ဘလောက်ဆိုတဲ့ မြန်မာအကျီင်္ိ..။

မစံပယ်အခုကျောင်း ၃ လနီးပါးအားတယ်ပေါ့နော်..။ မစံပယ်အိမ်ပြန်ချင်တယ်..။ ဒီမှာအသုံးလိုတဲ့စာအုပ်လေးတွေပြန်ယူချင်တာရယ်..၊ မစံပယ်မြန်မာနိုင်ငံမှာဝတ်ခဲ့တဲ့ မြန်မာဘလောက်ဝတ်စုံလေးတွေ ပြန်ယူချင်တာရယ်အတွက်ပါ..။ ဒီမှာ မလေးမလေးတွေ သူတို့ရိုးရာဝတ်စုံကို ဒေါက်ဖိနပ်လေးတွေနဲ့လှတပတလေးတွေဝတ်ထားတာတွေ့ရတော့ မစံပယ်လည်း မြန်မာဝတ်စုံလေးဝတ်ချင်လာတယ်..။ အလုပ်သွားတာမဟုတ်ဘဲ ကျန်တဲ့သွားလာရတဲ့နေရာတွေကို မြန်မာဝတ်စုံလေးနဲ့သွားချင်တယ်..။ မစံပယ်ဝတ်စုံလေးတွေက မရိုးမဆန်းနဲ့ အောက်ပိုင်းကပန်းပွင့်နဲ့ အပေါ်ကဗြောင်အရောင်နဲ့တွဲဝတ်တဲ့ ချည်သားဝတ်စုံလေးတွေပေါ့..။ မစံပယ် ဒီကိုမလာခင်လေးတင် ခြောက်စုံတောင်ချူပ်ထားတာ..။ ဒီလာမယ်ဆိုတော့ ကျန်တဲ့ယူစရာတွေနဲ့ တစ်စုံမှမယူခဲ့ဘဲ အိမ်ကိုပြန်ထားခဲ့လိုက်တာ..။ အခုဒီရောက်တော့ပြန်ဝတ်ချင်နေပြီ..။ တစ်ထည်မှမပါလာတော့ဘူး..။

မြန်မာဝတ်စုံနဲ့ ကျက်သရေ..။


မြန်မာဝတ်စုံကိုဘယ်တုံးကသဘောကျသွားသလဲဆိုတော့.. မစံပယ် ဂျာနယ်ကျော်မမလေးဝတ္တုတွေ စွဲစွဲမြဲမြဲဖတ်မိတုံးက စသန္ဓေတည်တာပါ..။ ဂျာနယ်ကျော်မမလေးက မြန်မာဝတ်စုံကိုကျက်သရေရှိရှိ အဆင့်မြင့်မြင့်ဝတ်ခဲ့တယ်ဆိုတာ စိတ်ထဲမှာစွဲနေမိတယ်..။ သူရေးတဲ့ သူလိုလူဝတ္တုဖတ်တုံးကပေါ့..။ အိမ်မှာနေရင်းတောင် အ၀တ်အစားကိုထည်လဲ လဲလှယ်ဝတ်ဆင်ပြီး အဆင့်မြင့်မြင့်နေခဲ့တယ်ဆိုတာကို သဘောကျနေခဲ့မိတယ်..။ သဘောကျရုံပါပဲ..။ ၀တ်ဆင်မိတာမျိုးမရှိပါဘူး..။

မစံပယ်ရန်ကုန်ရောက်ပြီဆိုမှ ရန်ကုန်မှာကျောင်းသူလေးတွေ ကျောင်းသွားရင် ရင်ဖုံးမရိုးမဆန်းလေးနဲ့ ဒေါက်ဖိနပ်လေးနဲ့ စိတ်ထဲမှာလှပကျက်သရေရှိလိုက်တာလို့ သတ်မှတ်မိပြီးတဲ့နောက်မှာ မစံပယ်လည်းကိုယ်တိုင်ဝတ်ဆင်ဖို့ စိတ်ပါလာပါတော့တယ်..။


ကျွန်မတို့အာဇာနည်နဲ့ ကျက်သရေရှိတဲ့မြန်မာဝတ်စုံ..။



မြန်မာဝတ်စုံက ခန္ဓာကိုယ်ပိန်ပါးချပ်ကပ်တဲ့သူနဲ့ ပိုလိုက်ဖက်ပါတယ်တဲ့..။ ကျွန်မအမြင်ကတော့ ခန္ဓာကိုယ် ပိန်ပိန်၀၀ အားလုံးနဲ့လိုက်ဖက်တယ်လို့မြင်ပါတယ်..။ ကျွန်မလည်းပိန်ပိန်ပါးပါးထဲမှာမပါပါဘူး..။ ဒါပေမယ့်ဝတ်ချင်တယ် ..၊ ကြိုက်တယ်..။ ၀တ်ထားရင်းနဲ့ လုံခြုံတယ်..၊ သိမ်မွေ့တယ်..၊ မြန်မာဆန်တယ်..၊ ကျက်သရေတောင်နည်းနည်းရှိသွားတယ်လို့..ခံစားမိတယ်..။ အဆင့်အတန်းတစ်မျိုးကိုလည်းပြတယ်လို့ ထင်မိတယ်...။ (ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ်ထင် ခုတင်ခြေလေးချောင်းပေါ့နော်..။ မနေ့ညကမှ တီချမ်းဘလော့ဖတ်ပြီး သူ့စာသားကူးချထားတာ..။ ဟိဟိ..။)


