စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
Showing posts with label ဓာတ်ပုံအက်ဆေး..။. Show all posts

ဇီးယိုကျွေးတတ်သော မစံပယ်တို့အမေ..။
မစံပယ်အမေသည် ဘာသဘောမှန်းမသိ..။ မစံပယ်မြန်မာနိုင်ငံမှာတုံးကလည်း ကျောင်းပိတ်ချိန်အိမ်ပြန်လျှင် ဇီးယိုကျွေးတတ်သည်..။ မစံပယ်ပြန်တုံးတိုက်ဆိုင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ်အိမ်မှာ ဇီးယိုရှိနေတတ်သည်..။ တခါတရံတော့ မစံပယ်ပြန်လာမှ သေချာဇီးယိုကျိုလိုက်သည်ထင်သည်..။ ထန်းလျက်က၀ယ်၍လွယ်သည်ကိုး..။ ဇီးသီးကဘယ်လိုရရလာသည်မသိ..။
အခုလည်းမစံပယ်ဆီတကူးတကအလည်လာကြသည်..။ ဇီးယိုတစ်ဗူးပါလာပြန်လေသည်..။ သေချာထိုးလာခဲ့သည်တဲ့..။ ဟမ်..။ ၀ိတ်ကလည်း ၁ပိဿနီးနီးစီးနိုင်သည်..။ တပင်တပန်းခံသယ်လာသည်..။ မစံပယ်မှာ သူတို့သယ်လာတာတွေများနေ၍ ပျက်စီးလွယ်သည်များကို အရင်စားကာ ဇီးယိုအလှည့်မကျနိုင်သေး..။ အခုတော့ သူ့အလှည့်ကျဖို့ နီးလာချေပြီ..။ အမေဘယ်လိုစိတ်ကူးနှင့် သယ်လာသည်မသိ..။ မစံပယ်ကို ဇီးယိုကြိုက်သူဟု အမှတ်များမှားနေရော့သလား..။ မစံပယ်ပင်ဇဝေဇ၀ါဖြစ်ရပြန်သည်..။
အမေ့ဇီးယိုဗူး....။
တခါပြောဖူးသည်တော့ အမှတ်ထင်ထင်ရှိမိသည်..။ မစံပယ်မှာ အတွေးများလွန်းသည်ဟု..။ အဲဒါတော့လည်းဖြစ်နိုင်သည်..။ မစံပယ်မှာ တစ်ခုခုလုပ်တော့မည်ဆိုလျှင် ဘာတွေဖြစ်လာနိုင်မလဲ..၊ မဖြစ်ခင်ဘာတွေကြိုပြင်ရမလဲ..၊ ဖြစ်ပြီးနောက်ဘာလုပ်မည်လဲ..ဆိုတာတွေ ခေါင်းထဲမှာတွေးပြီးဖြစ်သွားတတ်သည်..။ တခါတရံအသေးစိပ်ကစ ကြိုတွေးထားတတ်သည်..။ ဖြစ်နိုင်ရန်အလားအလာရှိသည်များကိုလည်း တွေးထားတတ်သည်..။ အထူးသဖြင့် မိသားစုရေးများတွင် မစံပယ်မှာခေါင်းပူအောင်စဉ်းစားတတ်ကာ အားလုံးကိုစိတ်ပူနေတတ်သည်..။ အမေနှင့်စကားပြောရင်း ထိုးအတွေးများကိုပြောမိသည့်အခါ အမေက အတွေးများလွန်းသူဟု မစံပယ်ကိုကောက်ချက်ချလိုက်သည်..။ ထိုအချိန်မှစ၍ မစံပယ်ကို ဇီးယိုကျွေးခြင်းစလာတော့သည်..။
မစံပယ်မှာအတွေးများလွန်း၍ ခေါင်းနောက်ကျိတတ်သည်..။ အတွေးတွေပတ်လည်ရိုက်နေတတ်၍ ခေါင်းမကြည်ဖြစ်ကာ တစ်ချို့အချက်များ သတိလွတ်တတ်သည်..။ သို့ပေသိ ကြိုတွေးတတ်သည့်အကျင့်ကြောင့် ဘာဖြစ်လျှင်ဘာလုပ်ရမည်ဟု အစီအစဉ်တစ်ခါတည်းရှိပြီးဖြစ်သည်..။
ဘာပဲဖြစ်ဖြစ် မစံပယ်တို့အတွက်သာ ဘ၀ပုံပေးထားသလိုဖြစ်နေသော အမေ့ကို မစံပယ်ဒီ့ထက်ပျော့ပျောင်းဖို့..၊ နုးညံ့စွာဆက်ဆံဖို့..၊ ဂရုစိုက်ဖို့လိုပါသေးသည်..။ ယခုမစံပယ်တို့အိမ်ပိုင်ရှင်သားအငယ်မှာ သူ့အဖေရုတ်တရက်ဆုံးပါးသွား၍ အဖေမသေခင်က အမြဲငြင်းခုန်အော်ဟစ်မိတာတွေကို နောင်တရ စိတ်မကောင်းဖြစ်နေသည်..။ သူ့အဖေကအလုပ်သွားရင်းချော်လဲကာ သတိမလည်လာတော့ဘဲ တစ်ခါတည်းဆုံးပါးသွားခြင်းဖြစ်သည်..။ မစံပယ်လည်း မစံပယ်အမေကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့..၊ စိတ်ရှည်ဖို့..၊ ဂရုစိုက်ဖို့.. လိုအပ်လှပါသေးသည်..။
Labels:
ဓာတ်ပုံအက်ဆေး..။
မုန့်လက်ကောက်ဖြစ်သွားသော မုန့်လုံးရေပေါ်..။
