Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

C# Beginner Book ဖတ်ပြီး ဘာဆက်လုပ်ရမလဲ...။



မေး။ ။ ကျွန်တော် အသက်(၁၆)နှစ်ရှိပါပြီ..။ အနာဂတ်မှာ Programming Field ထဲမှာ အလုပ်လုပ်မယ်လို့ စဉ်းစားထားပါတယ်..။ နိုင်ငံခြားတက္ကသိုလ်ကိုကျောင်းလျှောက်လိုက်ပြီးကတည်းက Programming ကို အတွေ့အကြုံရဖို့ စလေ့လာထားချင်ပါတယ်..။ ပညာရေးအတွက်ရော..၊ နောင်အလုပ်အတွက်ရော အဆင်ပြေချင်လို့ပါ..။ မနှစ်ကတော့ Java သင်ခဲ့ပါတယ်..။ ဒါပေမယ့် စာအုပ်တစ်အုပ်ပြီးတာနဲ့ စိတ်ပျက်လာပြီး သူ့ကိုမစွန့်လွှတ်ခင်တော့ Project တစ်ခု ပြီးခဲ့ပါသေးတယ်..။


ဒီနှစ်တော့ C# သင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ..။ Java အခြေခံနည်းနည်းရှိထားတော့ တစ်ချို့အချက်တွေ ပြန်အမှတ်ရပါတယ်..။ အရင်အတွေ့အကြုံရှိမထားတော့ ပြန်တော့ဖတ်ရပါတယ်..။ ကျွန်တော့်အထင် အဲဒီနှစ်ခုက တူသင့်သလောက်တူပြီး မတူသင့်သလောက်လည်း ကွဲတယ်လို့ ထင်ပါတယ်..။


ကျွန်တော်C# စလေ့လာတာကတော့ Herb Schildt's ရဲ့ "C# 3.0 A Beginner's Guide" ဆိုတဲ့ စာအုပ်ပါ..။ ပြီးအောင်လေ့လာပါတယ်..။ ဒါပေမယ့် စာအုပ်ပြီးတော့ အခုဘာဆက်လုပ်ရမလဲ မသိပါဘူး..။ တွေ့ရာပရောဂျက်တစ်ခု ကောက်ရေးနေပါတယ်..။ (တကယ်လုပ်နိုင်တာထက် အများကြီးပိုနေတယ်ဆိုတာ တွေ့ပါတယ်..။) ပိုအဆင့်မြင့်တဲ့ ခေါင်းစဉ်တွေကို ဖတ်ရမလား..။(လက်တွေ့အတွေ့အကြုံက မရှိပါဘူး..။)ဒီစာအုပ်ဖတ်ပြီးပေမယ့် တကယ်စွမ်းဆောင်နိုင်တဲ့ Programmer ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး..။


အဖြေ ၁။ ။ သေးသေးလေးက စလုပ်ပါ..။ တကယ့်သေးသေးလေးကို ရေးပါ..။ ရိုးရှင်းလွယ်ကူပြီး ပြီးအောင် ပြည့်စုံသွားအောင် ရေးပါ..။


ပထမProgram ပြီးတာနဲ့ နည်းနည်းပိုရှုပ်ထွေးတဲ့ ဒုတိယတစ်ပုဒ်ရေးပါ..။ ဒါပေမယ့် သေးသေးလေးက စရေးပါ..။ ဥပမာ။ ။ unit ပြောင်းတဲ့ Text Based Application လိုမျိုးကို စရေးပါ..။


အဲဒါကိုပဲ လအနည်းငယ်ကြာအောင်ရေးပါ..။ ဘယ် Program တစ်ခုထဲပေါ်မှာပဲ အာရုံမစိုက်ပါနဲ့..။ ပြီးခဲ့တဲ့အဟောင်းတစ်ခုကိုပဲ နည်းနည်းစီ ထပ်ထည့်ပြီး ပြီးသွားအောင် ပြည့်စုံသွားအောင် ကြိုးစားပါ..။ အမှားလုပ်မိမှာနဲ့ Code တွေ မကောင်းတာ ညံ့တာဆိုတာ မပူပါနဲ့..။


ဘာလဲဆိုတော့ အကြိမ်တိုင်း တကယ်ပြီးအောင်လုပ်ဖို့က လိုရင်းပါပဲ..။ ဒါမှ တွန်းအားဖြစ်လာမယ်..။ ဒါပေမယ့် စိတ်ဝင်စားစေမယ့် element အသစ်တွေရှိပါတယ်..။ အတင်းစိတ်အားထက်သန်လွန်းလို့လည်း မရပါဘူး..။ အစောပိုင်းပရောဂျက်တွေမှာ ဆုံးဖြတ်ချက်အမှားတွေလုပ်တာက နောက်တစ်ခါ မလုပ်မိစေတော့ဘူးပေါ့..။ Problems ကို မတူညီတဲ့ချဉ်းကပ်မှုနဲ့ ချဉ်းကပ်နိုင်မယ်..။ အမှားတွေလုပ်မိနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ Problem တွေက ဓားသွေးကျောက်တွေ ဖြစ်လာတာပါပဲ..။ Problem ကို သေးငယ်အောင်လုပ်လိုက်တာနဲ့အမျှ ပြဿနာအသစ်တွေကို အောင်မြင်နိုင်လုပ်နိုင်ပြီး Design Decision နဲ့ပတ်သက်လို့ စိတ်ပျက်ပြီး လက်လျှော့ချင်တာမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး..။ အကြိမ်တိုင်းပြန်လည်တက်ကြွလာပြီး ပေါ်လာတဲ့အကြံဥာဏ်တွေကလည်း ဂုဏ်ယူစရာCode တွေ ဖြစ်လာစေမှာပါပဲ..။

အဖြေ ၂။ ။ CRUD operation တစ်ခုနဲ့ Database နဲ့ Database ချိတ်တဲ့ Web Application တစ်ခု ရေးပါ..။(CRUD operation ဆိုတာ Create,Read,Update,Read ပါ..။ Insert,Update,Delete နဲ့ သဘောထားချင်းအတူတူပါပဲ..။ အသုံးအနှုန်းပဲ ကွာတာပါ..။ ။မစံပယ်) ဒီအရည်အချင်းက ယေဘုယျအားဖြင့် ရှိသင့်တဲ့အရည်အချင်းပါ..။ နည်းနည်းပိုကောင်းချင်ရင်တော့ User Interface မှာ JavaScript လေးဘာလေး ထည့်ရေးပေါ့..။

အဖြေ ၃။ ။Project အတွက် Idea လိုတယ်ဆိုပါတော့..။ ကွန်ပျူတာပြင်ပက မင်းဝါသနာကိုကြည့်လိုက်ပါ..။ မင်းဝါသနာကို ကွန်ပျူတာနဲ့ပြီးနိုင်တဲ့တစ်ခုကို ရွေးလိုက်ပါ..။ ဥပမာ။ ။ မင်းက ဓာတ်ပုံဆရာဆိုပါတော့..။ Photo Album Program လေးရေးပေါ့..။ အဲဒါမင်းအတွက် အသစ်စက်စက်ကြီးဖြစ်မနေဘဲ မင်းစိတ်ဝင်စားတာအပေါ်မှာပဲ ထပ်ချဲ့သွားတာပေါ့..။ Hello World Program ထက်တော့ ကြီးမှာပဲလေ..။ မရေးခင်တော့ မင်း Program က ဘာလုပ်ချင်တယ်ဆိုတာ ချရေးထားပါ..။ အစိတ်အပိုင်းသေးသေးလေးတွေခွဲထားပြီး တစ်ခုချင်းစုစည်းရေးသွားပါ..။

