ ထို့ကြောင့် အိမ်တစ်လုံးမှ အခန်းတစ်ခန်း ကုတင်တစ်ကုတင်သည် မိသားစုတစ်ခုဖြစ်ပါသည်..။ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်များသည် အများအားလုံးစုပေါင်းသုံးရသောနေရာဖြစ်ပါသည်..။ ထိုနေရာများမှ စကားသံအကျယ်ဆုံး စတင်ကြားကြရတတ်ပါသည်..။ အိမ်ပိုင်ရှင်ရှိသောအိမ်ဆိုလျှင်အခန်းထဲမှအခန်းပြင် ထွက်မရကြတာကများပါသည်..။ မိမိအခန်းသည်သာ မိမိကမ္ဘာဖြစ်ပါသည်..။ အိမ်ပိုင်ရှင်မရှိသောအိမ်ဆိုပြန်လျှင်လည်း အခန်းဖော်ကအလိုက်မသိ၍ ပြောချင်ဆိုချင်သည့်အခါ တိုက်ရိုက်ပြောဆိုလျှင်လည်း အဆင်မပြေနိုင်ပါ..။ ကြားထဲကတစ်ဆင့်ခံပြောပေးမည့် တစ်ယောက်ယောက်မရှိလျှင် စိတ်ညစ်ရပြန်ပါသည်..။ ထို့ကြောင့် မစံပယ် အိမ်သူကြီးလုပ်မည်..။ မျှတသော စည်းမျဉ်းစည်းကမ်း ထုတ်ထားမည်..။ အိမ်ငှားများသာမက အိမ်သူကြီးဖြစ်သော မစံပယ်တို့ပါ လိုက်နာမည်ဟု မစံပယ်တေးထားပါသည်..။

မစံပယ်တို့ငှားလိုက်သောအိမ်သည် ဧည့်ခန်းကအိမ်တစ်ဝက်စာမျှ နေရာယူထားပါသည်..။ အိပ်ခန်းများမှာ သာမန်ထက်ပင် ကျဉ်းသည်ဟု မစံပယ်ခံစားမိပါသည်..။ အစ်ကိုကြီးသုံးယောက်သည် မာစတာတစ်ခန်းထဲမှာပင် ညီညွတ်မျှတစွာ နေထိုင်ကြပါသည်..။ သူတို့က သူငယ်ချင်းအရင်းအချာများဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်သိတတ်မှူဖြင့် အဆင်ပြေကြသည်ကို တွေ့ရပါသည်..။ မစံပယ်မှာ မစံပယ်နှင့် အတူနေရန် မိန်းကလေးအဖော်တစ်ယောက်နှင့် ကျန်သော common room တစ်ခန်းအတွက် တွက်ကိန်းလွဲကာ လင်မယားတစ်တွဲ ခေါ်တင်လိုက်ပါသည်..။ မစံပယ်အိမ်ငှားဘ၀နှင့်နေစဉ်က မစံပယ်မှာ Fair မဖြစ်သည့်ကိစ္စဆိုလျှင် အလွန်ပင်ခံရခက်လှပါသည်..။ အိမ်ရှင်ဘက်က Fair မဖြစ်ဟုထင်လျှင် မစံပယ်ပြန်ပြောဖို့ ၀န်မလေးပါ..။ အခန်းဖော် Fair မဖြစ်ဟုမြင်လျှင်လည်း မစံပယ်ပြန်ပြောဖို့ ၀န်မလေးပါ..။ အခုတော့ မစံပယ် အိမ်သူကြီး (တစ်နည်းအားဖြင့် အိမ်ပိုင်ရှင်ဖြစ်ပြီ..။) မစံပယ်၏နေရာအနေအထား ပြောင်းလဲသွားပါပြီ..။ မစံပယ်ဘာတွေသည်းခံရသလဲဆိုတာကို ပြောပြချင်ပါသည်..။

မစံပယ်တို့ကထိုအိမ်သို့ လကုန်ရက် ၆ နာရီခန့်တွင်ရောက်ပါသည်..။ အိမ်ငှားများက ၉ နာရီနှင့် ၁၀နာရီခန့်တွင် ရောက်ပါသည်..။ လင်မယားစုံတွဲကအရင်ရောက်လာပါသည်..။ မစံပယ်ကပစ္စည်များသယ်မပေးရန်လိုက်သွားပါသည်..။ အားပါးပါး..။ ပစ္စည်းများမှာ အိမ်တစ်လုံး မိသားစုတစ်စုစာမျှကို ရှိပါလား..။မစံပယ်မြင်လိုက်သောပစ္စည်းများကိုမြင်သည်နှင့် မစံပယ် အံ့သြသွားပါသည်..။ ထိုပစ္စည်းသည်ပင် အကုန်မဟုတ်သေးပါ ဟူ၏..။ တစ်ဝက်သာရှိပါသေးသည် ဟူ၏..။ တကယ်ပါပင်..။ မိသားစုကြီးကြီးမားမား ၇ ယောက် ၈ ယောက်စာမျှပင်ရှိပါသည်..။ မိန်းကလေး၏ပစ္စည်းများဟူ၏..။ တကယ်ကလင်မယားနှစ်ယောက်မှာ မစံပယ်တို့အိမ်ရောက်မှသာ အတူတူစနေကြရမည်ဖြစ်ပါသည်..။ မစံပယ်မှာ ပစ္စည်းများကိုမြင်သောအခါ လူလည်အကျခံရသလိုပင် ခံစားရမိပါသည်..။ တစ်ညနှင့်နောက်တစ်နေ့ သူတို့ပစ္စည်းနေရာချ၍မပြီးနိုင်ပါ..။ ဖြစ်ချင်တော့ မစံပယ်တို့အေးဂျင့်မှာ နှစ်ယောက်အိပ်ကုတင်ကို မွေ့ယာမပေးဘဲ ကပ်သတ်နေပါသည်..။ ထိုလင်မယားနှစ်ယောက်ကို နှစ်ယောက်အိပ်ကုတင်ပေးရမည်မှာ မပေးနိုင်ဘဲဖြစ်နေပါသည်..။ မစံပယ်လည်းအားနာလိုက်သည်မှာ ပြောဖွယ်ရာမရှိပါပြီ..။ သူတို့မှာအလုပ်မှခွင့်ယူကာပင်ပြောင်းရရွှေ့ရပါသည်..။ ပစ္စည်းများမှာ လက်စသတ်မသိမ်းနိုင်ကြ၍ အားနာမိပါသည်..။ သူတို့အခန်းဝတွင် ပစ္စည်းအချို့စုပုံနေရာ မစံပယ်မှာ လက်စသတ်မသိမ်းခိုင်းရဲပါ..။ မိမိက ကုတင်ပေးရမည်ကို မပေးနိုင်သောကြောင့်ဖြစ်ပါသည်..။ လ၀က်မှပင် မွေ့ယာရ၍ သူတို့ကို ကုတင်ပေးလိုက်နိုင်ပါသည်..။ ကုတင်ရသွားသောအခါတွင်လည်း သူတို့အ၀တ်ပုံးတစ်ခုကို အခန်းဝတွင်ပင်ထားကာ မသိမ်းတော့ပါ..။ တစ်နေ့သိမ်းသွားနိုး၊ သိမ်းသွားနိုးနှင့် မစံပယ်မှာ စိတ်အနှောင့်အယှက်ဖြစ်ရပါသည်..။ ဧည့်ခန်းတွင် ဆိုဖာ၊ ထမင်းစားပွဲနှင့် စာကြည့်စားပွဲတို့သာရှိရာ မစံပယ်တို့လည်း ဘာပစ္စည်းမှမထားပါ..။ ရှင်းရှင်းလင်းလင်းရှိနေသည်ကို သဘောကျသဖြင့် သေချာရှင်းလင်းအောင်ထားပါသည်..။ လင်မယားစုံတွဲမှာ အသန့်အရှင်းကြိုက်ကြပါသည်..။ တမြက်စည်းအမြဲလှည်းနေကြပါသည်..။ ဘာနေနေမတွက်ကပ် မစံပယ်တို့နှင့်ရော မစံပယ်နှင့်အတူနေအခန်းဖော်နှင့်ရော အဆင်ပြေလှကြပါသည်..။ အသန့်ရှင်းကြိုက်သောကြောင့် သူတို့အ၀တ်အစားများကို နောက်ဖေးမီးဖိုချောင်တွင်လည်း မလှမ်းနိုင်..။ အပြင်ထုတ်ကာ ၀ါးလုံးနှင့်လှန်းလျှင်လည်း အောက်ပြုတ်ကျမှာစိုး..။ မစံပယ်တို့အခန်းမှာ ထောင့်ချိုးခန်းဖြစ်၍ မျက်နှာသာရှေ့ဍ် နေရာလွတ်ကျယ်ကျယ်ဝန်းဝန်းရှိရာ ထိုနေရာထုတ်လှန်းဆိုသော်လည်း လမ်းသွားလမ်းလာက ဆေးလိပ်မီးနှင့်ထိုးတတ်၍ အ၀တ်များပေါက်ကုန်မည်စိုး၍ ဟူ၏..။ မိန်းမကထိုသို့စိတ်ပူကြောင်းအရိပ်အမြွက်ပြောလိုက်ယုံဖြင့် ယောကျာ်းကအ၀တ်လှန်းစင်ချက်ချင်းသွားဝယ်ကာ အ၀တ်များလှန်း၍ မစံပယ်တို့နှင့်သူတို့အခန်းအထွက်မှ ဧည့်ခန်းထဲ ထမင်းစားပွဲကပ်ရက်ဍ် ထားပါတော့သည်..။ မစံပယ်တို့မှာ သူတစ်ပါးအိမ်နေလာစဉ်ကလည်း မိမိပစ္စည်း မိမိအခန်းနေရာဍ်သာ လုံလောက်အောင်ထားခဲ့ရပါသည်..။ ဧည့်ခန်းထိသွားထားဖို့ စိတ်ကူးမျှပင်မပေါ်ခဲ့ပါ..။ ထိုအနှီသကောင့်သားသည် သူ့အမျိုးသမီးဘာဖြစ်ချင်သနည်း..။ သင့်တော်သည် မသင့်တော်သည် စဉ်းစားချင့်နိုင်ပုံမပေါ်ပါ..။ သူတို့ကအသန့်ရှင်းကြိုက်လွန်း၍ သူတို့ပစ္စည်း ထားစရာနေရာမရှိဖြစ်နေသည်သာ မစံပယ်နှင့် ခရော့စ် ဖြစ်စရာရှိပါသည်..။ ကျန်တာကတော့ အဆင်ပြေပါသည်..။

မစံပယ်နှင့်နေမည်ဆိုသောအစ်မသည် စလုံးရောက်နေသည်မှာ ကြာပြီ..။ အိမ်ပေါင်းများစွာနေခဲ့ဖူးပြီ..။ တစ်ယောက်စာကို အငှားကားခေါ်ကာပြောင်းရပါသည်..။ ပစ္စည်းများပါသည်ဆိုသောမစံပယ်သည်ပင် အောချရအောင်များလှပါသည်..။
မစံပယ်တို့အိမ်သည်ဧည့်ခန်းအလွန်ကျယ်ကာ ကြွေပြားများခင်းထားပါသည်..။ ကြွေပြားပေါ်တွင် မစံပယ်က အိမ်နေရင်းဖိနပ်ကို သေချာဆေးကြောကာ စီးထားချင်ပါသည်..။ အစ်ကိုသုံးယောက်နှင့် လင်မယားစုံတွဲက မစီးဆို၍ မစံပယ်မစီးဘဲနေနိုင်အောင် နေရပါသည်..။ မစံပယ်နှင့်အတူနေသောအစ်မသည် မစံပယ်က request လုပ်သည်ကိုပင် လျစ်လျူရှူကာ ဖိနပ်ကိုတဗြန်းဗြန်းစီးပါသည်..။မစံပယ်မှာ အခန်းဖော်လက်မခံခင်ကပင် စည်းမျဉ်းများထုတ်ကာ အရင်ဦးဆုံးဖတ်စေပါသည်..။ ထိုအချက်များကို လက်ခံနိုင်သည်ဆိုမှ စရန်ပေးပါဟု စီစဉ်ခဲ့ပါသည်..။ ထိုအစ်မသည်ကား စည်းကမ်းအားလုံး လိုက်နာနိုင်ပါတယ်ဟု ပြောခဲ့သူဖြစ်သည်..။ တကယ်တမ်းအတူနေသည့်အခါ ရေချိုးခန်းမှဆံချည်မျှင်များကို ရှင်းမသွားချင်သူ..၊ မနက်ခင်းသောက်သွားပြီးသည့်ကော်ဖီခွက်ကို မဆေးသွားသူ..၊ လူကြုံတိုင်း ပစ္စည်းတစ်ခုမဟုတ်တစ်ခုမှာကာ ၅ မိနစ်ခန့်သွားရသော NTUC ကို လူကြုံတိုင်းမှာချင်သူ..၊ အခန်းထဲတွင် ဖုန်းမနားတမ်းပြောတတ်သူ..၊ တစ်ခုခုမကြည်လင်တာရှိပါကတဘုန်းဘုန်းဆောင့်အောင့်တတ်သူ..၊ မစံပယ်စာကြည့်နေမှန်းသိရက်လည်း သီချင်းဆိုတတ်သူဖြစ်၏..။ သို့သော် သူတစ်ခုနားလည်သည်မှာ မည်သည့်အိမ်မျှ အိမ်ငှားပစ္စည်းကို ဧည့်ခန်းတွင်ထားခြင်းလက်မခံဆိုသည်ကို သူနားလည်ခြင်းပင်..။ သူကဖိနပ်သုံးရံ အိမ်ထဲဍ်သုံးသည်..။ အိပ်ခန်းထဲတစ်မျိုး..၊ ဧည့်ခန်းထွက်လျှင် ကြက်ပေါင်ဖိနပ် တဗြတ်ဗြတ်၊ နောက်ဖေးမီးဖို အတွက် တစ်မျိုး..။ ဘောင်းဘီများကို ယောကျာ်းလေးလှန်းသောတန်းဍ် လှန်းချင်သူ..။ ဂါဝန်များနှင့် စကတ်များကို ခေါင်းပေါ်မှဝါးလုံးတန်းတွင် လှန်းချင်သူ..။ အပြင်ထုတ်လှန်းရန် ခါးကိုင်းလျှင်ပင် ပြတင်ဘောင်မှဖုံမှူန့် သူ့ကိုပေမှာ စိုးသည်ဟူ၏..။ သူ့ထက်သူ လူစွမ်းကောင်းများပါပင်..။ သူတို့အသန့်ကြိုက်သည်မှာ မစံပယ်ကို ခရော့စ်ဖြစ်စေပါသည်..။ မစံပယ်ကတော့ ထိုလောက်ကြီး အသန့်မကြိုက်မိပါ..။ တော်ရုံသန့်ရှင်းရုံဆိုလျှင် မစံပယ်ကျေနပ်ပါသည်..။

သို့သော်မစံပယ်သည်ကား မစံပယ်ဘက်မှတော့ ထွက်သွားပါဟု နှင်မည့်သူမဟုတ်ပါချေ..။ မစံပယ်တို့အိမ်နေရာသည် ထိုအစ်မအလုပ်အတွက် အဆင်ပြေဆုံးသောနေရာဖြစ်ပါသည်..။ ကျန်သည့်ချက်သည့်ပြုတ်သည့်အခန်း မစံပယ်စိတ်မ၀င်စားပါ..။ သူတို့တွေစိတ်လွတ်ကိုယ်လွတ်ချက်နိုင်ပါသည်..။ ရေမီးမှာလည်း ရှယ်ထားရာ တစ်ယောက်တစ်ယောက် တွန့်တိုတွက်ကပ်စရာမရှိပါ..။ သူတို့တွေကို စိတ်လွတ်လွတ်လပ်လပ်လည်းနေစေချင်ပါသည်..။ သို့သော် စည်းကမ်းမရှိဘဲ နေချင်သလိုနေစေဖို့တော့ မဖြစ်နိုင်ပါ..။ မစံပယ်ဖြစ်စေချင်သည်မှာ စည်းကမ်းကျနသော ငြိမ်ဝပ်တိတ်ဆိတ် အေးချမ်းသောနေအိမ်မျိုးလေးသာ ဖြစ်စေချင်ပါသည်..။ အားလုံးသည် စည်းကမ်းကျန ငြိမ်ဝပ်တိတ်ဆိတ်နေသော အိမ်မျိုးလေးသာ ဖြစ်စေဖို့ မစံပယ်ကြိုးစားမိပါသည်..။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း..။

စိတ်ဓာတ်ကျစရာအကောင်းဆုံးတစ်ခုမှာ စာမေးပွဲအတွက်ပြင်ဆင်ရခြင်းဖြစ်ပါသည်..။ မိမိပြင်ဆင်မှူသည် လုံလောက်ပါရဲ့လားဆိုတာ အမြဲသံသယဖြစ်ကာ ကိုယ့်ကိုယ်ကို အားမရဖြစ်မိရပါသည်..။

နောက်ခံအတွေ့အကြုံအလုံလောက်ရှိလာသူတစ်ယောက်အတွက် စာမေးပွဲအတွက်ပြင်ဆင်ရန် အချိန်တစ်ရက်သာလိုသည်ဟု ဆိုပါသည်..။ အားပါးပါး..။ ဖြစ်နိုင်ပါသည်..။ အပြင်မှာပင်ပရောဂျက်အကြီးများကိုရေးနေသူတစ်ယောက်အတွက် ကျောင်းမှမေးခွန်းမှာ သူသိပြီးသားချည်းပင်ဖြစ်နိုင်ပါသည်..။ အတွေ့အကြုံရှိသူအတွက် တစ်ရက်လေ့လာရုံနှင့်လုံလောက်သော ဘာသာရပ်သည် အတွေ့အကြုံမရှိသူအဖို့ တစ်လလေ့လာလျှင်လည်း လိုက်မီကောင်းနိုင်သောအရာမဟုတ်ပါ..။