မစံပယ်ဝယ်ထားတာကြာပြီဖြစ်သော ကောက်ညှင်းဆန်မှုံထုပ်ကလေးရှိနေသည်..။ မသုံးဘဲနေရင် ပိုးဟပ်ဖောက်တာနဲ့ ပစ်ရတော့မည်..။ ဘာကိုမှအလဟဿမပစ်နိုင်ပါ..။ အခုလိုအချိန်အခါတွင် ပိုဆိုးသည်..။ ဘာကိုမှ မပစ်နိုင်ပါ..။ စိတ်ထဲမှာ ချိုချိုစည်းစည်းမုန့်ကလည်း စားချင်နေသည်..။ ရှိတာက ကောက်ညှင်းဆန်ပဲရှိသည်..။ မုန့်လုံးရေပေါ်လုပ်နည်းဖတ်လိုက်တော့ ကောက်ညှင်း ၂ဆ၊ ဆန်မှုံ့ ၁ဆဖြစ်နေသည်..။ ဆန်မှုံ့လည်း ထပ်မ၀ယ်ချင်..။ ဖြစ်ချင်ရာဖြစ် ကောက်ညှင်းထုပ်ကိုဖောက်ကာ ဆား၊ ဆော်ဒါနဲ့နှယ်လိုက်သည်..။ ရေနည်းလို့ရေထပ်ထည့်..၊ ရေများသွားလို့ အမှုံ့ထပ်ထည့်..။ ရေထပ်ထည့်တော့ ပျော့သွားပြန်ပြီ..။ တော်ပြီ အမှုံ့ထပ်ထည့်ရင် တစ်ယောက်တည်းကုန်အောင် မစားနိုင်ဖြစ်နေမည်..။ ပျော့ပျော့ပဲ မုန့်လက်ကောက်လေးလို ကွေးသည်..။ ကွေးမရ..။ ဟား ဟား ဟား..။ ဆီထဲတစ်ခါတည်း ထည့်ရသည်..။ မုန့်လက်ကောက်မဟုတ်..၊ မုန့်ဂျိုးလိမ်မဟုတ်..။ ဘာမှန်းမသိသည့် ပုံသဏ္ဍာန်နှင့်..။
ပထမတစ်ဒယ်..။
မုန့်ကတော့ သေချာတယ် မကုန်ဘူး..။ ဒီတစ်ဒယ်ထဲကတော့ မ၀သေးဘူး..။ နောက်တစ်ဒယ်..။ မကုန်တဲ့မုန့်နှစ် တစ်ဒယ်စာလောက်ကိုရေခဲသေတ္တာထဲထည့်သိမ်းထားလိုက်တယ်..။ ထန်းလျက်မရှိတော့ သကြားနဲ့စားသည်..။ဘလော့တွေဖတ်ခြင်းကနေ မုန့်လက်ကောက်လက်ဖြစ်အိမ်ဖြစ်ကလေး စားရသည်..။ ကောင်းလေစွ ကောင်းလေစွ တကား..။
Labels:
ဓာတ်ပုံအက်ဆေး..။
ဘလောက်ဆိုတဲ့ မြန်မာအကျီင်္ိ..။
မစံပယ်အခုကျောင်း ၃ လနီးပါးအားတယ်ပေါ့နော်..။ မစံပယ်အိမ်ပြန်ချင်တယ်..။ ဒီမှာအသုံးလိုတဲ့စာအုပ်လေးတွေပြန်ယူချင်တာရယ်..၊ မစံပယ်မြန်မာနိုင်ငံမှာဝတ်ခဲ့တဲ့ မြန်မာဘလောက်ဝတ်စုံလေးတွေ ပြန်ယူချင်တာရယ်အတွက်ပါ..။ ဒီမှာ မလေးမလေးတွေ သူတို့ရိုးရာဝတ်စုံကို ဒေါက်ဖိနပ်လေးတွေနဲ့လှတပတလေးတွေဝတ်ထားတာတွေ့ရတော့ မစံပယ်လည်း မြန်မာဝတ်စုံလေးဝတ်ချင်လာတယ်..။ အလုပ်သွားတာမဟုတ်ဘဲ ကျန်တဲ့သွားလာရတဲ့နေရာတွေကို မြန်မာဝတ်စုံလေးနဲ့သွားချင်တယ်..။ မစံပယ်ဝတ်စုံလေးတွေက မရိုးမဆန်းနဲ့ အောက်ပိုင်းကပန်းပွင့်နဲ့ အပေါ်ကဗြောင်အရောင်နဲ့တွဲဝတ်တဲ့ ချည်သားဝတ်စုံလေးတွေပေါ့..။ မစံပယ် ဒီကိုမလာခင်လေးတင် ခြောက်စုံတောင်ချူပ်ထားတာ..။ ဒီလာမယ်ဆိုတော့ ကျန်တဲ့ယူစရာတွေနဲ့ တစ်စုံမှမယူခဲ့ဘဲ အိမ်ကိုပြန်ထားခဲ့လိုက်တာ..။ အခုဒီရောက်တော့ပြန်ဝတ်ချင်နေပြီ..။ တစ်ထည်မှမပါလာတော့ဘူး..။
မြန်မာဝတ်စုံနဲ့ ကျက်သရေ..။
မြန်မာဝတ်စုံကိုဘယ်တုံးကသဘောကျသွားသလဲဆိုတော့.. မစံပယ် ဂျာနယ်ကျော်မမလေးဝတ္တုတွေ စွဲစွဲမြဲမြဲဖတ်မိတုံးက စသန္ဓေတည်တာပါ..။ ဂျာနယ်ကျော်မမလေးက မြန်မာဝတ်စုံကိုကျက်သရေရှိရှိ အဆင့်မြင့်မြင့်ဝတ်ခဲ့တယ်ဆိုတာ စိတ်ထဲမှာစွဲနေမိတယ်..။ သူရေးတဲ့ သူလိုလူဝတ္တုဖတ်တုံးကပေါ့..။ အိမ်မှာနေရင်းတောင် အ၀တ်အစားကိုထည်လဲ လဲလှယ်ဝတ်ဆင်ပြီး အဆင့်မြင့်မြင့်နေခဲ့တယ်ဆိုတာကို သဘောကျနေခဲ့မိတယ်..။ သဘောကျရုံပါပဲ..။ ၀တ်ဆင်မိတာမျိုးမရှိပါဘူး..။
မစံပယ်ရန်ကုန်ရောက်ပြီဆိုမှ ရန်ကုန်မှာကျောင်းသူလေးတွေ ကျောင်းသွားရင် ရင်ဖုံးမရိုးမဆန်းလေးနဲ့ ဒေါက်ဖိနပ်လေးနဲ့ စိတ်ထဲမှာလှပကျက်သရေရှိလိုက်တာလို့ သတ်မှတ်မိပြီးတဲ့နောက်မှာ မစံပယ်လည်းကိုယ်တိုင်ဝတ်ဆင်ဖို့ စိတ်ပါလာပါတော့တယ်..။
ကျွန်မတို့အာဇာနည်နဲ့ ကျက်သရေရှိတဲ့မြန်မာဝတ်စုံ..။