အဖြေ ၄။ ။ ငါကတော့ ငါ့အရည်အချင်းကို အွန်လိုင်းမှာတွေ့တဲ့ Code Kata exercises တွေနဲ့မြှင့်ခဲ့တာပဲ..။ 15 Exercises to Know a Programming Language ဆိုတာတွေနဲ့ပေါ့..။ ဒါတွေပြီးရင်တော့ လက်တွေ့ကျတဲ့ Applications တွေရေးပေါ့..။ ဘယ်လို Program နေနေ (မင်းကိုပျော်စေရုံ Program လေးနေနေ) ရေးပါ..။
-Calculator
-ရိုးရိုး Crawler, Website ရှာတဲ့ Program (amazon.com က တစ်ချို့Products တွေကို နာရီးခြားတိုင်းရှာတဲ့ Application သေးသေးလေးဖြစ်ဖြစ်)
-Text based game
-Log file parser
-Open source project ရှာပြီး အဲဒီမှာလည်း ၀င်ရေးတာမျိုး

ဘယ်နည်းနဲ့ဖြစ်ဖြစ်..၊ လေ့ကျင့်ခန်းတစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်တာလည်း အထောက်အကူပြုပါတယ်..။ Factor တွေပြန်ခွဲတာ..၊ Pattern တွေ သတ်မှတ်လိုက်နာတာ..၊ Unit Testing တွေ လေ့ကျင့်တာဖြစ်ဖြစ် လုပ်ပါ..။

အဖြေ ၅။ ။ Program ရေးဖို့ရာ Programming (အစီအစဉ်ဆွဲခြင်း) ဖြင့်ပဲ သင်ရမယ်..။ Computer ကို မင်းလုပ်စေချင်တဲ့ ရိုရိုး Program ကိုရွေးပါ..။ ရေးပါ..။

အဖြေ ၆။ ။ Programming ရေးတာကနေပဲ စပါ..။ စာဖတ်နေရုံနဲ့တော့ ဘယ်မှရောက်မှ မဟုတ်ဘူး..။ ပရောဂျက်သေးသေးလေးကနေစပါ..။ Address book တို့..၊ Calculator တို့လို့ ဘာဖြစ်ဖြစ်..။ စစချင်းပရောဂျက်တွေကတော့ အသုံးဝင်ချင်မှ ၀င်မယ်..။ ဒါတွေကိုပဲ အကြိမ်ဒါဇင်ပေါင်းများစွာ ပြန်ရေးရရင် ရေးရလိမ့်မယ်..။ ပထမဆုံးရေးတာကို တော်တော်နဲ့ကျေနပ်နိုင်မှာမဟုတ်ဘူး..။ ဒါပုံမှန်ပါပဲ..။ မင်းမေးတာနဲ့နည်းနည်း လွဲချင်လွဲမယ်..။ တကယ်လုပ်နိုင်တဲ့ Programmer ဆိုတာ Language တစ်ခုမှာ Master ဖြစ်အောင်ထူးချွန်နေတာထက်ပိုတယ်ဆိုတာ မင်းစဉ်းစားထားသင့်သေးတယ်..။

အဖြေ ၇။ ။ နည်းပညာပိုင်းဆိုင်ရာမှာ နောက်တစ်ဆင့်လှမ်းမယ်စဉ်းစားထားရင်တော့ ကျွမ်းကျင်အောင်လုပ်ရမှာပဲ..။ လေ့ကျင့်မှုနဲ့ပဲ ကျွမ်းကျင်မှုကိုရနိုင်မယ်..။ ဘာရေးဖို့စိတ်ဝင်စားလဲဆိုတာ ဆုံးဖြတ်ပါ..။ (Web Application? ၊ Desktop Application? ၊ Mobile Application?) ယေဘုယျကျတဲ့ Features တစ်ချို့ကိုရွေးပါ..။ (Authorization တို့ RSS Feeding တို့)..။ Tasks(တာဝန်) တွေ သတ်မှတ်ပါ..။ ထည့်သွင်းအသုံးချပါ..။ နည်းပညာတိုင်းရဲ့စာအုပ်တွေဖတ်ပါ..။ အဲဒီထဲက ကုဒ်တွေရေးပါ..။ တစ်ယောက်ယောက်ကို ကုဒ်တွေ စစ်ပေးခိုင်းပါ..။ ဒီဖြစ်စဉ်ပဲ ထပ်ခါထပ်ခါလုပ်ပါ..။

အဖြေ ၈။ ။ လူတိုင်းလူတိုင်း တစ်မျိုးစီလုပ်နေကြတာပဲ..။ နည်းပညာအမျိုးမျိုး စမ်းကြည့်လေ..။ ပြီးမှ ကိုယ်စိတ်ဝင်စားတာရှာ..။ အဲဒီမှာမှ အင်းအရည်အချင်းပေါ်မူတည်နေမှာပဲ..။ တခါတလေ အချိန်အကြာကြီး လုပ်နေမိပေမယ့် အချိန်ကုန်သွားမှန်းတောင် မသိတာမျိုး ဖြစ်လိမ့်မယ်..။

အဖြေ ၉။ ။ C# in Depth ဆိုတဲ့စာအုပ်က C# သင်ဖို့ ဖတ်သင့်တဲ့စာအုပ်ပဲ..။ C# ကို Confident ရှိသွားပြီးရင် F# တို့ ဘာတို့ သင်ဖို့ကြိုးစားပါ..။

http://programmers.stackexchange.com/questions/98282/what-to-do-after-reading-a-beginners-book-on-c ကို ဆီလျော်အောင် ပြန်ဆိုသည်..။

OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Comments

Comments ဆိုတာက Program ရေးနေရင်းနဲ့ Program ထဲမှာပဲ Program နဲ့ပတ်သက်တဲ့ ရှင်းပြချက်တို့၊ Programmer အချင်းချင်း ရှေ့လူလုပ်တာကို နောက်လူသိအောင် ဘာ့ကြောင့်ဒီလိုရေးပါတယ်ဆိုတာ ချိတ်ဆက်မိအောင်...၊ ကိုယ်ရေးတာကိုပဲ နောက်တစ်ခါပြန်အကြည့်မှာ ဘာကြောင့်ဒီလိုရေးထားတယ်ဆိုတာသိအောင် ရေးတဲ့နေရာမှာ သုံးပါတယ်..။ Program ကိုထိရောက်မှုမရှိစေပါဘူး..။ ဘယ်နှစ်ကြောင်းရေးရေး Program ကိုထိရောက်မှုမရှိစေချင်ရင်..၊ ကိုယ်ရေးတဲ့ကုဒ်က သိပ်မသေချာရင် comment ပိတ်ထားခဲ့ရင် အဲဒီကုဒ်က Program ကို သက်ရောက်မှုမရှိစေတော့ပါဘူး..။

ကိုယ်ရေးတဲ့စာက တစ်ကြောင်းတည်းဆိုရင်၊ ဒါမှမဟုတ် တစ်ကြောင်းပြီးတစ်ကြောင်း line by line ဆိုရင် (//)မျဉ်းနှစ်ကြောင်းနဲ့ တစ်ကြောင်းချင်းရှေ့ကနေ ပိတ်သွားရပါတယ်..။