NTU မှစာမေးပွဲမှာ လွယ်သည်ခက်သည်ဟု သတ်မှတ်မရဘဲ မိမိပိုင်နိုင်စွာသိသောအကြောင်းအရာဘာသာရပ်ဖြစ်ပါက ထိုဘာသာမှာ လွယ်လှပါသည်....။ ဒါတွေပဲသင်ပါသည်..။ ကိုယ်မသိသေးသောဘာသာရပ်ကို ယူပါက ခက်လှပါသည်..။ ဘာသာကဘာအတွက်ရည်ရွယ်သလဲ ၊ ဘာကိုလိုချင်သလဲဆိုတာကိုပင် သိအောင်မနည်းအားထုတ်ယူရပါသည်..။ ထို့ကြောင့် စာမေးပွဲ လွယ်သည်၊ ခက်သည်မှာ မိမိဘယ်ဘာသာကိုကျွမ်းကျင်သိပြီးသားဖြစ်သလဲ။ ထိုဘာသာရပ်ကိုရွေးချယ်ယူနိုင်ပါက လိုက်နိုင်ပါလိမ့်မည်..။ လွယ်ပါသည်..။ ကိုယ်မသိသေးသောအကြောင်းအရာကို မဖြစ်မနေယူမည်ဆိုပါကလည်း အဆိုင်းမင့်ပြုလုပ်ရင်း ထိုဘာသာရပ်ကိုသိသွားပါလိမ့်မည်..။ သီအိုရီကိုပိုင်နိုင်စွာသိရန်သာ လိုအပ်သည်ဟု ထင်ပါသည်..။ စာမေးပွဲတွင် ထိုသီအိုရီများကို အသုံးချခိုင်းထားသော မေးခွန်းများသာ မေးလာပါလိမ့်မည်..။

အဆိုင်းမင့်တစ်ခုပြီးစီးခြင်း..။

မစံပယ်တို့ တစ်လကြာအောင်အချိန်ပေးလုပ်လာရသော အဆိုင်းမင့်တစ်ခု အခုချိန်လေးမှာပင် ပြီးဆုံးသွားပါပြီ..။ Presentation လုပ်ကာ Program ကို Run ပြကာဖြင့် ပြီးဆုံးသွားပါသည်..။ မပြီးဆုံးခင် မျက်စိအနောက်ရဆုံးမှာ မစံပယ်တို့အဖွဲ့ဖြစ်ပါလိမ့်မည်..။

ကံဆိုးစွာဖြင့် မစံပယ်မှာ Presentation နှစ်ခုကို တစ်ရက်တည်းလုပ်ရန် တာဝန်ကျပါသည်..။ နှစ်ယောက်တွဲလုပ်ရသော အဆိုင်းမင့်တစ်ခုမှ Presentation နှင့် လေးယောက်တွဲလုပ်ရသော Project တစ်ခုမှ Presentation မှာ တစ်ရက်တည်းမှာပင် ထပ်တူကြနေသည့်အတွက် မစံပယ်မှာ အလွန်ပင်စိတ်ပင်ပန်းကာ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ် ဖြင့် စိတ်လွတ်ကိုယ်လွတ်မရှိနိုင်ပါ..။

စင်ကာပူများမှာအလုပ်လုပ်ရာတွင် တိကျကြ၊ လုပ်တတ်ကိုင်တတ်ကြပါသည်..။ အချိန်မတိုင်ခင်အစောကြီးကြိုပြီးထား၊ အစောကြီးပြင်ဆင်ထားကြဖြင့် သူတို့ပုံစံများမှာ ပိုင်နိုင်ဟန် ၊ တိကျဟန်ဖြင့် ၀င့်ထည်နေကြပါသည်..။ မစံပယ်တို့အဖွဲ့မှာတော့ ပူပန်မှူပေါင်းစုံဖြင့် ဖြစ်ပါသည်..။ မစံပယ်မှာအိပ်ယာမထခင်မှာပင် မက်ဆေ့လာကာ coding တစ်ခုကြည့်ခဲ့ရန် မှာကြားခံရရာ အိပ်ယာမှချက်ချင်းမထွက်နိုင်ဘဲ coding ရှာရပါတော့သည်..။ တွေ့မလားရှာရင်း အိပ်ယာမှထွက်တာနောက်ကျကာ ကမန်းကတန်းရေချိုးပြီး ဘာမှမစားဘဲထွက်လာရာ ချိန်းထားသောအချိန်သို့ ရောက်လုနီးနေပါပြီ..။ လိုင်းကားမစောင့်တော့ဘဲ တက္ကစီစီးကာ လိမ့်ရပါသည်..။ ကျောင်းသို့ရောက်၍ ၁၀မိနစ်ခန့်အကြာတွင် Presentation စရပါသည်..။ ကံဆိုးစွာပင် မစံပယ်team mate ၏ apple laptop မှ application ကို projector တွင် မပြနိုင်ပါ..။ ထို့ကြောင့် lecturer မှ project presentation ပြမည့် နောက်တစ်ဖွဲ့ကိုအစားသွင်းပြခိုင်းကာ မစံပယ်တို့နှစ်ယောက်မှာ ပြင်ဆင်ကြရပြန်ပါသည်..။ Project Presentation ပထမအဖွဲ့ပြီးသွားသောအခါ မစံပယ်နှစ်ယောက် ပြန်ထွက်ကြရပြန်ပါသည်..။ ဒီတစ်ခါတော့ resolution မြှင့်လိုက်တာကနေ အဆင်ပြေသွားပါသည်..။ အဖွင့်စကားမစံပယ်ပြောပါသည်..။ လိုအပ်သည့် အသေးစိပ်ကို team mate ကုလားလူမျိုးမှ ပြောပါသည်..။ အဆင်ပြေစွာတော့ ပြီးသွားပါသည်..။ Technical ပြရမည်ကို Technical အကြောင်းသိပ်မပြနိုင်သည့် မစွံလှသော ပရောဂျက်တစ်ခုသာဖြစ်ပါသည်..။ ကုလားလည်း coding မရပါ..။ မစံပယ်လည်း coding မရပါ..။ tech-talk မှာ မစွံလှဟုသာ ကောက်ချက်ချရပါမည်..။

presentation ပြီးတော့ မစံပယ်ဗိုက်ဆာလှပြီ..။ ဘာမှမစားလာခဲ့ရ..။ သွေးပျက်နေမှန်းသိသာသည်..။ ဖုန်း၊ အနွေးထည်၊ သူငယ်ချင်းအားပြမည်ပြောထားသည့် စာရွက် အားလုံးမေ့လာခဲ့သည်..။ အချိန်မမီ၍မဖြစ်သည်သာ စိတ်ထဲရောက်နေခဲ့သည်..။ ဆုတ်ရုတ်သောလက္ခဏာအဖြစ် တွေ့နိုင်ပါသည်..။

သူများတွေ Project Presentation လုပ်နေစဉ် canteen သွားကာ ထမင်းစားလိုက်သည်..။ မစံပယ်ပြန်လာတော့ မစံပယ်တို့ project အဖွဲ့မှာ key players နှစ်ယောက် ရောက်လာနေပြီး software စမ်းနေကြသည်..။ ကိုပြည်ကြီးတရုတ်နှစ်ယောက်မှာ memory stick များတွင် software ထည့်ပြီး သူတို့မို့ စိတ်ချလက်ချလာသည်..။ မစံပယ်ဝင်လာတော့ မစံပယ် လက်တော့ပ်ကို အသည်းအသန်တောင်းသည်..။ မစံပယ်ယူပေးပြီး သူတို့ software ကို run တော့ result မထွက်လာပါ..။ မစံပယ်စက်က IE version က 6 ပဲရှိသည်...။ သူတို့ဆော့ဝဲက IE 7 နှင့် 8 မှအဆင်ပြေသည်..။ ကဲ..ဘယ်လိုလုပ်မလဲ..။ အတန်းထဲက အတန်းဖော်အားလုံးလိုလို laptop ကိုယ်စီနှင့်ဖြစ်သည်..။ laptop လည်ကာ မေးရသည်..။ IE ဘာ version သုံးပါသလဲဟု..။ IE 9 သာများကြသည်..။ ကံကောင်းထောက်မစွာဖြင့် စလုံးမောင်လေးတစ်ယောက်မှာ chrome နှင့် IE 7 သုံးသည်ဟူ၏..။ ကျေးဇူးတင်လိုက်လေ..။ ပြည်ကြီးမောင်လေးမှာ တုန်ကာနေသည်..။ မစံပယ်မှာ မတုန်..။ သူတို့က browser compatible မဖြစ်မှာကို ပူကြခြင်းဖြစ်ကာ..၊ မစံပယ်တို့အလှည့်ရောက်ရန်ကလည်း မိနစ်ပိုင်းသာလိုတော့သောကြောင့်..။ မစံပယ်ကတော့ အတွေ့အကြုံကစကားပြော၍လားမသိ..။ လိုမယ်ထင်တာမှန်သမျှ အကုန်ပါသည်..။ သူတို့ memory stick ဟု အော်နေကြသည်..။ မစံပယ်ထုတ်ပေးလိုက်သည်..။ ကျောင်းသားတစ်ယောက် presentation ပြရာတွင် မိမိ run ခဲ့သော လက်တော့..၊ လိုရမယ်ရ memory stick များသည် မရှိမဖြစ် အရေးပါလှသည်..။ အရေးရယ်အကြောင်းရယ်ဆိုလျှင် ဗြုန်းဆို ဘယ်မှာရှာရမှန်း မတွေးနိုင်ဖြစ်ကာ ကိုယ်ပြမည့် presentation ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်..။

မစံပယ်တို့လေးယောက်သားမှာ အတန်းနောက်ဘက်တွင် ပြေးလွှား ယောက်ယက်ခတ်နေကြပါသည်..။ မစံပယ်ကတော့ သိပ်မခတ်ပါ..။ သူတို့လိုချင်တာကိုရအောင်လုပ်ပေးလိုက်ပါသည်...။ သိပ်လည်းမတုန်လှူပ်ပါ..။

တရုတ်တွေရဲ့ အဆိုင်းမင့်ပြုလုပ်ပုံ..။

ပြည်မကြီးတရုတ်အများစုမှာ အဆိုင်းမင့်ကို ၎င်းတို့ရင်းနှီးသော တရုတ်ပြည်မကြီးအကြောင်းများကို လုပ်လေ့ရှိကြသည်..။ အနုပညာရှင်တစ်ယောက်အကြောင်းအဆိုင်းမင့်ကိုလည်း တရုတ်နိုင်ငံမှ နာမည်ကျော်ကြားသော ပန်းချီအနုပညာရှင်တစ်ယောက်အကြောင်းပြုလုပ်ကာ တင်ပြသွားသည်..။

တစ်ဖွဲ့ကတော့ ထိုင်ဝမ်မှနာမည်ကြီး အဆိုတော်နှင့်တီးဝိုင်းအကြောင်းတင်ပြသွားသည်..။

မစံပယ်လည်း ဖရီဒါခါလိုဟူသော ပန်းချီဆရာမအကြောင်း တင်ပြခဲ့သည်..။ တရုတ်အဖွဲ့က ထိုင်ဝမ်အဆိုတော်အဖွဲ့အကြောင်း တင်ပြလိုက်တော့မှ မစံပယ်မှာ လေးဖြူတို့တီးဝိုင်းအဖွဲ့အကြောင်း မတင်ပြမိလိုက်၍ စိတ်မကောင်းကြီးစွာ နောင်တရမိလိုက်သောကြောင့် နောက်နောင် NTU တက်နေသူများ အဆိုင်းမင့်များလုပ်ရာတွင် မိမိရင်းနှီးနိုင်နင်းသောအကြောင်းအရာရှိပါက မိမိနိုင်ငံအကြောင်းကိုလည်း အဆိုင်းမင့်အဖြစ် ပြုလုပ်သင့်ပါကြောင်း အကြံဥာဏ်ကောင်း ပေးလိုက်ရပါသည်..။

အချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ။

လက်ထဲမှာ ရှိတဲ့ အလုပ်ကို အာရု့စိုက်ပါ

- သင့်ရည်ရွယ်ချက်အပေါ်မှာ အာရုံစိုက်ပါ၊
- ကြားဖြတ်အနှောင့်အယှက်များ ကို အာရုံမစိုက်ပါနဲ့၊ ဦးဆောင်သူတစ်ဦးအနေနဲ့ သင် တာဝန်ထမ်းဆောင်နေချိန်မှာ လုပ်ငန်း များစွာကို အစဉ်ပြေစေဖို့ မဖြစ်ဖြစ်အောင် စီစဉ်ဆောင်ရွက် ရပါတယ်။ တခြား နည်း လမ်းလည်းမရှိပါဘူး။ ဒါပေမဲ့လည်း စိတ် ထဲမှာ သိနေရမယ့် အရေးကြီးတဲ့ မဟာဗျူ ဟာတစ်ခုကတော့ လတ်တလောလက်ရှိ အလုပ်ပေါ်မှာ လုံးဝအာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ ဆောင်ရွက်စရာများနေတဲ့ အခါ သင့်စိတ်ထဲမှာ အာရုံစူးစိုက်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အောက်ဖော်ပြပါတွေကို လုပ်ဆောင်နိုင် စွမ်းရှိရင် သင့်အချိန်ကို ကောင်းစွာ အသုံး ချနိုင်မှာဖြစ်ပါတယ်။

သင့်ရည်ရွယ်ချက်ပေါ်မှာ အာရုံစိုက်ပါ

သင့်မှာ အလုပ်ပြီးစီးအောင် လုပ် ဆောင်ရမယ့် ကတိတွေ၊ အလေးထားစရာ တွေရှိကောင်းရှိပါမယ်။ ဒါပေမဲ့လည်း လတ်တလော သင်လုပ်ဆောင်နေတဲ့ အလုပ်တစ်ခုထဲအပေါ်မှာသာ အာရုံစိုက် ထားခဲ့ရင် ပိုမိုပြီးစီးအောင် သင့်အနေနဲ့ ဆောင်ရွက်နိုင်ပါတယ်။

ကြားဖြတ်အနှောင့်အယှက်များအပေါ် အာရုမစိုက်ပါနဲ့

ဖုန်းဖြေဆိုဖို့ မရှိလို့၊ ဧည့်သည်ချိန်း ဆိုထားတာမရှိလို့ သင်အချိန်ပေးနိုင်တဲ့ အခါ သင့်ရဲ့အာရုံစူးစိုက်မှုဟာ အခြေခံဆုံး အဆင့်မှာရောက်နေတယ်ဆိုတာ သင်သိ ပါလိမ့်မယ်။ တစ်ချိန်လုံးလည်း သင် သီးသန့်နေလို့မရနိုင်ပါဘူး။ ဒါပေမဲ့လည်း တချို့အချိန်တွေမှာ ကြားဖြတ်အနှောင့် အယှက်တွေကနေ ရှောင်ရှားခြင်းဖြင့် သင့် ကြိုတင်မျှော်မှန်းထားတဲ့ အချိန်ထက် လျှော့ပြီး လုပ်ငန်းများအောင်အောင်မြင် မြင် ပြီးမြောက်အောင်ဆောင်ရွက်နိုင် ပါတယ်။ ဖုန်းခေါ်ဆိုတာတွေကို မဖြစ်မနေ ပြန်ဖြေရမယ်ဆိုရင် နောက်တစ်ကြိမ် ပြန်ခေါ်ဖို့ ဒါမှမဟုတ် နောက်နေ့မှ တွေ့ဆုံဖို့ မေးမြန်းရင်း ကြားဖြတ်အနှောင့် အယှက်တွေကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရပါမယ်။

သင့်ကိုယ်ပိုင် အဓိက အချိန်ကိုစဉ်းစားပါ

- မနက်ပိုင်းဖြစ်မလား၊
- ညနေပိုင်းဖြစ်မလား၊
-ညဥ့်နက်ပိုင်းဖြစ်မလား၊ သင်ဟာ နေမထွက်ခင် အိပ်ရာက ထပြီး အလုပ်စလုပ်တဲ့ သူတွေထဲက တစ်ယောက်လား၊ သင့်အလုပ်လုပ်ချိန်ဟာ ညနေခင်းအစောပိုင်းလား၊ ညနေစာစား ပြီးမှလား၊ ဒါမှမဟုတ် သင်ဟာ တကယ့်ကို ခက်ခဲတဲ့ အလုပ်တွေကို လုပ်ဖို့ညဥ့်နက် ပိုင်း တိတ်ဆိတ်ချိန်ကို ကြိုက်နှစ်သက်တဲ့ သူလား၊ လူတိုင်းဟာ မတူညီကြပါဘူး။ ကွဲပြားခြားနားကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုတွေ ရတဲ့အချိန် ဒါမှမဟုတ် ဈာန်ဝင်နေတဲ့ အချိန်မှာ ဆောင်ရွက်တဲ့ အလုပ်ဟာ တကယ့်ကို ထိထိရောက်ရောက်နဲ့ စော စောစီးစီးပြီးတယ်လို့ သုတေသနအများစု မှာ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အမြဲတော့ မမှန်ကန်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အဓိက အချိန်ရှိတယ်ဆိုတာ အဲဒီ လေ့လာစူးစမ်းမှုကပဲ အသိအမှတ်ပြုပါ တယ်။ သင့်ရဲ့အလုပ်ကို စီမံတဲ့အခါ သင့်ရဲ့ ကိုယ်ပိုင်အဓိက အချိန်ကို စဉ်းစားပါ။ တကယ်လို့ သင်ဟာ အကောင်းဆုံးအလုပ် တစ်ခုကို စောစောလုပ်ဆောင်ခဲ့တယ် ဆိုရင် ပုံမှန်လုပ်ဆောင်ရမယ့် အလုပ်ကို တစ်နေ့တာရဲ့ နောက်ပိုင်းမှာ ဆောင်ရွက် ဖို့ စီစဉ်ပြီး စိန်ခေါ်မှုပိုများတဲ့ အလုပ်တွေ ကို သင့်ရဲ့ အကောင်းဆုံးအခြေအနေမှာ လုပ်ဆောင်ဖို့ အာရုံစူးစိုက်ဆောင်ရွက်ရ ပါမယ်။ တကယ်လို့ နောက်မှလုပ်ဆောင်ဖို့ အမှန်တကယ်မဖြစ်နိုင်ရင် မနက်ပိုင်းမှာ ပုံမှန်လုပ်ဆောင်စရာတွေကို ကိုင်တွယ် ဖြေရှင်းပြီး ပိုမိုခက်ခဲတဲ့အလုပ်တွေကို နောက်မှ လုပ်ဆောင်ဖို့ထားလိုက်ပါ။


credit to http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:269290

ဆရာအောင်သင်း၏ အင်တာဗျူးများစွာထဲမှာ မစံပယ်နှစ်သက်သော လိုက်နာကျင့်သုံးဖြစ်သော အင်တာဗျူးတစ်ခု..။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆရာအောင်သင်းသည် ၁၉၅၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။

ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေး စာပေများ ရေးသားနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေဟောပြောပွဲများ ကိုလည်း လိုက်လံဟောပြောနေသည်။

ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ်ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များအပေါ်ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။
(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)
ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။


“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဘက်က။
ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့သူ သူ့အုပ်ချုပ်ရေးနဲ့သူ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လိုဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက
ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့် မရဘဲနဲ့”

၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုးသွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ကိုက်အောင် ပညာရေးကလုပ်။ အထက်တန်းထိအောင်ကတော့ ပညာရေးဝန်ကြီးဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။

“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလိုဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည်လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည်တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက်ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက်ပေးသလဲ ကျနော်မသိဘူး”

ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။

“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေစနစ် ဆိုပြီးတော့ ပြောကြဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေးစနစ်ကို အလေးပေးလဲ။

“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေးစနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာမဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်းကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေးတတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ရုပ်ပုံကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော်တယ်လို့ ကြားပါတယ် အဲဒီအပေါ်မှာကော။

“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့်တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ်ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက်ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

“အရင်တုန်းကတော့ ၇ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြလုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းကဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကိုအရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေးအရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆိုကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”

တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ မျှော်မှန်းလို့ရနိုင်လဲ။

“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီးတွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေရှိတယ်။ အဲဒီဝန်ကြီးချုပ်တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစားလာကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံးအချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

ပြည်ထောင်စု အစိုးရအပေါ်မှာကော။

“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီးဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ်ဖွင့်လဲ။

“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းမရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုးသိလို့ပေါ့”

အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက်မပြောဘူး။ ဘဝဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုးထားတာဟာ ဘဝကို တန်ဖိုးထားတာပဲ။ ဘဝကို တန်ဖိုးမထားရင် အလကား အသုံးမကျတဲ့ ဘဝဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။ အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော

“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါတာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့အတွက်က သတ္တိကောင်းဖို့လိုတယ်။ သတ္တိဆိုတဲ့ဟာက တနေ့ ငါကြီးပွားရမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတ္တိမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ်ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါးလာခေါက်လိမ့်မယ်ဆိုတာ ယုံပါ”

မန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတ္တိက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ်အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာမကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ်ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ်ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”

အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖော်ပြခြင်း : ဆရာကြီးဦးအောင်သင်း၊ မျိုးသန့် ချင်းမိုင် (မဇ္ဈိမ) http://www.mizzimaburmese.com

ရင့်ကျက်သောစိတ်..။ (အပိုင်း ၂)

ပြဌာန်းခံဝါဒ( Determinism) ဆိုတဲ့ အယူအဆတရပ် ရှိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အကြောင်းတရားရဲ့ စီရင်ပြဌာန်းမှုကို ခံနေရသူများ ဖြစ်တယ်လို့ သည်အယူအဆက ခံယူထားပါတယ်။

ဆိုးသွမ်းလူငယ်ဆိုတာ အိမ်ထောင်ပျက် မိသားစုက ဖန်တီးလိုက်တာ ဖြစ်တယ်၊ ရာဇ၀တ်သားဆိုတာ ပတ်ဝန်းကျင်မကောင်းလို့ ပေါ်ပေါက် လာရတာ ဖြစ်တယ်၊ စသည်ဖြင့် ဖြစ်ပေါ်လာတဲ့အရာ မှန်သမျှအတွက် ပတ်ဝန်းကျင်ကို လက်ညှိုးထိုးတဲ့ ၀ါဒ ဖြစ်ပါတယ်။

သည်အယူအဆကို မျက်စိပိတ်လက်ခံလိုက်ရင် နောက်ဆုံးတော့ လူဟာ လည်စင်းခံရတဲ့ ယာဇ်ကောင်လို ဘ၀မျိုးကို ရောက်ရတော့တာပါပဲ။ ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ်စနစ်တို့ အာဏာရှင်စနစ်တို့ရဲ့ အခြေခံအုတ်မြစ်ဟာ ပြဌာန်းခံဝါဒပဲ ဖြစ်ပါတယ်။

ပြဌာန်းခံဝါဒရဲ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ အတွက် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲ ပစ်ရပါမယ်။ လူဟာ ပတ်ဝန်းကျင်ပြုသမျှ နုရမယ့်သူမျိုး မဟုတ်၊ ကိုယ့်ဘ၀ကို ကိုယ်လိုသလို ပြုပြင်ဖန်တီးနိုင်သူသာ ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးနိုင်တဲ့သူ ဖြစ်တယ်၊ စသဖြင့် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ လိုပါတယ်။

သည်အမြင်က ဗုဒ္ဓဘာသာဝင်တွေ ကိုင်စွဲရမယ့် အမြင်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆုံးပန်းတိုင်ဟာ လွတ်မြောက်မှု ဖြစ်ပါတယ်။ လွတ်မြောက်တဲ့ လူသား တယောက် အဖြစ် ရှင်သန်နိုင်ရေး ဖြစ်ပါတယ်။ လွတ်မြောက်မှုဆိုတာက ကိုယ်ကိုယ်ကိုယ် ပိုင်စိုးခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်း၊ အမှီအခို ကင်းရှင်းခြင်း၊ အစွဲအလန်းအနှောင်အဖွဲ့မှ ကင်းလွတ်ခြင်း၊ လွတ်မြောက်ခြင်း စတဲ့ ဂုဏ်ရည်တွေဟာ ဖြစ်တည်မှုတခုတည်းရဲ့ အနှစ်သာရများ ဖြစ်ပါတယ်။ သည်ဂုဏ်ရည်အနှစ်သာရများဟာ ပြဌာန်းခံဝါဒကို ဆန့်ကျင်တဲ့ အမြင်မှာ မြစ်ဖျားခံပါတယ်။

ပြဌာန်းခံဝါဒရဲ့အောက်မှာ နှစ်ပေါင်းများစွာ ရပ်တည်နေရတဲ့ လူသားမျိုးနွယ်တွေ အနေနဲ့  ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်းဆိုတာ ဘယ်လိုမှ စိတ်ကူးလို့ မရတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းတဲ့အခါတုန်းက တချို့ ကျေးကျွန်တွေဟာ ၀မ်းပမ်းတနည်း ကြေကွဲခဲ့ကြတယ်လို့  ဆိုပါတယ်။ သူတို့ ဟာ အရှင်သခင်နဲ့  ကင်းလွတ်ပြီး မနေချင်ကြပါဘူး။ ဒါကြောင့် ကျေးကျွန်အဖြစ်က မလွတ်မြောက်ချင်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးတဲ့ ဘ၀ကို မလိုချင်ကြပါဘူး။ လွတ်မြောက်တဲ့ဘ၀မှာ အရှင်သခင် မရှိဘဲ ကိုယ့်တာဝန် ကိုယ်ယူရမယ့် အခြေအနေကို ရင်မဆိုင်လိုကြပါဘူး။

"လွတ်လပ်ခြင်း ဆို တာ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူခြင်းနဲ့  အတူတူ ဖြစ်တယ်။ ဒါကြောင့် လူတွေက လွတ်လပ်မှု ကို ကြောက်ကြတယ်" လို့  စာရေးဆရာကြီး ဘားနတ်ရှောက ပြောဖူးပါတယ်။

ကိုယ့်ကိုယ်ကိုယ်တာဝန်ယူရမှာ ကြောက်တဲ့အတွက် ပြဌာန်းခံဝါဒကို ထွေးပိုက်ရင်း ကျေးကျွန် ဘ၀မှာ နစ်မွန်းနေတတ်တဲ့အကြောင်းကို စိတ်ပညာရှင် အဲရစ်ဖရွမ်း (Eric Fromm) က လွတ်လပ်မှုမှ ထွက်ပြေးခြင်း (Escape from Freedom) " လို့ အမည်ပေးထားတဲ့ စာအုပ်မှာ အကျယ်တ၀န်း ရေးသားတင်ပြထားပါတယ်။

ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ် စနစ်မှ နာဇီဝါဒအထိ လူလူချင်း အနိုင်ကျင့်နှိပ်စက်တာတွေ၊ ညှဉ်းပမ်းသတ်ဖြတ်တာတွေဟာ ပြဌာန်းခံဝါဒ မှာ မြစ်ဖျားခံတယ်လို့  သူက ဆိုပါတယ်။ ပြင်သစ်တွေးခေါ်ရှင် ယွန်းပေါဆတ် ကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မယူရဲသူတွေကို မရိုးသားသူတွေလို့ ကင်ပွန်းတပ်ပါတယ်။

လူ့ ဘောင်လောကကြီး ရင့်ကျက်လာတာနဲ့ အမျှ လူသားတွေဟာလည်း ကျေးတော်မျိုး ကျွန်တော်မျိုး အဆင့်ကနေ လွတ်လပ်တဲ့လူသားများ အဆင့်ကို တက်လှမ်းလာနေပြီ ဖြစ်ပါတယ်။ လူတဦးချင်းရဲ့ ဘ၀ဖြစ်စဉ်ဟာလည်း အလားတူ ဖြစ်ရပါမယ်။ မွေးဖွားကာစ အရွယ်မှာ ပြဌာန်းခံတွေ ဖြစ်ခဲ့ရပေမယ့် ကြီးပြင်းလာတာနဲအမျှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်တဲ့ လွတ်လပ်လူသားများ ဖြစ်လာရပါမယ်။

ရင့်ကျက်သူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူတတ်သူဖြစ်တယ်လို့  ရင့်ကျက်သောစိတ် အကြောင်း ရေးသားတဲ့ ဆရာကြီး အိုဗာစထရိက ဆိုပါတယ်။ လူသားဟာ ဘယ်လို တာဝန်မှ မရှိဘဲ မွေးဖွားခဲ့တာ ဖြစ်ပြီး လူ့ လောကကြီး အတွင်း ၀င်ရောက်လာရဖို့  သူ့ဖာသာသူ ရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှ တာဝန်တွေကို တိုးတိုးပြီး ယူလာ ရမှာဖြစ်တယ်လို့  ဆိုပါတယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ လူတယောက်က သူလူဖြစ် လာရတာဟာ သူ့တောင်းဆိုချက်ကြောင့် ဖြစ်လာရတာ မဟုတ်တဲ့အတွက်ကြောင့် သူ့ဘ၀အတွက် ဘာမှ တာဝန်မယူနိုင်ပါဘူးလို့  ဆင်ခြေပေးနေရင်တော့ အဲသည်သူကို မရင့်ကျက် သူလို့  သတ်မှတ်ရမှာ ဖြစ်တဲ့အကြောင်း ဆရာကြီး အိုဗာစထရိက ပြောပါတယ်။ တာဝန် ကွင်းဆက်ကို ခိုင်မာစေဖို့ အတွက် ဖြည့်ဆည်းရမယ့် အချက်သုံးချက် ရှိတယ်လို့ သူက ဆိုပါတယ်။

- ပထမအချက်မှာ မိမိဧ၊၊် လူသားကဏ္ဍကို လက်ခံရန်ဖြစ်သည်။ လူဖြစ်ဖို့  မတောင်းဆိုရပါဘဲလျက် လူဖြစ်လာရပါသည် ဟူသော သိမ်ဖျင်းသည့် ဆင်ခြေမျိုးကို ပေးလျှင် အလားတူ ဆင်ခြေမျိုးကို တခြားသူအားလုံးကလည်း ပေးနိုင်သည် ဆိုသောအချက်ကို သူ မေ့ပြီး ပြောနေခြင်းသာ ဖြစ်သည်။ သူ့ဘ၀အတွက် တာဝန်ကို တခြားသူတွေက ယူရမည်ဆိုလျှင် သူ့ကို မွေးထုတ်ခဲ့သူတို့ကလည်း အလားတူဆင်ခြေမျိုးပေးပြီး တာဝန်ကို ရှောင်လွှဲနိုင်ပါသည်။

စင်စစ် လူ့ လောကအတွက် ကြီးမားသောတာဝန်များကို ထမ်းဆောင်နေကြသူတို့ သည်လည်း လူအဖြစ် ရရောက်ရေးကို တောင်းဆိုခဲ့ကြသူများ မဟုတ်ပါ။ ရင့်ကျက်မှုအတွက် တဖြည်းဖြည်း တိုးမြှင့်လက်ခံရမယ့် အချက်တချက်မှာ လူသားတယောက်ဧ။် အတွေ့အကြုံကို လူသား အားလုံးက မျှဝေခံစားရသည် ဟူသော အချက် ဖြစ်သည်။ တိုးတက်မှုကို ဖြစ်စေ ဆုတ်ယုတ်မှုကို ဖြစ်စေ လူသားအားလုံးက မျှဝေခံစားရသည်ဟူသောအချက်ကို မြင်ရန်လိုသည်။ လူသားတယောက်က လူသားမျိုးနွယ်စုကြီးနှင့် မဆက်စပ်ဘဲ ကိုယ့်ကိုယ်ကိုယ် သီးခြားလို မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်ပေသည်။

- ဒုတိယအချက်မှာ ကိုယ်လုပ်ရမည့်အလုပ်ကို သိရှိရန် ဖြစ်သည်။ ကိုယ်တာဝန်ယူထား ရသည့်အလုပ်ကို မသိသေးသရွေ့ ၊ တာဝန်ယူထားရသည့်အလုပ်ကို စိတ်ပါလက်ပါ မထမ်း ဆောင်သေးသရွေ့ ၊ ယင်းအလုပ်ကို လေးလေးနက်နက် တန်ဖိုးမထားသေးသရွေ့  ထိုသူသည် ရင့်ကျက်မှု မရှိသေးသူသာ ဖြစ်သည်။

ဥပမာ ပြရလျှင် အမျိုးသားတယောက်သည် အိမ်ထောင်ပြုပြီးသည့်နောက်တွင် မိန်းမဖြစ်သူဧ။် အပြုအစု ကိုသာ ခံယူလိုပြီး မိသားစု စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေရခြင်းကို ခိုင်းနွား တကောင်ဧ။် အလုပ် အဖြစ်သာ မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်သည်။

အမျိုးသမီးတယောက် သည်လည်း အိမ်ထောင်ရေးဧ။် အကျိုးကျေးဇူးကို ခံစားနေပါလျက် အိမ်မှုကိစ္စကိုမလုပ်ချင်၊ သားသမီးကို ကျွေးမွေးစောင့်ရှောက်မှု မလုပ်လိုလျှင် မရင့်ကျက်သူသာ ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်ထံမှရသည့် အကျိုးကျေးဇူးနှင့် ဂုဏ်သိက္ခာကို ခံစားလိုသော်လည်း အလုပ်ကို အပင်ပန်းခံပြီး မလုပ်လိုသူသည် မရင့်ကျက်သူသာ ဖြစ်သည်။

- တတိယအချက်မှာ ကိုယ်လုပ်သည့်အလုပ်ကို စနစ်တကျလုပ်တတ်အောင် လေ့ကျင့်ဖို့ ဖြစ်သည်။ ကလေးသည် မည်သည့်အလုပ်ကိုမှ စနစ်တကျ မလုပ်တတ်။ အကြောင်း နှင့် အကျိုး ဆက်စပ်နေပုံကို မတွက်ချက်တတ်သေးသည့်အတွက် ဘာလုပ်လျှင် ဘာဖြစ်မည်ကို မသိ။ ထိုကြောင့် ရည်ရွယ်ချက်တခုဖြင့် စီမံကိန်းချပြီး လုပ်နိုင်စွမ်း မရှိသေး။ " လေပွေရူးနှယ် ကလေးငယ်" ဆိုသော စကားကဲ့သို့ ပင် ကလေးငယ်တယောက်ဧ။် စိတ်သည် ဟိုရောက် သည်ရောက် ဖြစ်နေတတ်သည်။ အချို့ သူများသည်လည်း အသက်ကြီးပါလျက် စနစ်တကျ လုပ်ကိုင်တတ်ခြင်း၊ တွေးခေါ်စဉ်းစားတတ်ခြင်း မရှိဘဲ ကလေးငယ်ကဲ့သို့  ဖြစ်နေတတ်သည်။ ထိုသူများကား မရင့်ကျက်သေးသည့် ကလေးကြီးများ ဖြစ်ပေသည်။

- ကလေးကြီးတချို့ကား အာရုံထွေပြားလှသည်။ သူတို့ စိတ်သည် ဘာကိုမှ စူးစိုက်နိုင်ခြင်း မရှိ။ သစ်ကိုင်းတကိုင်းမှ နောက်တကိုင်းသို့  မပြတ်တမ်းကူးနေသော မျောက် တကောင် ကဲ့သို့  သူတို့ စိတ်က အစဉ်ပြောင်းလဲနေသည်။ စကားပြောလျှင်လည်း ဦးတည်ချက် တခုကို အဓိကထားပြီး မပြောတတ်။ ဟိုရောက်လိုက် သည်ရောက်လိုက် ဦးတည်ချက်တွေ များလွန်းနေရာ နောက်ဆုံးတော့ ဘယ်ကိုမှ မရောက်တော့။ သူတို့ အတွက် ဘ၀သည် ဆုပ်ကိုင် မရနိုင်သော အရာ ဖြစ်နေသည်။ ဘ၀ကို ပိုင်စိုးနိုင်ဖို့  ပျာယာခတ် ကြိုးပမ်းသော်လည်း သမာဓိမရှိသည့် ထိုကလေးကြီးများအတွက် ဘ၀ဟူသည် ဖမ်းမရ နိုင်သော ငါးရှဉ့် တကောင် ဖြစ်နေသည်။

