သင် အသက်( 20 - 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ
-------------------
အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊ (၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လေ့လာသင်ယူပါ။
သင့်ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။ ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။
၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။
အမြန်လှုပ်ရှားရင် မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက အရေးစိုက်ကြတာပါ။
၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု
ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။ သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့ တစ်နှစ်ကို (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင် အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့ အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
၎။ စာရေးပါ။
ရည်မှန်းချက်ပန်းတိုင်တွေ ချရေးပါ။ မှတ်စု စာအုပ်မှာ စာရေးပါ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။ ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူးတွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ။
၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ။
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက် ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။ တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။
၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ။
သင့်ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊ ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။
၇။ ပေးကမ်းပါ။
အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။ ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေ့မနေပါစေနဲ့။ ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။
အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။
Credit - အနာဂတ်အလင်းတန်းများ
စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
Showing posts with label အလုပ်. Show all posts
Showing posts with label အလုပ်. Show all posts
နှလုံးသား အာဟာရ
Labels:
ဖတ်သင့်သောစာ..။,
အလုပ်
Cover Letter ဘယ်လိုရေးရင်ကောင်းမလည်း - နိဂုံးပိုင်း
ဒီတခါတော့ နောက်သိပ်အရေးကြီးတာတခုပြောပြချင်ပါတယ်၊အဲဒါကတော့ Cover Letter ရေးတာပါပဲ၊ တကယ်တော့ cover letter ဆိုတာမိတ်ဆက်စာပေါ့။ အလုပ်ခန့် မဲ့သူ၊scholarship ပေးမဲ့သူကို လက်တို့ ပြီး”ခင်ဗျားတို့ ကျနော့ CVကိုဖတ်ကြည့်စမ်းပါ၊ကျနော့မှာခင်ဗျားတို့ အလုပ်နဲ့  ကိုက်ညီမဲ့အရည်အချင်းတွေရှိတယ်ဗျ၊ ခင်ဗျားတို့ သဘောကြ မှာပါ“…ဆိုတဲ့စာမျိုးပေါ့။
အဲဒီလိုcover letter မျိုး ဘယ်လိုရေးရင်ကောင်းမလဲ…