ကိုယ်ရေးတဲ့ Comment က တစ်ကြောင်းထက်ပိုတယ်..၊ စာတစ်ပိုဒ်လောက်ရှည်တယ်ဆိုရင်လည်း ဘယ်နှစ်ကြောင်းပဲဖြစ်နေနေ အစမှာ (/*) နဲ့ အဆုံးမှာ (*/)အဲလိုပိတ်ပေးရပါတယ်..။ ကြားထဲမှာ စာဘယ်နှစ်ကြောင်းရှိရှိ အစမှာတစ်ခါနဲ့ အဆုံးမှာ တစ်ခါပဲ စပေး၊ ပိတ်ပေးလိုက်ရုံပါပဲ..။



နောက်တစ်မျိုးက documentation comment ဆိုတာ ရှိသေးတယ်..။ XML file တွေကို comment ပိတ်တယ်ဆိုရင် သူတို့က file အမျိုးအစားတွေမို့ documentation comment နဲ့ပိတ်ရတယ်..။ tag အစကနေ line by line စာကြောင်းဆုံးသလောက် တစ်ကြောင်းချင်းရှေ့မှာပိတ်သွားရမယ်..။



OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)




ဒီ operatorsတွေက သိစရာတွေ ကျယ်ဝန်းပါတယ်..။ operators တွေမှာ Left to right အလုပ်လုပ်သလား..၊ Right to Left အလုပ်လုပ်သလားဆိုတာ ထည့်စဉ်းစားရပါတယ်..။ အဲဒီအတွက် ဦးစားပေး Level အဆင့်နဲ့သတ်မှတ်ထားတဲ့ ဇယားရှိတယ်..။ Level အနည်းအများပေါ်မူတည်ပြီး အလုပ်လုပ်တာ အရင်လုပ်၊ နောက်လုပ်ကွဲသွားပါတယ်..။







x+y-z


ဆိုတဲ့ expression မှာ x နဲ့ y အရင်ပေါင်းမလား..။ y ထဲက z နူတ်တာကို အရင်လုပ်မလား..ဆိုတာ စဉ်းစားစရာပါ..။ Level 5 မှာ + နဲ့ - တွေ့နိုင်ပါတယ်...။ Level 2 က အပေါင်းနဲ့အနူတ်က Unary တွေအတွက်ပါ..။ integer တွေအတွက် မဟုတ်ပါဘူး..။ ဒါကြောင့်မို့ အပေါင်းအလုပ် အရင်လုပ်ပြီးမှ အနူတ်အလုပ် လုပ်ရမှာပါ..။






နောက်တစ်ခု






ပေါင်းနူတ်မြှောက်စား ဥပမာတွေ စပေးပါမယ်..။






3+4=7


3 နဲ့ 4 ပေါင်းရင် 7 ရတယ်..။ အဖြေကိုကြည့်လိုက်ရင် လွယ်လွယ်လေးပဲလို့ ဖြစ်သွားမှာပဲ..။ အဓိကက သူတို့ရေးတာကို နားလည်အောင်ကြည့်ရင်းက ဘယ်လိုရေးရမလဲဆိုတဲ့ စဉ်းစားနည်းကို တတ်စေချင်တာပါ..။ Programming မှာ လိုချင်တဲ့ အဖြေကိုပဲ သိတာ..။ ဘယ်လိုရေးရင် ဒီအဖြေရမလဲ၊ ဒီအဖြေရဖို့ ဘယ်လိုရေးမလဲဆိုတာ စဉ်းစားနည်းက အဓိကကျတာ..။


ဂဏန်းနှစ်ခုပေါင်းချင်တယ်..။ ဂဏန်းဆိုတော့ Type သတ်မှတ်ရင် int ပေါ့..။ ဒဿမကိန်းဟုတ်မဟုတ် ကြည့်ဖို့လည်းလိုမယ်..။ uint မသတ်မှတ်တော့ပါဘူး..။ int နဲ့ပဲ တွက်မယ်..။ 3 အတွက် int variable တစ်ခု၊ 4 အတွက် int variable တစ်ခု သူတို့နှစ်ခု ပေါင်းလဒ်ထည့်ဖို့ int variable တစ်ခုလိုမယ်ဆိုတာ စဉ်းစားထားရမယ်..။






အလားတူ နောက်တစ်ခု





OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Arithmetic Operators

အတွက်အချက်အတွက်သုံးမယ့် Arithmetic Operators တွေအကြောင်းရောက်ပြီ..။ +,-,*,/တွေ အကြောင်းပြောတော့မယ်..။ အခြေခံဆိုပေမယ့် နေရာတိုင်းမှာ အရာကျယ်တယ်..။ Core Concept တွေဖြစ်ပြီး ကျန်တာတွေက သူတို့ကနေ ချဲ့ချဲ့သွားတာတွေဖြစ်တယ်..။ ပေါင်းနူတ်မြှောက်စားတွေအပြင် (%)ကို အကြွင်းအတွက်နဲ့ binary operation တွေအတွက်လည်း သေချာသတ်မှတ်ထားတဲ့ operators တွေ ရှိပါသေးတယ်..။



int x=5;
x now 7--> x+=2;


ဒီ operator တွေနဲ့ ပတ်သက်လို့ကတော့ (C,C++,Java,C#) language တွေအားလုံး အတူတူပါပဲ..။



တန်ဖိုးတိုးသွားတာနဲ့ လျော့သွားတာနဲ့ ပတ်သက်လို့မှာ (++)နဲ့(--)လို့ operation နှစ်ခုရှိတယ်..။ ဒီ operator တွေကိုသုံးတာက ရှင်းရှင်းလေးပါ..။ ၁ ပေါင်း ၁ နူတ် လုပ်သွားတာပါပဲ..။



ဒီလက္ခဏာနှစ်ခုက variable ရဲ့ရှေ့မှာ ရှေ့မှာလည်းရှိတယ်..။ နောက်မှာလည်း ရှိတယ်..။ ရှေ့နောက်နေရာကွာတာနဲ့အမျှ အကျိုးသက်ရောက်မှုလည်း ကွာသွားတယ်..။ ဒီလက္ခဏာက variable ရဲ့ရှေ့မှာရှိရင် variable ကိုမသုံးခင် သူ့အကျိုးသက်ရောက်မှုက အရင်ဖြစ်သွားတယ်..။



(++)လက္ခဏာကို variable နောက်မှာထားရင် variable တန်ဖိုးကို assignအရင်လုပ်တယ်..။ assign လုပ်ပြီးမှ ၁ တိုးတာ လုပ်တယ်..။



(?:)ဆိုပြီးထူးခြားတဲ့ လက္ခဏာလေးရောရှိတယ်..။ အဓိပ္ပာယ်က if then else statement ဆိုတဲ့ အဓိပ္ပာယ်ပါ..။ ? နဲ့ : နဲ့ operand သုံးမျိုးကြားမှာ ခွဲထားတာပါ..။ ပထမ operand က Boolean Expression ပါ..။ Boolean Expression ကလုပ်လိုက်တဲ့ အလုပ်ကမှန်သွားရင် ? နောက်က variable ရဲ့ result ထွက်မယ်..။ မမှန်ရင် (:) နောက်က result ထွက်မယ်..။



ဆက်ရန်..................>

OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Console Input and Output

အခုပြောမယ့်ဟာတွေက output ထုတ်တဲ့နေရာမှာသုံးဖို့ C#အသုံးလေးပါ..။ ပုစ္ဆာတွေတွက်ရင် လိုမှာမို့ ထည့်ရေးလိုက်ပါတယ်..။