- ကလေးကြီးတချို့ ကတော့ အာရုံမထွေပြားစေကာမူ အလုပ်ကို သေသေသပ်သပ် မလုပ်တတ်ဘဲ ပလုံးပထွေး ဖြစ်နေသည်။ ထို့ ကြောင့် ရည်ရွယ်ချက်ကောင်းပြီး ဇွဲလုံ့လ ရှိသော်လည်း ကြောင်းကျိုးဆင်ခြင်ဥာဏ် ခေါင်းပါးလေရာ လုပ်သမျှကိုင်သမျှသည် အမှားအယွင်း အချွတ်အချော်နှင့်သာ ပြည့်နေတော့သည်။

ကလေးကြီးတချို့ကတော့ ကိုယ့်အမှားကို တာဝန်မယူဘဲ ဆင်ခြေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကင်းလွတ်ခွင့် ပေးနေတတ်သည်။ အချိန်နောက်ကျခြင်းကို ခွင့်လွှတ်ရန်အတွက် သူတို့တွင် နောက်ကျသော နာရီတလုံး အမြဲ ရှိနေသည်။ သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုနှင့် အမြဲ တိုးနေတတ်သည်။ သို့မဟုတ် အိမ်မှထွက်ကာနီးတွင် စကားကြောရှည်သော မိတ်ဆွေ တယောက်နှင့် အမြဲ တွေ့နေတတ်သည်။ သို့မဟုတ်လျှင်လည်း ကိုယ့်ကိုယ်ကိုယ် ထူးခြားသော လူတယောက်ကဲ့သို့ ခံယူနေတတ်သည်။ ပါရမီရှင်ဆိုသည်မှာ အချိန်ကို ဂရုမစိုက်တတ်သူ ဖြစ်သည်ဟူသော အယူအဆမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နေချင်သည်။

အထက်က ဖော်ပြချက်များဟာ ဆရာကြီး အိုဗာစထရိရဲ့ ယူဆချက်များဖြစ်ပါတယ်။ ရင့်ကျက်တဲ့ လူတယောက်ဟာ တာဝန်သိရမယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားတာတွေပါ။ ကလေးငယ်ဘ၀မှာ တာဝန်ဆိုတာကို မသိနားမလည်ပေမယ့် ရင့်ကျက်တဲ့သူ ဆိုတာကတော့ ကိုယ့်တကိုယ်တည်းအတွက် တာဝန်ကိုသာမက လူ့လောကအတွက်ပါ တာဝန်ယူတတ်သူ ဖြစ်ရမယ်လို့  ဆိုထားပါတယ်။

ဒါပေမယ့် တာဝန်ယူတတ်သူအဖြစ်ကို အလိုအလျောက် ရောက်မှာ မဟုတ်ဘူး၊ ရောက်ရှိဖို့အတွက် ကြိုးပမ်းအားထုတ်ရမယ်၊ သည်လို ကြိုးပမ်းအားထုတ်နိုင်ဖို့ အတွက် ကိုယ့်မှာ ရှိတဲ့ အကျင့်စွဲတွေ အသိစွဲတွေကို ဖြတ်ကျော်ဖို့  လိုတဲ့အကြောင်း သည်လို ဆက်ပြောပါတယ်။

တာဝန်မသိမှုမှ တာဝန်သိမှုဆီသို့ လျှောက်လှမ်းရသောဘ၀သည် ဘေးအန္တရာယ်တို့နှင့် ပြည့်နေသည်။ ကလေးငယ်ဘ၀တွင် လုံခြုံရေးပြဿနာကိုလည်းကောင်း၊ အရေးပါ အရာရောက်အောင် လုပ်ရသည့် ပြဿနာကိုလည်းကောင်း ရင်ဆိုင်ရသည်။ သို့သော် မိမိ လိုချင်သည့်အရာကို ရအောင် ကြိုးပမ်းရန်အတွက် စွမ်းရည် စွမ်းအား လုံလုံလောက်လောက် မရှိသေးသဖြင့် တစုံတယောက်ကို အားကိုးမှီခိုနေရသည်။ ယင်းသို့  မှီခို နေရစဉ်အတွင်း "အောင်မြင်စွာ မှီခိုတတ်သော အကျင့်" ကို ခိုင်မာအောင် လုပ်မိလာတတ်သည်။ ထိုသို့ လုပ်မိလျှင် တာဝန်ယူတတ်သည့်စိတ်သည် မဖွံ့ဖြိုးလာတော့။ ယင်းမှာ ပထမ အန္တရာယ်ဖြစ်သည်။

ဒုတိယအန္တရာယ်မှာ သူတပါးကို မှီခိုရင်း သိမ်ငယ်စိတ် ၀င်သွားတတ်သည့်အချက် ဖြစ်သည်။ မှီခိုခြင်းကင်းပြီး လွတ်လပ်သည့်ဘ၀သို့  ဦးတည်သည့် စိတ်ဆန္ဒနေရာတွင် အညံ့ခံ အရှုံးပေးတတ်သည့် ကျွန်စိတ်က အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ခံပြင်းစိတ်ကြောင့် ဘယ်အရာကိုမဆို မှုန်ဆန်ပုန်ကန်တတ်သည့် စိတ် ၀င်လာတတ်သည်။

အရွယ်ရောက်သူတွေရဲ့ တာဝန်မဲ့အပြုအမူများရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ အကြောင်းတရားတွေ ရှိနေတယ်လို့  ဆရာကြီး အိုဗာစထရိက ယူဆပါတယ်။ ကလေးငယ်ဘ၀မှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့  ထိန်းချုပ်ခံခဲ့ရတာမျိုး၊ မှီခိုအားထားတတ်တဲ့ အကျင့်နဲ့ နေထိုင်ရင်း ကယ်တင်ရှင်ကိုပဲ မျှော်လင့်နေတတ်တာမျိုး ၊ သည်လို အကျင့်မှား အသိမှားတွေက မသိစိတ်ထဲမှာ ကိန်းအောင်းသွားတာကြောင့် တာဝန်မယူတတ်တော့တာလို့ သူက ကောက်ချက်ချပါတယ်။

ဘာပဲဖြစ်ဖြစ် လူဟာ အမှီအခိုကင်းတဲ့ ဘ၀ကို ရောက်ဖို့  ကိုယ့်ဖာသာ ကြိုးပမ်းအားထုတ်ရမှာပဲလို့  ဆရာကြီးက ဆိုပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ တာဝန်ယူတတ်တဲ့ စိတ်တွေဟာ အလိုအလျောက် မဖြစ်လာတတ်ဘူး၊ ကိုယ့်ဖာသာ လေ့ကျင့်အားထုတ်ရလိမ့်မယ်၊ လူသားဟာ ရင့်ကျက်သူအဖြစ်ကို ရရောက်ဖို့  တာဝန်ယူခြင်း ကွင်းဆက်ကို ခိုင်မာအောင် လုပ်ရမယ်၊ တာဝန်ယူခြင်းကွင်းဆက် ချို့တဲ့အားနည်းရင် အချောင်သမား အဖြစ်ပဲ ရပ်တည်နေရလိမ့်မယ်လို့  သူက သတိပေးထားပါတယ်။ ။





ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet

မောင်သာမည

(ရင့်ကျက်မှုအတွက် ကွင်းဆက်များ -၂၀၀၃ စာအုပ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး ဖြစ်ပါ သည်။)


Credit to http://myanmarinsingapore.com/

ရင့်ကျက်သောစိတ်..။ (အပိုင်း ၁)

လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီးတက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခ

ဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။ အသက်အရွယ်ကြီးပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ်အဝေါ်တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။ အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။

လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြတာပါ။

လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက် ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ ဘယ်လောက် ဆင်းရဲကြမလဲ။

အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင် သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။

"နေရာမှန်ကို ရောက်ရှိခဲ့တဲ့ စိတ်ဓာတ်ရင့်ကျက်သူရယ်လို့  ကမ္ဘာ့သမိုင်းမှာ သည်နေ့ အထိ အလုံအလောက် မရှိသေးပါဘူး" လို့  ဂျီဘီ ချစ္စဟုမ်း (G.B. Chisholm) ဆိုတဲ့ စိတ်ကုဆရာ ၀န်တယောက်က ပြောဖူးပါတယ်။ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ နေရာယူထားတာကြောင့် နေရာမှန် လူမှန် ဆိုတဲ့ အခြေအနေမျိုး ရှားပါးနေရတာကို ဆိုလိုချင် ပုံရပါတယ်။

"အတ္တဟိတနဲ့ ပရဟိတကို ဟန်ချက်ညီညီ ဒွန်တွဲဖန်တီးပေးနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေ ယနေ့ အထိ လုံလုံလောက်လောက် မရှိသေးတဲ့အတွက် လူ့လောက ဟာလည်း ကသောင်းကနင်း ဖြစ်နေရတယ်" လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားဟာ သုံးစွဲလွန်းလို့  ဖွတ်ဖွတ်ကြေပြီး စွမ်းအားမဲ့ တဲ့ စကားလုံးတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် လူကြီးတယောက်ရဲ့ ဘ၀ကို မလွဲဧကန် ရောက်ရှိ မယ့် လူငယ်တွေအနေနဲ့  "ရင့်ကျက်မှု" ဆိုတဲ့ အသိစိတ်ဓာတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်လေ့ကျင့်တာမျိုးက အလွန်နည်းပါးနေပါသေးတယ်။

နောက်ပြီး အသိစိတ်ဓာတ် ရင့်ကျက်မှုကို သင်ကြားလေ့ကျင့်ပေးတဲ့ ပတ်ဝန်းကျင်ကလည်း ရှားပါးနေပါတယ်။စာသင်ကျောင်းတွေမှာလည်း သည်လို စိတ်ဓာတ် ဖွံ့ ဖြိုးရေးပညာကို စနစ်တကျ လေးလေး နက်နက် သင်ပေးတာမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဆိုရင် ဆရာဝန် အင်ဂျင်နီယာ စတဲ့ အသက်မွေးပညာတွေကိုပဲ ဘ၀ရဲ့ ထိပ်တန်း ရည်မှန်းချက်လို ဖြစ်နေအောင် ပညာရေးလောကက ဖန်တီးပေးနေပါတယ်။ သည်လို အတတ်ပညာတွေအပေါ်မှာပဲ အာရုံ စိုက် နေအောင် သင်ကြားပေးနေတာပါ။ ဒါပေမယ့် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး တယောက်ဖြစ် လာရုံနဲ့  အသိစိတ်ဓာတ်က အလိုလို ရင့်ကျက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်မှု ဆိုတာက လေ့ကျင့်ပွားများ ရတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။

ပါမောက္ခ အိုဗာစထရိက ရင့်ကျက်သော စိတ် ( The Mature Mind) ဆိုတဲ့ စာအုပ် တအုပ် ကို ရေးသားခဲ့ပါတယ်။ သည်စာအုပ်မှာ ရင့်ကျက်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် ရရှိဖို့ လိုအပ်ချက် တွေကို ရှင်းလင်းပြထားပါတယ်။ အဓိက တင်ပြထားတာ ကတော့ ရင့်ကျက်မှု ဆိုင်ရာ ကွင်းဆက် သဘောတရား(The Linkage Theory of Maturity) ဖြစ်ပါတယ်။

ရင့်ကျက်သူတယောက်ဖြစ်လာဖို့  ဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက် ခြောက်ခုကို ပါမောက္ခ အိုဗာစထရိက သည်စာအုပ်မှာ ရှင်းပြထားပါတယ်။

သည်ကွင်းဆက်တွေကတော့ အသိပညာ ကွင်းဆက်၊ တာဝန်ကွင်းဆက်၊ ပြောဆိုဆက်ဆံရေး ကွင်းဆက်၊ လိင်မှု ကွင်းဆက်၊ ကိုယ်ချင်းစာနာမှု ကွင်းဆက်နဲ့ ဒဿနအမြင်ကွင်းဆက်တို့  ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ တခုနဲ့ တခု ဆက်စပ်နေပြီး အပြန်အလှန် အထောက်အပံ့ပြု နေတဲ့အကြောင်း၊ သည်ကွင်းဆက်ခြောက်ခုကို ပြည့်ဖြိုးသန်မာအောင် ကြိုးစား အားထုတ်တဲ့ သူဟာ ရင့်ကျက်တဲ့စိတ်ကို ပိုင်ဆိုင်သူဖြစ်လာမယ့်အကြောင်း အိုဗာစထရိက ပြောပါတယ်။ ။



အသိပညာကွင်းဆက်

လူဟာ အသက်အရွယ်ကြီးမြင့်လာပေမယ့် စိတ်ဓာတ်ရင့်ကျက်တဲ့သူအဖြစ်ကို အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်သူ ဖြစ်လာဖို့ အတွက် လေ့ကျင့်ပွားများ ရမယ့်အရာတွေ

သပ်သပ် ရှိနေပါတယ်။ သည်လို လေ့ကျင့်ပွားများရမယ့် အရာတွေ အကြောင်း ကို ပါမောက္ခ အိုဗာစထရိ (Overstreet) က ကွင်းဆက်ခြောက်ခု သဘောတရား နဲ့ တင်ပြပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ လူသားရဲ့ ရှင်သန်မှုဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သူကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးနဲ့ ဆက်စပ် နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုထဲမှာ ပါဝင်တဲ့ အသိပညာ ကွင်းဆက်နဲ့  ပတ်သက်ပြီး အိုဗာစထရိက သည်လို စတင်ပြောပြပါတယ်။



- လူသည် မည်သည့်အသိပညာမှ မပါဘဲလျက် မွေးဖွားလာသည်။ သို့ သော် မွေးကင်းစ ကလေးငယ်တွင် သဘာဝကပေးသော ဗီဇအသိတချို့ ပါဝင်သည်ကိုမူ ၀န်ခံရမည်။ သူ့  အသက် ရှင်ဖို့ အတွက် မိခင်ဧ။် နို့ ကို မည်သို့ သောက်စို့ ရမည်ကိုကား ကလေးငယ် သိသည်။ ထိုသို့ သော ဗီဇသိမှ လွဲလျှင် အခြားအသိပညာ ဘာမှ မပါရှိ။ သူနှင့် ကမ္ဘာလောကကြီး အကြား မည်သည့် အသိပညာကွင်းဆက်မှ မရှိသေး။ အရေးအဖတ် အတွက်အချက် ကဲ့သို့  သော စွမ်းရည်များကို မဆိုထားဘိ။ အသက်ရှင်ရေးအတွက် လိုအပ်ချက်များကိုပင် ကျယ်ကျယ်ပြန့် ပြန့် မသိသေး။ သူ့ ကိုယ်ပေါ်က ခြုံစောင် ကွာကျသွားလျှင် အအေးမိပြီး နေထိုင် မကောင်းဖြစ်မည်ကိုပင် မသိသေးပေ။ ----



ကလေးငယ်မှာ အသိပညာ မပါရှိပေမယ့် အသိပညာကို ရယူနိုင်တဲ့ စွမ်းအားတွေတော့ ပါရှိနေတယ် ၊ ဒါပေမယ့် လူတွေဟာ သည်လို စွမ်းအားကို အသုံးမချနိုင်ဘဲ ၊ အသုံးချရ ကောင်းမှန်း မသိဘဲ သေဆုံးသွားတတ်တယ်လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ဆက်စပ်ဖို့ အတွက် အသိပညာကွင်းဆက်ကို မဖန်တီးရင် ကလေး ဘ၀ ကို ကျော်လွန်ရှင်သန်နိုင်မှာ မဟုတ် ၊ အသိပညာကွင်းဆက်ကို ခိုင်မာ သည်ထက် ခိုင်မာအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါမှ ကလေး ကလား ဆန်တဲ့ စိတ်ဓာတ်ကို ကျော်လွန်ပြီး ရင့်ကျက်သူ ဖြစ်လာမယ်လို့  သူက ဆိုပါတယ်။ ဒါပေမယ့် သူပြောတဲ့ အသိပညာ ဆိုတာက ဗဟုသုတသက်သက်ကို ဆိုလိုတာ မဟုတ်တဲ့အကြောင်း သည်လို ရှင်းပြပါတယ်။

- ရင့်ကျက်သူ ဖြစ်လာရန်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနဗေဒ စသည့် သီးခြား ဘာသာ ရပ်များအားလုံးကို သိရမည်ဟု ဆိုလိုသည်မဟုတ်။ ရင့်ကျက်မှုနှင့် ဗဟုသုတသည် တခြားစီ သာ ဖြစ်သည်။ တောလမ်းတလမ်းပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်သွားသည် ဆိုပါစို့ ။ နှစ်ယောက်စလုံးပင် လမ်းဘေးက သစ်ပင်ပန်းပင် များကို မြင်နေရမည်။ တယောက် က ယင်းသစ်ပင်ပန်းပင်တို့ ဧ။် သဘာဝကို သိပြီး ကျန်တယောက် ကတော့ မသိ ဟု ဆိုပါစို့ ။ ထိုအခြေအနေတွင် သိသူကို ရင့်ကျက်သူဟု သတ်မှတ်ပြီး မသိသူကို မရင့်ကျက်သူဟု သတ်မှတ်၍ မရနိုင်ပါ။



- ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့်သာ သက်ဆိုင်သည်။ သစ်ပင်ပန်းပင်တို့ ဧ။် အမည်နာမနှင့်သဘာဝတို့ ကို သိရန်လိုအပ်သည့် ဘ၀အခြေအနေတွင် သိရန်မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူ ဟု သတ်မှတ်ရမည်။ တကယ်မသိပါဘဲလျက် သိဟန်ဆောင်နေလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ ကိုယ့်မသိသည့် ပညာရပ်များကို ကိုယ်မသိသည့်အတွက် တန်ဖိုးမရှိသလို နှိမ့်ချပြောဆိုလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ သိသင့်သောအရာကို သိလည်း သိနိုင်ပါလျက် မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက်ဖျက်လျှင် မိမိကျင်လည် နေထို င် ရသော ပတ်ဝန်းကျင်လောကကြီးအပေါ် အရေးမစိုက်သည့် သဘောထား ဖြစ်သည့် အတွက် ထိုသူမျိုးကို မရင့်ကျက်သူဟုပင် သတ်မှတ်ရမည်။ ----