ကျနော်တို့ ဘယ်လိုရေးတတ်သလဲဆိုတော့….”Dear Sir/Madam, I would like to apply for this position of---.Please see attached my CV.”ကျနော် ခင်ဗျား ခေါ်တဲ့ အလုပ်ရာထူး၊နေရာ အတွက် လျောက်ထားချင်ပါတယ်၊ ကျေးဇူးပြုပြီးကျနော့CV ကိုကြည့်ပေးပါ….ဆိုတဲ့ပုံစံမျိုးပေါ့။ CV မြင်ကထဲက..အလုပ်၊ scholarship လျှောက်တာဆိုတာ လူတိုင်းသိတာပဲ၊ဒီစာ၂ကြောင်းလောက်နဲ့ တော့ ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး၊ အမှိုက်ခြင်းထဲရောက်သွားမဲ့ cover letter မျိုးပေါ့။
အဲဒီတော့ သူတို့ စိတ်ဝင်စားအောင်၊ကိုယ့်CV ချက်ချင်းဖတ်ချင်စိတ်ပေါက်လာအောင်ဘယ်လိုရေးမလဲ…
ကျနော်အနေနဲ့ cover letter မှာ paragraph စာပုဒ် ၃ပုဒ် ရေးပါ လို့ အကြံပေးချင်တယ်၊ သိပ်မတိုလွန်း၊မရှည်လွန်းတဲ့  စာကြောင်း၃/၄ကြောင်းပါတဲ့ စာပုဒ်တွေပေါ့။
ပထမ အပုဒ်က…ကိုယ့်အကြောင်းပြောပြတာပါ၊ကိုယ့်မှာ ဘယ်လို ဘွဲ့ ၊ဒီဂရီတွေရှိတယ်၊ ကိုယ့်လုပ်ငန်း အတွေ့ အကြုံကဘာတွေ၊ ဘယ်လိုအရည်အချင်း၊ အောင်မြင်မှုမျိုးတွေရှိတယ်.. အစရှိတာတွေရေးပါ။(ကျနော်ရှေ့ မှာ ပြောခဲ့သလို ကိုယ်လျှောက်မဲ့ အလုပ်၊Scholarship programme နဲ့ ဆီလျှော်မဲ.အကြောင်းတွေပေါ့)
ဒုတိယအပုဒ်က…သူ့လုပ်ငန်းအကြောင်း နဲ့ အခု သူ ခန့်မဲ့ အလုပ်၊နေရာအကြောင်း ကိုယ်သိတယ် ဆိုတာ ပြောပြရမှာ။အဲဒါကတော့ အလုပ်တခုလျှောက်တော့မယ်ဆိုရင် ကိုယ်လုပ်ရမယ့်company၊ လုပ်ငန်းအကြောင်း နဲနဲတော့သိနေ ရမှာပေါ့၊ ဘာလို.လဲဆိုတော့ အလုပ်ခန့် ရင် အဲဒီအဖွဲ့ အစည်းမှာသွားလုပ်ရမှာလေ။ ကိုယ်နဲ့ ကိုက်မကို်က် လေ့လာထားရမှာပေါ့။ ကိုယ်လုပ်ရမဲ့အလုပ်၊နေရာအတွက် ဆိုပိုသိအောင်လုပ်ထားရအုန်းမယ်၊ (ဒါကလဲသိဖို့ လွယ်ပါတယ်၊အလုပ်ခေါ်တဲ့၊Scholarship ခေါ်တဲ့ ကြော်ငြာမှာရေးထားတာပဲ၊သေချာဖတ်ဖို့ ပဲလိုတာ။)အဲဒီိလို သူ့လုပ်ငန်းအကြောင်း၊အခု သူခန့်မဲ့ အလုပ်၊နေရာအကြောင်း ရေးပြလိုက်ရင်အလုပ်ခန့် မဲ့သူ၊ Scholarship ပေးမဲ့သူက သိပ်သဘောကြတာပေါ့၊ငါတို့ အလုပ်အကြောင်းကောင်းကောင်းသိတယ်၊ အလုပ်လျှောက်ကထဲ ကကောင်းကောင်ြး ပင်ဆင် ထားတယ်ဆိုပြီးတော့ပေါ့၊ CV မဖတ်ရသေးဘူး၊cover letter နဲ့ကို ခင်ဗျားကိုတော်တော်အထင်ကြီးသွားပြီ၊လူဆိုတာကလဲ ကိုယ်ကိုစိတ်ဝင်တစား ရှိရင် သိပ်သဘောကျ တတ်တာ မျိုးမဟုတ်လား။
တတိယအပုဒ် ကတော့အရေးကြီးအပုဒ်၊သူနဲ့ ကိုယ်နဲ့ ချိတ်ဆက်ပြတော့မယ့်အပုဒ်ပေါ့၊ ဘယ်လို ရေးရမလဲ ဆိုတော့…”ခင်ဗျားကလဲဒီလို အရည်အချင်း၊ဒီလိုအတွေ့ အကြုံရှိတဲ့သူရှာနေတယ်၊ကျနော့် မှာခင်ဗျားလိုချင်တဲ့ အရည်အချင်း၊အတွေ့ အကြုံတွေရှိတယ်၊ဒါကြောင့် ကျနော့်ကိုသာခန့်လိုက်ရင် ခင်ဗျားအားကိုးရမှာပါ၊ခင်ဗျား အလုပ်အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူး.ဗျာ၊ကျနော်ကလဲ ကျနော်အရည်အချင်းတွေအစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကို အလွန်စိတ်ဝင်စားတယ်၊ဒါကြောင့် လျှောက်ဖြစ်တာ၊ CVလေးဖတ်ကြည့်ဘာအုန်း”…ပေါ့။
ကဲ..ဒီထက်ကောင်းတဲ့ မိတ်ဆက်စာရှိအုန်းမလား။
ဒီမှာနဲနဲပြောချင်တာက.. Dear Sir/Madam ဆိုတဲ့နေရာမှာ အလုပ်/scholarship ခေါ်တဲ့သူရဲ့ နာမည်သိရင် နာမည်ထဲ့ရေး၊ ဌာနသိရင်ဌာန နာမည် ထည့်ရေးပါ၊အဲဒါက Dear Sir/Madam ဆိုတာထက် ပိုကောင်းတယ်၊ သူတို့ ကိုသိတယ်၊ပိုရင်းနှီးတယ်ဆိုတာကိုပြချင်တာ၊ခင်ဗျားတို့ ပဲ စဉ်းစားကြည့်လေ၊ကိုယ့်ကို ဟိုလူကြီးလို့ ရမ်းအခေါ်ခံရ တာထက်..နံမည်ခေါ်ရင် ပိုကြိုက်၊ပိုမရင်းနှီး ဘူးလား။