စာကြောင်းတစ်ကြောင်းလုံးကို ဖတ်မယ်ဆိုရင်



user ကစာကြောင်းအနေနဲ့ပဲ ရိုက်ထည့်လိုက်တော့..။ string အနေနဲ့ပဲ ၀င်လာတယ်..။ တကယ်လို့ ရိုက်ထည့်လိုက်တဲ့စာကြောင်းမှာ အသက်လို၊ လခလို ကိန်းဂဏန်းတွေပါလာခဲ့ရင် စာကြောင်းအနေနဲ့ဝင်လာတဲ့ဂဏန်းတွေကို ဂဏန်းတန်ဖိုးဖြစ်အောင် ပြန်ပြောင်းပေးရမယ်..။



Console ဆိုတဲ့ class က output ထုတ်ပေးဖို့ .Net Library ထဲမှာ ရှိပြီးသားဟာပါ..။ Console class ထဲမှာ WriteLine method, Write method တွေရှိတယ်..။ WriteLine ကစာတစ်ကြောင်းချင်း တစ်လိုင်းချင်းရေးသွားတဲ့နည်း..။ Write ကတော့ တစ်ကြောင်းချင်း တစ်လိုင်းချင်းမချဘူး..။ ကိုယ်ရေးလိုက်သလို Format လေးအတိုင်း output ကိုထုတ်ပေးတာပါ..။



Value မတူတာတွေကို Output တစ်ခါတည်းထုတ်ဖို့ရာ WriteLine()method မှာရှိပါတယ်..။ output ထုတ်ချင်တဲ့ format ကို ကိုယ်ထည့်ချင်တဲ့ တန်ဘိုးနဲ့ နေရာတွေသတ်မှတ်ပေးပြီး ထည့်ပေးလိုက်တာပါ..။



OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



လိုအပ်လာတဲ့ တခါတရံမှာ Type တွေအချင်းချင်း အကူးအပြောင်း လုပ်ပေးရတာတွေ ရှိပါတယ်..။ int ကနေ long ကိုပြောင်းတာ..။ double ကနေ int ပြန်ပြောင်းတာတွေ ရှိလာပါတယ်..။ ဒီလိုပြောင်းရာမှာ နည်းနှစ်နည်းရှိပါတယ်..။

Implicit Conversion
Explicit Conversion


Implicit Conversion ဆိုတာ သေးတဲ့ခွက်ထဲကနေ ကြီးထဲခွက်ထဲပြောင်းထည့်တာမို့ သူ့ဒေတာတွေ ဆုံးရှုံးစရာမရှိပါဘူး..။ Explicit Conversion မှာတော့ ကြီးတဲ့ခွက်ထဲကနေ သေးတဲ့ခွက်ထဲပြောင်းတာမို့ ဒေတာတစ်ချို့ ဆုံးရှုံးတာ ဖြစ်ပေါ်မှာပါ..။ မြင်သာအောင် ဥပမာတွေ ပြလိုက်ပါတယ်..။





OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)



Local Variables





ဆိုတော့ Local Variables မှာ Literal နဲ့ Expression ဆိုပြီး Initial Value ဖော်ပြနည်း နှစ်နည်းရှိတယ်..။



Main Method ထဲမှာ Variable ကြေညာရင် Initial Value သတ်မှတ်ပေးရတယ်..။ မသတ်မှတ်ပေးရင် Error တက်ပြီပဲ...။ Main Method ထဲမှာ ကိုယ်ကသုံးတော့မှာမို့ Variable ကြေညာတာ..။ သုံးတော့မယ်ဆို သူ့တန်ဘိုးကဘာလဲဆိုတာ မသုံးခင်သိထားဖို့ လိုတယ်..။ ဒါကြောင့်မို့ တန်ဘိုးသတ်မှတ်ပေးရတာ..။

OOP (နိဒါန်း...။)



အခုရေးမယ့် OOP က C# Language သုံးပြီးရေးမှာပါ..။ C# ပဲဖြစ်ဖြစ်၊ Java ပဲဖြစ်ဖြစ် အခြေခံ OOP ကတော့ အတူတူပါပဲ..။ Java ဖြစ်ဖြစ်၊ OOP ဖြစ်ဖြစ် ဘာကိုပဲ စသင်သင် ပထမဆုံးအခန်းက Program တစ်ပုဒ် Run ရင် နောက်ကွယ်က ဖြစ်ပျက်သွားမယ့် အကြောင်းအရာတွေကို စသင်လေ့ရှိပါတယ်..။ ကို့စ်ဆွဲထားတဲ့သူတွေကိုက ဒါကိုနားလည်ဖို့လိုအပ်တယ်လို့ ယူဆလို့ ဒီအကြောင်းအရာတွေကို စပြောလေ့ရှိပါတယ်..။ ဒီအကြောင်းအရာတွေက Beginners တွေအတွက် အလွန်နားရှူပ်စေပါတယ်..။ စာရေးသူလည်း ဒီအခန်းကို တော်တော်နားလည်အောင်ဖတ်လည်း ဖတ်တုံးပဲ သဘောပေါက်လိုက်ပြီး ပြီးရင်မေ့သွားလို့ ပြန်ဖတ်ရပါတယ်...။ အဓိကပြောချင်တာတွေကတော့ User က Program တစ်ပုဒ်ရေးလိုက်ရင် Compiler က Execute လုပ်ပါတယ်..။ မှားရင် Compiler ကနေ Error ထွက်တယ်..။ မှန်ရင် Result ထွက်လာပါမယ်..။ ဒီလောက်ပဲအကြမ်းဖျဉ်းနားလည်ပြီဆို ရပါပြီ..။ စာရေးသူအနေနဲ့ဆို ဒီအခန်းကို နောက်ဆုံးမှ ပြန်ပြောချင်ပါတယ်..။ နောက်ဆုံးခန်းရောက်ပြီဆိုရင် User တွေအနေနဲ့လည်း C# ကဘာလဲ..၊ Program ဆိုတာဘာလဲ သဘောပေါက်ချိန်မှ ဒီအခန်းကိုပြန်ရှင်းပြရင် နားလည်နိုင်တယ် စိတ်အခြေခံ ရှိနေပြီလို့ စာရေးသူယူဆပါတယ်..။



ဒီပုံကတော့ Program တစ်ပုဒ်ရဲ့ အကြမ်းဖျဉ်းသဘောတရားပါ..။ တော်တော်တော့ အကြမ်းဖျဉ်းဆန်ပါတယ်..။ ဒါပေမယ့် Beginners တွေအတွက် ရည်ရွယ်လို့ အသေးစိပ်နားလည်အောင် ရေးလိုက်တာပါ..။ ဒီစာကိုရေးတဲ့ရည်ရွယ်ချက်က OOP သင်ကာစ Beginners တွေကို ရည်ရွယ်ပြီးရေးတာမို့ပါ..။

အစပိုင်းသင်ကာစနေ့တွေမှာ ကိုယ်ကတော့ ရိုက်ထည့်လိုက်တာ မှန်တယ်..။ ဒါပေမယ့် Error တွေ တစ်သီကြီးထွက်ချင်ထွက်နေတတ်ပါတယ်..။ Typing အမှား..၊ စာလုံးအကြီးအသေးအမှား..၊ (;) အပိတ်တွေကျန်လို့ များပါတယ်..။ ဒါတွေကို ဖြည်းဖြည်းချင်းစိတ်ရှည်ရှည်နဲ့ ကျော်လွှားသွားရင်း ကျွမ်းကျင်သူအဖြစ် ရောက်တာပါပဲ..။ လူတိုင်းကျော်လွှားရမယ့် အဆင့်ပဲဖြစ်လို့ Error ပြရင် ဘာကြောင့်လဲဆိုတာ အကြောင်းရင်းသိအောင်လုပ်ရင်း ပျော်ပျော်ကြီး ကျော်ဖြတ်ကြပါစို့..။

