Showing posts with label ဖတ်သင့်သောစာ..။. Show all posts
Showing posts with label ဖတ်သင့်သောစာ..။. Show all posts

နှလုံးသား အာဟာရ

သင် အသက်( 20 - 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ
-------------------

အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊ (၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ လေ့လာသင်ယူပါ။

သင့်ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။ ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။

၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။

အမြန်လှုပ်ရှားရင် မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက အရေးစိုက်ကြတာပါ။

၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု

ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။ သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့ တစ်နှစ်ကို (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင် အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့ အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၎။ စာရေးပါ။

ရည်မှန်းချက်ပန်းတိုင်တွေ ချရေးပါ။ မှတ်စု စာအုပ်မှာ စာရေးပါ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။ ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူးတွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ။

ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက် ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။ တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ။

သင့်ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊ ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။

၇။ ပေးကမ်းပါ။

အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။ ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေ့မနေပါစေနဲ့။ ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။

Credit - အနာဂတ်အလင်းတန်းများ

Never Give Up




ပုံကပေးတဲ့ သင်ခန်းစာ-



မိမိသွားနေတဲ့ လမ်းကြောင်းဟာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ
ပန်းတိုင်ဆိုတဲ့ ဦးတည်ချက်ရှိနေရင် သင်ဟာဘယ်တော့မှဘဝမှာအရှုံးပေးသူ
တစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။


အဲလိုပဲ.....ဘယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မိမိလုပ်နေတဲ့ အလုပ်ကို ပြီးဆုံးတဲ့
အထိတာဝန်ယူ လုပ်ဆောင်နိုင်စွမ်း မရှိသူဟာ အောင်မြင်မှုဆိုတာ ရှိလာမှာ
မဟုတ်သလို ခေါင်းဆောင်ကောင်းတစ်ယောက်ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်ပါဘူး။


ဘယ်အရာကိုမဆို လွယ်ကူစွာရယူချင်တယ်ဆိုရင် သင့်မှာခက်ခဲတဲ့ ဇွဲရှိဖို့
တော့လိုပါလိမ့်မယ်။


အဲဒီအတွက် ဘယ်တော့မှ Never Give UP.....


Khun Nay(August Myanmar Media Group)

From Guide

မိခင်၏နှောင်ကြိုးကိုဖြည်ပါအံ့



သည်းစွာသောအနာကို

ကုစားပါအံ့

သမီး၏ လုံ့လဝီရိယဖြင့်

နာလန်ထူပါစေအံ့ ...

မွေးကျေးဇူးကို မသိတတ်သော

ထိုသူတို့အား သိနားလည်အောင်

ဆွဲဆောင်နိုင်စွမ်းကို

သမီးအားပေးပါလေ ...

တွေ့ရအံ့သော ဘေးရန်တို့ကို

သမီး ထီမည်မဟုတ် ...

တစ်ဘဝတွင် တစ်ခါသာ သေရသည်ဖြစ်၍

အဘယ်နည်းနှင့်သေရသည်ဖြစ်စေ

သမီး၌ မထူးခြား ...

သမီး၏စိတ်ကူးတို့

အကယ်အဖြစ်သို့ရောက်သောအချိန်တွင်

အသင်တို့သည်လည်း

ပျော်မြူးကြရမည် ...

အခြားအခြားသော သူတို့၏

ရှုံ့ချခြင်း

ကဲ့ရဲ့ခြင်း

မုန်းတီးရွံရှာခြင်း

နာမည်ဖျတ်ခြင်းတို့ကို

သမီးအလျဉ်းဂရုမပြု ...

မိခင်ထံမှ ဒါမှ ငါ့သမီးဟူသော

ကျူးရင့်သံကိုသာ

တောင့်တပါ၏ ...

လောကတွင် မိခင်၏ကျေးဇူးကို

အသိတတ်ဆုံးသမီး ဖြစ်ရပါလို ...။



အောင်ဆန်းစုကြည်

စာ စနစ်တကျဖတ်ဖို့..။


-တစ်လောက ဂျူနီယာတစ်ယောက်တွေ့မိတယ်။ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ပြောတော့ ကိုယ်က နားထောင်သူပေါ့။ သူက ဟိုစာအုပ်၊ ဒီစာအုပ် ဖတ်ပြီးပြီလား။ ဒီဟာသိပြီးပြီလား စသဖြင့်ပြောတယ်။


-အဲ့ဒါနဲ့ပြန်မေးဖြစ်တယ်။ ညီက ဘာကိုလိုချင်တာလဲ။ စာအုပ်ထဲက အနှစ်သာရကိုသိချင်တာလား။ ဒါမှမဟုတ် နိုင်ငံရေးအယူအဆတစ်ခု နဲ့ပတ်သက်တာကို စံနစ်တကျ လေ့လာချင်တာလား လို့မေးမိတယ်။ သူငြိမ်ပြီးနားထောင်နေတယ်။


-ဒါနဲ့ဆရာဖေမြင့်စကားကိုပြန်ပြောပြမိတယ်။ စာအုပ်ဆိုတာ စာရေးသူတစ်ယောက်က သူ့ကိုယ်ပိုင်သုံးသပ်ချက်တွေနဲ့ရေးထားတာရှိတယ်။ နာမည်ကြီးချင်လဲကြီးမယ်။ ကောင်းချင်လဲကောင်းမယ်။ နာမည်မကြီးဘဲကောင်းနေတာတွေလဲရှိတတ်တယ်။ ဒါပေမယ့်သူပြောတာအားလုံးအမှန်လို့ယူဆပြီး ဒီအထဲကဟာတွေကို ကိုးကွယ်နေလို့မရဘူးဆိုတာကို ပြန်ရှင်းပြရတယ်။ ဘယ်လောက်ဖတ်သလဲဆိုတာထက် အဲ့ဒီစာကို ဘယ်လိုဖတ်ပြီး ဘာတွေ ဘယ်လောက်နားလည်တတ်ကျွမ်းသွားသလဲဆိုတာက ပိုအရေးကြီးပါတယ်ဆိုတဲ့သဘောပါ။


-နောက် အယူအဆတစ်ခုမှာ Hypothesis လို့ခေါ်တဲ့ အဏုမာန မှန်းဆခြင်းဆိုတာရှိတယ်။ အဏုမာနမှန်းဆခြင်းဆိုတဲ့အဆင့်ဟာ Scientific Testing လို့ခေါ်တဲ့ အဆင့်ဆင့် ဖြတ်ကျော်သုတေသန လုပ်မထားရသေးတဲ့ ဟာတွေဖြစ်တယ်။ ဒီလို သုတေသနလုပ်မထားရသေးတဲ့ အယူအဆတွေကို နိုင်ငံရေးဂျာနယ်တွေ၊ ဆောင်းပါးတွေမှာတွေ့ရတတ်တယ်။ ဒီလိုဟာတွေကိုအကုန်မှန်မယ်လို့ယူဆလို့မရဘူး။ သူတို့တည်ဆောက်တဲ့ အဆို(Arguments) တွေအားကောင်းရင် ကိုယ်က ယုံမိတတ်တယ်။ ဒါပေမယ့်ဒါဟာ Strong Arguments အဆင့်ပဲရှိပါသေးတယ်။ သက်သေပြပြီးသား(Evidence Based) တွေမဟုတ်သေးပါဘူး။