ကဲ..ကျနော့ကတော့ အလုပ်ခန့်မဲ့သူ၊scholarship ခေါ်တဲ့သူ သေချာပေါက်ကြိုက်မယ့်၊interview ချက်ချင်းခေါ်ချင်မယ့် CV နဲ့ Cover letter ဘယ်လိုရေး ရမယ်..ဆိုတာပြောပြီးပြီ။
အခုခင်ဗျားတို.အလှည်.ပဲ။စတွေး၊စရေးကြတော။၊ပြီးရင်အလုပ်ခေါ်တာတွေ၊Scholarship ခေါ်တာတွေကို ယုံယုံကြည်ကြည်၊ရဲရဲဝင့်ဝင့်သာလျှောက်၊မကြာခင် Interview အတွက်လာဖို့ ဖုန်းသံကို ကြားရလိမ့်မယ်။
(တကယ်လို.CV နဲ့ Cover Letter ရေးထားတာ နဲ့ ပါတ်သက်လို့ ရှိတိုင်ပင်ချင်ရင် ကျနော်ရဲ့ TOFLA email account ဖြစ်တဲ့ tofla2011@gmail.com ကိုပို့ ပေးပါ၊ကျနော်အားတဲ့အချိန် မှာတတ်နိုင် သမျှ စစ်ပေးပြီး လူငယ်တွေကို ကူညီ ပါ့ မယ်)
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(နောက်သီတင်းပါတ်တွေမှာ အလုပ်ကိုဘယ်လိုရှာရမလဲဆိုတာနဲ့  Interview ဖြေနည်းတွေရေးပေးပါ့မယ်)
Labels:
အလုပ်
Cover Letter ဘယ်လိုရေးရင်ကောင်းမလဲ ( အပိုင်း - ၂ )
အရင်တပတ်ကရေးခဲ့တဲ့ အောင်မြင်မှုတွေ၊ရလာဒ်တွေကိုအခြေခံ တဲ့ summary မျိုး ရေးပြနိုင်ရင်.. (ဥပမာပေးခဲ.သလို စတိုးဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ.တယ်ဆိုရင် ကိုယ်.ကြောင့် တနှစ်မှာ ဘယ်လောက် ရောင်းအားတက်လာတယ်၊ ဖောက်သည်ဘယ်လောက် တိုးအောင်လုပ်နိုင်ခဲ.တယ်…ဆိုတာမျိုး၊ ဥပမာ..အင်ဂျင်နီယာဆိုရင်လဲ ဘယ်ပရောဂျက်ရဲ့ ဘယ်အပိုင်းကို တာဝန်ယူခဲ့ /လုပ်ခဲ့ တုန်းက သတ်မှတ်ရက်အတွင်း/သတ်မှတ်ရက်ထက် ဘယ်လောက်စောပြီးအောင်လုပ်နိုင်ခဲ့တာ…စတဲ့ ရလာဒ်တွေ၊အောင်မြင်မှုတွေ) ရေးပြနိုင်ရင်…ပျင်းပျင်းရိရိနဲ. CV ဖတ်နေနိုင်တဲ့ အလုပ်ရှင်တောင် ချက်ချင်း ထထိုင်ပြီး ခင်ဗျားတို့ ဆီ ချက်ချင်း ဖုန်း ဆက်လာနိုင်တယ်၊ ဒီလိုအရည်အချင်းရှိတဲ.လူမျိုး မလိုချင်တဲ့သူရှိမလား။
အဲဒီတော့ကိုယ်ဖက်က အဲဒီလို ရေးပြနိုင်ဖို့ ပဲလိုတာပေါ့ ၊အချိန်တခုပေးပြီး ငါဘာအောင်မြင်မှုတွေ၊ ရလာဒ်တွေရခဲ့ သလဲဆိုတာ စတွေးရ၊စအားထုတ်ရမှာပေါ.။
ကျနော် အလုပ်ရှာတုန်းက ဒီ summary ကိုရေးတော. ၅ ရက်လောက်ကြာတယ်၊ ငါ့မှာဘာအောင်မြင်မှုတွေ ရခဲ.သလဲဆိုတာ တွေးလိုက်၊ရေးလိုက်၊ ပြင်လိုက်၊ပြန်ရေးလိုက်နဲ.ပေါ.၊ မြန်မာပြည်ကဆေးရုံ၎ခုမှာ ၁၀နှစ်ကျော်လောက်(နောက်ဆုံးရန်ကုန်ဆေးရုံကြီး၊ကင်ဆာဋ္ဌာနမှာလဲ၅ နှစ်ကျော်လောက်) အလုပ်လုပ်ခဲ.ပါရဲ.၊လူနာတွေကုလိုက်ရတာလဲ အမြောက်အမြား၊ result ရလာဒ် စဉ်းစားကြည့်တော့ စဉ်းစားရ တော်တော်ခက်တယ်၊ ဘာလို.လဲ ဆိုတော. ကျနော်တို.ဆီမှာ result ရလာဒ် တွေကို တို်င်းတာတဲ. စနစ် Metrics တွေ၊ KPI(Key Performance Indicator)တွေက မဖွံ့ ဖြိုးတော. တိတိကျကျပြောရတာမလွယ်ဘူး။ ဒီဖက်မှာတော. အလုပ်တိုင်းရဲ. Result ရလာဒ်ကိုရအောင်တိုင်းတယ်၊ တဦးချင်းရဲ.အောင်မြင်မှုတွေ ကိုဆန်းစစ်တဲ.performance appraisal ဆိုတာလဲနှစ်တိုင်းလုပ်ရတယ်။ (ဒီအကြောင်း တွေကိုနောက်မှ.. ”လူကြီးတွေဖတ်ဖို.” ဆိုပြီးရေးအုန်းမယ်)
