OOP အခြေခံများ (သို့) C# အခြေခံများ..။



OOP ကို C# Language နဲ့ ပြမှာဆိုတော့ ကျွဲကူးရေပါဆိုသလို C# Language နဲ့လည်း ရင်းနှီးသွားမှာပါ..။ ကိုယ်က Java Language နဲ့ရင်းနှီးတယ်ဆိုရင် Javaနဲ့ ပြောင်းစမ်းလိုက်ရုံပါပဲ..။



ဒါက Program တစ်ပုဒ်ရဲ့ အခြေခံအကျဆုံး ပုံသဏ္ဍာန်ပါပဲ..။ Programရဲ့ မူလပင်စည်ရင်းမြစ်ပဲ..။ ကျန်တာတွေက သူကနေ အတက်ပေါက်..၊ အကိုင်းအခက်တွေ စည်ပင်လာမှာ..။ တစ်ခုချင်းရဲ့ လက္ခဏာတွေ စလေ့လာရအောင်..။







စာတွေက ပုံထဲမှာ တစ်ခါတည်း ရှင်းပြထားပါတယ်...။ ပုံကတိုက်ရိုက်တင်တာဆိုတော့ သေးနေတယ်..။ Image Shack ကနေ ပြန်တင်ပေးပါမယ်..။

Simple Types

Programတွေမှာ Variableကြေညာရလေ့ရှိတယ်..။ ကိုယ်ကြေညာချင်တဲ့ Variable ကဂဏန်းကိုလက်ခံချင်တဲ့ Variable ဆိုပါစို့..။

int i (or) int i=1;



အဲလိုကြေညာတဲ့အခါမှာ Variable တွေမှာ ပုံစံသတ်မှတ်ထားတာတွေ ရှိတယ်..။ ဂဏန်းလက်ခံမယ့် Variable အတွက် integer, စာကြောင်းလက်ခံမယ့် Variable အတွက် String (သို့) Character အစရှိသဖြင့်..။ သဘောက ဘာနဲ့တူလဲဆိုတော့ Type ဆိုတာတွေက ခွက်ကလေးတွေနဲ့တူတယ်..။ ထည့်ချင်တဲ့အရာတွေပေါ်မူတည်ပြီး ခွက်တွေကပုံစံတစ်မျိုးစီ ရှိကြတယ်..။



ခွက်ကလေးတွေနဲ့ နမူနာပြတာပါ..။ Type ဆိုတာ အဲလိုခွက်တွေနဲ့ တူတယ်..။ ထည့်မယ့်အရာပေါ်မူတည်ပြီး type ကိုသတ်မှတ်ပေးရတယ်..။ Program မှာရှိတဲ့ Type တွေကို အောက်မှာ ဇယားနဲ့ပြထားတယ်..။ ဘယ်နှစ်မျိုးရှိလဲဆိုတာ အကြမ်းဖျဉ်းသိထားဖို့ လိုမယ်..။



boolean မှာ True, False လို့ တန်ဘိုးနှစ်ခုပဲ ရှိတယ်..။ စာကြောင်းတွေထည့်မယ်ဆိုရင် ("")မျက်တောင် အဖွင့်အပိတ်ထဲမှာ ထည့်ရေးတယ်..။ ဂဏန်းတွေမှာကျတော့ Signed နဲ့ Unsigned ဆိုပြီး ထပ်ခွဲထားသေးတယ်..။Signed ဆိုတာက အပေါင်းတန်ဘိုးရော..၊ အနူတ်တန်ဘိုးရောလက်ခံနိုင်လို့ သူကပိုကြီးတယ်..။ Unsigned ဆိုတာက သုညတန်ဘိုးကနေ အပေါင်းတန်ဘိုးတွေပဲလက်ခံတယ်...။ အနူတ်တန်ဘိုး လက်မခံဘူး..။ နေရာယူသက်သာတယ်လို့တော့ ပြောလို့ရတယ်..။



ရေးရင်တော့ int(Signed Integer), uint (Unsigned Integer)လို့ u တစ်လုံးပဲ ပိုတာပါ..။ သူက Memory နေရာယူတာ သက်သာစေချင်လို့ အပေါင်းတန်ဘိုးသေချာတဲ့ Type တွေမှာ uint လို့ သတ်မှတ်ပေးလိုက်ရင် ရပါတယ်..။ (u ထည့်သင့် မထည့်သင့် ခေါင်းရှူပ်ခံစဉ်းစားမနေပါနဲ့..။ u မထည့်လည်း ဘာမှမဖြစ်ပါဘူး..။ Program ကြီးလွန်းလို့ နေရာမဆန့်ရင်တောင် Program ထဲမှာပဲ မလိုတာတွေ ရှင်းပစ်တဲ့ နည်းတွေရှိပါတယ်..။ ရှိတယ်ဆိုတာ သိထားဖို့တော့ လိုပါတယ်..။)

No comments:

Post a Comment