စိုးမြတ်သူဇာနဲ့ မြန်မာဝတ်စုံ..။



မြန်မာဝတ်စုံနဲ့သဘောကျမိတာကတော့ မင်းသမီးစိုးမြတ်သူဇာပါ..။ စိုးမြတ်သူဇာက မြန်မာဝတ်စုံကို တစ်ခြားသူတွေပါဝတ်ချင်စိတ်ပေါ်လာအောင် လှပနွဲ့နှောင်းစွာ ၀တ်ဆင်ပြနိုင်သူပါ..။ ခန္ဓာကိုယ်အချိုးကျပုံနဲ့ ကိုယ်နေဟန်ထားကြောင့် မြန်မာဝတ်စုံနဲ့လိုက်ဖက်အဆင်ပြေလှသူပါ..။ သူဝတ်ထားတဲ့မြန်မာဝတ်စုံတွေကို သဘောကျပါတယ်..။ မစံပယ်ရန်ကုန်မှာနေတုံးက မနက်တိုင်း အင်းလျားကန်ဘောင်ကိုလမ်းလျှောက်ပါတယ်..။ အဲဒီမှာစိုးမြတ်သူဇာရဲ့ ပိုးထည်ဆိုင်ကြော်ငြာဆိုင်ဘုတ်အကြီးကြီးကို မနက်တိုင်း သဘောကျစိတ်နဲ့ကြည့်ဖြစ်ပါတယ်..။ မြန်မာဝတ်စုံက ကျက်သရေရှိတယ်ပေါ့နော်..။ ကိုယ့်မူကိုယ့်ဟန်နဲ့လည်းရပ်တည်နိုင်တယ်လို့ ခံစားရတယ်..။ ၀တ်စုံကချပ်ချပ်ကပ်ကပ်နဲ့ မြင်လိုက်ရင်ရိုင်းမနေဘဲ ကိုယ့်အဆင့်အတန်းကိုဖော်ပြနေနိုင်ရမယ်လို့ မစံပယ်ခံယူတယ်..။ မစံပယ်တို့အတွက်တော့ မြန်မာဝတ်စုံက ကိုယ့်အဆင့်အတန်းကိုပြတယ်လို့ ခံစားရတယ်..။


မစံပယ်နဲ့မြန်မာဝတ်စုံ..။



မစံပယ်မှာ ဓာတ်ပုံရိုက်ထားမိတာ ဒီတစ်ထည်တည်းနဲ့ပဲရှိတယ်..။ မစံပယ်အကြိုက်ဆုံး ၀တ်စုံလေးတွေနဲ့က ဓာတ်ပုံရိုက်မထားမိလိုက်ဘူး..။ အိမ်ပြန်ချင်တယ်..။ လိုချင်တဲ့ စာအုပ်နဲ့ ၀တ်စုံလေးတွေယူချင်လို့..။

3 comments:

  1. မစံပယ်ရေ အလည်ပြန်လာတယ်နော်
    မစံပယ်က စာရေးနည်းတယ် ထင်ပါ့
    တီ့ စာတွေကြိုက်လို့ပဲ လာလာ ကြုံလို့ပဲလာလာ လာတာ ကျေးဇူးတင်ပါတယ်
    တီက ဘလောခ် လည်တာ နည်းတယ်
    ရေးတာပဲ များတာ
    ဘာပဲ ဖြစ်ဖြစ် ပါ

    ReplyDelete
  2. စပ္ပါယ်ပန်းကို မြင်ဖူးသလိုပဲ။ ဟို့အပေါ်က အပျိုကြီးဆရာမက တီဆွိရဲ့ သူငယ်ချင်းအပျိုကြီးများလားလို့ အထင်ရောက်စေတယ်။

    ReplyDelete
  3. တီဆွိသူငယ်ချင်းဟုတ်ချင်မှဟုတ်မယ်ထင်တယ် တီဆွိရဲ့..။ မီးဆရာမက တီဆွိတို့ကျောင်းကမဟုတ်ဘူး..။ ဆရာမက တီဆွိထက်နည်းနည်း ငယ်မလားပဲ..။

    ReplyDelete