ဒါပေမယ့်ကျနော်ပြောရဲတယ်၊အလုပ်လုပ်နေတဲ.သူတွေအားလုံးမှာအောင်မြင်တဲ့result ရလာဒ် တခုမဟုတ်၊တခု တော့ရှိတယ်၊ကျနော်တို့ စနစ်တကျတွေးမထားလို့ သာ။ဘွဲ.ရခါစ လူငယ်တွေဆိုရင်လဲ ကျောင်းတုန်းက ဘာသာရပ်တွေ မှာ၊ကျောင်းတွင်း၊ကျောင်းပြင် လုပ်ခဲ့တဲ့ activity တွေမှာအောင်မြင်မှုresult တွေရှိခဲ.လိမ်.မယ်၊ အနည်းဆုံး ၅ ရက်..တပတ်လောက်တော့တွေးကြည့် ၊ ရေးပြစရာ အောင်မြင်မှုတွေတွေ့  လာလိမ်.မယ်၊
ဒီနေရာမှာ အရေးကြီးတဲ့ အချက်၂ချက်ကို အလေးထားပြောချင်တယ်……
ပထမအချက်က ကိုယ်ကျွမ်းကျင်တဲ အလုပ် ၊ကိုယ်လဲအမှန်တကယ်စိတ်စားတဲ့  အလုပ် ကိုရှာပါ၊ (အလုပ်ရချင်ဇောနဲ့ ကိုယ်စိတ်မ၀င်စားတဲ့ အလုပ်သွားမလျှောက်န၊ဲ့ အလုပ်လုပ်ရတာလဲ မပျော်၊ရှေ့ ဆက်လဲ တက်လမ်းရှိ မှာမဟုတ်ဘူး) ပြီးတော့ ကိုယ်လျှောက်မဲ.အလုပ် နဲ့ ဆက်စပ်တဲ့  အရည်အချင်း နဲ.အောင်မြင်မှုတွေ ကို Summary မှရေး ပါ။ ဥပမာ..ကိုယ်ကကွန်ပြူတာလဲ ကောင်းကောင်းသုံးတတ်တယ်၊ ဘောလုံးကန်လဲ တော်တယ်ဆိုပါဆို.၊ကိုယ်လျှောက်မဲ. အလုပ်ကရုံးလုပ်ငန်းဖြစ်ပြီး ကွန်ပြူတာသုံးဖို့ လိုနိုင်တယ်ဆိုရင် summary မှာကွန်ပြူတာသုံးတတ်တာကောင်းကောင်း အလေးထားရေးပါ၊ ဘောလုံးကိုတော့ နောက်ရေးမဲ.other skills အခြားကျွမ်းကျင်မှုများ နေရာမှာထဲ.ပေါ.။ တကယ်လို့ ကိုယ်လျှောက်မဲ.အလုပ်က အားကစားနဲ. ပတ်သက်ရင်တော့ ဘောလုံးကန်တော်တာ summary မှာ အလေးပေးရေးပေါ့၊ဒါကြောင်. မိမိရဲ.CV ကို လျှောက်မဲ့အလုပ်နဲ့  ဆီလျှော်အောင်ရေးနိုင်ဖို့  သိပ်အရေးကြီးတယ်၊ CV ကို လျှောက်မဲ့အလုပ်နဲ ကိုက်ညီအောင် ပြုပြင်နေဖို.လိုမယ်၊CV တစောင်ရေးပြီး အလုပ်အားလုံး ကို တပုံစံထဲလိုက်လျှောက်နေလို.တော့ အလုပ်ရှင်ချက်ချင်းခန့် ချင်တဲ့ CV မျိုးဖြစ်မှာမဟုတ်ဘူး။
ဒုတိယအချက် က.. ဘွဲ.ရကာစလူငယ်တွေ(fresh graduate ) အတွက်ပါ။ ငါတို.ကအခုမှကျောင်းပြီးတာ၊ ဘာအတွေ.အကြုံမှလဲမရှိဘူး၊ အလုပ်ရဖို. မလွယ်လောက်ပါဘူး လို.စိတ်ဓါတ်မကျနဲ့ ။တချို.အလုပ်တွေ၊ အလုပ်ရှင်တွေ က fresh graduate ကို အချို့ အလုပ်တွေ (ဥပမာ..ကျွမ်းကျင်မှု သိပ်မလိုတဲ.အလုပ်တွေ) မှာခန့် ဖို.စိတ်ဝင်စားကြတယ်၊ အလုပ်သင်သဘောပေါ.၊ လစာကတော့အစမှာနဲနိုင်တယ်၊ ဒါပေမယ့် နောက်တော့ ကြိုးစားမှုပေါ်မူတည်ပြီး ရာထူးတွေဆက်တက် သွားတာပါပဲ၊ တကယ်လဲကောင်းပါတယ်၊ အတွေ.အကြုံသိပ်မရှိသေးခင်မှာလစာလဲရ၊ပညာလဲရပေါ ။၊လွန်ခဲ.တဲ.၃နှစ်လောက် က စင်္ကာပူ MDIS Management Institute က ကျောင်းပြီးကာစ စင်္ကာပူသူလေးတယောက်ကို ကျနော်ဆီမှာ သုတေသန လက်ထောက်အဖြစ် ခန်.ဖူးတယ်၊သူကလဲတော်ပါတယ်၊ အလုပ်လဲ ကြိုး ကြိုးစားစား ရှိတော.သင်လွယ်၊တတ်လွယ်တယ်၊ အခုတော.နေရာကောင်းကောင်း၊လစာကောင်းကောင်းရနေပြီ။ ဒါကြောင်.fresh graduate တွေအားမလျှော့ နဲ့  ၊ ရိုးရိုးသားသား၊ကြိုးကြိုးစားစားသာလုပ်၊ဘာမှမအောင်မြင်စရာမရှိဘူး။
Summary of qualification and achievement (ကိုယ်.ရဲ. အရည်အချင်းနဲ့ အာင်မြင်မှုအကျဉ်းချုပ်) အကြောင်း ကျနော် ပြောခဲ့တာတွေ ကိုပြန်ချုပ်ကြည့်ကြရအောင်။
