အဝေးရောက် သီတင်းကျွတ်လပြည့်..။

မြန်မာနိုင်ငံနှင့်ဝေးကွာသောဒေသတွင် မြန်မာနိုင်ငံမှ mood ကိုထိန်းသိမ်းထားဖို့ခဲယဉ်းလှပါသည်..။ သီတင်းကျွတ်လပြည့်ညကို အခါကြီးရက်ကြီးနေ့အဖြစ် အသိမှာစွဲနေအောင် မိမိကိုယ်ကို သတိပေးနေရပါသည်..။ တစ်ချို့အစ်ကိုကြီးများမှာ လေးစားဖွယ် ရသမျှအချိန်တွင် ဥပုသ်ရအောင်စောင့်သည်ဟု သိရသည်..။ တစ်ချို့ကတော့ တိုးပါးရိုးဘုရားသွားကြသည်..။ ကံကောင်းထောက်မစွာဖြင့် လပြည့်နေ့က စနေဖြစ်နေသောကြောင့်..။ မဖြစ်လျှင် သတိရနိုင်ဖို့ခဲယဉ်းသည်..။ အခါကြီးရက်ကြီးမှန်းမသိ..၊ ကုသိုလ်ရေးတွင်မပါဝင်နိုင်၊ မပါဝင်ဖြစ်..။ စိတ်ထားကိုသာ အကောင်းဆုံးထားကာ နေသွားရပေမည်..။

No comments:

Post a Comment