မြန်မာဝတ်စုံက ခန္ဓာကိုယ်ပိန်ပါးချပ်ကပ်တဲ့သူနဲ့ ပိုလိုက်ဖက်ပါတယ်တဲ့..။ ကျွန်မအမြင်ကတော့ ခန္ဓာကိုယ် ပိန်ပိန်၀၀ အားလုံးနဲ့လိုက်ဖက်တယ်လို့မြင်ပါတယ်..။ ကျွန်မလည်းပိန်ပိန်ပါးပါးထဲမှာမပါပါဘူး..။ ဒါပေမယ့်ဝတ်ချင်တယ် ..၊ ကြိုက်တယ်..။ ၀တ်ထားရင်းနဲ့ လုံခြုံတယ်..၊ သိမ်မွေ့တယ်..၊ မြန်မာဆန်တယ်..၊ ကျက်သရေတောင်နည်းနည်းရှိသွားတယ်လို့..ခံစားမိတယ်..။ အဆင့်အတန်းတစ်မျိုးကိုလည်းပြတယ်လို့ ထင်မိတယ်...။ (ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ်ထင် ခုတင်ခြေလေးချောင်းပေါ့နော်..။ မနေ့ညကမှ တီချမ်းဘလော့ဖတ်ပြီး သူ့စာသားကူးချထားတာ..။ ဟိဟိ..။)
စိုးမြတ်သူဇာနဲ့ မြန်မာဝတ်စုံ..။
မြန်မာဝတ်စုံနဲ့သဘောကျမိတာကတော့ မင်းသမီးစိုးမြတ်သူဇာပါ..။ စိုးမြတ်သူဇာက မြန်မာဝတ်စုံကို တစ်ခြားသူတွေပါဝတ်ချင်စိတ်ပေါ်လာအောင် လှပနွဲ့နှောင်းစွာ ၀တ်ဆင်ပြနိုင်သူပါ..။ ခန္ဓာကိုယ်အချိုးကျပုံနဲ့ ကိုယ်နေဟန်ထားကြောင့် မြန်မာဝတ်စုံနဲ့လိုက်ဖက်အဆင်ပြေလှသူပါ..။ သူဝတ်ထားတဲ့မြန်မာဝတ်စုံတွေကို သဘောကျပါတယ်..။ မစံပယ်ရန်ကုန်မှာနေတုံးက မနက်တိုင်း အင်းလျားကန်ဘောင်ကိုလမ်းလျှောက်ပါတယ်..။ အဲဒီမှာစိုးမြတ်သူဇာရဲ့ ပိုးထည်ဆိုင်ကြော်ငြာဆိုင်ဘုတ်အကြီးကြီးကို မနက်တိုင်း သဘောကျစိတ်နဲ့ကြည့်ဖြစ်ပါတယ်..။ မြန်မာဝတ်စုံက ကျက်သရေရှိတယ်ပေါ့နော်..။ ကိုယ့်မူကိုယ့်ဟန်နဲ့လည်းရပ်တည်နိုင်တယ်လို့ ခံစားရတယ်..။ ၀တ်စုံကချပ်ချပ်ကပ်ကပ်နဲ့ မြင်လိုက်ရင်ရိုင်းမနေဘဲ ကိုယ့်အဆင့်အတန်းကိုဖော်ပြနေနိုင်ရမယ်လို့ မစံပယ်ခံယူတယ်..။ မစံပယ်တို့အတွက်တော့ မြန်မာဝတ်စုံက ကိုယ့်အဆင့်အတန်းကိုပြတယ်လို့ ခံစားရတယ်..။
မစံပယ်နဲ့မြန်မာဝတ်စုံ..။
မစံပယ်မှာ ဓာတ်ပုံရိုက်ထားမိတာ ဒီတစ်ထည်တည်းနဲ့ပဲရှိတယ်..။ မစံပယ်အကြိုက်ဆုံး ၀တ်စုံလေးတွေနဲ့က ဓာတ်ပုံရိုက်မထားမိလိုက်ဘူး..။ အိမ်ပြန်ချင်တယ်..။ လိုချင်တဲ့ စာအုပ်နဲ့ ၀တ်စုံလေးတွေယူချင်လို့..။

စင်ကာပူခြေရာများ..။
မစံပယ်ဘလော့မရေးဖြစ်တာကြာပြီ..။ ဟိုလိုလိုဒီလိုလိုနဲ့ ဟိုဟာရေးရမလိုလို ဒီဟာရေးရမလိုလိုဖြစ်နေတာကြာပြီ..။ သူများတွေရေးတာဖတ်ရတော့လည်းကောင်းလိုက်တာ..။ ကိုယ့်ဘလော့မှာကျတော့ ဘာကိုဦးစားပေးတဲ့ဘလော့ဖြစ်ရမလဲဆိုတာကို ကိုယ့်ဘာသာကိုမသိနိုင်သေးဘူးဖြစ်နေတယ်..။ တင်ချင်တာ စိတ်ထဲရှိတာ ကောက်ကောက်ရေးလိုက် တင်လိုက်ဖြစ်နေတယ်..။ စိတ်မရှည်တတ်တဲ့ ကိုယ့်သဘာဝကိုလည်း ပြန်မြင်နေရတယ်..။ သူများဘလော့တွေမှာ စာတစ်ပုဒ်ကို စီကာပတ်ကုံးရေးထားလိုက်ကြတာ အရှည်ကြီးတွေ..။ မစံပယ်ကတော့ ဘလော့တစ်ပုဒ်ကို စာတစ်ပိုဒ်တည်းဖြစ်ချင်ဖြစ်နေတတ်သေးတယ်..။ နောက်နေ့မှ edit လုပ်မယ်ဆိုပြီး လုပ်လည်းမလုပ်ဖြစ်ပါဘူး..။ အခုတော့မစံပယ်ဘာလုပ်တတ်လာလဲဆိုတော့ သွားလေရာ မစံပယ်ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်တတ်လာတယ်..။ သူများလို ဓာတ်ပုံလေးနဲ့တကွ တင်ချင်လို့ပေါ့နော်..။ နောက် မစံပယ်ရေးနေကျဖိုရမ်မှာလည်း မစံပယ်စ ထားတဲ့ပို့စ်တွေ ရှေ့မဆက်နိုင်တာလည်းရှိသေးတယ်..။ အဲဒီအတွက်လည်း တာဝန်မကြေသလိုဖြစ်နေလို့ အဲဒီဟာကလည်း ဆက်လည်းမရေးနိုင်လို့ လူက ဟိုလိုလို ဒီလိုလိုဖြစ်နေတယ်..။
အခုတော့မစံပယ်ရိုက်လာတဲ့ဓာတ်ပုံတွေပြန်ကြည့်ရင်း မစံပယ်ထင်မြင်သလို ခံစားမိတာတွေကို ရေးပြချင်ပါတယ်..။
နေရာတကာလူတွေပြည့်ကြပ်နေတဲ့ စင်ကာပူ..။