အဲဒီ Summary မှာအချက်၎/၅ ချက်လောက်ရေးပေးပါ၊ပထမ ၂ချက်၊၃ချက်က မိမိအလုပ်/ကျောင်း ကအရည်အချင်းနဲ. အောင်မြင်မှုတွေရေးပါ၊နောက်တချက် ကother relevant skills အခြားဆက်စပ်တဲ့ အရည်အချင်းတွေ(ဥပမာ..English,computer စသဖြင့်)၊နောက်ဆုံးအချက်က interpersonal skill လူလူချင်းဆက်ဆံရေးမှာအရေးပါတဲ.skills တွေ(ဥပမာ..organizing skill စည်းရုံးရေးကောင်း တဲ့ skillတို.၊ team work အဖွဲ့ အစည်းနဲ့ လုပ်ကိုင်တတ်တဲ့skillတို့ ပေါ)့၊အလုပ်ရှင်ဟာ အလုပ်ကအရည်အချင်းအပြင် အဲဒီလို လူမှုဆက်ဆံရေး skillကောင်းတဲ့သူတွေကိုပိုသဘောကျကြတယ်၊ဘာလို.လဲဆိုတော့ အလုပ်ဆိုတာ လူတွေနဲ့ လုပ်ရမှာမဟုတ်လား။
ကဲ..အဲဒီတော. CVရေး ပြီဆိုရင်….
အမည်
ပညာရေး(ဘွဲ.၊ဒီဂရီ)
ဆက်သွယ်ဖို.လိပ်စာ(ဖုန်းနံပါတ်အပါအ၀င်)
summary of qualification and achievement(ကိုယ်.ရဲ.အရည်အချင်းနဲ. အောင်မြင်မှုအကျဉ်းချုပ်)ရေး ။
ပြီးရင် ရှေ့ ကရေးခဲ့ တဲ့ summary(အကျဉ်းချုပ်) ကိုအသေးစိတ် အကျယ်ရှင်းပြမဲ့...
Educational qualification(ပညာရေး-ဘွဲ့ ၊ဒီဂရီတို့ )၊
working experience(လုပ်ငန်းအတွေ့ အကြုံ)၊
other relevant skills(အခြားဆက်စပ်တဲ့ ကျွမ်းကျင်မှုတွေ)၊
referees (ကိုယ်ကိုထောက်ခံပေးမဲ့သူတယောက်၊၂ယောက်) ဆက်ရေးပေတော.။
(ပိုပြီး စဉ်းစားရ၊ရေးရတာလွယ်တဲ့နည်းက..ဒီအသေးစိတ်ရှင်းပြတာတွေကိုအရင်ချရေးကြည့်၊...ပြီးမှ summary(အကျဉ်းချုပ်) အတွက် ကိုယ်အလေးပေးပြောချင်တဲ့ point တွေပြန်စဉ်းစား၊ပြန်ရေး တဲ့နည်းပါပဲ။၊ရေးကြည့်ပါ၊လွယ်သွားပါလိမ့်မယ်။)
Summary ကိုတောင်တော်တော်ကြိုက်နေပြီဖြစ်တဲ့ အလုပ်ရှင်ဟာ ဒီအသေးစိတ် အချက်အလက်တွေကို စိတ်ဝင်တစားဆက်ဖတ်လိမ့် မယ်၊ မပူနဲ.၊ ဒီလိုလူမျိုးဘယ်မှာလက်လွှတ်ခံပါ့မလဲ။
(ဒီတပတ်တော့ စာတော်တော်ရှည်သွားပြီ၊ နောက်တပတ်မှ CV format ပုံစံလေးနဲ့ Cover letter အကြောင်းဆက်ရေးပေးပါမယ်…)
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
Labels:
အလုပ်
CV နဲ့ Cover Letter ဘယ်လိုရေးရင် ကောင်းမလဲ
ဒီတခါတော. CV နဲ. cover letter ရေးနည်းအကြောင်းပြောပြချင်တယ်၊ဘာလို.လဲဆိုတော.CV ဟာကိုယ်ရဲ.အရည်အချင်း၊အတွေ.အကြုံ၊ကျွမ်းကျင်မှုတွေကိုပြောပြမဲ.အလွန်အရေးကြီး document မှတ်တမ်းတခုပါ။
(CV ဟာမိမိအကြောင်း အသေးစိတ်ဖော်ပြတာဖြစ် ပြီးacademic institute တွေ၊Scholarship programme တွေမှာပိုသုံးတယ်၊အလုပ်အတွက်ကတော.အကျဉ်းချုပ်ရေးထားတဲ. Resume ဆိုလုံလောက်ပါတယ်၊ ဒါပေမယ်.ဒီမှာတော. အားလုံး နဲ. familiar ဖြစ်မဲ. CV လို.သုံးနှုန်းပါ.မယ်)
အလုပ်စလျှောက်တဲ.အခါမှာဖြစ်ဖြစ်၊အလုပ်ထဲမှာpromotion အတွက်ပဲဖြစ်ဖြစ်၊ scholarship လျှောက်တဲ.နေရာမှာဘဲဖြစ်ဖြစ် CV ဟာ သိပ်အရေးကြီးပါတယ်၊ ကိုယ်.အရည်အချင်းကို ရွေးချယ်မဲ.သူသိအောင် စပြီးပြောပြနိုင်တဲ. Document ပဲပေါ.၊
လူ လူချင်းတွေ. ရင် first impression ပထမဆုံး ကိုယ်အပေါ် သူ.ရဲ.အထင်အမြင်ကအရေးကြီးတယ်ဆိုရင် လူချင်းမတွေ.ခင် မိမိကိုရွေးချယ်မဲ.သူဖတ်မဲ.CV ဟာ အထင်အမြင်သိပ်ကောင်းနေဖို.လိုတာပေါ.၊ကိုယ် ရဲ.CV ဖတ်ပြီးတာနဲ.ကိုယ်.ကို interview ခေါ်ချင်စိတ်၊အလုပ်ခန်.ချင်စိတ်၊Scholarship ပေးလိုစိတ် ပေါက်သွားအောင်ရေးရမှာ။
အဲဒီလိုCV မျိုး၊ Cover letter မျိုး ဘယ်လိုရေးမလဲ?
