မနာလိုသောစိတ်..။



မိမိသာရ၍ သူတစ်ပါးမရစေချင်သော စိတ်..။ သူတစ်ပါးကောင်းစားနေသည်ကို ငါသာရလိုက်ပါတော့ဟု တပ်မက်သောစိတ်..။ သူတစ်ပါးရနေသည်ကို မနာလိုသောစိတ်..။ အရင်းစစ်လိုက်သောအခါ ပစ္စုပ္ပုန်ကြိုးစားအားထုတ်မှုကိုသာ ယှဉ်နိုင်မည်..။ အတိတ်ကုသိုလ်ကံကို မယှဉ်နိုင်ပါ..။



သူတစ်ပါးအောင်မြင်နေသာအခြေအနေတွင် မိမိအားစိုက်ထုတ်ပေးလိုက်ရမှု မပါဝင်ပါ..။ သူ့အကျိုးနှင့် သူ့အကြောင်းနှင့် အောင်မြင်နေသည်သာ ဖြစ်ပါသည်..။ ထို့အတွက် မနာလိုစိတ်ဖြစ်ပေါ်စရာ မလိုပါ..။



မနာလိုစိတ်ဖြစ်ပေါ်ခြင်းသည် မိမိကိုယ်ကို ယုံကြည်ချက်မရှိခြင်းမှ အရင်းခံသည်..။ မိမိအားထုတ်မှု ဇွဲလုံ့လနှင့် ဆန္ဒဇောကို ယုံကြည်စိတ်ချနေလျှင် ဘာကိုမှ မလိုစရာအကြောင်း မရှိတော့ပါချေ..။



No comments:

Post a Comment