ကြည့်ပါဦး West Coast တဲ့..။ စင်ကာပူအနောက်ကမ်းခြေတဲ့..။ မစံပယ် မထင်မှတ်တဲ့တနင်္ဂနွေတစ်ရက်က ရောက်သွားတာ..။ ကားပတ်ကင်မှာ ကားထိုးဖို့နေရာမရှိဘူး..။ လိုက်ပို့ပေးတဲ့ ဦးလေးကြီးက ကားပေါ်ကမဆင်းနိုင်ဘဲ ကားပတ်ကင်ရဖို့စောင့်နေခဲ့ရတာ မစံပယ်တစ်ပတ်ပတ်လို့ ပြန်လာတဲ့အထိ ကားပတ်ကင်နေရာမရဘူး..။ စွန်လွှတ်နေကြတယ်..။ စကိတ်စီးနေကြတယ်..။ သဲပေါ်မှာကစားနေကြတယ်..။ ကမ်းခြေနားမှာ ပန်းခြံလုပ်ပေးထားတယ်..။ ဒါလေးနေရာကျဉ်းကျဉ်းလေးကို အရေးတယူလုပ်ပြီး ကစားနေလိုက်ကြတာ..။ စင်ကာပူကလူတွေကို သနားမိပါတယ်..။ နေရာကျယ်ကျယ်လွင့်လွင့်မနေရ..၊ သဘာဝအလှဆိုတာ ဘာမှန်းမသိကြ..။ မသိကြတော့ ခံစားရကောင်းမှန်း မသိကြတော့ဘူးပေါ့ဗျာ...။
မြင်မြင်ရာမှာလူတွေချည်းပဲတွေ့နေရတာ ငြီးငွေ့သလိုကြီးခံစားလာရတယ်..။ Bird Park ဘက်ကိုကားဆက်မောင်းလာရင်း တောင်ထိပ်ကိုကားလမ်းအတိုင်းတက်လာလိုက်ကြတယ်..။ ညနေ၅ နာရီကျော်တာနဲ့ ကားပတ်ကင်အလကားရတဲ့နေရာလေးဖြစ်နေတယ်..။ တောင်ထိပ်လည်းတောင်ထိပ်ဆိုတော့ ကားနဲ့လာကြတဲ့သူတွေပဲရှိတယ်ပေါ့နော်..။ မဆိုးပါဘူး..။ လူသိပ်မရှိဘူး..။ မြန်မာနိုင်ငံက အာလိန်ငါးဆင့်ဆိုတာလိုမျိုး လျှောက်လမ်းကို ပတ်ပြီးဆောက်ထားတယ်..။ အဆောက်အဦးရဲ့အမြင့်ဆုံး သူတို့သတ်မှတ်ထားပြီး ၀င်ခွင့်ပေးတဲ့နေရာထိတက်လာလိုက်တယ်..။ ထိပ်ဆုံးထိတက်ခွင့်မပေးထားဘဲ တက်စရာတစ်ထပ်ကျန်သေးတဲ့နေရာမှာ တံခါးလုပ်ပြီး သော့ပိတ်ထားတယ်..။ အဲဒီနေရာလေးကနေကြည့်ရင် စင်ကာပူကို အမြင့်ကနေမြင်ရတာပေါ့နော်..။ သဘောကတော့ မန္တလေးတောင်ပေါ်ကနေ မန္တလေးကိုအပေါ်စီးမြင်ရသလိုပေါ့ဗျာ..။ ဒါပေမယ့် နေ၀င်တာကိုကြည့်လို့မရ Sun Set ဆိုတာ ဘာမှန်းမသိတဲ့ စင်ကာပူလေးပါဗျာ..။ အပေါ်စီးကနေကြည့်လို့ရရုံဆိုတဲ့ သဘောလေးပါဗျာ..။ မန္တလေးတောင်လို သဘာဝအလှတွေရှိနေတဲ့နေရာတွေမဟုတ်ပါဘူး..။ ဒါပေမယ့် စားသောက်ဆိုင်တော့ရှိတယ်ဗျာ့..။ ညှော်နံ့ပြင်းပြင်းတွေရခဲ့တယ်..။ လိုက်ပို့ပေးတဲ့ဦးလေးက သူစင်ကာပူမှာနေတာ ၁၀ နှစ်ရှိပြီ..၊ ဒီနေရာကိုမသိဘူးတဲ့..။ လူရှင်းတဲ့ဒီလိုနေရာလေးရှိမှန်းသိရင် သူခဏခဏလာပါတယ်ဆိုပြီး ကြိတ်မနိုင်ခဲမရဖြစ်နေတယ်..။
လှသော်လည်း ရနံ့မပါသောပန်းများပွင့်ရာ စင်ကာပူ..။
မစံပယ် part time လုပ်တဲ့ဆိုင်ကလေးရှေ့မှာ အပင်စိမ်းစိမ်းလေးတွေရှိတယ်ပေါ့နော်..။ အဲဒီအပင်ကဘာပင်မှန်းလည်း မစံပယ်နာမည်သေချာမသိပါဘူး..။ ပန်းပွင့်တတ်တဲ့အပင်မှန်းလည်း မသိဘူး..။ ဒီလိုနဲ့မစံပယ်အလုပ်လုပ်တာ တစ်လခွဲလောက်အရမှာ အဲဒီအပင်ကနေ ပန်းလေးတွေပွင့်လာပါတယ်..။ လှကြသားပဲ..။ ၀ါဝါလေးတွေ..။ မစံပယ်စိတ်ထဲပေါ်လာသလိုလျှောက်နာမည်ပေးကြည့်မိတာကတော့ မညှိုးလုံးပန်းလို့ပဲ..။ ဟုတ်လားမဟုတ်လားတော့ မသိ..။ ၀ါဝါအပွင့်လုံးလုံးလေးတွေပွင့်တယ်..။ အပေါ်မှာ အရိုးတံရှည်ရှည်လေးတွေ လုံးလုံးလေးထွက်နေတယ်..။ ဟုတ်ဟုတ်မဟုတ်ဟုတ် အဲဒါမညှိုးလုံးပန်းပဲထားလိုက်တော့ဗျာ နော်..။ အပင်စိမ်းစိမ်းလေးမှာ အ၀ါပွင့်လေးတွေ လှတယ်ပေါ့နော်..။ ဘာနံ့မှမထွက်ကြရှာဘူးဗျာ..။ သနားလိုက်တာ..။ မစံပယ်တို့နိုင်ငံမှာ အနံ့မထွက်တဲ့ပန်းတွေ အပင်တွေရှိတော့ရှိတယ်ပေါ့နော်...။ စိန်ပန်းတို့ ပေါက်ပွင့်တို့..။ ဟုတ်တယ်မို့လားဗျာ..။ ဒီအပင်လေး မစံပယ်တို့နိုင်ငံမှာသာ လာပွင့်ကြရရင် အနံ့မွှေးမွှေးလေးတစ်မျိုးတော့ ထွက်လာနိုင်မှာမလွဲဘူးလို့ မစံပယ်ထင်မိတာပဲခင်ဗျာ..။