အခုတော.ပြောင်းလဲနေပြီလား မသိဘူး၊အရင်တုန်းကတော. CV ရေးဖို.လိုရင် မိတ်တူဆိုင်၊ကွန်ပြူတာဆိုင်က form ယူ ပြီး ဖြည်.ချင်ရင်ဖြည်.၊ပိုသပ်သပ်ရပ်ရပ် ဖြစ်စေချင်ရင် ကွန်ပြူတာစာစီခိုင်းလိုက်တာပေါ.၊ အမည်၊မွေးသကရစ်၊ လုမျိုး။ ဘာသာ၊ဖခင်အမည်…အစရှိ တဲ. ready-made ပုံစံကိုဖြည်.လိုက်တာပါပဲ။
အရင်ကကိုယ်တိုင်လဲအလုပ်ရှာခဲ.။အခုလူတွေကိုအလုပ်ခန်.တော.မှ..လူမျိုးတို.၊ဘာသာတို.ဆိုတာ အရေးမှမကြီးပဲ၊ဘယ်လူမျိုး။ဘယ်ဘာသာမဆို ကိုယ်.အလုပ်အတွက်အရည်အချင်းရှိတဲ.သူဆို အလုပ်ခန်.မှာပဲ၊ အဖေအမည်ဆိုပိုတောင်မှ မသိချင်သေးတယ်။လွန်ခဲ.တဲ.နှစ်တွေက ကျနော.ဋ္ဌာနမှာ ဒေသဆိုင်ရာ မန်နေဂျာတယောက်နဲ.ကင်ဆာဆရာဝန်တယောက် လို်.တော. မန်နေဂျာရာထူးအတွက် မွန်ဘိုင်း(ဘုံဘေ)ကတယောက် နဲ. ကင်ဆာပညာရှင် ရာထူးအတွက် တရုတ်ပြည်က ကင်ဆာအထူးကုဖြစ်ပြီး စင်္ကာပူက PhD ရထားတဲ.သူတယောက် ကို ကျနော် ခန်.ခဲ.တယ်၊ လူမျိုး၊ဘာသာတွေ အရေးမကြီးပါဘူး၊အခြားဋ္ဌာနတွေ၊companyတွေမှာ လဲ ဒီလိုဘဲ၊ကိုယ်လိုချင်တဲ. အရည်အချင်းရှိရင်အလုပ်ခန်.မှာပဲ။
ပြောချင်တာက…ကျနော်တို.ကမလို အပ်တဲ.အချက်အလက်တွေအတွက်အရေးကြီးတဲ.(ရွေးချယ်မဲ.သူ စဖတ်မဲ.) ပထမစာမျက်နှာ ရဲ. အပေါ် ပိုင်းတ၀က်လောက်ကိုဖြုန်းပစ်လိုက်တာ။
အဲဒီတော.CV ကိုဘယ်လိုစရင်ကောင်းမလဲ?