Program နဲ့ Result နဲ့ကြားထဲမှာ Compiler ဆိုတာလေး နောက်ကွယ်က အလုပ်လုပ်နေပါတယ်..။ ကိုယ်ရေးလိုက်တဲ့ Program ကို Compiler က Machine Language ကိုပြောင်းလိုက်တယ်..။ Machine Language က နားလည်တယ်..၊ Error မပါဘူးဆိုရင် Compiler ဆီကိုပဲ ပြန်ပို့ပါတယ်..။ Compiler ကနေပဲ လိုချင်တဲ့ Result ပြန်ထုတ်ပေးပါတယ်..။ ရှင်းအောင် ပုံလေးနဲ့ပြမယ်နော်..။ ဒါက Beginners တွေနားလည်အောင် စာရေးသူဘာသာရှင်းအောင်ဆွဲထားတဲ့ ပုံတွေပါ..။ စာရေးသူက ဒီစာကို ဘာသာပြန်ရေးမှာမဟုတ်ပါဘူး..။ ကိုယ်နားလည်သလို ပြန်ရှင်းပြတဲ့ပုံနဲ့ ရေးမှာပါ..။ C# Courses တွေကို နားလည်အောင်ပဲဖတ်ပါတယ်..။ ကိုယ်နားလည်သလိုပဲ ပြန်ရှင်းပြပြီး ဘာသာပြန်ရုံ ရေးသွားမှာ မဟုတ်ပါဘူး..။ စာရေးသူလည်း ဘာသာပြန်ရုံလေးရေးထားတာဆို ဖတ်ရတာ စိတ်ဝင်စားမှု နည်းတတ်လို့ပါ...။



ဒါက Compiler ဆီကနေ Machine ဆီ သွားတဲ့ အသွားပါ..။ Result မပေါ်သေးပါဘူး..။ Execute လုပ်ဆဲကာလပါ..။



ဒါကတော့ Machine Language က Compiler ဆီပြန်ထုတ်ပေးတဲ့ အပိုင်းပါ..။ မှန်ရင် Result ထုတ်ပေးပါမယ်..။ စာတစ်တန်ပေတစ်တန်ရေးနေရပေမယ့် ဒီအဖြစ်အပျက်ကလေးက စက္ကန့်ပိုင်းလောက်ပဲ ကြာတဲ့အဖြစ်အပျက်လေးပါ..။ Developer တွေကတော့ ဒါကိုသိထားရပါမယ်..။

Program တစ်ပုဒ် ဘယ်လို Run မလဲ..။

နောက်အခန်းကနေစပြီး Program တွေစမ်းရပါမယ်..။ ဒီလိုစမ်းဖို့အတွက် မြန်မာနိုင်ငံကလူတွေအတွက်ဆို Visual Studio 2010 တစ်ခွေကိုဝယ်ပြီး Install လုပ်စေချင်ပါတယ်..။ ခွေဝယ်ဖို့ခဲယဉ်းတဲ့ ပြည်ပကလူတွေအတွက် Microsoft Website က Visual Studio 2010 Express Version ကို အလကားပေးထားပါတယ်..။ သူ့ကိုဒေါင်းပြီး Install လုပ်စေချင်ပါတယ်...။ < href="http://www.microsoft.com/visualstudio/eng/downloads">အဲဒီလင့်မှာ Install Now ကိုကလစ်ရုံပါပဲ..။ Install လုပ်ချိန်ကတော့ နာရီဝက်ကနေ ၄၅ မိနစ်လောက် ကြာတတ်ပါတယ်...။ Memory လည်းတော်တော်များများ နေရာယူမှာမို့ စက်မှာနေရာမရှိရင် နေရာအရင်ရှင်းစေချင်ပါတယ်..။ 200Mb ကျော်ကျော်လောက် ရှိပါတယ်..။ Install လုပ်တဲ့ အဆင့်တွေကိုလည်း ထည့်မရေးတော့ပါဘူး..။ < href="http://geekswithblogs.net/Ramaraju/archive/2009/05/24/step-by-step--installing-visual-studio-2010.aspx">အဲဒီလင့်မှာ Install လုပ်နည်းတစ်ဆင့်ချင်းကို ရှင်းပြထားပါတယ်..။ သေချာအောင်လို့ အဲဒီရှင်းပြချက်တစ်ဆင့်ချင်းကိုကြည့်ပြီးလုပ်ရင် အမှားနည်းလို့ အချိန်ကုန်သက်သာပါလိမ့်မယ်..။

Program တွေ မ Run ခင် Folder အရင်ဆောက်သင့်ပါတယ်..။ စာရေးသူကတော့ D:> အောက်မှာ folder တစ်ခုဆောက်ထားပါတယ်..။ ဒါမို့လို့ စာဖတ်သူကိုရော D:>အောက်မှာ ဆောက်စေချင်ပါတယ်..။ ဒါမှ စာရေးသူရှင်းပြရင် နားလည်မှုမမှားစေချင်လို့ပါ..။ Folder တစ်ခုဆောက်ပြီး အဲဒီ Folder ထဲမှာ File ကိုသိမ်းပြီး command prompt ထဲကနေ လှမ်းRun ရမှာပါ..။ Start-->Program-->Visual Studio 2010-->Visual Studio 2010 (tool)--> Command prompt (2010) ကိုရွေးပါ..။ Command prompt ထဲရောက်သွားရင် သူက C:> အောက်ကို ပုံသေပေးထားတတ်တာများပါတယ်..။ cd.. နဲ့နောက်ပြန်ဆုတ်ရပါမယ်..။ cd d နဲ့ Directory ပြောင်းယူရပါမယ်..။ cd class(ကိုယ်ပေးထားတဲ့ ဖိုဒါနာမည်) လို့ရေးပြီး ကိုယ်သိမ်းတဲ့ ဖိုဒါအောက်ကို ပို့ရပါမယ်...။

တကယ် Run တော့မယ်ဆို ပြန်ပြောပါမယ်..။ မြင်သာတဲ့ ဥပမာအနေနဲ့ကတော့

C:/cd..(နောက်ပြန်ဆုတ်တာ)

C:/ cd d (C အောက်ကနေ D အောက်ကို ချိန်းတာ..။)
D:/ cd class (ကိုယ်သိမ်းတဲ့ ဖိုဒါအောက် ၀င်တာ..။)
D:/ Class(ဖိုဒါအောက်ရောက်သွားပြီ..။)
D:/Class/csc First.cs(Compile လုပ်တာ..။)
D:/Class/First (Run တာ..။)


နောက်အခန်းမှ Theory ပြီးရင် လက်တွေ့ Program Run ပါတော့မယ်..။

အခြေခံ အပိုင်း(၁) ဆက်ရန်..။

ဆရာအောင်သင်း၏ အင်တာဗျူးများစွာထဲမှာ မစံပယ်နှစ်သက်သော လိုက်နာကျင့်သုံးဖြစ်သော အင်တာဗျူးတစ်ခု..။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆရာအောင်သင်းသည် ၁၉၅၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။

ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေး စာပေများ ရေးသားနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေဟောပြောပွဲများ ကိုလည်း လိုက်လံဟောပြောနေသည်။

ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ်ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များအပေါ်ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။
(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)
ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။


“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဘက်က။
ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့သူ သူ့အုပ်ချုပ်ရေးနဲ့သူ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လိုဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက
ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့် မရဘဲနဲ့”

၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုးသွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ကိုက်အောင် ပညာရေးကလုပ်။ အထက်တန်းထိအောင်ကတော့ ပညာရေးဝန်ကြီးဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။