နောက်တစ်ခု မစံပယ်အံ့သြမိတာတစ်ခုက မစံပယ်တက်နေတဲ့ NTU ကျောင်းထဲမှာ မစံပယ်တို့ဌာနကနေ ကန်တင်းကိုသွားတဲ့လမ်းမှာ စကားဝါပင်တွေစိုက်ထားတာဗျာ..။ စကားပန်းတွေမှ ပွင့်လိုက်ကြတာ အပင်တိုင်းစေ့ပဲ..။ ဘာနံ့မှမထွက်ဘူးဗျာ..။ အံ့သြလွန်းလို့...။ မစံပယ်တို့ဆီ စကားဝါပန်းဆို မွှေးလိုက်တာမှ ထုံနေတာပဲ..။ တစ်ပွင့်ဆိုရင်ကိုမွှေးနေလိုက်တာ ရာသီပန်းမို့ မစံပယ်လည်း နှစ်ခြိုက်လိုက်တာဆိုတာလေ..။ ဒီမှာတော့ အနားကပ်ကြည့်မှ စကားဝါပန်းဖြစ်နေတာတွေ့ရတာ အံ့သြလိုက်တာ..။ မိုးများလွန်းလို့ ပန်းတွေအနံ့မထွက်ကြတော့ဘူးပေါ့လေ..။ ဟုတ်လား .. အဲလိုလားမသိဘူးနော်..။ ဒါပေမယ့် နေလည်းပူပါတယ်နော်..။ ပူတဲ့အခါများဆို ပူတာမှ ခြစ်ခြစ်တောက်ကိုပူတာ..။ ဒါတောင်ပန်းတွေက မမွှေးဘူးတဲ့ အံ့သြလွန်းလို့ပါ တော်..။
စားဖြစ်ခဲ့တဲ့ အစားတွေ..။
မစံပယ်ရေးဖြစ်တဲ့ ဖိုရမ်တစ်ခုရှိတယ်ပေါ့နော်..။ မြန်မာအင်ဂျင်နီယာဖိုရမ်တဲ့..။ မစံပယ်သံယောဇဉ်တွယ်မိတဲ့ ဖိုရမ်လေးပေါ့..။ ဖိုရမ်ထဲကရင်းနှီးခဲ့ရတဲ့သူတော်တော်များများကို မစံပယ် စင်ကာပူကိုရောက်လာတော့မှ အပြင်မှာတွေ့ကြ ရင်းနှီးလာကြတယ်ပေါ့နော်..။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် တနင်္ဂနွေကသူတို့တွေနဲ့ဆုံဖြစ်ကြတယ်..။ မစံပယ်စာမေးပွဲဖြေနေလို့ သူတို့နဲ့မတွေ့ဖြစ်ကြတာကြာနေလို့ တွေ့ဖြစ်အောင်သေချာအချိန်ပေးသွားလိုက်တယ်ပေါ့နော်..။ သူတို့တွေနဲ့မစံပယ် ထိုင်းဆိုင်မှာသွားစားဖြစ်ကြတယ်..။ ဖိုရမ်ထဲမှာ ပို့စ်တော်တော်များများရေးနိုင်တဲ့ အစ်ကိုထွန်းဆိုတဲ့အစ်ကိုက သင်္ဘောသား Superintendent ပေါ့နော်..။ သူကအစားကောင်းစားသလို ဘယ်ဆိုင်မှာ ဘယ်လိုအကောင်းတွေရလည်းဆိုတာ သေချာသိတဲ့အစ်ကိုပေါ့..။ မစံပယ်တို့ကိုခင်မင်သလို လခကောင်း ရာထူးကောင်းတဲ့အစ်ကိုဟာ တွေ့ရင်သူပဲကျွေးတာများပါတယ်..။ အစားအသောက်ကိုဆိုင်တွေမှာစားခဲ့တဲ့မစံပယ်က ဘယ်ဆိုင်ကဘာကောင်းမှန်းမသိသလို ဘယ်ဟာကဘယ်လိုအရသာရှိလဲဆိုတာလည်း မသိပါဘူး..။ အစ်ကိုထွန်းကပဲ အကုန်လုံးဟင်းစပ်တည့်အောင်မှာပြီးကျွေးတာက များပါတယ်..။ (သူ့ရဲ့ချစ်စရာသားလေးလည်းပါတယ်..။) အဲဒီမှာ မစံပယ်ကကြက်သားထမင်းကြော်ပဲစားတယ်..။ အခုဓာတ်ပုံထဲက ငါးကြော်ပေါ်မှာ ငရုတ်သီးအနှစ်အစပ်ရည်တွေလောင်းထားတဲ့ငါးကြော်ကို မစံပယ်ဆိုဘယ်လိုမှာရမှန်းသိမှာမဟုတ်ပါဘူး..။ အစ်ကိုထွန်းကပဲမှာပေးပါတယ်..။ အိမ်သန့်ရှင်းရေးအလှည့်ကြလို့မြန်မြန်ပြီးအောင်လုပ်ခဲ့ရတဲ့မစံပယ်က ထမင်းလည်းဆာနေပါပြီ..။ အဲဒီငါးကြော်ကို မစံပယ်ပဲ စကားပြောရင်း ခက်ရင်းနဲ့ကော်ရင်း အစပ်ကြိုက်တဲ့မစံပယ် အကြိုက်တွေ့ပြီး ဖြည်းဖြည်းချင်းစားလာခဲ့ပါတယ်...။
ဂျူံယိုမဟုတ်တဲ့ ဘာလီယို..။