သက်ရှိသတ္တ၀ါတမျိုး ဖြစ်တဲ့ လူသားဟာ အသက်ရှင်ဖို့ လောက်ကိုသာ အာရုံမထားသင့်ဘဲ ကျန်တဲ့ အသိပညာတွေကိုလည်း အရေးထားပြီး အာရုံစိုက်သင့်တယ်လို့  ပါမောက္ခ အိုဗာစထရိက ယူဆပါတယ်။ လူမှာ ပါရှိတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချရကောင်းမှန်း မသိတဲ့သူတွေကို တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့  သူက မြင်ပါတယ်။ လူသားဟာ သူ့ မှာ ပါရှိနေတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချပြီး ၊ အသက်ရှင်သန်ဖို့ ထက် ပိုလွန်တဲ့ ပညာရပ်တွေကို တိုးတက်လေ့လာခဲ့တဲ့အတွက်ပဲ တိရစ္ဆာန်လောကထက် တဆင့် မြင့်တဲ့ လူသားလောကကို ရောက်ခဲ့တာလို့  သူက ဆိုပါတယ်။ ရင့်ကျက်မှုရှိတဲ့ လူသားတွေကြောင့်

လူသားလောကဟာ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတယ်လို့ သူက ကောက်ချက်ချရင်း သည်လို ဆက်ပြောပါတယ်။

- လူ သည် အသက်အရွယ်အရရော အဆင့်အတန်းအရပါ လူကြီးတယောက်ဖြစ်လာပြီး သားသမီးများ၊ တပည့်တပန်းများကို ဦးဆောင်ရမည့် အနေအထားကို ရောက်လာပါလျက် ထိုအနေအထားတွင် လိုအပ်သည့် အသိပညာမျိုးကို ရရှိအောင် ကြိုးစားအားထုတ်မှု မရှိလျှင် မရင့်ကျက်သူ ဖြစ်သည်။



- လူ့ အဖွဲ့ အစည်းအတွင်း နေထိုင်ရသော လူသားတွင် ရွေးချယ်ဆုံးဖြတ်စရာများ အများ အပြား ရှိနေသည်။ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသစရာများလည်း အများ အပြားရှိနေသည်။ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေး၊ ကမ္ဘာကြီးအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး စသော အလွန်အရေးပါတဲ့ ကိစ္စရပ်များတွင် ဆန္ဒပေးရခြင်းများ၊ ပါဝင်ဆုံးဖြတ် ရခြင်း များကို ဆောင်ရွက်ရသည်။ သို့ ပါလျက် သည်လို ကိစ္စရပ်မျိုးကို လေးလေးနက်နက် စိတ်ဝင်စားရကောင်းမှန်မသိဘဲ ပေါ့ပေါ့တန်တန် သဘောထားနေလျှင် မရင့်ကျက်သူ ဖြစ်သည်။ - - -

လူတယောက်အတွက် ဘ၀မှာ သိစရာတွေ အများအပြားရှိပါတယ်။သည်လို သိစရာတွေကို သိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်၊ အသက်ရှင်သန်နေသရွေ့  လိုအပ်တဲ့ အသိပညာကို ဆည်းပူးနေရမယ်လို့  အိုဗာစထရိက ဆိုပါတယ်။ စဉ်ဆက်မပြတ်ပညာရေး၊ သက်ကြီးပညာရေး စတဲ့ ပညာရေးလောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအပေါ်မှာ အိုဗာ စထရိရဲ့ အယူအဆတွေက အလွန်သြဇာရှိခဲ့တာပါ။ လူတယောက်ဟာ အသိ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာများမှာ ရင့်ကျက်မှုကို ရယူလိုတယ်ဆိုရင် အသိပညာ ကွင်းဆက်ကို စဉ်ဆက်မပြတ် တည်ဆောက် နေရပါမယ်။ အသိပညာကွင်းဆက်ကို တည်တံ့ ခိုင်မြဲအောင် လုပ်ဖို့ စဉ်ဆက်မပြတ် ပညာရေးကို လုပ်ဆောင်ရပါမယ်။ စဉ်ဆက်မပြတ် ပညာရေးကို လက်မခံရင် ဘာဖြစ်မလဲဆိုတာကို အိုဗာစထရိက သည်လို ရှင်းပြပါတယ်။

- လက်ရှိပိုင်ဆိုင်ထားသမျှ အသိပညာ ဗဟုသုတလောက်ကို လုံလောက်ပြီဟု ဆုံးဖြတ်ပြီး နောက်ထပ် ဆည်းပူးလေ့လာခြင်းမရှိသူသည် မရင့်ကျက်သူ ဖြစ်သည်။ ထိုသူမျိုးသည် အခြေအနေသစ်နှင့် ရင်ဆိုင်တွေ့ ရသည့်အခါ ဘာလုပ်ရမှန်း မသိတော့။ ပြဿနာ အသစ်များ နှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းဟောင်းများနှင့်သာ ဖြေရှင်းတတ်သည်။ သို့ ဖြင့် ပြဿနာ မပြေလည်ဘဲ ပိုရှုပ်ထွေးလာခြင်းသာ အဖတ်တင်တတ်သည်။ တရားသေနည်းလမ်း ဟောင်း များနှင့် တရားသေ၀ါဒများက သူ့ ဘ၀ကို ပုံဆောင်ခဲတခုအဖြစ် ဖန်တီးပစ်လိုက်သည်။ သို့  တိုင် သူကတော့ မာနတလူလူ ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေ တတ်သည်။ ဘာမှ ထပ်သိစရာ မလိုအပ်တော့သည့် လူတတ်ကြီးတယောက်လို ကိုယ့်ကိုယ် ကိုယ် ထင်မှတ်နေလေရာ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ်သို့  ရောက်မှန်းမသိ ရောက်သွားရတော့သည်။



- ကျမ်းဂန်စာပေ တတ်ကျွမ်းသည့် ပညာရှိကြီး ဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံး

ဖြစ်နေလျှင် စာမတတ်သည့် လယ်သမားတယောက်နှင့် ဘာမှ မထူးပြီ။ စာမတတ်သည့် လယ်သမားသည်လည်း သူ့ ဖခင် သင်ပေးသမျှနှင့် တင်းတိမ်နေပြီး အသစ်အသစ်သော စိုက်ပျိုးရေးပညာရပ်များကို လေ့လာခြင်းမရှိ ၊ အသုံးချရကောင်းမှန်း မသိသူ ဖြစ်သည်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း ကင်းမဲ့သည့် ပညာရှိနှင့် စာမတတ်ပေမတတ် လယ်သမားတို့  နှစ်ယောက်စလုံးပင် မရင့်ကျက်သူများ ဖြစ်သည်။------

ရင့်ကျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာကွင်းဆက်အကြောင်းကို တင်ပြပြီးတဲ့ နောက်မှာ " အသိပညာကွင်းဆက်ကို တည်ဆောက်ဖို့  ဘာကြောင့် ပျက်ကွက် ကြတာလဲ၊ တည်ဆောက်ပြီးသားကွင်းဆက်ကို ခိုင်မာအားကောင်းလာအောင် ဘာကြောင့် ဆက်ပြီး အားမထုတ်နိုင်ကြတာလဲ " ဆိုတဲ့ မေးခွန်းကို သူက ဆက်မေးပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းများကိုလည်း သည်လို ဆက်ဆွေးနွေးပြပါတယ်။

- အသိပညာကွင်းဆက်ကို တည်ဆောက်ရန် သို့ မဟုတ် ဘ၀တလျှောက်လုံး စဉ်ဆက် မပြတ်တည်ဆောက်ရန် ပျက်ကွက်ခြင်းမှာ အတွင်းအဇ္ဈတ္တရှိအကြောင်းရင်း များတွင် လည်းကောင်း၊ အပြင် ဗဟိဒ္ဓအကြောင်းရင်းများတွင်လည်း အခြေခံသည်။



- ပုံစံပြရလျှင် ကလေးဘ၀ကပင် အသိပညာလေ့လာဆည်းပူးချင်သော စိတ်ကို ပိတ်ဆို့ ဟန့်  တားခြင်း ခံခဲ့ရနိုင်သည်။ " မင်းက ငါ့ထက်သာအောင် ကြိုးစားနေတာပေါ့လေ ဟုတ်လား" ဟု ဖခင်ဖြစ်သူဧ။် ရိသဲ့သဲ့ ထိပါးပြောဆိုမှုမျိုးကို ခံခဲ့ရနိုင်သည်။ " သည်လို လောကီစာတွေ လေ့လာ နေရင်တော့ ပျက်စီးရုံပဲ ရှိမှာပေါ့" ဟု ဘာသာရေးဆန်သော မိခင်ဧ။် ဝေဖန်ပြောဆိုမှု မျိုးကို ခံခဲ့ရနိုင်သည်။ " ဆရာ့အချစ်တော် လာပြီဟေ့၊ တို့ ကစားဝိုင်းထဲ မပါစေနဲ့ " ဟု အတန်းတူ သူငယ်ချင်းများဧ။် ၀ိုင်းပယ်မှုမျိုးကို ခံခဲ့ရနိုင်သည်။ ထိုသို့ ပြုမူပြောဆိုခြင်း ခံခဲ့ ရလျှင် မသိစိတ်အတွင်းတွင် အသိပညာလေ့လာဆည်းပူးမှုကို မုန်းတီးသောစိတ် ကိန်း အောင်း သွားနိုင်သည်။ ကလေးဘ၀တွင် ကိန်းအောင်းသွားသောစိတ်သည် ဘ၀တလျှောက် လုံး သူ့ ကို လွှမ်းမိုးနေမည်။သို့ ဖြင့် အသိပညာကွင်းဆက်ကို တည်ဆောက်ရန် ပျက်ကွက်ရ တော့သည်။

- နောက်တယောက်က ထိုသို့ သော မသိစိတ်မျိုး မရှိ။ သို့ သော် မိဘဆွေမျိုး အသိုင်းအ၀ိုင်း နှင့် လိုက်လျောညီထွေ နေရခြင်းကိုသာ သဘောကျသည်။ အသိုင်းအ၀ိုင်းတွင် လွှမ်းမိုး သော ယုံကြည်မှုများ၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များကို စူးစမ်းဆင်ခြင်မှုမရှိဘဲ မျက်စိမှိတ် လက်ခံသည်။ ကိုယ်ပိုင်ဦးနှောက် မရှိသူဟု ဆိုရမည်။ မိသားစုဧ။် အလိုအတိုင်း နေသည်။ သူငယ်ချင်းအပေါင်းအသင်းများဧ။် အလိုအတိုင်း နေသည်။ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ လူများစုလုပ်သည့်အတိုင်း လိုက်လုပ်သည်။ ရှေးရိုး အစဉ်အလာအတိုင်း လိုက်လုပ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဘာမှ မရှိ။ ပတ်ဝန်းကျင်အလိုအတိုင်း လိုက်နေသည့် အတွက် သူ့ တွင် အသိပညာကွင်းဆက် ကင်းမဲ့နေရသည်။ ရှိလျှင်သော်မှ ယင်းကွင်းဆက် သည် ခိုင်မာခြင်းမရှိဘဲ ကျိုးပဲ့ပြတ်တောက်နေတတ်သည်။ သို့ ဖြင့် ထိုသူသည်လည်း ရင့်ကျက်ခြင်း ကင်းရလေတော့သည်။ ။

Credit to http://myanmarinsingapore.com/

စက်တင်ဘာ ၁၈

နေ့တစ်နေ့ကုန်ကာသွား၏..။ Assignmentတစ်ခုကလည်း မပြီးသေး..။ လက်စသတ်ရန်လိုသေးသည်..။ ကျန်တဲ့သူတွေလုပ်နေတဲ့နောက်တစ်ခုကလည်းမပြီးသေး..။ သူတို့ပြီးအောင်လုပ် မလုပ်အားကြသေးပေ..။

မုန့်ဟင်းခါးတော့ တစ်ခါချက်ဘူးသွားပြီ..။ အကောင်းကြီးမဟုတ်သော်လည်း စားဖြစ်ရုံထက်တော့ ပိုပါသည်..။ ဘာကြောင့်မှန်းမသိ..။ စားလိုက်တာနှင့် အီနေတာကို ခံစားရသည်..။ ဟင်းရည်ချက်သည့်အခါတွင်မတော့ ဆီမထည့်ပါ..။ သို့သော်အီကာနေ၏..။ ဟင်းရည်မှာလည်း ပျစ်လွန်းနေသည်..။ အကောင်းလွန်ကာသွားသည်..။

အဆိုင်းမင့်ကိုပြီးဆုံးအောင်ဘာလုပ်ရမလဲဆိုသည့် လမ်းစရခဲ့သည်..။ လုပ်ဖို့ပဲကျန်တော့သည်..။ မုန့်ဟင်းခါးချက်ဘူးသွားပြီ..။ မကောင်းသေးသော်လည်း နောက်တစ်ခါဘယ်လိုချက်ရမလဲဆိုတာ သိသွားပြီ..။ နေ့တစ်နေ့ကုန်ကာသွား၏..။ အကျိုးအမြတ်ကားဘာမှမရှိဟု ခံစားရသည်..။ သို့သော်မလုပ်ဘူးသေးတာတစ်ခု လုပ်ဘူးသွားတာ အမြတ်ဟုကြံဖန်ဖြေသိမ့်လျှင်ရသော်လည်း အစားအသောက်နှင့် စားကာသောက်ကာနှင့် အချိန်ကုန်၍နေနိုင်သေးသော ဘ၀မဟုတ်သေးသောကြောင့် ကြံဖန်ဖြေသော်လည်း အတွေးကမပျောက်နိုင်ပါ..။

အနံ့ Sensitive..။

မစံပယ်ငယ်စဉ်က မစံပယ်တို့အညာဘက် ဆောင်းရာသီသည် ပြောစမှတ်ပြုအောင် ချမ်းလှပါသည်..။ နွေနှင့်ဆောင်း အပူချိန်ကွာခြားချက်ကြီးလှသည်..။ နွေဍ္ဍ်အပူချိန် ၄၃ ဒီဂရီထိရှိတတ်သည်..။ ဆောင်းဍ္ဍ်အပူချိန်ဒီဂရီ ၁၈ လောက်ထိကျသည်..။ ထို့ကြောင့် မစံပယ်တို့အညာတွင် ပူသည့်အချိန်သာများနေရာ အေးသည့်အချိန်တွင် အအေးမခံနိုင်ကြပါ..။ မစံပယ်တို့အမေသည်ဆောင်းတွင်းရောက်တိုင်း ထင်းမီးဖိုကာ လှူံပါတော့သည်..။ အေးနေတုံးမိုးရွာလျှင် မစံပယ်အလွန်စိတ်ပျက်တတ်ပါသည်..။ အေးရသည့်အထဲ မိုးကရွာလိုက်သေးရာ မစံပယ်တို့ထိုအချိန်ကို ဘယ်လိုစိတ်ပျက်မှန်းမသိပါ..။ တန်ဆောင်မုန်းလများတွင် တစ်နှစ်တစ်လေဍ္ဍ်ထိုသို့ဖြစ်တတ်ပါသည်..။

မစံပယ်ငယ်စဉ်က (၆ တန်း ၇ တန်းလား..၊ ၈ တန်း ၉ တန်းလား မမှတ်မိပါ..။) ဆောင်းတွင်းကြီးအေးနေတုံး မိုးရွာပါသည်..။ မစံပယ်တို့အိမ်ဍ္ဍ် ထုံးစံအတိုင်း အမေကမီးဖိုပါတော့သည်..။ ထင်းများမှာလည်းစိုနေရာ စိုနေသောဟင်းများမှထွက်လာသည့်အနံ့တစ်မျိုးကို မစံပယ်မှာခေါင်းကိုက်ပါတော့သည်..။ ထင်းအမျိုးအစားမတူ၍ ထိုထင်းတုံးကြီးမှထွက်လာသောအနံ့မှာ မစံပယ်တစ်ယောက်သာ ခေါင်းကိုက်နေအောင်ခံရပါသည်..။ ကျန်သည့် အမေ၊အဖေ၊အစ်ကို၊ အစ်မ၊ ဦးလေးများဘယ်လိုမှမနေကြပါ..။ အနံ့ကတော့တစ်မျိုးထွက်တာမှန်ပါသည်..။ သူတို့တွေဘယ်လိုမှမနေကြပါ..။ မစံပယ်တစ်ယောက်သာ ခေါင်းကိုက်နေပါသည်..။

