မစံပယ်နှင့် ခါးနာခြင်း...။

မစံပယ်တစ်ယောက် ခါးနာပြန်ပေါ်နေပါသည်...။ နာတာမှ တစ်နေရာထဲပင်မကပါ..။ တစ်ခုက အလေးအပင်မတာ မူမမှန်၍ခါးနာခြင်း ဖြစ်ပေါ်ခဲ့သည့်ဒဏ် ပြန်ပေါ်ခြင်းပင်..။ ဇန်န၀ါရီလဆန်းက မစံပယ်အိမ်ပြောင်းရပြန်သည်..။ ပစ္စည်းများ အမအပြုဍ် မစံပယ်ခါးနာ ပြန်ပေါ်လာခဲ့ခြင်းဖြစ်သည်..။ သက်သောင့်သက်သာနားလိုက်နိုင်လျှင် သုံးလေးရက်နှင် ပျောက်သွားနိုင်သော်လည်း မစံပယ်မှာ သက်သောင့်သက်သာနေနိုင်သောအခြေအနေမရှိပါ...။ ကျောင်းခဏအားတုံး ဆပ်စရာအကြွေးများကြေအောင် အချိန်ပိုင်းအလုပ်ကို ကုန်းကာလုပ်ရသည့်အတွက် ခါးနာပြန်ပေါ်သည်ကို အရေးမစိုက်နိုင်အားဘဲ ခါးနာရက်နှင့် ဆက်အလုပ်လုပ်ရာ နာနေသည့်ခါးမှာ သက်သာမလာသည့်ပြင် ထပ်ဆင့်ကာဆိုးလာခဲ့ပါသည်...။


ပုံထဲကလို မမိလို့ ခါးနာပြန်ပေါ်လာတာ..။ အဲဒီနာသွားတဲ့ဒဏ်က အလေးအပင်မတိုင်း ပြန်ပြန်ပေါ်တတ်တယ်...။ တစ်သက်လုံးဆင်ခြင်ပေရော့ပဲ...။ ဘာမှ လေးလေးပင်ပင် သိပ်မမနိုင်တော့ဘူး..။

ပုံထဲကလို နေရာကနာတာ...။ လက်ဖနောင့်နဲ့ဖွဖွထုလိုက်ရင် နာတဲ့နေရာ ခပ်အောင့်အောင့်လေးဖြစ်သွားတယ်..။ မြန်မာနိုင်ငံမှာတုံးကတော့ မစံပယ် Volteron ဆိုတဲ့ဆေးလုံးလေးတွေကို အစာအိမ်နာပျောက်တဲ့ဆေးနဲ့ တွဲသောက်တယ်..။ ဒူးနာပေါ်ရင်သောက်ဖို့ဆောင်ထားတာ..။ ခါးနာလာရင်လည်း အဲဒါလေးသောက်ပေးရတယ်..။ အခုစလုံးရောက်မှ မနာတာကြာပြီ..။ ခုမှပြန်နာလာတာ...။ သောက်စရာဆေးက ပါလာလား ၊ မပါလာလားကို မသိတော့ဘူး..။ ဆေးဗူးကိုက အခန်းထဲမှာထားစရာနေရာမရှိလို့ အထုပ်ထဲကမဖြေရသေးတော့ ခါးနာသက်သာတဲ့ဆေး ပါလား မပါလားကို မသိတော့ဘူး...။ အဲဒါက ဒဏ်ပိလို့နာတဲ့အနာ...။