မစံပယ်ကအညာသူပါ..။ (ချင်းတွင်းမြစ်အထက်ပိုင်းကတော့မဟုတ်ပါ..။)အချိုကြိုက်တယ်..။ အစပ်ကြိုက်ပါတယ်..။ မစံပယ်အိမ်နဲ့ဝေးပြီဆို အရင်ဆုံးလွမ်းတာ အမေ့လက်ရာထမင်းဟင်းနဲ့ အချဉ်နဲ့ အိမ်မှာအမေလုပ်ပေးတတ်တဲ့ မုန့်ပဲသရေစာတွေပါ..။ အဲဒီထဲမှာ ဂျူံယိုလည်းပါပါတယ်..။ ထန်းလျက်နဲ့ အုန်းသီးဆံနဲ့ ဂျူံယိုချိုညိုညိုလေးကို မစံပယ်အလွန်ပဲနှစ်ခြိုက်ပါတယ်..။ မစံပယ်စင်ကာရောက်တော့ မစံပယ်နေတာက NTUC နဲ့ကပ်ရက်ပါ..။ မစံပယ်အဖတ်များတာက ဟင်းတွေကိုတစ်ဆင့်ချင်းသေချာချက်ပြ ရှင်းပြထားတဲ့ ဘလော့တွေပါ..။ ဘယ်ရလဲ..။ NTUC မှာသွားမွှေ... လက်လှမ်းမီရာကို လက်တည့်စမ်းပါတော့တယ်ခင်ဗျာ..။ ကံကောင်းချင်တော့ မြန်မာနိုင်ငံကပြန်လာတဲ့ အစ်ကိုတစ်ယောက်ကလည်း မစံပယ်ကို ထန်းလျက်လက်ဆောင်ပေးထားပါတယ်ခင်ဗျာ..။ NTUC မှာ ဈေးဝယ်ရင်း ဂျုံစေ့တွေနဲ့တူတာကိုမြင်မိပေမယ့် ဂျုံယိုကျိုတတ်မှာမဟုတ်ဘူးဆိုပြီး ပြန်ချထားခဲ့ဘူးတာ အမှတ်ရမိသွားပြီး ဂျုံယိုကျိုသောက်မယဆိုတဲ့စိတ်ကူးရပါတော့တယ်ခင်ဗျာ..။ အဲဒီ Barley ဆိုတဲ့အစေ့က ဂျုံစေ့ကိုပြောတာလားဆိုတာတော့ မစံပယ်သေချာမသိပါခင်ဗျာ..။ (အခုကျိုသောက်ပြီးတာကို ဂဃနဏ သေချာမသိပါခင်ဗျာ..။)အရင်ဆုံဘာလီစေ့ကိုရေစိမ်ထားပြီး ထန်းလျက်ရေဆေးပြီးကျိုသောက်ပါတယ်ခင်ဗျာ...။ ဘာလီစေ့က အီတယ်..။ အများကြီးမထည့်ရဘူးဆိုတဲ့ အစ်ကိုတစ်ယောက်ရဲ့မှတ်ချက်ကိုလည်း စိတ်ထဲအမှတ်ရထားပါတယ်..။ ကျိုလိုက်တော့ ပွားပြီးအများကြီးရပါတယ်..။ ဆားလေးနည်းနည်းထပ်ပြီး သောက်ကြည့်တော့ ထန်းလျက်ချဉ်နံ့ထွက်နေတယ်ခင်ဗျာ..။ ဘာလီစေ့က ချော်ကျိချော်ကျိနဲ့ ဂျုံစေ့တော့မဟုတ်ဘူး ဘာလီစေ့ကသတ်သတ်လို့တော့ စိတ်ထဲသတ်မှတ်မိတာပဲခင်ဗျာ..။ အထုပ်လေးထဲကအစေ့တွေကတော့ ဂျုံစေ့ကိုထောင်းထားတဲ့ပုံစံလေးတွေပါ ခင်ဗျာ..။ သောက်လို့လည်းမကောင်းပါဘူး..။ ဒီတစ်ပန်းကန်ပဲသောက်ပြီး ကျန်တာကိုမသောက်နိုင်လို့ သွန်ပစ်လိုက်ရပါတယ် ခင်ဗျာ..။
ချောကလက် လက်ဆောင်..။
မစံပယ်ချောကလက်ဘူးလေး လက်ဆောင်ရပါတယ်..။ ဘယ်ပုံဘယ်နည်းရလာလဲဆိုတာတော့ မစံပယ်ပြောမပြချင်ပါ..။ အဲဒီချောကလက်လေးက ခါးသက်သက်နဲ့ ၀ါးစားရင် မြေပဲဆံလိုမာနေပြီး လက်ထဲကိုင်ထားရင် အရည်ပျော်ပြီး ပျော့သွားပါတယ်..။ မစံပယ်အတွက် အမှတ်တရ ချောကလက်ဘူးလေးမို့ ဓာတ်ပုံအက်ဆေးမှာ အမှတ်တရအနေနဲ့ ထည့်ရေးလိုက်ပါတယ်..။
ိ

ရာတတ်ရောက်ရောက်..။
ဘလော့အတွက်စာအရှည်ကြီးတွေ မရေးနိုင်တာ ကြာပြီဗျာ..။ စာမရေးနိုင်တဲ့အတူတူ ပြီးခဲ့တဲ့ တနင်္ဂနွေက သူငယ်ချင်းတွေနဲ့ ကျောင်းထဲသွားပြီးရိုက်ခဲ့တဲ့ပုံလေးတွေပဲ ဘလော့မသေအောင်တင်ထားလိုက်ပါဦးမယ်..။
ဟဲ..ဟဲ..။
ဒါက Lee Wee Nam Library ရှေ့မှာ အမှတ်တရ..။ Library က အဲဒီနေ့က တနင်္ဂနွေမို့ ပိတ်ထားလို့ အထဲမှာဝင်မရိုက်ခဲ့ရဘူး..။
အချစ်ဆုံးသူငယ်ချင်းနဲ့ရိုက်ချင်နေတာကြာပြီ..။ သူက ဒီနေ့မှအားလို့.. ၊ အရိုက်ခံလို့ အခုမှတင်ရတယ်..။
တော်ပြီဗျာ..တင်ချင်တော့ဘူး..။ စိတ်တိုနေတယ်...။ တော်ပြီ..။
စားခဲ့တဲ့ ပီဇာလေးကျန်နေခဲ့လို့..။

ဒါက ဘဘ Tan Chin Tang ရုပ်တုပုံနဲ့..။
အချစ်ဆုံးသူငယ်ချင်းနဲ့ရိုက်ချင်နေတာကြာပြီ..။ သူက ဒီနေ့မှအားလို့.. ၊ အရိုက်ခံလို့ အခုမှတင်ရတယ်..။
တော်ပြီဗျာ..တင်ချင်တော့ဘူး..။ စိတ်တိုနေတယ်...။ တော်ပြီ..။
စားခဲ့တဲ့ ပီဇာလေးကျန်နေခဲ့လို့..။
Labels:
ဓာတ်ပုံအက်ဆေး..။
စားခဲ့ဘူးသော အမှတ်တရ..။
မီးတို့စားခဲ့တာတွေ..။ မမေ့အောင်လို့ မှတ်တမ်းတင်ထားတာ..။ ဟိဟိ..။ ဒီဘက်က ဘဲကင်..တစ်ခုကအရွက်ကြော်..။ ဟိုတစ်ခုက ဘာခေါ်မှန်းမသိဘူး..စားလို့တော့ကောင်းတယ်..ဟိဟိ..။
Labels:
ဓာတ်ပုံအက်ဆေး..။
မီးမီးဖုန်းနှင့် အရအမိရိုက်လာသော လူဆိုးကြီးများ..။