-ဒါကြောင့် အယူအဆ တစ်ခုကိုတွေ့တယ်ဆိုရင် ဒီအယူအဆအပေါ် ဘယ်လို အနုစိတ်သုံးသပ်ထားသလဲဆိုတဲ့ ကျယ်ပြန့်တဲ့အမြင်ကိုလိုချင်ရင် ဒါတွေကိုပြန်ပြီး သုတေသနလုပ်ထားတဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ် ဆိုတာတွေကိုဖတ်ရပါတယ်။ ဂျာနယ်ဆိုတာ မြန်မာပြည်ကဂျာနယ်မဟုတ်ပါဘူး။ နိုင်ငံတကာမှာ ဂျာနယ်ဆိုတာ ပညာရပ်စာတမ်းတွေ ဖော်ပြတဲ့စာစောင်တွေကိုပြောတာပါ။ သက်ဆိုင်ရာပညာရပ်ထိပ်သီးတွေက တည်းဖြတ်ပြုစုတဲ့စာတမ်းတွေကိုပြောပါတယ်။ ဒီလို စာတမ်းတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပြီး အယူအဆ သီအိုရီတစ်ခု အားကောင်းခြင်းရှိမရှိ၊ အသစ်တွေ့ရှိချက်များ ကျန်မကျန် ကိုစစ်ဆေးရပါတယ်လို့။


-ဒါကြောင့်ပါ။ ဒီလို ပညာရပ်ဂျာနယ်တွေကို ဆန်းစစ်လေ့လာထားတာတောင်မှပဲ တစ်ကယ့်လက်တွေ့အကောင်အထည်ဖော်ရင်အများကြီး ပြဿနာတက်တာတွေရှိနေတတ်ပါသေးတယ်။ အထူးသဖြင့် ပြည်သူနဲ့ဆိုင်သော မူဝါဒများ (Public Policy) တွေကို ဘယ်ဟာချမှတ်သင့်သလဲ ဆိုတာကို ဆန်းစစ်ဝေဖန်ထားတဲ့ သုတေသနစာတမ်းတွေဆိုရင်တောင်မှပညာရှင်အသီးသီးက ရှုဒေါင့်စုံကနေ ဆန်းစစ်ပြထားတဲ့အမြင်တွေကိုလေ့လာပြီးမှ ပေါ်လစီချမှတ်သူက ဆုံးဖြတ်ချက်ချရတာမျိုးပေါ့။


-ဒါလေးတွေက ဗဟုသုတပြောပြဖူးတာလေးပေါ့ဗျာ။ သင့်သလိုသုံးနိုင်ကြပါတယ်။ Credit to Myo Set

ဘ၀မှ ရရှိသော သင်ခန်းစာ-




၁.နှိမ့်ချ ပြက်ရယ်ပြုခြင်းကို အမြဲတစေခံရသော ကလေးသည် တွန့်ဆုတ် ကြောက်ရွံ့လေ့ရှိ၏။


၂.ပြစ်တင်ရှုံ့ချခြင်း အမြဲတစေခံရသောကလေးသည် သူတစ်ပါးကို အပြစ်ရှာလေ့ရှိ၏။


၃.အမုန်းနှင့်ထိတွေ့သောကလေးသည် သူတစ်ပါးကို ရန်မူနေလေ့ရှိ၏။


၎.မေတ္တာဖြင့်ထွေးပိုက်ခြင်း မခံရသော ကလေးသည် သူတစ်ပါးကို ရန်မူလေ့ရှိ၏။


၅.ထောက်ခံအားပေးမှုခံရသောကလေးသည် မိမိ၏စွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။


၆.ချီးမြှင့်မြှောက်စားခြင်းခံရသောကလေးသည် သူတစ်ပါးကျင့်ကြံဆောင်ရွက်မှုကို တန်ဘိုးထားလေ့ရှိ၏။


၇.အေးအတူ ပူအမျှ စိတ်ထားရှိသူနှင့် နေရသောကလေးသည် သူတစ်ပါးအပေါ် စာနာလေ့ရှိ၏။


၈.သည်းခံတတ်သူနှင့် ထိတွေ့နေရသော ကလေးသည် သူတစ်ပါးကို ခွင့်လွတ်လေ့ရှိ၏။


၉.ဗဟုသုတရှာမှီးသူများနှင့် နေရသောကလေးသည် ပညာ၏တန်ဘိုးကို သိရှိလာတတ်၏။


၁၀.ပျော်ရွှင်သော ပေါင်းသင်းစုနှင့်နေရသောကလေးသည် မေတ္တာနှင့် လှပခြင်းကို ရှာဖွေတွေ့ရှိတတ်၏။


ကလေးပြုစုရေးဌာန(ရွှေဂုံတိုင်)

ကျောက်ကပ်အတွက် မြန်မာဆေးနည်း..။



ကျာက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ် ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက် နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား ပီသစေပါသည်)

၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။

Sandar Laynyuntmg

“အထွေထွေယဉ်ကျေးခြင်း”



၁။ လူကြီးလူကောင်းများနှင့် လည်းကောင်း၊ လူစိမ်းများနှင့် လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကိုကြည့်၍ပြောရာ၏။

၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့်၊ (သူတစ်ပါးသည် သင့်အားအပြစ်ရှာနေသည်ဟုမထင်နှင့်)။

၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ၏။ အကယ်၍ စိတ်မပါသ့ည့်တိုင်အောင် စိတ်မပါသည့် အမူအရာမပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။

၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာဖြည့်စွက်ရမည်။(မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။

၅။ သူတစ်ပါး၏ အပြစ်ကို ပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန်မရှိလျှင် မပြောဘဲနေရာ၏။

၆။ ဒေါသထွက်နေသူတစ်ဦး၏ အတုံ့ အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏၊ တစ်ယူသန်သူနှင့်လည်း ယှဉ်ပြိုင်ပြောဆိုခြင်းမပြုအပ်၊ ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင်ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။

၇။ မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သော စကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။

၈။ လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကိုရှောင်ကြဉ်ရာ၏၊ စိတ်ဆိုးသောအခါမှာပင် မသုံးမိစေရန် သတိထားရာ၏၊ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာလိမ့်မည်)။