နောက်တစ်နာကျန်သေးတယ်..။ ဒီနာတာက ဘာကဘယ်လိုဖြစ်လာမှန်းကို မသိဘူး..။ ခုပြန်ပေါ်လာတာကတော့ မစံပယ်အခုငှားနေတဲ့အခန်းက ကုတင်မှာသစ်သားပြားခံပေးမထားတော့ ညအိပ်ရင် မွေ့ယာက ကုတင်သံကိုသွားထိနေတော့ ကျောနာတာနဲ့ မစံပယ်က ကုတင်ကိုဖယ်ပစ်လိုက်ပြီး ကုတင်မပါဘဲ မွေ့ယာကို ကြမ်းပေါ်ချအိပ်တာ...။ ခါးနာနေတဲ့မစံပယ် မွေ့ယာပေါ်ထိုင်ဖို့လုပ်လိုက်တိုင်း အဲဒီနေရာကလည်း နာနာလာတယ်..။ ခုမှသတိထားမိတာ..။ မစံပယ်က ဘာတစ်ခုလေးလုပ်လိုက်လုပ်လိုက်၊ ဖြစ်လိုက်ဖြစ်လိုက် ပြီးပြတ်အောင်၊ သက်သာပျောက်ကင်းအောင် မလုပ်ခဲ့ဘူးဆိုတာကိုလေ..။ အခုတော့တစ်ခုဖြစ်တာနဲ့ နောက်တစ်ခုက ပြန်ပေါ်လာနေပြီ...။ ကုတင်ပါရင် ကုတင်ပေါ်ကို တင်ပါးလွှဲထိုင်ရုံပဲဆိုတော့ ဒီနေရာနာတာက ပြန်ပေါ်ချင်မှပေါ်မယ်..။ ခုတော့ ကြမ်းပြင်ပေါ်ကို ကုန်းထိုင်ရတာဆိုတော့ အနာပေါ်အနာဆင့် ဒီနေရာနာတာကပါ ထပ်ဆင့်ပြန်ပေါ်လာတယ်..။

မစံပယ်ကတော့ Pelvis လို့ခေါ်တဲ့ တင်ဆုံရိုးကွင်းက နာတယ်လို့ယူဆမိတာပဲ..။ ကြားဘူးနားဝတွေနဲ့ ရမ်းသမ်းမှန်းတုတ်တာလေ..။ မြန်မာနိုင်ငံမှာ body fitness သွားကစားတုံးက မှတ်မှတ်ရရ စဖြစ်ခဲ့တာပဲ..။ ဘယ်လိုကနေဘယ်လိုဖြစ်မှန်းကို တကယ်မသိတော့ဘူး..။ မွေ့ယာနဲ့အိပ်လို့ဖြစ်တာလို့ပြောလို့ မြန်မာနိုင်ငံမှာကတည်းက မစံပယ် မွေ့ယာနဲ့အိပ်ကျင့်မလုပ်တော့တာ ကြာပြီ..။ ခုတော့ အဲဒီအနာနှစ်ခုလုံးပြန်ပေါ်နေတာ..။ ဆရာဝန်ပဲပြရတော့မလို..။ City Hall မှာပဲ ဆေးရှာဝယ်ပြီးသောက်ရတော့မလိုဖြစ်နေတယ်..။

ခုတော့ ကုတင်မပါ၊ စာကြည့်စားပွဲမပေးတဲ့ အခန်းထဲမှာ ကြမ်းပေါ်မှာ မွေ့ယာခင်းလို့ ကိုယ့်ရဲ့စားပွဲပုလေးနဲ့ပဲ စာဖတ်မလို့ထိုင်လိုက်တိုင်း ငါးမိနစ်မပြည့်ခင် နာလာတဲ့ အရိုးအကြောတွေကြောင့် မစံပယ်မှာ တစ်နေကုန် အိပ်ယာထဲလှဲပြီး စာဖတ်နေရကြောင်းပါ..။

3 comments:

  1. မီး ခါးနာ တယ်လို့ ပြထားတဲ့ နေရာ က ကျောက်ကပ်နေရာ ဖြစ်နေတယ်။ အရိုးအဆစ် က နာတာ သေချာရဲ့ လား။

    ReplyDelete
    Replies
    1. အရိုးကလို့ ယူဆတာပါပဲ..။ အိပ်ယာပေါ်အမြဲလှဲပြီး စာကြည့်ရတယ်..။ ထိုင်ခုံပေါ်ထိုင်လည်း နာတာပဲ..။ ခါးကိုသေချာမတ်ပြီးထိုင်ရင်တော့ အနာသက်သာတာ တွေ့ရတယ်..။ ပုံမှန်အတိုင်းထိုင်ရင် ခါးရိုးထဲက အရိုးနုလေးက နာသလိုပဲ..။

      Delete
  2. စာမေးပွဲကော ဘယ်လိုလဲ ၊ အခြေနေကောင်းလား

    ReplyDelete