ယခုလည်းမစံပယ်ခေါင်းကိုက်နေပါသည်..။ မစံပယ်တို့နေသော တိုက်ခန်းသည် ဟင်းချက်လျှင် အနံ့မှာအိမ်တွင်းဍ္ဍ်ပင်ပြန်လုံးနေတတ်သည်..။ မနေ့ညနေက မစံပယ်နှင့်အတူနေရသောအခန်းဖော်က ခေါက်ဆွဲကိုမီးဖိုပေါ်ဍ္ဍ်ပြုတ်ထားခဲ့ကာ လူကအခန်းထဲလာ၍ ဇာတ်ကားကြည့်နေပါသည်..။ ခေါက်ဆွဲပြုတ်အိုးနူးလျှင်ပြေးသွားနိုင်ရန် တံခါးဖွင့်ထားရာ သူကတော့အနံ့နှင့်ပတ်သက်၍ခံနိုင်ရည်ရှိ၍လားမသိရပါ..။ မစံပယ်မှာ ဒီဘက်ကုတင်မှနေ၍ အနံ့နှင့်ခေါင်းကိုက်ကာ နားထင်မှသွေးကြောများ တဒိန်းဒိန်းနှင့်ခုန်သံပင် ကြားနေရပါသည်..။ ညတွင်လည်းစာမကြည့်နိုင်တော့ပါ..။ မစံပယ်မှာသွေးတက်အောင်ပင် ခံရခက်လှပါသည်..။ မစံပယ်ဟင်းချက်လျှင် တစ်ယောက်တည်းရှိချိန်မှအပ မီးဖိုတံခါးကိုဖွင့်ကာချက်ခဲပါသည်..။ မစံပယ်လိုအနံ့မခံနိုင်သူများ အနံ့ကြောင့်ခံရခက်မည်စိုးသောကြောင့်ဖြစ်ပါသည်..။ ခေါင်းကိုက်ကိုက်နှင့်အိပ်သွားကာ မနက်ဍ္ဍ်အစောကြီးနိုးနေပါသည်..။ မစံပယ်စိတ်တိုသောကြောင့် မနေ့ညကချက်ထားသောဟင်းအကျန်ကို ရေပြန်ရောကာ ငံပြာရည်နှင့်ငရုတ်သီးမှူံ့ထပ်ခပ်ပြီးတည်လိုက်ကာ အခန်းတံခါးဖွင့်ထားလိုက်ပါသည်..။ စိတ်ပုပ်သည့်မစံပယ်ပါ..။ အခန်းဖော်မှာအိပ်ပျော်နေဆဲ ဘာမှပင်သတိထားမိပုံမပေါ်ပါ..။ သူအလုပ်သွားကာနီးဆဲဆဲ တံခါးဖွင့်ကာဖီးလိမ်းပြင်ဆင်ဆဲ မစံပယ်နောက်တစ်ကြိမ်ထပ်လုပ်ပါသည်..။ ခံနိုင်ရည်မြင့်သည်ထင်ပါသည်..။ ဘယ်လိုမှနေပုံမပေါ်ပါ..။ မစံပယ်တမင်လုပ်မှန်း သိချင်သိနိုင်ပါသည်..။ သိလျှင်လည်းကောင်းပါသည်..။ ကိုယ်ခံရခက်လျှင် သူတစ်ပါးရောခံရခက်သည်ကို သိစေချင်သောကြောင့်ဖြစ်ပါသည်..။

ယခုမစံပယ်ကျောင်းမှပြန်ရောက်သောအခါ အခန်းဖော်မှာ အခန်းထဲဍ္ဍ်စားသောက်ထားပြန်ပါသည်..။ အဲကွန်းဖွင့်သောအခန်းထဲဍ္ဍ် အောက်သိုးသိုးနံ့ထွက်နေပါသည်..။ မစံပယ်မှာခေါင်းကိုက်လာပြန်ပါသည်..။ တစ်ဘက်မှအခန်းဖော်မှာတော့ ဘာနံ့မှမရဟု ဆိုပါသည်..။ တော်တော်ပင်ခံနိုင်ရည်မြင့်ပေစွ တကား..။ မစံပယ်မှာတော့ ခေါင်းကိုက်လှပါသည်..။ ဘာစားထားတာရှိလဲဟုမေးလိုက်သောအခါ စိတ်မရှည်သံဖြင့်ပြန်ဖြေပါသည်..။ အအေးပဲရှိသည်ဟု ဆိုပါသည်..။ မစံပယ်မှာတံခါးဖွင့်ကာနေရပါသည်..။ အလိုက်ကန်းဆိုးမသိသူများနှင့်နေရသောအခါ ဘ၀သည်နေမပျော်နိုင်ပါ..။ စိတ်ညစ်ရပါသည်..။

ငရုတ်ဆုံ သင်္ခန်းစာ..။

မစံပယ် မန္တလေးတွင် ကျောင်းနေစဉ်ကဖြစ်ပါသည်..။

သီးဆစ်အတွက် ကွန်ပျူတာသုံးရန် လျှပ်စစ်မီးအမြဲလိုမည်ဖြစ်သောကြောင့် မိန်းတက္ကသိုလ်ဝင်းထဲတွင် မီးအချိန်မှန်လာတတ်သောကြောင့် မိန်းဝင်းကြီးထဲတွင် အဆောင်နေရန် စီစဉ်ရပါသည်..။ မစံပယ်နေရမည့်အဆောင်ထားသည့် အိမ်တွင် မစံပယ်တို့သည် အပေါ်ထပ်တွင်နေရပါမည်..။ အိမ်တစ်အိမ်တွင် ၀န်ထမ်းနှစ်စုနေရသောကြောင့် အောက်ထပ်တွင် မိသားစုတစ်စုနေပါသည်..။ မစံပယ်တို့အပေါ်ထပ်တွင် မိန်းကလေးများချည်း နေကြပါသည်..။ အဆောင်ပိုင်ရှင်ဆရာမမှာ ရန်ကုန်မှလာရောက်အမှူထမ်းသော ချောမောလှပသည့် အိမ်ထောင်ရှင်မ ဆရာမတစ်ဦးဖြစ်ပါသည်..။ မိသားစုမပါဘဲ တစ်ယောက်တည်းနေသောကြောင့် အဆောင်ထားပါသည်..။

မစံပယ်ရောက်သွားသောအခါ ထိုဆရာမနှင့်အတူ မိန်းကလေးနှစ်ယောက် အဆောင်နေပါသည်..။ တစ်ယောက်မှာ ကျူရှင်ပြစားသူတစ်ယောက်..၊ တစ်ယောက်မှာ အလုပ်လုပ်သောတစ်ယောက်ဖြစ်ပါသည်..။ ကျူရှင်ပြစားသူတစ်ယောက်သည် ဟင်းအမြဲတမ်းချက်ပါသည်..။ အဆောင်ပိုင်ရှင်ဆရာမနှင့်အတူစားကြရာ သူမက ထမင်းဟင်းပုံမှန်ချက်တတ်ပါသည်..။ မစံပယ်မှာ ထမင်းဟင်းချက်ခွင့်မရသောအဆောင်မှပြောင်းလာကာစဖြစ်ကာ ထမင်းပေါင်းအိုးတည်နည်းကိုသာ မှတ်မိတော့လျက် ဟင်းချက်နည်းများမေ့ကုန်ကာ အစိမ်းကျော်လိုက်..၊ ကြက်ဥကြော်လိုက်နှင့် ပြီးနေပါတော့သည်..။


ထိုမိန်းကလေးမှာတော့ ထုလိုက်ထောင်းလိုက်..၊ ကြော်လိုက်လှော်လိုက်နှင့် မစံပယ်တို့မှာ သားရေကျရပါသည်..။ ထိုအိမ်အပေါ်ထပ်တွင် ငရုတ်ဆုံကြီးလည်းရှိနေပါသည်..။ မစံပယ်မှာ ဟင်းမယ်မယ်ရရမချက်သောကြောင့် ထိုငရုတ်ဆုံကြီးကို အသုံးမပြုဖြစ်ပါ..။ အောက်ထပ်မှဆရာမိသားစုကိုတော့ မစံပယ်က ရင်းနှီးနေပါသည်..။ ညနေတိုင်းကိုရီးယားကား သွားကြည့်သောကြောင့် ဖြစ်ပါသည်..။

တစ်နေ့လည်ခင်း မစံပယ်အပြင်မှပြန်ရောက်ခိုက် မစံပယ်တို့အပေါ်ထပ်တွင် အောက်ထပ်မိသားစုမှ ဆရာကတော် ရောက်နေသည်ကိုတွေ့ရပါသည်..။ အဆောင်ပိုင်ရှင် ဆရာမမရှိပါ..။ ကျန်သောအဆောင်သူဟောင်းနှစ်ယောက်ကိုသာ ဆရာကတော် နာ့စ်မနှင့်အတူတွေ့ရပါသည်..။ မစံပယ်အ၀တ်လဲနေစဉ် အောက်ထပ်မှနာ့စ်မ ထ ပြန်ပါသည်..။ မပြန်ခင်သူ့လက်ထဲတွင်ကိုင်လာသော ပိတ်စအဖြူလေးကို ကျူရှင်သင်သော အဆောင်သူအဟောင်းကို ပေးလိုက်ကာ ငရုတ်ဆုံထောင်းလျှင် ထိုအ၀တ်လေးခံထောင်းပေးပါဟုပြောကာ ဆင်းသွားပါသည်..။

ထိုဆရာမဆင်းသွားမှ ကျန်သောအဆောင်သူနှစ်ယောက်က ငရုတ်ဆုံထောင်းတာ နားငြီးလို့ ပညာသားပါပါ စကားရောဖောရောတက်လာပြီး အ၀တ်စုတ်လာပေးသွားတာဟုဆိုကာ အလုပ်လုပ်သောတစ်ယောက်က ကျူရှင်သင်သောတစ်ယောက်ကို ရယ်ပွဲဖွဲ့ကာပြောပါသည်..။ ကျူရှင်သင်သောတစ်ယောက်မှာ မျက်နှာမကောင်းပါ..။ မစံပယ်တို့အပေါ်ထပ်တွင် ငရုတ်ဆုံသုံးသည်မှာ ထိုတစ်ယောက်သာရှိပါသည်..။ ထို့ကြောင့်ထင်ပါသည်..။ မစံပယ် ညနေခင်း ဇာတ်ကားဆင်းကြည့်ချိန်တွင် မစံပယ်ကိုဟင်းချက်စားသလား..၊ ဘာဟင်းတွေချက်တတ်လဲဟု မေးဖူးသည်ကို အမှတ်ရလိုက်မိပါသည်..။ အစိမ်းကြော်နှင့် ကြက်ဥကြော်မှလွဲလျှင် မချက်ဖြစ်ကြောင်းဖြေလိုက်သောအခါ ငရုတ်ဆုံထောင်းသည်မှာ မစံပယ်မဟုတ်ကြောင်း ရိပ်မိသွားသည်ထင်ပါသည်..။

ထိုကဲ့သို့တက်ပြောချင်နေသည်မှာ ဘယ်အချိန်ကတည်းကမှန်း မသိရပါ..။ မစံပယ်တို့ မီးဖိုဆောင်နဲ့အောက်တည့်တည့်တွင် အောက်ထပ်မှဆရာမ၏မိခင် အဘွားအိပ်ပါသည်..။ အဘွားမည်မျှ ခံရခက်ပါမည်နည်း..။ အပေါ်ထပ်မှ ငရုတ်ဆုံထောင်းလျှင် ခေါင်းကိုလာထုသလို ခံရခက်ပါလိမ့်မည်..။ သူတို့ပြောဖို့ တာစူနေသည်မှာလည်း ကြာပြီထင်ပါသည်..။ မစံပယ်လာမှ ပြောဖို့အထမြောက်သွားသည်ဟု ထင်ပါသည်..။


ထိုအချိန်မှစ၍ မစံပယ်၏နောက်နောင်တစ်သက်တွင် ငရုတ်ဆုံအသုံးပြုပါက ကြီးကြီးသေးသေး အ၀တ်ခံ၍သာ သုံးပါတော့သည်..။ မစံပယ်တို့အိမ်တွင် ငရုတ်ဆုံမှာ မြေပေါ်တွင်ပင်ရှိရာ ခံစရာမလိုပါ..။ ငရုတ်ဆုံမှာလည်း အကြီးကြီးဖြစ်ပါသည်..။ ယခုစလုံးတွင်လည်း မစံပယ်တို့နေသောအိမ်ဍ္ဍ် အိမ်ရှင်ငရုတ်ဆုံ ထားထားခဲ့ရာ မစံပယ်မှာ ငရုတ်ဆုံသုံးတိုင်း မန္တလေးမှအဖြစ်အပျက်ကိုအမှတ်ရမိနေသောကြောင့် အမျိုးသမီးများ သတိပြုမိစေခြင်းငှာ အမျိုးသမီးကဏ္ဍအတွက်ရည်ရွယ်ရေးသားလိုက်ရပါတော့သည်..။

ကျန်ဖို့ခဲယဉ်းမည်..။

မစံပယ်တို့အိမ်သည် မြန်မာနိုင်ငံအထက်ပိုင်းမှ တောတောင်နှင့်မနီးမဝေးနေရာတွင် ရှိလေသည်..။ မစံပယ်တို့ငယ်စဉ်က အမေကအိမ်နောက်ဖေးလမ်းမှဖြတ်သွားသော လှည်းများကိုတားကာ လှည်းအပြတ်ထင်းများဝယ်လိုက်လေသည်..။ အမှန်မှာအိမ်အတွက်လုံလောက်ရုံဝယ်ရင်းမှ ထားစရာနေရာလည်းရှိနေသောကြောင့် လာသမျှလှည်းများကိုတားကာ အိမ်အတွက် တစ်နှစ်စာလိုအပ်သည်ထက်ပိုအောင်ဝယ်ကာ ထင်းရောင်းပါတော့သည်..။ မစံပယ်တို့ငယ်စဉ်က ကစားရင်းပြန်လာလျှင် အိမ်ဍ္ဍ်ထင်းဝယ်သည့်အချိန်နှင့်ကြုံလျှင် ထင်းဝင်ကာသယ်ပေးရပါသည်..။ ထို့နောက်ညနေတိုင်းလာဝယ်သော အကြော်ဆိုင်မှ ထင်းဖောက်သည်များကို နောက်မှလိုက်လံစောင့်ကြည့်ပေးရပါသည်..။ ထိုစဉ်ကဘာမှမစဉ်းစားတတ်ပါ..။ လူကြီးများခိုင်းသောကြောင့်လုပ်လိုက်သည်..။ ထိုအလုပ်၏အကျိုးအပြစ်ကို မစဉ်းစားတတ်ခဲ့ပါ..။

ယခုတော့ မစံပယ်တို့အိမ်တွင် ထင်းမရောင်းတော့ပါ..။ ထင်းမစား မီးသွေးမီးဖိုကိုပြောင်းလဲသုံးစွဲလာသည်ကို တွေ့ရပါသည်..။ မစံပယ်က လျှပ်စစ်မီးဖိုဝယ်ပေးသော်လည်း မီတာခက မီးသွေးဖိုးထက် ဈေးကြီးသောကြောင့်လား..၊ မီးပုံမှန်မလာ၍လားမသိရပါ..။ အမေသုံးတာ သိပ်မတွေ့ရပါ..။ ထိုကဲ့သို့ ကျေးလက်တောရွာ..၊ မြို့ကြီးပြကြီးအကုန် ထင်းမီးနှင့် မီးသွေးမီးကိုသာသုံးကြရာ မည်သည့်တောများ မပြုန်းခံနိုင်ရိုးနည်း..။ အပင်ပေါက်နှူန်းက မည်မျှရှိမည်နည်း..။ လူများခုတ်သည့်နှူန်းက မည်မျှရှိမည်နည်း..။ တကယ်ဂွကျသော ကိစ္စဖြစ်သည်..။

သစ်တောသစ်ပင်ချစ်မြတ်နိုးလို့..၊ နားလည်လို့..၊ဘာလို့ညာလို့မဟုတ်ရပါ..။ ထိုမီးသွေးမီး..၊ ထင်းမီးများသုံးနေတာတွေ့ရတိုင်း နလပိန်းတုံးအသိဖြင့် စိတ်မချမ်းမသာဖြစ်ရသည်ကတော့ အမှန်ဖြစ်ပါသည်..။ ဘယ်တော့များမှ သစ်တောသစ်ပင်ကိုထိန်းသိမ်းနိုင်သောအသိဥာဏ်ရှိသည့် ပြည်သူများအတွက်အမှန်တကယ်လိုအပ်သည်ကို လုပ်ကိုင်ပေးနိုင်မည့်သူ ပေါ်ပေါက်လာနိုင်ပါမလဲ..။

သူတစ်ပါးတိုင်းပြည်ကိုရောင်းစားနေသော ဓာတ်ငွေ့များကို ပြည်တွင်းမှပြည်သူများ ထင်းအသုံးပြုရသက်သာအောင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်လျှင် ကောင်းလေစွ..။ ထိုအတိုင်းဆိုလျှင် သစ်ပင်ခုတ်ရသက်သာလာသောကြောင့် သစ်ပင်များ အချိန်ကြာကြာပေါက်ရောက်ခွင့်ရနိုင်ပေစွဟု ခန့်မှန်းရပေသည်..။

တကယ်ကတော့ ဘာနားလည်လို့ ညာနားလည်လို့မဟုတ်ပါ..။ ထင်းမီး..၊ မီးသွေးမီးအသုံးကို လျော့နည်းစေချင်သော စိတ်ကြောင့် စိတ်မချမ်းမသာဖြစ်ရသောအကြောင်းတစ်ခုကို ချရေးလိုက်ခြင်းသာ ဖြစ်ပါသည်..။

ခလုတ်တိုက်မိသော စရိုက်များ (၃)..။

တစ်ရံရောအခါက သိပ္ပံပညာရှင်တစ်ယောက်(အိုင်စတိုင်းဟုထင်ပါသည်။ မသေချာပါ..။)ကို ချောမောလှပသော အမျိုးသမီးတစ်ယောက်က ပြောပါသည်တဲ့..။ ရှင်နဲ့ကျွန်မသာညားရင် ကျွန်မလိုရုပ်ချောပြီး ရှင်လိုပညာတော်တဲ့ ကလေးလေးတွေ မွေးလာမယ်နော် ဟူ၏..။ သိပ္ပံပညာရှင်က ပြန်ပြောပါသည်တဲ့..။ ငါလိုရုပ်ဆိုးပြီး နင်လိုအသုံးအဖြုန်းကြီး(ဒါလည်းမသေချာပါ..။)တဲ့ ကလေးတွေ မွေးလာရင် ဘယ်လိုလုပ်မလဲဟူ၏..။ မိန်းမခပ်ဆိုးဆိုးများနှင့်အိမ်ထောင်ကျကြကုန်သောအမျိုးသားတို့သည် တွေးခေါ်ပညာရှင်များ ဖြစ်လာကြ၏ ဟူ၏..။ ထိုအဆို မှန်မမှန် မစံပယ်သေချာမသိပါ..။ မစံပယ်သိသလောက်မှာတော့ သူတစ်ပါးအတွက် ထည့်စဉ်းစားပေးတတ်သောအကျင့် ထည့်မပေးလိုက်နိုင်သော မိဘများ၏ သားသမီးများနှင့်နေရသည်မှာ တွေးခေါ်ပညာရှင်ဖြစ်လုလုပင် စဉ်းစားတွေးတောကာ ထိန်းသိမ်းနေရပါသည်..။