ပထမ အမည်၊နောက်က ပညာရေး(ဘွဲ.)နဲ.ဆက်သွယ်ဖို.လိပ်စာ(ဖုန်းနံပါတ်)ရေးပြီးရင် summary of qualification and achievement(ကိုယ်.ရဲ.အရည်အချင်းနဲ.အောင်မြင်မှုအကျဉ်းချုပ်)ကို စရေးပါ၊ သိပ်အရေးကြီးပါတယ်၊ တကယ်တော.အလုပ်ရှင်ဖြစ်ဖြစ်၊scholarship ပေးမဲ. university ကဖြစ်ဖြစ် ဒါကိုသိချင်တာ။ ကိုယ်ရဲ.အလုပ်အတွက် လူမှန်နေရာမှန်ဖြစ်ပါ.မလားဆိုတာ စသိချင်တာ၊ မဟုတ်ရင် ရေရှည်မှာသူရော၊ကိုယ်ရောစိတ်ဆင်းရဲရမှာ။
အဲဒီတော. Summary of qualification and achievement ရေးရင် ကိုယ်.ရဲ. အရည်အချင်း၊အောင်မြင်မှု တခုစီကို bullet point တခု(စာကြောင်းတကြောင်းနဲ.)တိုတိုရှင်းရှင်းရေးပါ။၎/၅ ခုလောက်ပေါ.။
အရေးကြီးဆုံးက အဲဒီ summary မှာ ဘာတွေရေးရမလဲဆိုတာပဲ။
တကယ်ရေးရမှာ က Achievement-based မိမိအောင်မြင်မှုတွေကိုအခြေခံတဲ.CV မျိုး၊ summary မျိုးရေးရမှာ၊ ဘာလုပ်ခဲ.တယ်ဆိုတာထက် result-orientated ဘယ်လို result အောင်မြင်မှု တွေရအောင်လုပ်နိုင်ခဲ.တယ် ဆိုတာကို နိုင်ငံတကာမှာ ပိုတန်ဖိုးထားတယ်၊ ဥပမာ..စတိုးဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ.တယ်ဆိုရင် ကိုယ်.ကြောင်. တနှစ်မှာ ဘယ်လောက်ရောင်းအားတက်လာတယ်၊ ဖောက်သည်ဘယ်လောက်တိုးအောင်လုပ်နိုင်ခဲ.တယ်.အစရှိသဖြင်.ပေါ.။
(ရေးစရာကများတော. တပတ်ထဲနဲ.ပြီးမှာမဟုတ်ဘူး၊နောက်တပတ်မှာဆက်ရေးပေးပါမယ်…)
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
Labels:
အလုပ်
ကုမ္ပဏီတစ်ခုမှ အလုပ်သမားလိုအပ်နေကြောင်း အကြောင်းကြားစာ..။
Network အင်ဂျင်နီယာတစ်ယောက်အလိုရှိနေကြောင်း မေးလ်တစ်စောင်ဒီကနေ့လက်ခံရရှိပါတယ်..။
Our company has an job opening for network engineer who knows how to maintain server 2003/2008.
အီးမေးလ်ကတော့ Email : steve@interaccion.asia ဖြစ်ပါတယ်..။ ကိုက်ညီသူများ လျှောက်ထားနိုင်ကြပါတယ်..။
ခင်မင်စွာဖြင့် မစံပယ်
Our company has an job opening for network engineer who knows how to maintain server 2003/2008.
အီးမေးလ်ကတော့ Email : steve@interaccion.asia ဖြစ်ပါတယ်..။ ကိုက်ညီသူများ လျှောက်ထားနိုင်ကြပါတယ်..။
ခင်မင်စွာဖြင့် မစံပယ်
Labels:
အလုပ်
မိမိကိုယ်ကို ရောင်းချခြင်း..။
အလုပ်တစ်ခုရှာသည်ဆိုခြင်းသည် မိမိအရည်အသွေးကို ရောင်းချခြင်းတစ်မျိုးဟု မှတ်သားမိဘူးပါသည်...။ အလုပ်ရှင်မှလည်း သူ့ဘက်မှလိုအပ်ချက်များများကို ကုန်ကျစားရိတ်နည်းနည်းနှင့် ဖြည့်ဆည်းပေးနိုင်မည့်သူမျိုးကို ရှာဖွေခန့်အပ်ကြဖို့ ကြိုးစားကြသည်မှာ ဓမ္မတာဖြစ်ပါသည်..။ အလုပ်ရှာသူများဘက်မှလည်း အလုပ်ရှင်များလိုအပ်တတ်သောအရည်အချင်းများကို တတ်အားသမျှဖြည့်ဆည်းကာ မိမိနှင့်အရည်အချင်းတူသူများနှင့် အပြိုင်တိုးကြရသောအခါ အရည်အချင်းသာသူများက အခွင့်အရေးပိုရတတ်သည်မှာ သဘာဝတရားဖြစ်ပါသည်..။
