မှန်တယ်လို့ယုံကြည်တာကိုပြောရဲ လုပ်ရဲရမယ်..။

မစံပယ်တို့အသက်တဖြည်းဖြည်းကြီးလာတော့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်မိတာက ဆက်ဆံရေးပြက်ပြယ်မှာစိုးလို့ မကြိုက်လည်းမကြိုက်တာကိုမပြောဘူး..။ ကြိတ်ခံတယ်..။ ကွယ်ရာမှာအတင်းပြောတယ်..။ အပေါ်ယံအဆင်ပြေအောင်ပေါင်းတယ်..။ အတွင်းကတော့လှူက်စားနေတယ်..။ အဲလိုပုံစံတွေနဲ့ဆက်ဆံနေဖြစ်ခဲ့တာ လှိုက်စားနေခဲ့တာ ကြာခဲ့ပြီ..။




ဒေါ်အောင်းဆန်းစုကြည်ရဲ့ မွေးနေ့အင်တာဗျူး..၊ မွေးနေ့အမှတ်တရ သူ့အကြောင်းတင်ဆက်ထားတာလေးတွေကြည့်ဖြစ်တော့ သူ့ရဲ့သွားပုံလာပုံ..၊ ပြောဆိုပြုမူနေပုံတွေဟာ သူယုံကြည်တာဟာ မှန်ကန်တယ်...။ ဒီမှန်ကန်တယ်ဆိုတာကို သူလုပ်မယ်...ဆိုတဲ့ ဖျတ်လတ်နေတဲ့ ရဲရင့်တည်ကြည်နေတဲ့ သဏ္ဍာန်ကိုမျက်နှာမှာမြင်နေရတယ်..။ ဗိုလ်ချူပ်ရဲ့အာဇာနည်စိတ်ဓာတ်ကိုလည်း အမွေအဖြစ်ဆက်ခံလာခဲ့တဲ့ သမီးဖြစ်တာလည်းပါမယ်...။ အမေကလည်း အမှန်တရားကကောင်းမွန်တယ်ဆိုတာ သွန်သင်ဆုံးမခဲ့တယ်ဆိုတာကို ခေါင်းထဲအမြဲရောက်နေတယ်လို့ ဆိုပါတယ်..။ သဘောကတော့ မှန်တယ်ဆိုရင် လုပ်ရဲ့ ပြောရဲ ရမယ်ပေါ့..။

အဲဒီစိတ်ဓာတ်ကို အတုခိုးရမယ်..။

No comments:

Post a Comment