“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလိုဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည်လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည်တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက်ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက်ပေးသလဲ ကျနော်မသိဘူး”

ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။

“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေစနစ် ဆိုပြီးတော့ ပြောကြဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေးစနစ်ကို အလေးပေးလဲ။

“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေးစနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာမဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်းကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေးတတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ရုပ်ပုံကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော်တယ်လို့ ကြားပါတယ် အဲဒီအပေါ်မှာကော။

“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့်တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ်ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက်ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

“အရင်တုန်းကတော့ ၇ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြလုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းကဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကိုအရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေးအရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆိုကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”

တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ မျှော်မှန်းလို့ရနိုင်လဲ။

“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီးတွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေရှိတယ်။ အဲဒီဝန်ကြီးချုပ်တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစားလာကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံးအချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

ပြည်ထောင်စု အစိုးရအပေါ်မှာကော။

“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီးဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ်ဖွင့်လဲ။

“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းမရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုးသိလို့ပေါ့”

အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက်မပြောဘူး။ ဘဝဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုးထားတာဟာ ဘဝကို တန်ဖိုးထားတာပဲ။ ဘဝကို တန်ဖိုးမထားရင် အလကား အသုံးမကျတဲ့ ဘဝဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။ အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော

“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါတာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့အတွက်က သတ္တိကောင်းဖို့လိုတယ်။ သတ္တိဆိုတဲ့ဟာက တနေ့ ငါကြီးပွားရမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတ္တိမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ်ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါးလာခေါက်လိမ့်မယ်ဆိုတာ ယုံပါ”

မန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတ္တိက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ်အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာမကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ်ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ်ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”

အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖော်ပြခြင်း : ဆရာကြီးဦးအောင်သင်း၊ မျိုးသန့် ချင်းမိုင် (မဇ္ဈိမ) http://www.mizzimaburmese.com

Education

Credit/http://www.todaygroup.com.mm/Magazine/Lst%20PDF/Coverstory.jpg

How to prepare for exam?

Introduction

"How to Prepare for Exam?" A big question that  you always ask yourself. Here are some tips that may help you. Dear student friends you people may be of different types. I know many of you, no all of you are so brilliant students.Yet there may be some problems regarding your studies Let's discuss it here.Many of you may be working hard and getting good marks and some of you may not be working hard but still manages to get high marks in exams,Others may be wondering how it happens?.And also there will be a few of you study well but still not able to score well in exams.Don't worry there are some very simple tips by following which you can become master. These tips will tell you 'How to prepare for Exams in Short time', 'How to prepare for a high school exam' as well as a competitive exam and even you can prepare for exams in a week just by following these tips. It will be even better if you follow this for a long period of time.


Exam Preparation Tips


Tips and Tricks For students

Actually there are no short cut to success this is the first thing you should remember. For this reason you have to study well first of all. But the preparations are different for different types of exams. Some competitive exams need long term preparation while your school level exam may need preparation of one or two weeks.
The 1st tip : Never fear or hate exam and be confident.
Some students study well but still may be much afraid of exams and due to this reason they get distracted and won't be able to score marks.So leave all your fears and free your mind before starting the study. You have to be confident and it is the most essential power you should have for attaining victory.

The 2nd tip: Prepare a good time table.
Prepare a time table before starting the study. This should include all the subjects but may not be with equal priority. Tough subjects can be given more time and easier ones less but most importantly some time shall be allotted for entertainment and also there should be sufficient intervals between each subject.
The 3rd tip: Select a proper atmosphere for studying.
No need to explain this point. Study atmosphere has very important role. Can anyone study well while watching TV? So select a place where you feel comfortable. That is where you feel relaxed and can concentrate. And you have to make sure that while you are studying a subject you are concentrating on it only. So keep the books of other subjects away from your eyesight so that you won't be upset about the things you have to learn. And importantly it is better to study early morning when all the surroundings will be in silence and you can concentrate more. Your concentration really counts. Never place a mirror in the room such that you will  ur reflection while sitting to study. This will lead to lack of concentration. And one top secret Study facing eastor more accurately North east. This will give you great positive energy and your marks will definitely increase.
The 4th tip : Sit well
This is so important that you have to sit in proper manner while studying. Don't study on bed or lying on a chair instead sit straight. Keep your spinal cord straight. And try to place your legs parallel to ground, a little bit raised from the ground. Other wise placing the legs on the ground causes ionization and induces sleep. And be alert that legs are not above the head level. This will affect the blood flow direction and causes sleepiness. It is better to place the legs almost parallel to ground but a little lower.
The 5th tip : Make notes while studying.
This is a very important point. While studying make small notes and that should not be descriptive make theme brief so that you can remember all points while doing revision with the help of that note. An ideal note shall include all important formulae and figures and also other important points. It will be a lot worth if you use this not for the revision in last one or two hours than u skipping through pages of your text book. It won't take much time to go through this note and if you feel tough anywhere you can refer for that portion in text book.
The 6th tip: Sleep well and Eat well.
You have to sleep well.Sleep deprivation study shows that Optimum hrs for sleep is 6hrs. Especially on the night before exam you have to sleep well, atleast 6 hours and not more than 8 hrs. Remember this will have a great effect on your exam. And have your food as in your daily diet. Don't fast on exam day. This will have reverse effect, so please have food properly. There are some food items you have to avoid and some other you have to include in your diet on exam day. Check for them later in this article (in tips for parents),And don't forget to have a glass water before you go to bed, essential to keep your brain cells charged!!!
The 7th tip : Write and Present well.
The presentation is the major factor that affects your marks. Whatever you studied or prepared your marks will depend on how you present them in the answer sheet. The teachers may not be able to read all what you have written. Remember daily they are going through 30 to 40 papers.They will scan for points. So try to present answers in points. In essay questions don't forget to underline the important points . Your hand writing also affects your marks. Try to write neatly. if it is not good enough, don't worry, if you presented it in a good manner you can score more marks. And another important factor to remember, As we all know 'First impression is the best impression'. So, answer the questions you know well, first. This will create a good impression on the evaluator and though you couldn't write some last answers well, that won't deduct your mark much. And care shall be taken so that you manage time well and is able to attend all questions. If there is any question out of syllabus, you just attend it. Usually full marks are awarded for such questions.
The 8th tip: Never malpractise in exam hall.
Dear students never malpractise in exam hall as it may even affect your marks and also some times you won't be allowed to continue the exam. If you don't know answer don't write. Keep in mind that you are writing exam for you, to prove yourself. There will be no problem if you have followed the above steps, For sure you can score good marks.
The 9th tip: Believe in God, Believe in you.
The last but not the least point pray well before the exam and your mind should be free at least 5 minutes before exam. Pray can give immense energy and peace to your mind that will definitely do good for you.And it is much important that you are confident about what you can and will always produce pleasant result.
Also remember one thing please don't discuss soon after exams.This won't do good and may affect your coming exams.If your friends are discussing question paper avoid them and come to house soon.

And above all you think about your parents their difficulties and sufferings and how they care you , you owe to them much, don't you?. The best gift you can give them is your victory. So never disappoint your parents. Study is not for them they are compelling you to study for your future. And ultimately what I have to say is that You have a lot of opportunities now.If you are serious in your studies for a few years of your life then the remaining part of your life will be fruitful and you people shall never stop study after getting a degree or a small job always look for higher studies and aims big hurdles like CAT, GATE, GRE, IAS,IES etc.So think your self and try your best.

http://hubpages.com/hub/Tricks-to-tackle-exams မှ ကူးယူဖော်ပြပါသည်..။

TAKING LECTURE NOTES(Individual Learning)

I. There  are many reasons for taking lecture notes.

A. Making yourself take notes forces you to listen carefully and test your understanding of the material.
B. When you are reviewing, notes provide a gauge to what is important in the text.
C. Personal notes are usually easier to remember than the text.
D. The writing down of important points helps you to remember then even before you have studied the material formally.