ယခုမစံပယ်မှာ အလုပ်လုပ်သင့်သော ဘ၀ထဲသို့ခြေစုံပစ်ဝင်ရမည့်အချိန်သို့ရောက်နေပါပြီ..။ ရောက်ခဲ့သည်မှာ ကြာပါပြီ..။ မစံပယ်ကမသိဟန်ဆောင်ကာ နေခဲ့သမျှ လောကကြီးက မသိကျိုးကျွံမပြုဘဲ နင်အချိန်တန်ပြီဟု လိုက်လံရှာဖွေကာ အလုပ်လုပ်ခိုင်းနေပါပြီ..။ မစံပယ် မသိကျိုးကျွံ မသိလိုက်မသိဘာသာနေ၍ မရတော့ပါ..။ မိုးလင်းသည်နှင့် ကွန်ပျူတာကိုဖွင့် အလုပ်ဝက်ဆိုဒ်များဖွင့်ကာ အလုပ်တစ်ကြော်ကြော်လျှောက်ရခြင်းသည် မစံပယ်၏ နိစ္စဒူဝ အလုပ်ဖြစ်လာပါပြီ..။
အလုပ်အသည်းအသန်ရှာသောအခါတွင်မှ မစံပယ်စိတ်ထဲစွဲနေအောင် သနားလာခဲ့သောအဖြစ်အပျက်တစ်ခုကို ခဏခဏပြန်ပေါ်ပေါ်လာပါတော့သည်..။ မစံပယ်တို့သည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတစ်နေရာမှ ဖြစ်ပါသည်..။ မစံပယ်တို့ကျောင်းတက်သောအခါ မုံရွာသို့သွားကာတက်ကြရပါသည်..။ ချင်းတွင်းမြစ်ကို စက်လှေဖြင့်ကူးရပါသည်..။ ထိုအခါ စက်လှေအတက်ဆင်းဍ်ကုန်တင်ကုန်ချအလုပ်သမားများ၊ ဆိုက္ကားသမားများနှင့်ပြည့်ကြပ်နေကာ ခရီးသည်ခေါ်လေ့ရှိပါသည်..။ဆိုက္ကားသမားများ၊ ကုန်တင်ကုန်ချသမားများမှာ အောက်ခြေလူတန်းစားများဟု ပြောမည်ဆိုကပြောနိုင်ပါသည်..။ ထိုအထဲတွင်အရက်သမားအလုပ်သမားများလည်း ပါပါသည်..။
တစ်ခါကမစံပယ်စက်လှေပေါ်မှအဆင်း မုံရွာဆိပ်ကမ်းအရောက် တောင်းကြီးကြီးတစ်လုံးပါသူခရီးသည်ထံမှ ထိုတောင်းကြီးကို ထမ်းဖို့အရေး အလုအယက်ကြိုးစားနေသော ဦးလေးအရွယ် ယောကျာ်းကြီးတစ်ယောက်ကိုတွေ့မိပါသည်..။ ထိုဦးလေးကြီးမှာ တောင်းကိုမနိုင်မနင်းအတင်းထမ်းဖို့ကြိုးစားနေပါသည်..။ ဘေးမှာသန်မာသော ယောကျာ်းသားများကအပြည့်ဖြစ်ပါသည်..။ သူကြိုးစားမထမ်းလျှင်သူများကအလွယ်ဝင်ထမ်းသွားမည်..။ သူဒါကိုမထမ်းလျှင် မနက်စာ (အရက်လည်းဖြစ်ချင်ဖြစ်နိုင်ပါသည်..။) ရမည်မဟုတ်ပါ..။ သူ့မှာလုယက်ကာအတင်းဝင်ထမ်းနေပေမယ့် မျက်နှာမှာအရက်သမားပုံစံဖောင်းကြွနေပါသည်..။
"ငါနိုင်ပါတယ်ကွ..။ ငါနိုင်ပါတယ်ကွ" ဟုအတင်းပြောကာ အတင်းလုထမ်းနေသောထိုဦးလေးကြီးပုံကို ခဏခဏပြန်မြင်နေမိသည်မှာ မစံပယ်တို့လည်း အလုပ်တစ်ခုရဖို့အရေး ဘာတွေဘယ်လိုတတ်ကျောင်း အတင်းကာရောပြသနေမိရသမို့ ဖြစ်ပါသည်..။ အလုပ်အတူလျှောက်နေသော..၊ အလုပ်ရှာတာကြာပြီဖြစ်ပေမယ့် အင်တာဗျူးသာကြိုးကြားကြိုးကြားရလျှက် အကြောင်းပြန်ချက်မရသော အစ်ကိုကြီးတစ်ယောက်ကိုကြည့်ကာလည်း ထိုဦးလေးကြီးကိုပြန်အမှတ်ရမိတတ်ပြန်ပါသည်..။ "ငါသန်ပါသေးတယ်..။ ငါ့ကိုခိုင်းကြပါ" ဟု တကြော်ကြော်အော်နေသော်လည်း အလုပ်မှာ ရချင်မှသာရတတ်ပါသည်..။ မစံပယ်လည်း လက်မှတ်တွေ အောင်စားရင်းတွေတပုံတပင်တွေ ကျွန်မ တတ်ပါတယ်ရှင်ဟု လည်ချောင်းကွဲအောင်အော်သော်လည်း မရနိုင်ပါ..။ လက်ချောင်းပူအောင် အလုပ်လျှောက်သော်လည်း အင်တာဗျူးပင်မရလာသေးပါ..။ ထိုအခါတိုင်း ငါနိုင်ပါတယ်ကွ ငါနိုင်ပါတယ်ဆိုပြီး အတင်းလုကာထမ်းနေသော အလုပ်သမားဦးလေးကြီးကိုသာ ပြန်ပြန်အမှတ်ရမိနေပါသည်..။
ကျွန်မလည်းအလုပ်လိုချင်ပါတယ်ရှင်..။ ကျွန်မကို ခိုင်းကြပါ..။
Labels:
အလုပ်
Subscribe to:
Posts (Atom)


