အမေး

မေး။   ။ကျောင်းကိုဘာလို့တက်ချင်တာလဲ..။ စာကျက်ချင်လို့လား..။ ပညာတတ်ချင်လို့လား..။ တကယ်သိချင်တတ်ချင်လို့လား..။ ပညာတတ်လို့အထင်ခံချင်လို့လား..။

     ပညာတတ်လို့အထင်ခံချင်လို့လားဆိုတဲ့ အသုံးအနှူံးက မစံပယ်ကို ကိုယ့်ကိုယ်ပြန်သုံးသပ်ဖို့ သတိထားသွားမိစေပါတယ်..။ မစံပယ် အခုချိန်ထိအလုပ်ကောင်းကောင်းမလုပ်ဘူးသေးဘူး..။ စာကိုသင်လို့မဆုံးနိုင်ဘူးဖြစ်နေတယ်..။ အဲဒါတစ်ခု လွဲနေမှန်းတော့ မစံပယ်သိတယ်..။ ဘယ်လိုတည့်ရမလဲဆိုတာ မစံပယ်မသိဘူးဖြစ်နေတယ်..။ ပညာတတ်လို့အထင်ခံချင်လို့တော့ မဟုတ်တာသေချာတယ်..။ မစံပယ်ခင်တဲ့အစ်ကိုကြီးက မစံပယ်ကို တစ်ခြားသူတွေနဲ့မိတ်ဆက်ပေးရင် သူကမြန်မာနိုင်ငံကလည်း မာစတာပြီးလာတဲ့သူ..။ ဒီမှာလည်း မာစတာထပ်တက်နေတယ်လို့ မိတ်ဆက်ပေးရင် မစံပယ်စိတ်ထဲမှာ ကြွားသလိုလို မသက်မသာဖြစ်မိတယ်..။ မစံပယ်အဲလိုထည့်ပြောတာ မကြိုက်ဘူး..။

     မစံပယ် ပညာတတ်တွေကိုလေးစားတာတော့အမှန်ပဲ..။ စာရေးဆရာမ ဂျူး ပေါ့..။ ဆရာဝန် စာရေးဆရာမ....။ နောက် ဆရာမဒေါ်ခင်နှင်းယုရဲ့သမီး မေ့ဆေးအထူးကု ဒေါက်တာ မိကျော်သောင်း..၊ နောက် မစံပယ်ရဲ့ တက္ကသိုလ်ဆရာမ မာစတာ နှစ်ထပ်ကွမ်းဆရာမအပျိုးကြီးတစ်ယောက်..၊ မစံပယ်ရဲ့ စံမော်ဒယ်တွေက ပညာတတ်ယောကျာ်းမိန်းမတွေပဲ..။ ပိုက်ဆံချမ်းသာတဲ့သူကို မစံပယ်သိပ်အထင်ကြီးလေးစားတာမျိုးမရှိဘူး...။ ပညာတတ်တာကို ပိုအထင်ကြီးလေးစားတယ်..။

    ဘာလို့အခုချိန်ထိ မရပ်မနား စာတွေသင်နေတာလဲ..လို့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတယ်..။ ဟန်ဓာတ်ခုတ်ချင်လို့လား..၊ ပညာတတ်အမျိုးသမီးလို့ အထင်ခံချင်စေလို့လား..။ ဒီလိုဘွဲ့တွေရတာ ကိုယ်တစ်ယောက်တည်းမှမဟုတ်တာနော်..။ ကျန်တဲ့သူတွေ မစံပယ်လောက် ဂုဏ်တယူယူမရှိကြပါဘူး..။ သူတို့ဆို ပြောရရင် မစံပယ်ထက်တောင် ပိုတော်သေးတယ်လို့ပြောလို့ရတယ်..။


   မစံပယ်ရဲ့ ငယ်ဘ၀စိတ်လွှမ်းမိုးမှူကြောင့်လို့ပြောရင်ရမယ်ထင်တယ်..။ မစံပယ် ကျောင်းပိတ်တိုင်း စာအုပ်တွေ ဖတ်ပြီး စာတွေအများကြီးသင်ချင်တဲ့စိတ်ဝင်လာတယ်..။ စာသင်ဖို့အားပေးတဲ့ စာရေးဆရာတွေရေးတာကို နှစ်ခြိုက်ခဲ့မိတယ်..။ မစံပယ်ပုံစံက ဒါကိုဂုဏ်ယူတဲ့ပုံပေါက်နေတယ်ဆိုရင် မစံပယ်အမေနဲ့တူလို့ဆိုတာ ထည့်ပြောရမယ်ထင်တယ်..။ အမေ့ပုံစံနဲ့သွားတူနေလို့ မစံပယ်က ဒါကိုဂုဏ်ယူနေတဲ့ပုံထွက်နေတာဖြစ်လိမ့်မယ်..။

   အင်း..။ မစံပယ် အဖြေရှာနေဆဲပါလေ...။


                                                                            မစံပယ်

No comments:

Post a Comment