II. Instructors usually give clues to what is important to take down.  Some of the more common clues are:

A. Material written on the blackboard.
B. Repetition
C. Emphasis
1. Emphasis can be judged by tone of voice and gesture.
2. Emphasis can be judged by the amount of time the instructor spends on points and the number of examples he or she uses.
D. Word signals (e.g. "There are two points of view on . . . " "The third reason is . . . " " In conclusion . . . ")
E. Summaries given at the end of class.
F. Reviews given at the beginning of class.


III. Each student should develop his or her own method of taking notes, but most students find the following suggestions helpful:

A. Make your notes brief.
1. Never use a sentence where you can use a phrase.  Never use a phrase where you can use a word.
2. Use abbreviations and symbols, but be consistent.
B. Put most notes in your own words.  However, the following should be noted exactly:
1. Formulas
2. Definitions
3. Specific facts
C. Use outline form and/or a numbering system.  Indention helps you distinguish major from minor points.
D. If you miss a statement, write key words, skip a few spaces, and get the information later.
E. Don't try to use every space on the page.  Leave room for coordinating your notes with the text after the lecture.   (You may want to list key terms in the margin or make a summary of the contents of the page.)
F. Date your notes.  Perhaps number the pages.


SAVING TIME ON NOTETAKING


Here are some hints regarding taking notes on classroom lectures that can save time for almost any student.  Some students say that they plan to rewrite or type their notes later.  To do so is to use a double amount of time; once to take the original notes and a second to rewrite them.  The advice is simple: DO IT RIGHT THE FIRST TIME!

Second, there are some students who attempt to take notes in shorthand.  Though shorthand is a valuable tool for a secretary, it is almost worthless for a student doing academic work.  Here's why.  Notes in shorthand cannot be studied in that form.  They must first be transcribed.  The act of transcribing notes takes an inordinate amount of time and energy but does not significantly contribute to their mastery.  It is far better to have taken the notes originally in regular writing and then spend the time after that in direct study and recitation of the notes.

Third, do not record the lesson on a cassette tape or any other tape.  The lecture on tape precludes flexibility.  This statement can be better understood when seen in the light of a person who has taken his/her notes in regular writing.  Immediately after taking the notes this person can study them in five minutes before the next class as s/he walks toward the next building, as s/he drinks his/her coffee, or whatever.  Furthermore, this student, in looking over his/her notes, may decide that the notes contain only four worthwhile ideas which s/he can highlight, relegating the rest of the lecture to obscurity.  Whereas the lecture on tape has to be listened to in its entirety including the worthwhile points as well as the "garbage," handwritten notes may be studied selectively.  A student who takes the easy way out - recording the lecture on tape as he or she sits back doing nothing - will box him or herself into inflexibility.


NOTE MAKING


Learning to make notes effectively will help you to improve your study and work habits and to remember important information.  Often, students are deceived into thinking that because they understand everything that is said in class they will therefore remember it.  This is dead wrong!  Write it down.

As you make notes, you will develop skill in selecting important material and in discarding unimportant material.  The secret to developing this skill is practice.  Check your results constantly.  Strive to improve.  Notes enable you to retain important facts and data and to develop an accurate means of arranging necessary information.

Here are some hints on note making.

1.  Don't write down everything that you read or hear.  Be alert and attentive to the main points.  Concentrate on the "meat" of the subject and forget the trimmings.

2.  Notes should consist of key words or very short sentences.  If a speaker gets sidetracked it is often possible to go back and add further information.

3.  Take accurate notes.  You should usually use your own words, but try not to change the meaning.  If you quote directly from an author, quote correctly.

4.  Think a minute about your material before you start making notes.  Don't take notes just to be taking notes!  Take notes that will be of real value to you when you look over them at a later date.

5.  Have a uniform system of punctuation and abbreviation that will make sense to you.  Use a skeleton outline and show importance by indenting.  Leave lots of white space for later additions.

6.  Omit descriptions and full explanations.  Keep your notes short and to the point.  Condense your material so you can grasp it rapidly.

7.  Don't worry about missing a point.

8.  Don't keep notes on oddly shaped pieces of paper.  Keep notes in order and in one place.

9.  Shortly after making your notes, go back and rework (not redo) your notes by adding extra points and spelling out unclear items.  Remember, we forget rapidly.  Budget time for this vital step just as you do for the class itself.

10.  Review your notes regularly.  This is the only way to achieve lasting memory.

Attention


Attention is a "collection of tensions that can be resolved only by getting the facts or ideas that the speaker is trying to convey."

Taking Lecture and Class Notes

Information presented in class often contains the central concepts of the course and the material most likely to be included on exams. Yet, students frequently do not realize the importance of notetaking and listening. The following handouts provide tips on how to recall more information from your lectures through active listening and purposeful notetaking. In addition, lecture notes can be a critical tool for preparing for exams. Suggestions are provided for how to use your notes regularly to review.

Listening

Listening is an essential learning tool, however, humans are poor listeners. Research shows that individuals can only recall 50% of what they hear and that 20-30% is incorrect! The following documents outline ways to improve your listening habits and retain more information from class.

Taking Notes

While many students view notetaking as an activity conducted simply in lecture, solid notetaking skills require preparation and reflection as well. Your class notes can serve as an important tool for reviewing for exams and distilling key concepts. The following handouts provide suggestions on ways to take good notes and use them well. The key is to develop a system that enables you to :

Criticisms against Individual Learning

  • Insufficient interaction with peers or adults socially
  • Neglect of norms and values
  • Loneliness
  • Can be boring
  • Requires self-discipline
  • Difficult to test synthesis
  • If drill and practice is used, it can lead to a single perspective
  • Focus on self-interest and personal success, and ignores the success and/or failures of others
  • No support system from peers
  • Insufficient knowledge to draw from ones self

Positive Aspects of Individual Learning

  • Good for introverts and shy learners
  • Builds self-confidence
  • Safe, free from peer pressure
  • Intrinsic motivation:
    • Challenged by competing with oneself (doing better next time)
    • Curiosity (can explore new interesting facts without justifying it to the group)
    • Control (use own time and sequence, do not need to report to others)
    • Fantasy (allowing oneself to daydream on certain aspects of the work)
  • Develops self-discipline
  • Can accommodate own learning style, cognitive style and learning approach
  • Can work on own time and at own pace
  • Practice skill as often as you wish, to master it.
  • Develops personal gratification
  • Opportunity for authentic learning to take place based on the individual learning style

Information Management

Significance of Information

      အင်ဖော်မေးရှင်းရဲ့ ထူးခြားတာလေးတွေ ပြောချင်ပါတယ်..။ သူ့ရဲ့ထူးခြားချက်လို့ပြောထားတဲ့အချက်လေးတွေကိုဖတ်ရတော့ အားလုံးသိထားသင့်သလားလို့ပါ..။ ဘာသာတိုင်းမှာ သူ့ကောင်းချက်ကလေးတွေနဲ့သူ ရှိမှာပါနော်..။