၉။ မကောင်းသောစကားကို မပြောမိစေရန်၊ မကောင်းသောအလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာ၏။ သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင်ရှောင်၍သွားရာ၏၊ တစ်စုံတစ်ရာအား ပေးခြင်း၊ မပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ ( ဤကား ဝတ္တရားဖြစ်ကြောင်း မမေ့အပ်)။

၁၀။ မိမိနှင့် မဆိုင်သောနေရာ အရာဝတ္ထုပစ္စည်း အလုပ်အကိုင်များတွင် မပါမဝင် ရှောင်ကြဉ်ရာ၏။

၁၁။ မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအား သိစေသော အခါမှသာလျှင် သိရာ၏၊ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့် ၊ အခွင့်ကိုစောင့်၍ မေးသင့်မှမေးရာ၏။

၁၂။ အခြားသူများ၏ အာရွက်စားတမ်းများအား စောင်းငဲ့ ၍ပင် မကြည့်ရာ၊ (စည်းကမ်းစနစ်ကြီးသူဖြစ်ပါစေ)။

၁၃။ မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်၊ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမဝင်ချေ၊ အများ၏ အနှောင့်အယှက်ဖြစ်စရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကိုဖြစ်စေသည်။

၁၄။ မည်သည့်အခါမဆို မျက်နှာကိုကောင်းစွာထားရာ၏။ မကောင်းသောဘေးဒုက္ခ တွေ့သည့်အခါမှာပင် စိတ်မညစ်ဘဲ မှတ်သားရန် သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာ၏။

၁၅။ ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ။

၁၆။ စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသော အမူအရာဖြစ်၍ မိတ်ဆွေပေါများကြောင်းဖြစ်၏၊

၁၇။ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍ သုံးပြီးလျှင် စိတ်ချမ်းသာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ။

Credit - Original up-loader

စာဖတ်တတ်ရဲ့လား



စာဖတ်တတ်ရဲ့လား.....ဟုမေးလျှင်

စာဖတ်တတ်ရဲ့လား..... ဟုမေးလျှင် ဟာ....ဖတ်တတ်တာ ပေါ့ ဟု ဆိုကြပေလိမ့်မည်။ ဟိုက်စကူးမှ ဘီအေ၊ အမ်အေ အောင်သူတို့အား ဤမေးခွန်း မေးမိ ပါမူ မေးသူကို အမေးခံရသူက ရိုက်ပစ်လိုက်ချင်ပေလိမ့်မည် ။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ စာဖတ်တတ်ဖို့ကား လိုပေသေးသည်။ စာတတ်တိုင်း စာဖတ်တတ်သည် ဟု မဆိုသာပေ။ အတန်းစာဖတ်၍ စာမေးပွဲ အသီးသီး အောင်မြင်သော်လည်း စာဖတ်ဖို့ လိုသေးသည် ဟု ဆိုရမည် မှာ အတော်ပင် အားနားစရာကောင်းလှ၏။ စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ်တတ်သည် ဟု ခေါ်ချင်ပါသည်။

အကျိုးပြုသော စာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင် စာဖတ်တတ်သည် ဟု ဆိုနိုင်ပါလိမ့်မည်။ စာကို အပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကိုဗဟုသုတ ပွားရန်ဖတ်ခြင်းကိုပင် စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိ၏ ဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါမှ စာဖတ်ရကျိုး နပ်ပေမည်။

ထိုစာမျိုးကိုဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင် စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။ အချို့သော ပုဂ္ဂိုလ်တို့သည်စာကို စနစ်တကျ ဖတ်ကြသည်။ ပညာရပ် အသီးသီး တို့ကို တစ်ခုပြီး တစ်ခု တတ်နိုင်သလောက် အကုန်အစင် ဖတ်ကြသည်။ ဥပမာ အရှေ့တိုင်း ဒသနိကဗေဒ ကို ကျကျနနသိအောင် ထိုပညာရပ်နှင့် ပတ်သက်သည့် စာအုပ်များကို စုဆောင်း၍ ပြီးအောင် ဖတ်ပစ်လိုက်သည်။ မှတ်စုမှတ်ရာများထုတ်၍ ပြန်လည်သုံးသပ်သည်။ ယင်းသို့ ဖတ်ခြင်းသည် ကောင်းပါ၏။ ပညာဗဟုသုတ ရှားမှီးရုံသာ ဖြစ်သဖြင့် မိမိ၏ဘ၀၌ သာမန်အကျိုးများကိုသာ ပေးနိုင်စွမ်းသည်။

ပညာရှိ တစ်ဦးဖြစ်ရန် အကြောင်းလမ်းများ ရှိသဖြင့် လောက၌ အကျိုးဖြစ်ထွန်းသည် ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် သူ့ဘ၀ အကျိုးကျေးဇူးမျိုးကို ပေးနိုင်ဖို့ ခဲယဉ်းသည်ဟု ဆိုချင်ပါသည်။ စာပေကို ပညာရပ်အဖြစ် ဖတ်ရှုလေ့လာခြင်းသည် စာပေပညာရှိကြီး တစ်ဦး ဖြစ်ဖို့ အကြောင်းလမ်း ပေါ်ရုံမျှသာဖြစ်သည်။ ဘ၀ အကျိုးပေး ကောင်းမွန်စေနိုင်သည် ဟု မဆိုသာပေ။