သူတစ်ပါးအတွက် စဉ်းစားပေးရန် ဆိုဆုံးမပေးလိုက်ခြင်းမခံခဲ့ဘူးသော သူ..။

မနက်အလုပ်သွားလျှင် တံခါးကို မပိတ်ဘဲသွား၏..။ အတွင်းမှလူမှာ အိပ်ပျော်လျက်ကျန်နေခဲ့သည်..။ သူကအလုပ်အစောကြီးသွားရသည်..။ အခန်းတံခါးပိတ်ပေးသွားရမှန်းမသိပါ..။ တမင်ပင် သူအလုပ်သွားချိန် သူ့ကုတင်ဘက်ခြမ်းလေ၀င်ရန်ဆိုကာ လမ်းမှတိုက်ရိုက်မြင်နေရသော အခန်းတံခါးကို တမင်ဖွင့်ကာ အလုပ်သွား၏..။

သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရသော သူ..။

နိုးလာသောအခါ တံခါးဖွင့်ရက်ကြီးတွေ့ရသဖြင့် ဒေါသဖြင့် စိတ်တိုကာသွားသည်..။ တံခါးဖွင့်သွားသူ အလုပ်ကိုဖုန်းဆက်ကာ ရန်ထောင်ရမလားဟု စဉ်းစားမိသည်..။ သူအလုပ်အကိုင်ပျက်မှာ မလိုလားသောကြောင့် မပြောဘဲ နေလိုက်သည်..။ ထိုအခါသည် ထိုသူနှစ်ယောက် တစ်ခန်းထဲမှာ အတူစနေကြအချိန်..။ နောက်တစ်ခေါက် ထပ်ဖြစ်မှပဲပြောတော့မည်ဟု စိတ်ကိုဖြေလိုက်သည်..။ နောက်တစ်ရက်ခြားသောအခါ တံခါးဖွင့်ထားခဲ့ကာ အလုပ်သွားပြန်၏..။ ထိုအခါတွင်လည်း ဆိုဆုံးမခံခဲ့ရသူသည် မပြောသေးဘဲ အချိန်စောင့်၏..။ တနင်္ဂနွေတစ်ရက် အိမ်တွင်အေးအေးလူလူရှိကြချိန်ကိုရွေးကာ ဆိုဆုံးမခံခဲ့ရသူက ဆိုဆုံးမမခံခဲ့ရသူကို တံခါးဖွင့်သွားလျှင် လမ်းမဘက်မှ အိပ်နေသည့်နေရာကို လှမ်းမြင်နိုင်သောကြောင့် တံခါးဖွင့်မသွားရန်ဆိုသည့်အကြောင်းကို လေအေးအေးနှင့် ပြောရ၏..။ အမှန်တကယ်မှာမူ ထိုနှစ်ရက်လုံး ဒေါသနှင့် ဆွေ့ဆွေ့ခုန်နေခဲ့သည်..။ ပထမတစ်ရက် သူမေ့လို့နေမှာပါ..။ နောက်ရက်ဆက်မလုပ်ရင် မပြောတော့ဟု စိတ်ဖြေခဲ့သည်..။ တစ်ရက်ခြား၌ ဒုတိယအကြိမ်ဆက်လုပ်သွားသည်..။ ချက်ချင်းမပြောသေးပါ..။ အလုပ်ပိတ်ရက်မှပြောခဲ့သည်..။ ထို့အတွက် ဆိုဆုံးမခံခဲ့ဘူးသူသည် မိမိလုပ်ရပ်မှန်သည်ဟု မိမိကိုယ်ကိုထောက်ခံအားပေးလျက်ရှိခဲ့သည်..။


သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း မခံခဲ့ရဘူး သူ..။

နေ့လည်နေ့ခင်းတွင်လည်းကောင်း...၊ ညဦးယံတွင်လည်းကောင်း အခန်းထဲ၌ ဖုန်းကို အော်ကြီးဟစ်ကျယ် ပြောရန် ၀န်မလေးသူ...။ တိုးတိုးသက်သာပြောရန်ကိုလည်းကောင်း...၊ အခန်းအပြင်သို့ထွက်ကာပြောရန်ကိုလည်းကောင်း စိတ်ကူးမျှပေါ်လျှင်ပင် သူတစ်ပါးအောက်ကျသည်ဟု ယူဆပုံရှိပါသည်..။ အခန်းထဲတွင် တစ်ယောက်ထဲရှိနေသည့်အလား..၊ အခန်းတစ်ခန်းထဲတွင် သူတစ်ယောက်ပဲနေသည့်အလား သူ့ကုတင်ဘက်မှနေ၍ အော်ကြီးဟစ်ကျယ် ဖုန်းပြောကာ ရယ်မောနေတတ်၏..။ (အသံမှာမည်မျှကျယ်ပါသနည်းဆိုမူ မိမိတို့အိမ်အပြင်ဘက်ကိုလွန်၍ တစ်ခြားအိမ်၏ မျက်နှာသာမှပင် အတိုင်းသားကြားနိုင်အောင် ကျယ်လှသည်..။)

သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရ သူ..။

အံ့သြခြင်းကြီးစွာဖြစ်ရပါသည်..။ သူသည်လည်း အသံကျယ်တတ်ပါသည်..။ သို့သော်အခန်းထဲ မိမိတစ်ယောက်တည်းနေရချိန်မဟုတ်သည့်အခါများမှာမူ အသံကျယ်ကျယ်ထွက်ဖို့ ခဲယဉ်းတတ်ပါသည်..။ အသံကျယ်ကျယ်ပြောချင်ပါကဧည့်ခန်းသို့သွားကာ ဘေးမှာတစ်ယောက်မှမရှိချိန်တွင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်လောင်လောင်ပြောပါသည်..။ အခန်းထဲတွင် မိမိမဟုတ်သော ဘေးမှတစ်ယောက်ယောက်ရှိချိန်တွင် အသံကျယ်ကြီးထုတ်ကာပြောဖို့ ဘယ်လိုမှမဖြစ်နိုင်အောင် ၀န်လေးတတ်ပါသည်..။

ခလုတ်တိုက်မိသော စရိုက်များ (၂)

မစံပယ်တို့အိမ်တွင် အမေ နေ့ခင်းနေ့လည်အိပ်သည့်အခါ အနားမှဖြတ်သွားလျှင် ခြေသံမကြားအောင်..၊ ပစ္စည်းတစ်ခုခုယူလျှင် အသံမထွက်အောင် ယူရ လုပ်ရပါသည်..။ တစ်ခါက မစံပယ်ခြေသံပြင်းသွားသောကြောင့် အိပ်နေတာမသိဘူးလားဟု အငေါက်ခံရပြီးကတည်းက မစံပယ်မှာ မည်သူအိပ်အိပ် ကိုယ့်ကြောင့်အနှောင့်အယှက်မဖြစ်အောင် နေရမည်ဟု သတိထားမိကာ ထိန်းသိမ်းနေခဲ့ပါသည်..။ ဘယ်မှာနေနေ အိပ်သည့်သူရှိလျှင် မစံပယ်အသံထွက်အောင် မလုပ်တော့ပါ..။ မလုပ်မဖြစ်လုပ်ရမည်ဆိုပါက အတတ်နိုင်ဆုံး တိုးတိတ်ညင်သာစွာ လုပ်ဖို့ကြိုးစားခဲ့ပါသည်..။ မစံပယ်အိပ်နေစဉ် အသံထွက်ကာဆူညံကြလျှင် မစံပယ်လည်းမကြိုက်..။ ထို့ကြောင့် သူတစ်ပါးအိပ်နေစဉ်လည်း မစံပယ်ဆူညံအောင် မလုပ်မိအောင် ထိန်းသိမ်းသည်..။ မစံပယ်တွင် ထိုသို့သောအသိ ရခဲ့သည်..။

မစံပယ်စင်ကာပူရောက်သောအခါ တစ်ခါမှမသိဘူးသော မိန်းကလေးများနှင့် အတူတူနေရပါသည်..။ ထိုမိန်းကလေးများမှာ အတန်းပညာ အတော်ရကြသည်ဟုဆိုလျှင်ရနိုင်ကြသော်လည်း သူတစ်ပါးအတွက် အလိုက်ကန်းဆိုးသိရမည်ကို ထိုမိန်းကလေးများ၏ ကျောင်းမှလည်းကောင်း..၊ အိမ်မှလည်းကောင်း..၊ မိခင်မှလည်းကောင်း..၊ ဖခင်မှလည်းကောင်း စကားစပ်၍ပင် သင်ကြားခဲ့ဘူးခြင်း ရှိခဲ့ကြပုံ မပေါ်ကြပေ..။ တမင်တကာပင် သေချာမသင်ဘဲထားခဲ့ကြရော့သလား..၊ သင်ရကောင်းမှန်းပင် မသိကြ၍ အသင်မခံခဲ့ရသည်လား တစ်ခုခုပေ..။တစ်ခုခုစိတ်ထားမတိုက်ဆိုင်လျှင် ထိပ်တိုက်ဆွေးနွေးဖို့ ရှောင်ရှားကြပြီး တံခါးများကိုသာ အငြိုးထား၍ ဆောင့်ပိတ်ကြရာ မစံပယ်မှာ ရယ်ရအခက်..၊ ခံရအခက်ဖြစ်နေပါသည်..။ တစ်ယောက်ယောက်ကိုမကြိုက်လျှင် ပွင့်ပွင့်လင်းလင်း မပြောကြပေ..။ မုန်းခံရမည်စိုးကြသောကြောင့် တံခါးများကိုသာ အရွဲ့တိုက်၍ဆောင့်ပိတ်ကြလေသည်..။ မစံပယ်တို့အိမ်ပိုင်ရှင်များသိလျှင် သူတို့တံခါးများအတွက် ရင်မ နေကြလောက်သည်..။

မိန်းကလေးများမှာ ခေတ်ပေါ်ပစ္စည်းများကိုသာ အငမ်းမရ၀ယ်ယူသုံးစွဲ၍ တစ်နေ့တစ်မျိုးမရိုးစေရန် အလှပြင်ဆင်နေကြသော်လည်း စိတ်ဓာတ်များမှာမူ အောက်တန်းသို့တစ်နေ့တစ်ခြား နိမ့်ဆင်းလာလျက် ရှိနေလေသည်..။ ဆံပင်ကိုဘယ်လိုပေါင်း ဘယ်လိုတွန့်လျှင်ကောင်းမလဲ..။ ဘယ်ဟာကို ဘယ်လိုစပ်ဟပ်ဝတ်လျှင်ကောင်းမလဲဆိုသည်များကိုသာ တစ်နေ့တစ်မျိုးမရိုးအောင် အားထုတ်နေကြပြီး စိတ်ထားကိုမူ ပိုကောင်းလာအောင်..၊ ပိုဖြူစင်လာအောင် ကြိုးစားအားထုတ်ကြသည်ဟု တစ်ရံတစ်ဆစ်မှ မကြားမိပါ..။ စိတ်ထားများမှာမူ တစ်နေ့ထက်တစ်နေ့ ညစ်သထက် ညစ်လာကြသည်ကိုသာ တွေ့နေရသည့်မစံပယ်မှာ စိတ်မချမ်းသာလှပါ..။ အမုန်းခံ၍တစ်ခါနှစ်ခါ ပြောသည်မှာပင် တံခါးဆောင့်ပိတ်ခံရခြင်းသာ ခံလိုက်ရသောကြောင့် ပြောဖို့ဆိုဖို့ ဆုတ်ဆိုင်းမိရတော့သည်..။

သူတို့ရွဲ့သလို မစံပယ်ပြန်ရွဲ့လိုက်သောအခါ.... မစံပယ် ကိုယ့်ကိုယ်ကိုပင် စက်ဆုပ်သွားပါ၏..။ အိုးကားရွဲ့လျက်ရှိကြကုန်၏..။ စလောင်းမှာအတည့်အတိုင်းကျန်ရန်ကြိုးစားလျက်ရှိ၏..။ အိုးရွဲ့သည့်အတိုင်း စလောင်လိုက်မရွဲ့မိရန် ကြိတ်မှိတ်ကြိုးစားလျက် ရှိပေတော့သည်..။ ဤသည်လည်း တစ်ဒုက္ခဟုသာ ငြီးတွားမိပါတော့သည်..။

ခလုတ်တိုက်မိသော စရိုက်များ (၁)..။

မစံပယ်က စကားပြောတာရိုင်းတဲ့သူဖြစ်ဖြစ် အပြုအမူရိုင်းတဲ့သူဖြစ်ဖြစ်နဲ့ စကားပြောရတာ စိတ်ကသိကအောက်ခံစားရပါတယ်..။ အဲဒီထဲကမှ မစံပယ် ကသိကအောက်ခံစားခဲ့ရတာတစ်ချို့ကို ရေးပြချင်ပါတယ်..။

မစံပယ်က အခုကျောင်းတက်ဆဲ နောက်ဆုံး semester ကိုရောက်နေပါပြီ..။ အဲဒီတော့ မစံပယ်ကျင်လည်ရတာ ကျောင်းပတ်ဝန်းကျင်ရယ်..၊ အိမ်ရယ်ဖြစ်ပါတယ်..။ အရင်ဆုံးကျောင်းမှာ အဆိုင်းမင့်အတူတွဲလုပ်ကြတဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်..။ မစံပယ်ကျောင်းစတက်မယ်ဆိုတော့ အရင်နှစ်ကပြီးထားပြီးသား ကျောင်းသူက အဆိုင်းမင့်လုပ်ရင် မြန်မာတွေနဲ့တွဲမလုပ်ဖို့ ပြောပါတယ်..။ မစံပယ်အတန်းစတက်တော့ စလုံးတွေနဲ့တွဲဖို့ မဖြစ်နိုင်မှန်းသိလာတာက မမိစကားကို သူတို့ နားမလည်ပါဘူး..။ သူတို့ကိုနှစ်ခါနှစ်ခါပြန်ပြောနေရတာနဲ့ မမိလည်း သူတို့နဲ့စကားပြောဖို့ တွန့်နေပါတော့တယ်..။ အဲဒါနဲ့ မြန်မာနှစ်ယောက်က လာအဖော်စပ်တာနဲ့ သူတို့နဲ့ပဲတွဲလုပ်လိုက်ပါတယ်..။

ပထမဆုံးစလုပ်တဲ့အဆိုင်းမင့်က ခေါင်းစဉ်ကိုအရင်တင်ရမှာဖြစ်ပါတယ်..။ ဘယ်အကြောင်းအရာကိုတင်တင်ရတယ်ဆိုတော့ မစံပယ်တို့က ကျောင်းဒေတာဗေ့စ်ထဲကနေ စာကိုအရင်ရှာပြီး ကိုယ်နည်းနည်းပါးပါးပြင်ရေးပြီး လိုင်ဘရီမှာစာရှာတဲ့ထောင့်ကနေ ပြန်ရေးပြရမှာဖြစ်ပါတယ်..။ အဲဒီတော့ အကြောင်းအရာထက် လိုင်ဘရီဘက်က နည်းပညာကိုပိုပြီးဦးစားပေးပါတယ်..။ အဲဒီတုံးက မစံပယ်က အဆိုင်းမင့်ကဘာကိုလိုချင်မှန်း ဘာကိုဦးတည်မှန်း သိပ်သဘောမပေါက်သေးပါဘူး..။ မစံပယ်တို့အဖွဲ့ထဲက တစ်ယောက်က သူက အတန်းကြီးတဲ့သူနဲ့အဆောင်မှာတစ်ခန်းတည်းတူနေတဲ့အတွက် ဘာလုပ်ရမယ်ဆိုတာ သူကသဘောပေါက်နေပါပြီ..။ အဲဒီနေ့မနက် ခေါင်းစဉ်ရွေးဖို့တစ်နေရာမှာစုံပြီး ခေါင်းစဉ်အတွက် ဒေတာဗေ့စ်ထဲက ပေပါတွေရှာတော့ အဲဒီတစ်ယောက်က သူရှာလာတဲ့စာတွေကို ပြပါတယ်..။ မစံပယ်က သူရှာလာတဲ့ခေါင်းစဉ်တွေထဲကမှ ဘယ်အကြောင်းအရာကို ကိုယ်ပြန်ရေးနိုင်မလဲဆိုတာ စဉ်းစားနေပါတယ်..။ အဲဒီမှာ အဲဒီတစ်ယောက်က ဒီခေါင်းစဉ်ဆိုကောင်းမယ်ဆိုပြီး စာတစ်ပုဒ်ပြလာပါတယ်..။ အဲဒီခေါင်းစဉ်က မစံပယ်တို့ မြန်မာနိုင်ငံမှာတုံးက ခက်တယ်လို့နာမည်ကြီးတဲ့ ဘာသာရပ်ကပါ..။ မစံပယ်ကအဲဒါဆိုရင်တော့ မလုပ်ချင်တော့ သူကလုပ်ချင်တယ်ဆိုတော့ လုပ်နိုင်မလားဆိုတာ သေချာစဉ်းစားနေတဲ့အချိန်..။

မစံပယ်ရဲ့လက်တော့ပ်မျက်နှာပြင်ကို တဒေါက်ဒေါက်နဲ့လာထောက်ပြီး ဒါကဘာပြောတာ ဒါကဘာပြောတာ ဒါလေးတောင်မသိဘူးလားဆိုတော့ မစံပယ် တော်တော်ကိုခံရခက်ပြီး အောင့်သွားပါတယ်..။ ကိုယ်ကရှေ့ဆက်လည်း လုပ်ရဦးမှာ..။ အဖွဲ့ပြောင်းမယ်ဆိုလည်း မလွယ်တော့တာနဲ့မို့ ရေရှည်ကိုကြည့်ပြီး သည်းခံလိုက်ရတာ..။ တော်တော်မလွယ်ပါလား..။ လူတစ်ယောက်ကိုဒီလိုမဆက်ဆံရဘူးဆိုတာ သူတို့အိမ်က သင်ပေးနိုင်ပုံမပေါ်ဘူး..။ တော်တော်စိတ်ပျက်ဖို့ကောင်းအောင်ကိုရိုင်းတာပဲလို့ မစံပယ်မှတ်ချက်ချပြီး နောက်အတန်းတွေမှာ အဲဒီကောင်မလေးကို အခေါ်အပြော အဆက်အဆံမလုပ်တော့ဘဲ နေလိုက်ပါတော့တယ်..။