ဘယ်အစွန်မှ လူဆိုးကြီး လေးပွ..၊ အင်္ကျီအနက်နှင့် ကိုဖြိုး..။ ဒီညာဘက်စွန်က ဦးဒိပါဘူး..မီးမီးပြောတဲ့အထဲမှာ..။ ဟဲဟဲ..။ အဲဒီနေ့က ဦးဒိက ကျွေးတာမို့လေ..ဟဲဟဲ...။
Labels:
ဓာတ်ပုံအက်ဆေး..။
မီးမီးနှင့်သောမတ်စ်..။
ဂိုက်ပေးကြမ်းတဲ့ ကိုသောမတ်စ်..။
သောမတ်စ်ကိုအကြောင်းပြပြီး မီးကလည်း ဓာတ်ပုံရိုက်ချင်တာ..။ ကိုယ်ချည်းပဲခဏခဏရိုက်တင်နေရင် ဘယ်ကောင်းမလဲနော်..။ ဒါမို့လို့ သောမတ်စ်လေးအကြောင်းပြပြီး ဓာတ်ပုံအရအမိရိုက်တော့တာပဲ..။ ဟိဟိ..။ သောမတ်စ် စိတ်ကြည်နေတုံး အတင်းချော့မြူပြီး မမမူမူကို ရိုက်ခိုင်းတော့တာပဲ..။ ဟိဟိ..။
Labels:
ဓာတ်ပုံအက်ဆေး..။
အမေတူသား သောမတ်စ်..။
Labels:
ဓာတ်ပုံအက်ဆေး..။
Sweet Thomas
အိုး..........ဘယ်သူမချစ်ဘဲနေနိုင်မလဲကွယ်..။ ချစ်စရာ့သောမတ်စ်ကလေး..။ အလွန်ဆော့ပြီး ထိန်းသိမ်းမနိုင်တာကလွဲရင် အားလုံးကောင်းပါသည်..။ ချစ်ဖို့ကောင်းလိုက်တာ..။
Labels:
ဓာတ်ပုံအက်ဆေး..။
ချစ်တဲ့သူများနဲ့ တစ်ညနေ...။
ကျွန်မသည်လောကတွင်တော်တော်လေးကံကောင်းသူများစာရင်းတွင်ပါသည်ဟု မိမိကိုယ်ကိုထင်မြင်မိပါသည်..။ ရောက်လေရာအရပ်တွင် ချစ်ခင်သူများနှင့်အမြဲပျော်ပျော်ရွှင်ရွှင်နေရသည်ကများပါသည်...။ ကျွန်မ၏ဖော်ရွေတတ်မှူ၊ ပွင့်လင်းမှူ၊ ရိုးသားမှူများကြောင့် ယခုကဲ့သို့ရိုးသားသောမောင်နှမများနှင့် ရောက်လေရာတွေ့ရသည်ဟု ထင်မြင်မိပါသည်..။ ကျွန်မလက်ခံထားသောဘုရားဟောတစ်ခုကြောင့်လည်းဖြစ်နိုင်ပါသည်...။ ဘ၀သံသရာခရီးမှာရှည်ခဲ့လှသောကြောင့် ညီအစ်ကိုမောင်နှမတူဝရီးသားချင်း မတော်စပ်ဘူးသောသူမရှိဟူသော ဘုရားဟောစကားအတိုင်း လူတိုင်းအားလုံးကို မောင်နှမသားချင်းကဲ့သို့သတ်မှတ်လိုက်သောအခါ ကျွန်မတွင်ခင်စရာပုဂ္ဂိုလ်များချည်းဖြစ်လာပါသည်..။ အားလုံးကိုမေတ္တာနှင့်ယှဉ်၍ကြည့်နိုင်လာပါသည်..။
ကျွန်မ၏ဘ၀ခရီးသည်မည်သို့မည်ပုံရှေ့ဆက်ရမည်မသိသေးသောကြောင့် ယခုကဲ့သို့မောင်နှမများနှင့်နေရသည်ကို ကျွန်မအလွန်နှစ်ခြိုက်မိပါသည်..။
ကျွန်မ၏ဘ၀ခရီးသည်မည်သို့မည်ပုံရှေ့ဆက်ရမည်မသိသေးသောကြောင့် ယခုကဲ့သို့မောင်နှမများနှင့်နေရသည်ကို ကျွန်မအလွန်နှစ်ခြိုက်မိပါသည်..။
Labels:
ဓာတ်ပုံအက်ဆေး..။
အစ်တိုထွန်းတို့အိမ် အလည်တစ်ခေါက်..။
အစ်တိုထွန်းအိမ်ကိုရောက်ချင်နေတာကြာပါပြီ..။ သောမတ်စ်နဲ့တွေ့ချင်တာရော...၊ အစ်တိုထွန်းပြောပြောနေတဲ့ မမမူမူကိုတွေ့ချင်တာရောပါ..။ မမမူမူကို မူမူလို့ ချစ်စနိုးခေါ်မလို့ဟာကို သူ့နာမည်ကလည်း မူမူဘာညာဆိုပြီးဖြစ်နေပါတယ်..။ မူမူလို့ခေါ်ရင် သူ့နာမည်ရင်းကိုခေါ်သလိုကြီးဖြစ်နေလို့ မမမူမူလို့ပြောင်းခေါ်ရပါတယ်..။ မူမူလို့ခေါ်ရင် ရွယ်တူချင်းကို မ တပ်မခေါ်ဘဲ ရိုင်းသလိုဖြစ်သွားလို့ပါ..။
သဘောကောင်းပြီးဖော်ရွေလှိုက်လှဲကြတဲ့ ဟန်မများတဲ့မိသားစုထဲမှာ ညီအစ်မတွေနေရာကိုအလိုလိုရောက်သွားသလိုခံစားရပါတယ်..။ ကျွန်တော်နဲ့ နွေဦးနဲ့နှစ်ယောက်ပေါ့..။
သဘောကောင်းပြီးဖော်ရွေလှိုက်လှဲကြတဲ့ ဟန်မများတဲ့မိသားစုထဲမှာ ညီအစ်မတွေနေရာကိုအလိုလိုရောက်သွားသလိုခံစားရပါတယ်..။ ကျွန်တော်နဲ့ နွေဦးနဲ့နှစ်ယောက်ပေါ့..။
Labels:
ဓာတ်ပုံအက်ဆေး..။
မင်းသားလေး ကိုသောမတ်စ်..။
