သမိုင်းတစ်ခေတ် ပြောင်းမည်လော..။ ပြောင်းသင့်ပြီ..။ အခြေအနေအရပ်ရပ်က ပြောင်းသင့်တဲ့ လက္ခာဏာတွေ ပြနေပြီ..။ ပြောင်းအောင်မလုပ်နိုင်တာ ကိုယ်ညံ့လို့ပဲ..။
စံပယ်
စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
အဝေးရောက် သီတင်းကျွတ်လပြည့်..။
မြန်မာနိုင်ငံနှင့်ဝေးကွာသောဒေသတွင် မြန်မာနိုင်ငံမှ mood ကိုထိန်းသိမ်းထားဖို့ခဲယဉ်းလှပါသည်..။ သီတင်းကျွတ်လပြည့်ညကို အခါကြီးရက်ကြီးနေ့အဖြစ် အသိမှာစွဲနေအောင် မိမိကိုယ်ကို သတိပေးနေရပါသည်..။ တစ်ချို့အစ်ကိုကြီးများမှာ လေးစားဖွယ် ရသမျှအချိန်တွင် ဥပုသ်ရအောင်စောင့်သည်ဟု သိရသည်..။ တစ်ချို့ကတော့ တိုးပါးရိုးဘုရားသွားကြသည်..။ ကံကောင်းထောက်မစွာဖြင့် လပြည့်နေ့က စနေဖြစ်နေသောကြောင့်..။ မဖြစ်လျှင် သတိရနိုင်ဖို့ခဲယဉ်းသည်..။ အခါကြီးရက်ကြီးမှန်းမသိ..၊ ကုသိုလ်ရေးတွင်မပါဝင်နိုင်၊ မပါဝင်ဖြစ်..။ စိတ်ထားကိုသာ အကောင်းဆုံးထားကာ နေသွားရပေမည်..။
Labels:
ရောက်တတ်ရာရာ
ရာတတ်ရောက်ရောက်..။
ဘလော့အတွက်စာအရှည်ကြီးတွေ မရေးနိုင်တာ ကြာပြီဗျာ..။ စာမရေးနိုင်တဲ့အတူတူ ပြီးခဲ့တဲ့ တနင်္ဂနွေက သူငယ်ချင်းတွေနဲ့ ကျောင်းထဲသွားပြီးရိုက်ခဲ့တဲ့ပုံလေးတွေပဲ ဘလော့မသေအောင်တင်ထားလိုက်ပါဦးမယ်..။
ဟဲ..ဟဲ..။
ဒါက Lee Wee Nam Library ရှေ့မှာ အမှတ်တရ..။ Library က အဲဒီနေ့က တနင်္ဂနွေမို့ ပိတ်ထားလို့ အထဲမှာဝင်မရိုက်ခဲ့ရဘူး..။
အချစ်ဆုံးသူငယ်ချင်းနဲ့ရိုက်ချင်နေတာကြာပြီ..။ သူက ဒီနေ့မှအားလို့.. ၊ အရိုက်ခံလို့ အခုမှတင်ရတယ်..။
တော်ပြီဗျာ..တင်ချင်တော့ဘူး..။ စိတ်တိုနေတယ်...။ တော်ပြီ..။
စားခဲ့တဲ့ ပီဇာလေးကျန်နေခဲ့လို့..။
ဟဲ..ဟဲ..။
ဒါက Lee Wee Nam Library ရှေ့မှာ အမှတ်တရ..။ Library က အဲဒီနေ့က တနင်္ဂနွေမို့ ပိတ်ထားလို့ အထဲမှာဝင်မရိုက်ခဲ့ရဘူး..။
ဒါက ဘဘ Tan Chin Tang ရုပ်တုပုံနဲ့..။
အချစ်ဆုံးသူငယ်ချင်းနဲ့ရိုက်ချင်နေတာကြာပြီ..။ သူက ဒီနေ့မှအားလို့.. ၊ အရိုက်ခံလို့ အခုမှတင်ရတယ်..။
တော်ပြီဗျာ..တင်ချင်တော့ဘူး..။ စိတ်တိုနေတယ်...။ တော်ပြီ..။
စားခဲ့တဲ့ ပီဇာလေးကျန်နေခဲ့လို့..။
Labels:
ဓာတ်ပုံအက်ဆေး..။
ရောက်တတ်ရာရာ..။
ဘလော့မရေးနိုင်တာကြာပြီ..။ Assignment တွေက တစ်ခုပြီးတစ်ခု..။ Assignment က Blog, Wiki, Vlog , Facebook စတာတွေနဲ့knowledge ကို ဘယ်လို share လုပ်နိုင်သလဲဆိုတာကိုယ်ကြိုက်တဲ့တစ်ခုရွေးပြီး Individual တစ်ယောက်ချင်းစီ တင်ရမည်..။ ၁၈ ရက်နေ့အပ်ရမည်..။ Blog ကိုရွေးလိုက်သည်..။ကော်ပီကူးလို့မရတော့ ကိုးကားပြီး လိုသလိုပြန်စီစဉ်ကာ ရေးရမည်..။ ဒါပေမယ့် ကိုယ်စိတ်ဝင်စားသောအကြောင်းအရာမို့ ရေးရတာ စိတ်ပါသည်..။ ခုမှစကာစရှိသေးသည်..။ ကြိုးစားပြီးရေးလိုက်ဦးမည်..။
Labels:
ရောက်တတ်ရာရာ
Subscribe to:
Posts (Atom)