ဥပမာအားဖြင့် ငယ်စဉ်က အင်္ဂလိပ်ဆန်ပြီး မာနတက်နေခဲ့သော ဂန္ဓီသည် အာဖရိကပြည်၌ ၀တ်လုံလိုက်နေစဉ် မီးရထားပေါ်တွင် အင်္ဂလိပ်ပညာရှိ စာရေးကြီး ရွတ်ရပ်စကင်း၏ ( Unto This Last ) စာအုပ်ကို ဖတ်သဖြင့် သူ၏ ဘ၀ အခြေအနေနှင့် လမ်းစဉ်သည် သိသိသာသာကြီး ပြောင်းလဲသွားလေသည်။ ဂန္ဒီသည် ထိုစာအုပ်ကို မဖတ်ရသေးခင် အခြားအခြားသော စာအုပ်များကို ဖတ်ရာ၌ ဆင်ခြင်သုံးသပ်မှု အစဉ်ပြုခဲ့သည်...။ သို့ ရာတွင် ထိုစာအုပ်နှင့်ကြုံကာမှ စက်ခလုတ်နှိပ်လိုက်သကဲ့သို့  ရုတ်တရက် ဘ၀လမ်းကြောင်း ပြောင်းသွားတော့သည်...။ စင်စစ် ထိုစာအုပ်တစ်အုပ်တည်းက ဂန္ဒီ၏ဘ၀လမ်းကြောင်းကို ပြောင်းစေသလော....။ မဟုတ်နိုင်ပေ...။ ထိုစာအုပ်သည် စက်ခလုတ်ပမာမျှသာဖြစ်သည် ။ အစကတည်းက ဂန္ဒီ၏ဆင်ခြင်သုံးသပ်မှုအလေ့သည် သူ့ ဘ၀လမ်းကြောင်းပြောင်းလဲရန် စက်ယန္တရား ဆင်ထားခြင်းပင်ဖြစ်၏...။ ပုံပမာနှိုင်းရလျှင် ဘ၀အစဉ်အဆက်က ဆည်းပူးလာရသော ပါရမီအရှိန်ကြောင့် နောက်ဆုံးဘ၀၌ အချက်ကလေးတစ်ခု ပေါ်လိုက်ရုံနှင့် ရုတ်တရက် အကျွတ်တရားရသကဲ့သို့ ပင်...။ စာဖတ်ရာ၌ စာတွင်ပါရှိသော အကြောင်းအရာများကို မှတ်သားသည်ထက် မပါသော ၊မဖော်ပြသော အတွင်းခံ အဓိပ္ပါယ်ရှိမရှိကို စူးစမ်းရှာဖွေ၍ ရှိလျှင် ထိုအတွင်းအဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်ရပေမည်...။ အင်္ဂလိပ်ကဗျာဆရာကြီး ၀ပ်ဒ်ဝပ်က ကဗျာတစ်ပုဒ်ကိုဖတ်တတ်ခြင်းသည် ရေးတတ်ခြင်းထက်ပင် ခက်ခဲလှသည်ဟု ဆိုဖူးလေသည် ။

စာကို အပျင်းပြေ အပျော်တမ်းဖတ်သူတို့ ကို မဆိုလိုပါ ။ အပျော်တမ်းဖတ်ချင် ဖတ်ကြပါ...။ အပျော်တမ်းမျှပင် မဖတ်ချင်ဘူးဟု ဆိုကာ စာအုပ်များကို လွှင့်ပစ်ချင် လွှင့်ပစ်ကြပါ...။ စာဖတ်ရန် မည်သူကမျှ အတင်းအကြပ် တိုက်တွန်း၍ မရပါ...။ ဆရာက ဘာတွေလျှောက်ရေးနေတာလဲ...။ ရယ်စရာတွေ ၊ပျော်စရာတွေ ရေးစမ်းပါ...။ ကျွန်မတို့ တော့ စာဖတ်တာ ပျော်ချင်လို့ ပဲ.........ဟု ဘီအေအောင်ပြီးသော မိန်းမပျိုတစ်ယောက်က ကျွန်တော့်ကို ပြောဖူးသည်.။ မကြာခင်ကပင် စာအုပ်ဆိုင်တစ်ဆိုင်တွင် ကျွန်တော်တို့ နှင့် ကျောင်းနေဘက် ဘီအေ၊ ဘီအီးဒီအောင်ပြီး ကျောင်းဆရာမ တစ်ယောက်နှင့်တွေ့ ရာ သူက စာမဖတ်ရလျှင် အိပ်မပျော်ဟု ဆိုသည်..။ ကျွန်တော်က ဘာစာတွေ ဖတ်သလဲဟု မေးသောအခါ သူက စုံထောက်ဝတ္ထုများ နှင့် အချစ်ဝတ္ထုများကို ဖတ်တယ်ဟု ဆိုသည်...။ စာကို ရွှင်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ အိပ်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ ဖတ်ရှုသုံးဆောင်နေသော များစွာသော စာဖတ်ပရိသတ်အား ဖတ်ကြပါ...။ ဖတ်ချင်ရာဖတ်ကြပါ.. ဟုသာ ဆိုပါရစေ...။

စာကို လေးလေးနက်နက် သဘောထား၍ ဖတ်ချင်သော လူနည်းစုကလေးကိုသာ ကျွန်တော်ဦးတည်၍ ဆိုပါရစေ.....။ ၀တ္ထုပင်ဖြစ်စေ.. ၊ ကဗျာပင်ဖြစ်စေ...၊ ဆောင်းပါးပင် ဖြစ်စေ...၊ ဖတ်လိုရာကို ဖတ်ပါ..။ ဖတ်ရာ၌ မိမိကိုယ်တိုင် တွေးခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းဖို့ လိုပါသည်...။ ၀တ္ထုတစ်ပုဒ်ဖတ်လျှင် ၀တ္ထုဆုံးသည်နှင့်တစ်ပြိုင်နက် သင်၏ အတွေးစပါ ဟု ဆရာတစ်ယောက်က သြ၀ါဒ ပေးခဲ့ဖူးသည်...။ အအိပ်၏အရသာသည် နိုးကာမှပေါ်ပါသည် ၊ ၀တ္ထု၏ အရသာသည်ဝတ္ထုအပြီးတွင်မှ ပေါ်ရပေမည်...။ ဒီဝတ္ထု သိပ်ကောင်းတာပဲ ၊ လက်က ချလို့ တောင် မရဘူး ဟူသော စကားမျိုးကို ကြားဖူးကြပေမည်....။ မိမိတို့ ကိုယ်တိုင်ပင် ပြောကောင်းပြောဖူးကြပေမည်...။ ထိုသို့ သော လက်ကချ၍မရနိုင်လောက်အောင်စွဲသော ၀တ္ထုမျိုးနှင့် ပတ်သက်၍ အင်္ဂလိပ်ဝတ္ထုရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ် က ဖတ်မိလျှင် မပြီးမချင်း တစ်ထိုင်တည်းနှင့် ဖတ်ပစ်လိုက်စေသော ၀တ္ထုမျိုးမှာ အိပ်မက်နှင့်တူသည်...။ အိပ်မက်သည် အိပ်နေခိုက်သာ ရင်တဖိုဖို ဖြစ်သည်...။ နိုးသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားသည်...ဟု ဆိုလေသည်...။ စာဖတ်ရာ၌ ဘ၀၏ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု ၊သုံးသပ်မှုကို အရင်းပြုအပ်သည်ဟု ထင်မိပါသည်...။ စာဖတ်ပါရမီ မဖြည့်ဆည်းဘဲ အပျော်ဖတ်သဘောမျိုးသည် အစ၌ ကောင်းပါ၏ ။ စာဖတ်တတ်ကာစ၌ အပေါ်ယံစိတ်ဝင်စားမှုကို အခြေတည်ရမည် ..။ သို့ ရာတွင် ဖတ်ပြီးလျှင် တွေးတောဆင်ခြင်ရန် အလေ့အကျင့်ပြုအပ်လှပေသည်...။ တွေးတောမှု ဆိုသည်မှာ မွေးကတည်းက ပါလာသော အရာမဟုတ်...။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ စာ၏အရသာသည် ပိုမိုလာပေလိမ့်မည်...။ အပျော်တမ်းဖတ်ခြင်းသည် ပျင်းရိငြီးငွေ့ ခြင်း၌ စခန်းရပ်ရန်သာရှိသည်...။ လေးနက်စွာ ဖတ်ခြင်းသည်ကား အခါမလင့် မွေ့ လျော်ဖွယ်သာ ဖြစ်ပေသည်....။