အပြင်မှာမမြင်ဘူးခင်ကတည်းက ကြိုချစ်နေခဲ့ရတဲ့ အစ်တိုထွန်းရဲ့သားလေး သောမတ်စ်ပါ..။ စင်ကာပူကိုမြန်မြန်လာချင်တဲ့အကြောင်းထဲမှာ သောမတ်စ်နဲ့အတူ ဓာတ်ပုံရိုက်ပြီး တာတာ့ကိုစချင်တာလည်းပါပါတယ်..။ ရည်ရွယ်ချက်တော့ အဲလိုကြီးမားပါတယ်..။
စင်ကာပူကိုရောက်ရောက်ချင်း အစ်ကိုထွန်းကလည်း ၀မ်းသာအားရလာတွေ့ပါတယ်..။ ခင်ရတဲ့အစ်ကိုကိုလည်း အပြင်မှာလည်း တကယ့်မောင်နှမရင်းချာလိုသတ်မှတ်မိပါတယ်..။ အသက်ကြီးလာလေ ရောက်တဲ့အရပ်မှာ ပျော်အောင်နေဖို့ကြိုးစားလေ ခင်ရာဆွေမျိုးဆိုတဲ့စကားကို ပိုလက်ခံလာလေဖြစ်မိပါတယ်..။

ကျွန်တော့်သူငယ်ချင်းနဲ့သူ့၈၈..။
ဗိုက်ပူပူနဲ့ကျွန်တော့်သူငယ်ချင်းဟာ စင်ကာပူနဲ့တည့်လို့လားမသိဘူး ၀င်းပြောင်ပြီး ၀နေပါတယ်..။ ပင်ပန်းလို့လားမသိဘူး ၀နေပါတယ်..။ ဘာပဲဖြစ်ဖြစ် ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းပြီးအောင်တက်လာတဲ့ သူငယ်ချင်းကို မလေးစားဘဲမနေနိုင်ပါဘူး..။ ပညာလည်းစုံ၊ ကြင်ယာကိုလည်းအစောကြီးကတည်းက မျက်စပစ်ထားတဲ့ သူငယ်ချင်းပါ..။ ကျောင်းလည်းပြီး အလုပ်လည်းရရော၊ အချိန်မဆိုင်းဘဲ ကဆုန်စိုင်းပါတော့တယ်..။ ဘာပဲဖြစ်ဖြစ် အားလုံးကိုအကြံပေးလမ်းညွှန်ပြီး မငြိုမငြင်နဲ့အလုံးစုံကူညီပေးတဲ့သူငယ်ချင်းကို ကျေးဇူးတင်မိရပါတယ်..။ သူ့ကိုလက်ဖွဲ့ကောင်းကောင်းလက်ဖွဲ့ဖို့ကြံစည်စိတ်ကူးထားပါတယ်..။ အခုလက်မဖွဲ့နိုင်သေးလို့ အချိန်ဆိုင်းထားရတာ စိတ်မကောင်းပေမယ့် သူနားလည်ပေးပါတယ်..။ တကယ်ကောင်းတာလေး လက်ဖွဲ့ချင်တာပါ..။ လက်ဖွဲ့နိုင်မှာပါ သူငယ်ချင်းရေ..။
Labels:
ဓာတ်ပုံအက်ဆေး..။
ကျွန်တော်ချစ်တဲ့ ညီအစ်မနှစ်ယောက်..။
စင်ကာပူကိုကျွန်တော်ရောက်အောင်အတင်းတိုက်တွန်း အားပေးကူညီပြီး လိုအပ်တာမှန်သမျှအားလုံကူညီပေးတဲ့ အစ်ကိုမိသားစုရဲ့ သမီးလေးနှစ်ယောက်ပါ..။ အလွန်ချစ်ဖို့ကောင်းပါတယ်..။ ကလေးချစ်တတ်လာတဲ့ကျွန်တော့်အတွက် ချစ်စရာသမီးလေးနှစ်ယောက်ပါ..။ သူတို့နဲ့တွေ့တိုင်း ဓာတ်ပုံရိုက်ထားမိတတ်ပါတယ်..။
Labels:
ဓာတ်ပုံအက်ဆေး..။
တိုးပါးရိုးက ရပ်တော်မူဆင်းတုတော်..။
အပေါ်ထပ်က ရပ်တော်မူကိုယ်တော်..။ လိုက်ပို့ပေးတဲ့သူငယ်ချင်းတွေကို အရမ်းကျေးဇူးတင်မိပါတယ်..။ စင်ကာပူမှာလည်း မြန်မာတွေများတော့ မြန်မာနဲ့မခြားဘူးဆိုတာသိရတော့ ၀မ်းသာမိပါတယ်..။ ကိုယ်ဖူးချင်တဲ့အချိန်သွားလိုက်ရုံပဲမို့ စိတ်ချမ်းသာမိပါတယ်..။
Labels:
ဓာတ်ပုံအက်ဆေး..။
တိုပါရိုးက ကြည်ညိုစရာ ဘုရားဆင်းတုများ...။
မြေညီထပ်က ဘုရားဆင်းတုတော်..။ တနင်္ဂနွေအလုပ်ပိတ်ရက်မှာ မြန်မာအများဆုံးနဲ့ တရုတ်အများစုလာရောက်ကြတဲ့ကျောင်းပါ..။ စကျင်တောင်ကနေထုဆစ်ပြီး စင်ကာပူကို ဆင်တစ်တန်၊လှည်းတစ်တန်၊ သဘောင်္တစ်တန်၊ရထားတစ်တန်နဲ့ စိတ်ရှည်ရှည်ပင့်ဆောင်ပူဇော်ထားကြတဲ့ ဘုရားဆင်းတုတော်ပါ..။ မြန်မာအများစုတွေ့ရလို့ အိမ်လွမ်းတဲ့ဝေဒနာမခံစားရအောင်ကို သက်သာစေပါတယ်..။
Labels:
ဓာတ်ပုံအက်ဆေး..။
သူငယ်ချင်းမင်္ဂလာဆွမ်းကျွေးတဲ့ စင်ကာပူက ဓာတ်တော်ကျောင်း..။
သူငယ်ချင်းမင်္ဂလာဆွမ်းကျွေးတဲ့ စင်ကာပူမှာ မြန်မာအများစုလာရောက်တတ်တဲ့ ကလန်းဘက်က ဓာတ်တော်ကျောင်းပါ..။ မြန်မာတွေ ပုတီးစိပ်၊ အဓိဌာန် ဆုတောင်းလာလုပ်ကြတတ်ပါတယ်လို့ ပြောပါတယ်..။
Labels:
ဓာတ်ပုံအက်ဆေး..။
Subscribe to:
Posts (Atom)