"Information is an unusually powerful commodity. It provides the heart of the development of knowledge the basis for innovations, the resources for an informed citizenry and thereby, it becomes the key commodity for the progress of a society.
Nations will flourish  or fall depending upon the availability of leaders, professionals and citizens who have been educated to understand the power of information and have access to it for decision making and solving the problems of their society. "

(Oslen,1989,p.120)

  အော့စလန်က ၁၉၈၉ တုံးကပြောခဲ့တာလေးပါ..။

အင်ဖော်မေးရှင်းဆိုတာ ထူးခြားတဲ့ စွမ်းရည်ပြည့်ဝတဲ့ လူသုံးကုန် တစ်ခုပဲ .. ဒီအရာက လူသားတွေ ဗဟုသုတ တိုးတက်ဖို့ အတွက် အဓိက ဖြစ်သလို
အင်ဖော်မေးရှင်းရရှိတဲ့  အဓီက အရင်းအမြစ်က အခြေအမြစ် ခိုင်မာမူရှိတယ်ဆိုရင် အဲဒီ အဖွဲ့  အစည်းတိုးတက်ဖို့ အတွက် .. အဓိက သော့ချက်တစ်ချက်တစ်ခုပဲ ဖြစ်တယ်

 နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မူဟာ . အဲဒီနိုင်ငံမှာ ရှိတဲ့  ခေါင်းဆောင် တွေအတတ်ပညာရှင်တွေ နိုင်ငံသားတွေရဲ့  အင်ဖော်မေးရှင်း ပါဝါကို နားလည်နိုင်စွမ်း ရှိမူအပေါ်မူတယ်
ဘာကြောင့်လည်း ဆိုတော့ အင်ဖော်မေးရှင်းပါဝါက ..  အဖွဲ့အစည်းတွေအတွက်ပြဿနာတွေဖြေရှင်းပေးဖို့ ၊ ဆုံးဖြတ်ချက်တွေချနိုင်ဖို့တွေလည်း စွမ်းအင် အခွင့်အလမ်းတွေ ရှိနေလို့ ပဲ

Information Management

 Information Studies ဆိုတဲ့ဘာသာရပ်မှာ Information Management ၊ Information Sources and Searching၊ Information Storage and Retrival ဆိုတဲ့ မယူမနေရ Core Subject သုံးခုကို ယူရပါတယ်..။ ဒီဘာသာရပ်တွေကို လေ့လာကြည့်တော့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်..။ Information တွေ ဘယ်လိုရှာမလဲ၊ ဘယ်လိုသိမ်းမလဲ၊ ဘယ်လို manage လုပ်မလဲဆိုတာ သင်ယူရပါမယ်..။
      Information Management မှာ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုခု၊ စီးပွားရေးကုမ္ပဏီတစ်ခုခု ဆိုတဲ့ Organization တစ်ခုရဲ့ intelligence level ကောင်းမကောင်းကို Connecting,Sharing,(Re)Structuring ဆိုတဲ့ အချက်သုံးချက်နဲ့ ဆုံးဖြတ်နိုင်ပါတယ်တဲ့..။

Connecting: The ability to link to various information sources,media,locations and individuals for capturing accurate information and making it available to the right user at the right time and place.
အင်ဖော်မေးရှင်း sources တွေ မီဒီယာတွေ သတင်းဖြစ်ပေါ်ရာနေရာတွေ တစ်ဦးချင်းသီးသန့်တွေဆီက ရလာတဲ့သတင်းတွေဟာ မှန်ကန်တဲ့လူတွေဆီ မှန်ကန်တဲ့အချိန်နဲ့နေရာမှာ အတိအကျရောက်သွားနိုင်ရမယ်..။
Sharing: The ability to integrate and share information in the organization for proper understanding and interpretation.
သင့်တော်တဲ့ နားလည်မှူ ကြားခံပေးမှူတွေနဲ့ သတင်းတွေကို ဝေမျှပြီး စုစည်းပေးနိုင်ရမယ်..။
(Re)Structuring: The ability to extract meaning from data by matching and relating information from multiple sources for obvious patterns or trends.
ထင်ရှားတဲ့ပုံစံတွေအတွက် sources အမျိုးမျိုးကနေရလာတဲ့ ဆက်စပ်နေတဲ့ အင်ဖော်မေးရှင်းတွေကို တွဲစပ်ပြီး အချက်အလက်ဒေတာတွေကို ထုတ်နုတ်ပေးနိုင်ရမယ်..။

ဒီအချက်သုံးချက်နဲ့တိုက်ဆိုင်ပြီး မိမိပြောချင်တဲ့အဖွဲ့အစည်းဟာ ဘယ်လောက်ထိ Connecting ကောင်းလဲ၊ Sharing ကောင်းလဲ၊ Restructuring ကောင်းလဲဆိုတာ ဆွေးနွေးကြပါတယ်..။ ကျွန်တော်တို့စဉ်းစားမိတဲ့ organization ဟာ ဘယ် အဖွဲ့အစည်းဖြစ်မယ်လို့ထင်ပါသလဲ.. :7: :7:။ ဆွေးနွေးကြတဲ့အခါ ကျွန်တော်က အင်္ဂလိပ်စာကို အပြည့်အ၀နားလည်တဲ့သူနဲ့အတူဆွေးနွေးရပါတယ်..။ ဘာပြောချင်တာလဲဆိုတာ ပြန်မေးပြီး ကိုယ်ပြောချင်တဲ့ အဖွဲ့အစည်းဟာ ဘယ်လောက်ထိ connecting ကောင်းလဲ၊ sharing ကောင်းလဲ၊ Restructuring ကောင်းလဲဆိုတာ အမှတ်ပေးရပါတယ်..။ right time နဲ့ right user လို့ပြောတဲ့အတွက် ကျွန်တော်တို့ဆွေးနွေးတဲ့ အဖွဲ့အစည်းဟာ Connecting မှာ 1 အနိမ့်ဆုံးကို ပေးကြပါတယ်..။ ဆိုးပါတယ်..။ ကိုယ့်ကိုယ်ကိုတောင် သနားမိပါတယ်..။  နောက် Sharing နဲ့တူတဲ့ Information  Processing မှာ တော်တော်ကောင်းလို့ 5 ပေးကြပါတယ်..။ ၁ ကနေ ၉ ထိ ပေးလို့ရပါတယ်..။ Information Sharing မှာ လူကြားမကောင်းလို့ ကြားချပြီး ၄ ပေးခဲ့ပါတယ်..။ နောက်ဆုံး Organizational Restructuringမှာတော့ အကောင်းဆုံး ၉ တောင်ပေးချင်တာ မကောင်းတာနဲ့ ၈ ကို ပေးခဲ့ကြပါတယ်..။ ပြီးမှ ပရော်ဖက်ဆာနဲ့ ဘာ့ကြောင့်ဒီလိုပေးလဲဆိုတာ ပြန်ဆွေးနွေးကြပါတယ်..။ ဆရာမျက်လုံးပြူးပါတယ်..။ ကျွန်တော်က မျက်နှာမထားတတ်ပါဘူး..။

    ဘာလို့မှရေးတာမဟုတ်ပါဘူး..။ သီအိုရီတွေကို စိတ်ကူးနဲ့အကောင်အထည်ဖော်ကြည့်နေတာ ဖြစ်များဖြစ်မလားလို့ပါ..။ နောက်တော့ ငါ့အိမ်မှာရော ငါဒီသီအိုရီတွေကို အကောင်အထည်ဖော်နိုင်လားလို့ပြန်မေးမိတော့ ကိုယ့်စိတ်ကူးကို ဒီတင်ပဲအဆုံးသတ်လိုက်ပါတယ်..။