ဆရာတက်တိုး

လပြည့်ဝန်း (သာစည်)

လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်းသို့သွားရာ လှေခါး (၃၀)



၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။

၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။

၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။

၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်း ကိုဖြစ်စေသည်။

၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။

၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာ မူတည်ပါလိမ့်မယ်။

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။

၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။

၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။

၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။

၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။

၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။

၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်ေ အာင်မြင်ခြင်းဖြစ်၏။

၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံး သပ်ခြင်းသည်နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။

၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကို ထိခိုက်စေ မည့်အကြောင်းမရှိနိင်။

၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ ၏။

၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာ အသုံးချပါ။

၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။

၂၇။ အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။

၂၈။ သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများ နှင့်ဝေးဝေးနေသင့်၏။

၂၉။ သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ်စိတ်နှစ်ဖြာချမ်း သာရ၏။

၃၀။ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသ ဟာပေါကြွယ်ပါ၏။

ကဲ....အဆွေတို့ရေ အထက်ပါ စည်းကမ်းချက်များ သင့်မှာရှိပြီးသားဖြစ်ပါ သလား မရှိသေးပါက သင့်အတွက်အကျိုးရှိမည်ဟု ယုံကြည်ပါလျှင်ကျင့်သုံး သင့်သည်ထင်ပါသည်။အကုန်လုံးကိုယ်တိုင်ရေးသည်မဟုတ်သော်ငြားလည်း ပြင်ဆင်ဖြည့်စွပ်ထားပါသည်။

source://facebook

မစံပယ်ဖတ်ဖို့ စာ..။

ဆရာတော် ဦးဇောတိက၏ ဒေါသ၊သောက နည်းစေရန် နည်းလမ်းများ


လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။


• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါ

စိတ်ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး

ပင်ပန်း သွား တဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။


• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။

ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်း လျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင် မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင် တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။

လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာ မဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။

သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီး အရေးကြီးတယ်။သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။

တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။...

credit to http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:5911

အချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ။

လက်ထဲမှာ ရှိတဲ့ အလုပ်ကို အာရု့စိုက်ပါ

- သင့်ရည်ရွယ်ချက်အပေါ်မှာ အာရုံစိုက်ပါ၊
- ကြားဖြတ်အနှောင့်အယှက်များ ကို အာရုံမစိုက်ပါနဲ့၊ ဦးဆောင်သူတစ်ဦးအနေနဲ့ သင် တာဝန်ထမ်းဆောင်နေချိန်မှာ လုပ်ငန်း များစွာကို အစဉ်ပြေစေဖို့ မဖြစ်ဖြစ်အောင် စီစဉ်ဆောင်ရွက် ရပါတယ်။ တခြား နည်း လမ်းလည်းမရှိပါဘူး။ ဒါပေမဲ့လည်း စိတ် ထဲမှာ သိနေရမယ့် အရေးကြီးတဲ့ မဟာဗျူ ဟာတစ်ခုကတော့ လတ်တလောလက်ရှိ အလုပ်ပေါ်မှာ လုံးဝအာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ ဆောင်ရွက်စရာများနေတဲ့ အခါ သင့်စိတ်ထဲမှာ အာရုံစူးစိုက်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အောက်ဖော်ပြပါတွေကို လုပ်ဆောင်နိုင် စွမ်းရှိရင် သင့်အချိန်ကို ကောင်းစွာ အသုံး ချနိုင်မှာဖြစ်ပါတယ်။

သင့်ရည်ရွယ်ချက်ပေါ်မှာ အာရုံစိုက်ပါ

သင့်မှာ အလုပ်ပြီးစီးအောင် လုပ် ဆောင်ရမယ့် ကတိတွေ၊ အလေးထားစရာ တွေရှိကောင်းရှိပါမယ်။ ဒါပေမဲ့လည်း လတ်တလော သင်လုပ်ဆောင်နေတဲ့ အလုပ်တစ်ခုထဲအပေါ်မှာသာ အာရုံစိုက် ထားခဲ့ရင် ပိုမိုပြီးစီးအောင် သင့်အနေနဲ့ ဆောင်ရွက်နိုင်ပါတယ်။

ကြားဖြတ်အနှောင့်အယှက်များအပေါ် အာရုမစိုက်ပါနဲ့

ဖုန်းဖြေဆိုဖို့ မရှိလို့၊ ဧည့်သည်ချိန်း ဆိုထားတာမရှိလို့ သင်အချိန်ပေးနိုင်တဲ့ အခါ သင့်ရဲ့အာရုံစူးစိုက်မှုဟာ အခြေခံဆုံး အဆင့်မှာရောက်နေတယ်ဆိုတာ သင်သိ ပါလိမ့်မယ်။ တစ်ချိန်လုံးလည်း သင် သီးသန့်နေလို့မရနိုင်ပါဘူး။ ဒါပေမဲ့လည်း တချို့အချိန်တွေမှာ ကြားဖြတ်အနှောင့် အယှက်တွေကနေ ရှောင်ရှားခြင်းဖြင့် သင့် ကြိုတင်မျှော်မှန်းထားတဲ့ အချိန်ထက် လျှော့ပြီး လုပ်ငန်းများအောင်အောင်မြင် မြင် ပြီးမြောက်အောင်ဆောင်ရွက်နိုင် ပါတယ်။ ဖုန်းခေါ်ဆိုတာတွေကို မဖြစ်မနေ ပြန်ဖြေရမယ်ဆိုရင် နောက်တစ်ကြိမ် ပြန်ခေါ်ဖို့ ဒါမှမဟုတ် နောက်နေ့မှ တွေ့ဆုံဖို့ မေးမြန်းရင်း ကြားဖြတ်အနှောင့် အယှက်တွေကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရပါမယ်။

