OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Arithmetic Operators

အတွက်အချက်အတွက်သုံးမယ့် Arithmetic Operators တွေအကြောင်းရောက်ပြီ..။ +,-,*,/တွေ အကြောင်းပြောတော့မယ်..။ အခြေခံဆိုပေမယ့် နေရာတိုင်းမှာ အရာကျယ်တယ်..။ Core Concept တွေဖြစ်ပြီး ကျန်တာတွေက သူတို့ကနေ ချဲ့ချဲ့သွားတာတွေဖြစ်တယ်..။ ပေါင်းနူတ်မြှောက်စားတွေအပြင် (%)ကို အကြွင်းအတွက်နဲ့ binary operation တွေအတွက်လည်း သေချာသတ်မှတ်ထားတဲ့ operators တွေ ရှိပါသေးတယ်..။



int x=5;
x now 7--> x+=2;


ဒီ operator တွေနဲ့ ပတ်သက်လို့ကတော့ (C,C++,Java,C#) language တွေအားလုံး အတူတူပါပဲ..။



တန်ဖိုးတိုးသွားတာနဲ့ လျော့သွားတာနဲ့ ပတ်သက်လို့မှာ (++)နဲ့(--)လို့ operation နှစ်ခုရှိတယ်..။ ဒီ operator တွေကိုသုံးတာက ရှင်းရှင်းလေးပါ..။ ၁ ပေါင်း ၁ နူတ် လုပ်သွားတာပါပဲ..။



ဒီလက္ခဏာနှစ်ခုက variable ရဲ့ရှေ့မှာ ရှေ့မှာလည်းရှိတယ်..။ နောက်မှာလည်း ရှိတယ်..။ ရှေ့နောက်နေရာကွာတာနဲ့အမျှ အကျိုးသက်ရောက်မှုလည်း ကွာသွားတယ်..။ ဒီလက္ခဏာက variable ရဲ့ရှေ့မှာရှိရင် variable ကိုမသုံးခင် သူ့အကျိုးသက်ရောက်မှုက အရင်ဖြစ်သွားတယ်..။



(++)လက္ခဏာကို variable နောက်မှာထားရင် variable တန်ဖိုးကို assignအရင်လုပ်တယ်..။ assign လုပ်ပြီးမှ ၁ တိုးတာ လုပ်တယ်..။



(?:)ဆိုပြီးထူးခြားတဲ့ လက္ခဏာလေးရောရှိတယ်..။ အဓိပ္ပာယ်က if then else statement ဆိုတဲ့ အဓိပ္ပာယ်ပါ..။ ? နဲ့ : နဲ့ operand သုံးမျိုးကြားမှာ ခွဲထားတာပါ..။ ပထမ operand က Boolean Expression ပါ..။ Boolean Expression ကလုပ်လိုက်တဲ့ အလုပ်ကမှန်သွားရင် ? နောက်က variable ရဲ့ result ထွက်မယ်..။ မမှန်ရင် (:) နောက်က result ထွက်မယ်..။



ဆက်ရန်..................>

No comments:

Post a Comment