စက်တင်ဘာ ၁၈

နေ့တစ်နေ့ကုန်ကာသွား၏..။ Assignmentတစ်ခုကလည်း မပြီးသေး..။ လက်စသတ်ရန်လိုသေးသည်..။ ကျန်တဲ့သူတွေလုပ်နေတဲ့နောက်တစ်ခုကလည်းမပြီးသေး..။ သူတို့ပြီးအောင်လုပ် မလုပ်အားကြသေးပေ..။

မုန့်ဟင်းခါးတော့ တစ်ခါချက်ဘူးသွားပြီ..။ အကောင်းကြီးမဟုတ်သော်လည်း စားဖြစ်ရုံထက်တော့ ပိုပါသည်..။ ဘာကြောင့်မှန်းမသိ..။ စားလိုက်တာနှင့် အီနေတာကို ခံစားရသည်..။ ဟင်းရည်ချက်သည့်အခါတွင်မတော့ ဆီမထည့်ပါ..။ သို့သော်အီကာနေ၏..။ ဟင်းရည်မှာလည်း ပျစ်လွန်းနေသည်..။ အကောင်းလွန်ကာသွားသည်..။

အဆိုင်းမင့်ကိုပြီးဆုံးအောင်ဘာလုပ်ရမလဲဆိုသည့် လမ်းစရခဲ့သည်..။ လုပ်ဖို့ပဲကျန်တော့သည်..။ မုန့်ဟင်းခါးချက်ဘူးသွားပြီ..။ မကောင်းသေးသော်လည်း နောက်တစ်ခါဘယ်လိုချက်ရမလဲဆိုတာ သိသွားပြီ..။ နေ့တစ်နေ့ကုန်ကာသွား၏..။ အကျိုးအမြတ်ကားဘာမှမရှိဟု ခံစားရသည်..။ သို့သော်မလုပ်ဘူးသေးတာတစ်ခု လုပ်ဘူးသွားတာ အမြတ်ဟုကြံဖန်ဖြေသိမ့်လျှင်ရသော်လည်း အစားအသောက်နှင့် စားကာသောက်ကာနှင့် အချိန်ကုန်၍နေနိုင်သေးသော ဘ၀မဟုတ်သေးသောကြောင့် ကြံဖန်ဖြေသော်လည်း အတွေးကမပျောက်နိုင်ပါ..။

No comments:

Post a Comment