သင့်ကိုယ်ပိုင် အဓိက အချိန်ကိုစဉ်းစားပါ

- မနက်ပိုင်းဖြစ်မလား၊
- ညနေပိုင်းဖြစ်မလား၊
-ညဥ့်နက်ပိုင်းဖြစ်မလား၊ သင်ဟာ နေမထွက်ခင် အိပ်ရာက ထပြီး အလုပ်စလုပ်တဲ့ သူတွေထဲက တစ်ယောက်လား၊ သင့်အလုပ်လုပ်ချိန်ဟာ ညနေခင်းအစောပိုင်းလား၊ ညနေစာစား ပြီးမှလား၊ ဒါမှမဟုတ် သင်ဟာ တကယ့်ကို ခက်ခဲတဲ့ အလုပ်တွေကို လုပ်ဖို့ညဥ့်နက် ပိုင်း တိတ်ဆိတ်ချိန်ကို ကြိုက်နှစ်သက်တဲ့ သူလား၊ လူတိုင်းဟာ မတူညီကြပါဘူး။ ကွဲပြားခြားနားကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုတွေ ရတဲ့အချိန် ဒါမှမဟုတ် ဈာန်ဝင်နေတဲ့ အချိန်မှာ ဆောင်ရွက်တဲ့ အလုပ်ဟာ တကယ့်ကို ထိထိရောက်ရောက်နဲ့ စော စောစီးစီးပြီးတယ်လို့ သုတေသနအများစု မှာ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အမြဲတော့ မမှန်ကန်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အဓိက အချိန်ရှိတယ်ဆိုတာ အဲဒီ လေ့လာစူးစမ်းမှုကပဲ အသိအမှတ်ပြုပါ တယ်။ သင့်ရဲ့အလုပ်ကို စီမံတဲ့အခါ သင့်ရဲ့ ကိုယ်ပိုင်အဓိက အချိန်ကို စဉ်းစားပါ။ တကယ်လို့ သင်ဟာ အကောင်းဆုံးအလုပ် တစ်ခုကို စောစောလုပ်ဆောင်ခဲ့တယ် ဆိုရင် ပုံမှန်လုပ်ဆောင်ရမယ့် အလုပ်ကို တစ်နေ့တာရဲ့ နောက်ပိုင်းမှာ ဆောင်ရွက် ဖို့ စီစဉ်ပြီး စိန်ခေါ်မှုပိုများတဲ့ အလုပ်တွေ ကို သင့်ရဲ့ အကောင်းဆုံးအခြေအနေမှာ လုပ်ဆောင်ဖို့ အာရုံစူးစိုက်ဆောင်ရွက်ရ ပါမယ်။ တကယ်လို့ နောက်မှလုပ်ဆောင်ဖို့ အမှန်တကယ်မဖြစ်နိုင်ရင် မနက်ပိုင်းမှာ ပုံမှန်လုပ်ဆောင်စရာတွေကို ကိုင်တွယ် ဖြေရှင်းပြီး ပိုမိုခက်ခဲတဲ့အလုပ်တွေကို နောက်မှ လုပ်ဆောင်ဖို့ထားလိုက်ပါ။


credit to http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:269290

ရင့်ကျက်သောစိတ်..။ (အပိုင်း ၂)

ပြဌာန်းခံဝါဒ( Determinism) ဆိုတဲ့ အယူအဆတရပ် ရှိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အကြောင်းတရားရဲ့ စီရင်ပြဌာန်းမှုကို ခံနေရသူများ ဖြစ်တယ်လို့ သည်အယူအဆက ခံယူထားပါတယ်။

ဆိုးသွမ်းလူငယ်ဆိုတာ အိမ်ထောင်ပျက် မိသားစုက ဖန်တီးလိုက်တာ ဖြစ်တယ်၊ ရာဇ၀တ်သားဆိုတာ ပတ်ဝန်းကျင်မကောင်းလို့ ပေါ်ပေါက် လာရတာ ဖြစ်တယ်၊ စသည်ဖြင့် ဖြစ်ပေါ်လာတဲ့အရာ မှန်သမျှအတွက် ပတ်ဝန်းကျင်ကို လက်ညှိုးထိုးတဲ့ ၀ါဒ ဖြစ်ပါတယ်။

သည်အယူအဆကို မျက်စိပိတ်လက်ခံလိုက်ရင် နောက်ဆုံးတော့ လူဟာ လည်စင်းခံရတဲ့ ယာဇ်ကောင်လို ဘ၀မျိုးကို ရောက်ရတော့တာပါပဲ။ ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ်စနစ်တို့ အာဏာရှင်စနစ်တို့ရဲ့ အခြေခံအုတ်မြစ်ဟာ ပြဌာန်းခံဝါဒပဲ ဖြစ်ပါတယ်။

ပြဌာန်းခံဝါဒရဲ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ အတွက် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲ ပစ်ရပါမယ်။ လူဟာ ပတ်ဝန်းကျင်ပြုသမျှ နုရမယ့်သူမျိုး မဟုတ်၊ ကိုယ့်ဘ၀ကို ကိုယ်လိုသလို ပြုပြင်ဖန်တီးနိုင်သူသာ ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးနိုင်တဲ့သူ ဖြစ်တယ်၊ စသဖြင့် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ လိုပါတယ်။

သည်အမြင်က ဗုဒ္ဓဘာသာဝင်တွေ ကိုင်စွဲရမယ့် အမြင်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆုံးပန်းတိုင်ဟာ လွတ်မြောက်မှု ဖြစ်ပါတယ်။ လွတ်မြောက်တဲ့ လူသား တယောက် အဖြစ် ရှင်သန်နိုင်ရေး ဖြစ်ပါတယ်။ လွတ်မြောက်မှုဆိုတာက ကိုယ်ကိုယ်ကိုယ် ပိုင်စိုးခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်း၊ အမှီအခို ကင်းရှင်းခြင်း၊ အစွဲအလန်းအနှောင်အဖွဲ့မှ ကင်းလွတ်ခြင်း၊ လွတ်မြောက်ခြင်း စတဲ့ ဂုဏ်ရည်တွေဟာ ဖြစ်တည်မှုတခုတည်းရဲ့ အနှစ်သာရများ ဖြစ်ပါတယ်။ သည်ဂုဏ်ရည်အနှစ်သာရများဟာ ပြဌာန်းခံဝါဒကို ဆန့်ကျင်တဲ့ အမြင်မှာ မြစ်ဖျားခံပါတယ်။

ပြဌာန်းခံဝါဒရဲ့အောက်မှာ နှစ်ပေါင်းများစွာ ရပ်တည်နေရတဲ့ လူသားမျိုးနွယ်တွေ အနေနဲ့  ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်းဆိုတာ ဘယ်လိုမှ စိတ်ကူးလို့ မရတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းတဲ့အခါတုန်းက တချို့ ကျေးကျွန်တွေဟာ ၀မ်းပမ်းတနည်း ကြေကွဲခဲ့ကြတယ်လို့  ဆိုပါတယ်။ သူတို့ ဟာ အရှင်သခင်နဲ့  ကင်းလွတ်ပြီး မနေချင်ကြပါဘူး။ ဒါကြောင့် ကျေးကျွန်အဖြစ်က မလွတ်မြောက်ချင်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးတဲ့ ဘ၀ကို မလိုချင်ကြပါဘူး။ လွတ်မြောက်တဲ့ဘ၀မှာ အရှင်သခင် မရှိဘဲ ကိုယ့်တာဝန် ကိုယ်ယူရမယ့် အခြေအနေကို ရင်မဆိုင်လိုကြပါဘူး။

