ဆင့်ခေါင်းကို ခွေးချီမိပြီလော...။



မစံပယ်တို့ နောက်ဆုံးနှစ်တုံးက Digital Signal Processing (DSP)ဆိုသောဘာသာတစ်ခုသင်ရသည်..။ ဆရာမမှာသင်တာလည်းအရမ်းမြန်...၊ မစံပယ်ကလည်းအခြေခံမရှိ..၊ ကံကောင်းထောက်မစွာဖြင့် အများတွက်ထားပြီးသားလေ့ကျင့်ခန်းထဲမှအဖြေပေါင်းချူပ်တစ်ခုရ၍ ထိုအတိုင်းကြည့်တွက်မှ နားလည်သဘောပေါက်ကာ စာမေးပွဲအောင်ခဲ့သည်..။ မာစတာရောက်တော့လည်းအဲဒီဘာသာထပ်ပါလာပြန်သည်..။ ဒီတစ်ခါတော့မစံပယ်တစ်ယောက်ခမျာ တွက်ထားပြီးသားအဖြေပေါင်းချူပ်မရပါ..။ ထို့ကြောင့် မစံပယ်ဘာသာလည်းမတွက်တတ်ပါ..။ မစံပယ်စာမေးပွဲကျပါသည်..။ နောက်တစ်တန်းကျတော့မှကြိုးစားတွက်ရင်း တွက်နိုင်သွားကာ စာမေးပွဲအောင်ပါတော့သည်..။

အခုမစံပယ် programming နှင့်အသက်မွေးဝမ်းကျောင်းပြုရန် စိုင်းပြင်းနေပါသည်..။ မစံပယ်မှာသူများဖြေထားသောအဖြေကို နားလည်အောင်ပြန်ကြည့်မှတွက်တတ်သူ..၊ ကိုယ်ဘာသာအဖြေမရှာနိုင်သူ...၊ အခြေခံမပိုင်သူဖြစ်ရာ.. မစံပယ်မှာအားလျော့လှပါသည်..။ သို့သော်မိမိဘာသာအားကိုးမှရသည်ဆိုသည့် သင်္ခန်းစာကြီးကြီးလည်းရရှိထားရာ မစံပယ်မှာမိမိဘာသာကြိုးစားအဖြေရှာရင်း..၊ မိမိကိုယ်ကိုတရားနှင့်အားပေးလိုက်..၊ စာဖတ်၍အားပေးလိုက်..၊ ဆရာ၊ဆရာမကြီးများ၏အဆုံးအမစကားများဖြင့်အားပေးလိုက်နှင့် တပေပေတတေတေနှင့် ကားအိုကြီးတစ်စီးကဲ့သို့ လိပ်ရွေ့ရွေ့ကာ သွားနေပါသည်..။

ိသို့သော် မစံပယ်လိုချင်သောပန်းတိုင်သို့တော့ရောက်မည်ဟု ယုံကြည်ပါသည်..။ အနှေးအမြန်သာကွာပါလိမ့်မည်..။ မစံပယ်အားမလျော့ပါ..။

No comments:

Post a Comment