အတန်းတူချင်း အသက်ကမစံပယ်ကပိုကြီးတာတောင်မှ ဒီလိုစကားမျိုးသုံးပြီးပြောထွက်တာ တော်တော်အံ့သြဖို့ကောင်းပါတယ်..။ လောကနီတိကို မသိတဲ့သူတွေ တော်တော်များပါလားလို့ မှတ်ချက်မိပါတယ်..။

အမေကြီး..။

အမေ့အမေကို ဘယ်လိုခေါ်ရသလဲဆိုတာ မစံပယ်တိတိကျကျ မသိပါဘူး..။ မစံပယ်တို့ကတော့ အမေ့အမေကို အမေကြီးလို့ခေါ်တယ်..။ မစံပယ်တို့ငယ်ငယ် အမေကြီးတို့ဆီအလည်သွားပြီဆို မုန့်ဖက်ထုပ် ပူပူလောလောထုပ်ပြီး ကျွေးတတ်တဲ့ အမေကြီးကို မစံပယ်အမြဲသတိရပါတယ်..။

အမေတွေအတွက်တော့ ကိုယ့်သားသမီးကဘယ်အရွယ်နေနေ သူတို့မျက်စိထဲ သူတို့အသိထဲမှာတော့ သမီးဟာသမီးပါပဲ..။ မစံပယ်တို့အဖေဆုံးတော့ အဖေ့အသုဘချပြီးတဲ့ညမှာ မစံပယ်တို့အမေကြီးက ရယ်စရာတွေပြောပြီး တဟားဟားနဲ့အော်ရယ်နေတာ တွေ့ရပါတယ်..။ မစံပယ်တို့ကတော့ရိပ်မိနေတယ်...။ အမေကြီးက သူ့သမီးရဲ့သောကကို နည်းနည်းမှသက်သာသက်သာဆိုပြီး ရယ်စရာတွေပြောပေးနေတယ်ဆိုတာလေ..။

အမေကလည်း တစ်လနှစ်လလောက် သိသိသာသာကို စကားနည်းညှိုးငယ်သွားလိုက်တာ..။ ဒီသမီးကိုစိတ်ပြေအောင် စိတ်သက်သာအောင်လုပ်ပေးနေတဲ့အမေကြီးရဲ့ မိဘမေတ္တာကိုခံစားရတာ ပီတိဖြစ်ဖို့ကောင်းပါတယ်..။

အမေကြီးကစာမတတ်တဲ့ တောထဲက တောသူ..။ ဘဘက မူလတန်းကျောင်းအုပ်ဆရာ..။ စာမတတ်တဲ့အမေကြီးက သားကိုသခင် လင်ကိုဘုရား၊ ဘဘ ဘာကိုပဲ တလိုက် တလိုက် ခုချက်ချင်း သူလုပ်နိုင်တာဆိုထလုပ်ပေးလိုက်တာ အမေကြီးရဲ့ ကြီးမားတဲ့မေတ္တာပါ..။ လောကဓံကိုခါးစည်းခံခဲ့ရင်း ခုဆိုရင်တော့ ဘ၀နေ၀င်ချိန်ကိုရောက်နေပြီပေါ့..။

ဘလော့တစ်ခုကိုသွားဖတ်ရင်း အမေကြီးကိုသတိရလာလို့ မှတ်တမ်းတင်ထားလိုက်တာပါ..။ အမေကြီး ကျန်းမာ ချမ်းသာစွာရှိပါစေလို့ မြေးမဆုတောင်းပေးလိုက်ပါတယ်..။

ရာတာရောက်ရောက်..။

မစံပယ်စိတ်ထဲစာတွေရေးနေမိတာ များပြီ..။ တကယ်တမ်းကျတော့ ချမရေးဖြစ်ဘူး..။ တကယ်စဉ်းစားတွေးခေါ်ပြီးရေးထားတဲ့ အက်ဆေးပုံစံဘလော့တစ်ခုကိုဖတ်ရင်း မစံပယ်လည်း အဲလိုအက်ဆေးတွေရေးစရာမှအများကြီးဆိုတာ တွေးမိပြီး စိတ်ကူးထဲကနေရေးနေလိုက်တာ တကယ်ချရေးမယ်ဆိုတော့ ဟိုဟာရေးရမလိုလို ဒီဟာရေးရမလိုလိုနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ယောင်ဝါးဝါးနဲ့ပြီးနေတာ မစံပယ်ရဲ့ အကျင့်ပဲဖြစ်မယ်ထင်ပါရဲ့..။

List လေးလုပ်ထားဦးမှလို့ အတွေးဝင်မိပါရဲ့..။ မရေးနိုင်သေးဘူး..။ ၀မ်းဝဖို့ကြိုးစားနေရတာ လူလည်း မျက်ချောင်ကျနဲ့ ကြည့်လို့ကို မကောင်းတော့ဘူး..။

ဘလော့ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ...။

ကိုယ့်ဘလော့ကိုမှန်မှန်ရေးဖို့ထက် သူများဘလော့တွေမှာ လေ၀င်ပေါဖို့ပိုအားသန်နေလို့ ကိုယ့်ကိုယ်ကိုပြန်ဆုံးမပြီး အကျိုးရှိတဲ့ပို့စ်လေးတွေရေးနိုင်စေဖို့ ကိုယ့်ဘာသာတွန်းအားပေးရပြန်ပါတယ်..။ ဒီနေ့တော့ ချစ်တဲ့ဘလော့ဂါ တီဆွိက လာပြီးကွန်းမင့်ပေးထားတာတွေ့လို့ ၀မ်းသာမိတာ ပြောမပြနိုင်အောင်ပါ....။ (တီချမ်းလာလည်တော့လည်း ၀မ်းသာတာပါပဲ...။ ဟဲ ဟဲ မကျန်စေရဘူးနော်..။ ဘာရမလဲ နာတွ..။)

ဘလော့ရေးတဲ့သူတွေကို လေးစားပါတယ်..။ ကိုယ့်မှာပြန်ပြောပြစရာအကြောင်းတစ်စုံတစ်ရာမရှိဘဲနဲ့ ဘလော့မရေးဖြစ်ကြလောက်ဘူး ထင်ပါတယ်..။ ဘလော့ဂါတွေအားလုံးလည်း ကွန်ပျူတာနယ်ပယ်က မဟုတ်ကြပါဘူး..။ ဒီလိုပဲဝါသနာပါရင်း သင်ရင်းတတ်သွားကြတဲ့သူတွေ များတယ်လို့ထင်ပါတယ်..။


စလုံးကိုစရောက်တော့ အထာကျအောင်ကြိုးစားကာစအချိန်တွေတုံးက အရာအားလုံးကို သူများပြောစကားတွေကို အားကိုးရတယ်..။ ခင်တဲ့သူငယ်ချင်းနှစ်ယောက်..၊ ခင်တဲ့အစ်ကိုကြီး..၊ အရင်ကမသိခဲ့ဘဲအခုမှမြင်ဘူးကာစ ခင်ကာစလူတွေကိုမေးမြန်းစမ်းတမ်းပြီး ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို အကောင်အထည်ဖော်ခဲ့ရတယ်..။ ကိုယ်ကမသိလို့မေးတာပေမယ့် မဖြေချင်ဘဲပညာစားချန်ထားချင်တဲ့..၊ ကိုယ်လိုသိသွားရင် ကိုယ့်ထက်သာသွားမှာမျိုးမလိုလားတဲ့ စိတ်ဓာတ်ရှိတဲ့သူတွေကိုလည်း သိရှိရိပ်မိခဲ့ရတယ်..။ မစံပယ်ညံ့လိုက်လေခြင်း....။ ဘာလို့သွားမေးလဲ..။ ကိုယ်သာသိအောင်လုပ်ပေါ့..။ မေးတိုင်းမငြိုမငြင်ဖြေပေးတဲ့ သူငယ်ချင်းကောင်းရှိတယ်..။ အင်တာနက်ရှိတယ်...။ ကော်နက်ရှင်ကောင်းတယ်....။ ဒီလိုနဲ့ကံကောင်းထောက်မစွာ ဘလော့တွေဖတ်တတ်လာတော့ ဘာကဘယ်လိုရှိတယ်..။ ဘယ်အခြေအနေက ဘယ်လိုရှိတယ်..။ ဘာလုပ်ရင် ဘာတွေလိုက်နာရမယ်ဆိုတာတွေ သိလာရတယ်..။


ပထမဆုံးမြင်သာတဲ့အကျိုးကျေးဇူးကတော့ မစံပယ်ဟင်းချက်တတ်လာခြင်းပါ..။ ဒါကဒိဌဓမ္မအကျိုးကျေးဇူးပါ..။ ဟင်းကိုဘယ်လိုလှီးချွတ်ရတယ်..။ ဘယ်လိုဆီသတ်ရတယ်..။ ဘယ်ဆိုင်မှာဘာတွေဝယ်ရတယ်ဆိုတာ သိလာရပါတယ်..။ ပိုတိုးပြီးတတ်လာတာတွေကတော့ မစံပယ် အချဉ်ဘယ်လိုတယ်ရမယ်ဆိုတာတွေပါ တတ်လာခြင်းပဲဖြစ်ပါတယ်..။ ဒါလေးတတ်တာကိုက မစံပယ်အတွက်အကျိုးကျေးဇူးမကုန်နိုင်အောင်ရှိပါတယ်..။ မစံပယ်က ထမင်းစားရင် အချဉ်မပါလို့ အိမ်ကိုလွမ်းနေရတာ ကော့ပျံလို့လေ..။ အခုတော့အမေတယ်တဲ့ သံပုရာချဉ်ကိုလွမ်းပေမယ့် မရနိုင်သေးတဲ့အဆုံး ပဲတီချဉ်လေးစားရတာလည်း တော်တော်ကိုအကျိုးများလှပါတယ်..။ ပဲတီချဉ်လေးအောင်မြင်သွားပြီးတဲ့နောက်မှာ မြန်မာမုန်ညင်းချဉ်လေးလည်း ကောင်းကောင်းတယ်တတ်လာပါတယ်..။

ပဲဘယ်လိုပြုတ်ရမလဲဆိုတာကို အပ်ချမတ်ချသိလာတာက မစံပယ်အတွက် ကြီးမားတဲ့အောင်မြင်မှူပါ..။ ပဲပြုတ်လွမ်းလို့ အိမ်ပြန်ချင်ရတာလည်းအမောပါ..။ ပဲကြိုက်တဲ့အမေနဲ့ကြီးလာတဲ့သမီးက ပဲကြိုက်တာမဆန်းပါဘူး...။ အခြေအနေပေးရင် ကိုယ်တိုင်လုပ်တတ်ချင်တာထဲမှာ ပဲပြုတ်တတ်ချင်တာလည်းပါပါတယ်..။ အခုတော့ ဘလော့တွေရဲ့ကျေးဇူးကြောင့် ပဲပြုတ်နည်းကို သိလာရတာ ၀မ်းသာရပါတယ်..။ ပဲလည်းမကြာခဏဆိုသလို ပြုတ်စားဖြစ်နေပါပြီ...။


ကောက်ညှင်းပေါင်းဆိုတာ ဘယ်လိုပေါင်းရလဲဆိုတာသိဖို့ အဝေးကြီးပေါ့..။ ပါးစပ်နဲ့ပြော နားရှူပ်...။ ကောက်ညှင်းပေါင်းစားဖို့ဆိုတာ ဟိုးးးးး လက်လှမ်းမမီတဲ့အဝေးမှာပါ..။ အခုတော့ဘလော့ဖတ်တဲ့အကျိုးကျေးဇူးကြောင့် ပေါင်းတတ်ပြီ..။ စားလည်းစားရပြီ..။ သူငယ်ချင်းတွေကိုလည်းကြွားနိုင်ပြီ...။ သူတို့တွေကတောင် အထင်တွေကြီးလို့ တော်တော်တိုးတက်လာပြီပဲလို့ မှတ်ချက်တွေချကြလို့..။ ဟိ ဟိ..။ မစံပယ်က ဘလော့ဖတ်ပြီး လိုက်လုပ်ထားတာ..။ မလုပ်တတ်စရာရှိသေးလို့လား..။ ဓာတ်ပုံနဲ့သေချာတစ်ဆင့်ချင်းရှင်းပြထားကြတာကို..။ ချက်တာပြုတ်တာနဲ့အစိမ်းသက်သက်လူတွေပါ လိုက်လုပ်နိုင်အောင် သေချာရေးပြပေးထားတာတဲ့..။ ဘလော့ဂါတွေရဲ့ ဝေမျှတတ်တဲ့စိတ်က မြင့်မြတ်လိုက်တာနော်..။ မစံပယ်လည်း ဝေမျှချင်တာပေါ့...။ မသိသေးတဲ့သူတွေ သိလာအောင်...၊ ကိုယ်သိတာတွေကို ဘလော့ကနေပြန်ဝေမျှပေးတော့ မသိသေးတဲ့သူတွေအတွက် မခဲယဉ်းတော့ပေါ့...။ ဖြူစင်လိုက်တဲ့စိတ်ထားနော်..။ မစံပယ်လည်းတတ်စွမ်းသလောက်ဝေမျှပေးဖို့ ကြိုးစားအားထုတ်သွားမှာပါ..။


ဘလော့ဖတ်လို့ဟင်းချက်တတ်သွားပြီ...။ အိမ်အလွမ်းကတော့ သက်သာသွားပြီပေါ့နော်..။ ဒီလိုနဲ့လျှောက်ဖတ်ရင်း ဖတ်ရင်း စလုံးအကြောင်းပြန်ဝေမျှထားတဲ့ဘလော့တွေ ဖိုရမ်တွေတွေ့လာရတယ်..။ စလုံးမှာ ကလေးကျောင်းထားရင် ပညာရေးစနစ်က ဘယ်လို...၊ တက္ကသိုလ်စနစ်ကဘယ်လို..။ လျှောက်လည်လို့ကောင်းတဲ့နေရာတွေက ဘယ်နေရာတွေ..။ အလုပ်ရှာရင် စာချူပ်ချူပ်ရင် ဘယ်လိုတွေကြုံတွေ့ရနိုင်တယ်ဆိုတာတွေ တင်ပြရေးပြထားလိုက်ကြတာ ကိုယ်သာရှာတတ်ရင် ဘာလုပ်ချင်ချင် ဘလော့ထဲမှာကြိုလေ့လာထားလို့ရတယ်..။ မသိသေးရင် လှမ်းမေးလို့ရတယ်..။ ပြန်ဖြေပေး ကူညီပေးကြသဗျ..။ ဘလော့ဂါတွေရဲ့ အချိန်လုပြီးကို ကူညီတတ်ကြတဲ့စိတ်ထားလေးတွေပေါ့..။


ကျူပ်ကဘလော့မဖတ်ဘူးလို့ ပြောခဲ့ဘူးတဲ့စာရေးဆရာဦးလေးကြီးကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်..။ ဘလော့တွေမှာ မှတ်သားစရာ ကိုယ့်အတွက်အကျိုးကျေးဇူးများစွာရှိတဲ့ ကိုယ်သိဖို့လိုအပ်တာတွေကို သေချာရေးသားရှင်းပြထားတဲ့ ဘလော့တွေကို သူမဖတ်ဖူးလို့နေမှာပဲလို့ သူ့ကိုသနားများတောင်သနားမိတယ်..။ အဲဒီတော့ ဘလော့တွေရဲ့အကျိုးကျေးဇူးတွေကို သူမရတော့ဘူးပေါ့..။ အဲလိုပြောတဲ့ပုဂ္ဂိုလ်ကြီးက သူကိုယ်တိုင်ကတော့ နိုင်ငံကျော်စာရေးဆရာလည်းဖြစ် ဘလော့ဂါတစ်ယောက်လည်းဖြစ်တဲ့ပုဂ္ဂိုလ်ကြီးပါ..။ သူ့ကိုကြည့်ရတာ အမြင်ကျယ်မလိုလိုနဲ့ သူထင်ရာမြင်ရာ ကောက်ချက်ချတတ်တဲ့ တယူသန်ပုဂ္ဂိုလ်ကြီးပါ...။ (အော် သူများကိုဝေဖန်မိပြန်ပြီ..။)


ဘလော့ဖတ်ရင်းကနေ ကမ္ဘာပေါ်ကနိုင်ငံစုံကရေးကြတဲ့ အကြောင်းအရာအစုံကိုဖတ်ရတော့ ကိုယ်နေတဲ့တိုင်းပြည်ရဲ့အကျင့်က ဘယ်လို..၊ ဘယ်တိုင်းပြည်နဲ့ယှဉ်ရင်တော့ ပိုကောင်းပြီး ဘယ်တိုင်းပြည်နဲ့ယှဉ်ရင်တော့ မကောင်းဘူးဆိုတာ သိလာရပါတယ်..။ အဲဒီတော့ကိုယ်လည်းအခြေချနိုင်မယ်ဆိုရင် ဘယ်မှာကပိုကောင်းတယ်ဆိုတာ ကြိုတင်ကြံစည်တွေးဆထားလို့ရလို့ အကျိုးများရပါတယ်..။


ဒါတွေကတော့အခုချက်ချင်းရေးလို့ပေါ်သလောက် ဘလော့ဖတ်ခြင်းကနေရလာတဲ့ အကျိုးကျေးဇူးတွေပေါ့..။ ကိုယ်လည်းအကျိုးပြုပို့စ်တွေရေးနိုင်တဲ့ ဘလော့တွေထဲက ဘလော့တစ်ခုဖြစ်လာဖို့ ကြိုးစားသွားဖို့ သံန္နိဌာန်ချထားပါတယ်..။ စောင့်ကြည့်ပြီးအကဲဖြတ်ပေးကြပါလို့ တောင်းဆိုရင်း...။