"လွတ်လပ်ခြင်း ဆို တာ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူခြင်းနဲ့  အတူတူ ဖြစ်တယ်။ ဒါကြောင့် လူတွေက လွတ်လပ်မှု ကို ကြောက်ကြတယ်" လို့  စာရေးဆရာကြီး ဘားနတ်ရှောက ပြောဖူးပါတယ်။

ကိုယ့်ကိုယ်ကိုယ်တာဝန်ယူရမှာ ကြောက်တဲ့အတွက် ပြဌာန်းခံဝါဒကို ထွေးပိုက်ရင်း ကျေးကျွန် ဘ၀မှာ နစ်မွန်းနေတတ်တဲ့အကြောင်းကို စိတ်ပညာရှင် အဲရစ်ဖရွမ်း (Eric Fromm) က လွတ်လပ်မှုမှ ထွက်ပြေးခြင်း (Escape from Freedom) " လို့ အမည်ပေးထားတဲ့ စာအုပ်မှာ အကျယ်တ၀န်း ရေးသားတင်ပြထားပါတယ်။

ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ် စနစ်မှ နာဇီဝါဒအထိ လူလူချင်း အနိုင်ကျင့်နှိပ်စက်တာတွေ၊ ညှဉ်းပမ်းသတ်ဖြတ်တာတွေဟာ ပြဌာန်းခံဝါဒ မှာ မြစ်ဖျားခံတယ်လို့  သူက ဆိုပါတယ်။ ပြင်သစ်တွေးခေါ်ရှင် ယွန်းပေါဆတ် ကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မယူရဲသူတွေကို မရိုးသားသူတွေလို့ ကင်ပွန်းတပ်ပါတယ်။

လူ့ ဘောင်လောကကြီး ရင့်ကျက်လာတာနဲ့ အမျှ လူသားတွေဟာလည်း ကျေးတော်မျိုး ကျွန်တော်မျိုး အဆင့်ကနေ လွတ်လပ်တဲ့လူသားများ အဆင့်ကို တက်လှမ်းလာနေပြီ ဖြစ်ပါတယ်။ လူတဦးချင်းရဲ့ ဘ၀ဖြစ်စဉ်ဟာလည်း အလားတူ ဖြစ်ရပါမယ်။ မွေးဖွားကာစ အရွယ်မှာ ပြဌာန်းခံတွေ ဖြစ်ခဲ့ရပေမယ့် ကြီးပြင်းလာတာနဲအမျှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်တဲ့ လွတ်လပ်လူသားများ ဖြစ်လာရပါမယ်။

ရင့်ကျက်သူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူတတ်သူဖြစ်တယ်လို့  ရင့်ကျက်သောစိတ် အကြောင်း ရေးသားတဲ့ ဆရာကြီး အိုဗာစထရိက ဆိုပါတယ်။ လူသားဟာ ဘယ်လို တာဝန်မှ မရှိဘဲ မွေးဖွားခဲ့တာ ဖြစ်ပြီး လူ့ လောကကြီး အတွင်း ၀င်ရောက်လာရဖို့  သူ့ဖာသာသူ ရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှ တာဝန်တွေကို တိုးတိုးပြီး ယူလာ ရမှာဖြစ်တယ်လို့  ဆိုပါတယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ လူတယောက်က သူလူဖြစ် လာရတာဟာ သူ့တောင်းဆိုချက်ကြောင့် ဖြစ်လာရတာ မဟုတ်တဲ့အတွက်ကြောင့် သူ့ဘ၀အတွက် ဘာမှ တာဝန်မယူနိုင်ပါဘူးလို့  ဆင်ခြေပေးနေရင်တော့ အဲသည်သူကို မရင့်ကျက် သူလို့  သတ်မှတ်ရမှာ ဖြစ်တဲ့အကြောင်း ဆရာကြီး အိုဗာစထရိက ပြောပါတယ်။ တာဝန် ကွင်းဆက်ကို ခိုင်မာစေဖို့ အတွက် ဖြည့်ဆည်းရမယ့် အချက်သုံးချက် ရှိတယ်လို့ သူက ဆိုပါတယ်။

- ပထမအချက်မှာ မိမိဧ၊၊် လူသားကဏ္ဍကို လက်ခံရန်ဖြစ်သည်။ လူဖြစ်ဖို့  မတောင်းဆိုရပါဘဲလျက် လူဖြစ်လာရပါသည် ဟူသော သိမ်ဖျင်းသည့် ဆင်ခြေမျိုးကို ပေးလျှင် အလားတူ ဆင်ခြေမျိုးကို တခြားသူအားလုံးကလည်း ပေးနိုင်သည် ဆိုသောအချက်ကို သူ မေ့ပြီး ပြောနေခြင်းသာ ဖြစ်သည်။ သူ့ဘ၀အတွက် တာဝန်ကို တခြားသူတွေက ယူရမည်ဆိုလျှင် သူ့ကို မွေးထုတ်ခဲ့သူတို့ကလည်း အလားတူဆင်ခြေမျိုးပေးပြီး တာဝန်ကို ရှောင်လွှဲနိုင်ပါသည်။

စင်စစ် လူ့ လောကအတွက် ကြီးမားသောတာဝန်များကို ထမ်းဆောင်နေကြသူတို့ သည်လည်း လူအဖြစ် ရရောက်ရေးကို တောင်းဆိုခဲ့ကြသူများ မဟုတ်ပါ။ ရင့်ကျက်မှုအတွက် တဖြည်းဖြည်း တိုးမြှင့်လက်ခံရမယ့် အချက်တချက်မှာ လူသားတယောက်ဧ။် အတွေ့အကြုံကို လူသား အားလုံးက မျှဝေခံစားရသည် ဟူသော အချက် ဖြစ်သည်။ တိုးတက်မှုကို ဖြစ်စေ ဆုတ်ယုတ်မှုကို ဖြစ်စေ လူသားအားလုံးက မျှဝေခံစားရသည်ဟူသောအချက်ကို မြင်ရန်လိုသည်။ လူသားတယောက်က လူသားမျိုးနွယ်စုကြီးနှင့် မဆက်စပ်ဘဲ ကိုယ့်ကိုယ်ကိုယ် သီးခြားလို မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်ပေသည်။

- ဒုတိယအချက်မှာ ကိုယ်လုပ်ရမည့်အလုပ်ကို သိရှိရန် ဖြစ်သည်။ ကိုယ်တာဝန်ယူထား ရသည့်အလုပ်ကို မသိသေးသရွေ့ ၊ တာဝန်ယူထားရသည့်အလုပ်ကို စိတ်ပါလက်ပါ မထမ်း ဆောင်သေးသရွေ့ ၊ ယင်းအလုပ်ကို လေးလေးနက်နက် တန်ဖိုးမထားသေးသရွေ့  ထိုသူသည် ရင့်ကျက်မှု မရှိသေးသူသာ ဖြစ်သည်။

ဥပမာ ပြရလျှင် အမျိုးသားတယောက်သည် အိမ်ထောင်ပြုပြီးသည့်နောက်တွင် မိန်းမဖြစ်သူဧ။် အပြုအစု ကိုသာ ခံယူလိုပြီး မိသားစု စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေရခြင်းကို ခိုင်းနွား တကောင်ဧ။် အလုပ် အဖြစ်သာ မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်သည်။

အမျိုးသမီးတယောက် သည်လည်း အိမ်ထောင်ရေးဧ။် အကျိုးကျေးဇူးကို ခံစားနေပါလျက် အိမ်မှုကိစ္စကိုမလုပ်ချင်၊ သားသမီးကို ကျွေးမွေးစောင့်ရှောက်မှု မလုပ်လိုလျှင် မရင့်ကျက်သူသာ ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်ထံမှရသည့် အကျိုးကျေးဇူးနှင့် ဂုဏ်သိက္ခာကို ခံစားလိုသော်လည်း အလုပ်ကို အပင်ပန်းခံပြီး မလုပ်လိုသူသည် မရင့်ကျက်သူသာ ဖြစ်သည်။

- တတိယအချက်မှာ ကိုယ်လုပ်သည့်အလုပ်ကို စနစ်တကျလုပ်တတ်အောင် လေ့ကျင့်ဖို့ ဖြစ်သည်။ ကလေးသည် မည်သည့်အလုပ်ကိုမှ စနစ်တကျ မလုပ်တတ်။ အကြောင်း နှင့် အကျိုး ဆက်စပ်နေပုံကို မတွက်ချက်တတ်သေးသည့်အတွက် ဘာလုပ်လျှင် ဘာဖြစ်မည်ကို မသိ။ ထိုကြောင့် ရည်ရွယ်ချက်တခုဖြင့် စီမံကိန်းချပြီး လုပ်နိုင်စွမ်း မရှိသေး။ " လေပွေရူးနှယ် ကလေးငယ်" ဆိုသော စကားကဲ့သို့ ပင် ကလေးငယ်တယောက်ဧ။် စိတ်သည် ဟိုရောက် သည်ရောက် ဖြစ်နေတတ်သည်။ အချို့ သူများသည်လည်း အသက်ကြီးပါလျက် စနစ်တကျ လုပ်ကိုင်တတ်ခြင်း၊ တွေးခေါ်စဉ်းစားတတ်ခြင်း မရှိဘဲ ကလေးငယ်ကဲ့သို့  ဖြစ်နေတတ်သည်။ ထိုသူများကား မရင့်ကျက်သေးသည့် ကလေးကြီးများ ဖြစ်ပေသည်။

- ကလေးကြီးတချို့ကား အာရုံထွေပြားလှသည်။ သူတို့ စိတ်သည် ဘာကိုမှ စူးစိုက်နိုင်ခြင်း မရှိ။ သစ်ကိုင်းတကိုင်းမှ နောက်တကိုင်းသို့  မပြတ်တမ်းကူးနေသော မျောက် တကောင် ကဲ့သို့  သူတို့ စိတ်က အစဉ်ပြောင်းလဲနေသည်။ စကားပြောလျှင်လည်း ဦးတည်ချက် တခုကို အဓိကထားပြီး မပြောတတ်။ ဟိုရောက်လိုက် သည်ရောက်လိုက် ဦးတည်ချက်တွေ များလွန်းနေရာ နောက်ဆုံးတော့ ဘယ်ကိုမှ မရောက်တော့။ သူတို့ အတွက် ဘ၀သည် ဆုပ်ကိုင် မရနိုင်သော အရာ ဖြစ်နေသည်။ ဘ၀ကို ပိုင်စိုးနိုင်ဖို့  ပျာယာခတ် ကြိုးပမ်းသော်လည်း သမာဓိမရှိသည့် ထိုကလေးကြီးများအတွက် ဘ၀ဟူသည် ဖမ်းမရ နိုင်သော ငါးရှဉ့် တကောင် ဖြစ်နေသည်။

- ကလေးကြီးတချို့ ကတော့ အာရုံမထွေပြားစေကာမူ အလုပ်ကို သေသေသပ်သပ် မလုပ်တတ်ဘဲ ပလုံးပထွေး ဖြစ်နေသည်။ ထို့ ကြောင့် ရည်ရွယ်ချက်ကောင်းပြီး ဇွဲလုံ့လ ရှိသော်လည်း ကြောင်းကျိုးဆင်ခြင်ဥာဏ် ခေါင်းပါးလေရာ လုပ်သမျှကိုင်သမျှသည် အမှားအယွင်း အချွတ်အချော်နှင့်သာ ပြည့်နေတော့သည်။

ကလေးကြီးတချို့ကတော့ ကိုယ့်အမှားကို တာဝန်မယူဘဲ ဆင်ခြေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကင်းလွတ်ခွင့် ပေးနေတတ်သည်။ အချိန်နောက်ကျခြင်းကို ခွင့်လွှတ်ရန်အတွက် သူတို့တွင် နောက်ကျသော နာရီတလုံး အမြဲ ရှိနေသည်။ သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုနှင့် အမြဲ တိုးနေတတ်သည်။ သို့မဟုတ် အိမ်မှထွက်ကာနီးတွင် စကားကြောရှည်သော မိတ်ဆွေ တယောက်နှင့် အမြဲ တွေ့နေတတ်သည်။ သို့မဟုတ်လျှင်လည်း ကိုယ့်ကိုယ်ကိုယ် ထူးခြားသော လူတယောက်ကဲ့သို့ ခံယူနေတတ်သည်။ ပါရမီရှင်ဆိုသည်မှာ အချိန်ကို ဂရုမစိုက်တတ်သူ ဖြစ်သည်ဟူသော အယူအဆမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နေချင်သည်။

အထက်က ဖော်ပြချက်များဟာ ဆရာကြီး အိုဗာစထရိရဲ့ ယူဆချက်များဖြစ်ပါတယ်။ ရင့်ကျက်တဲ့ လူတယောက်ဟာ တာဝန်သိရမယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားတာတွေပါ။ ကလေးငယ်ဘ၀မှာ တာဝန်ဆိုတာကို မသိနားမလည်ပေမယ့် ရင့်ကျက်တဲ့သူ ဆိုတာကတော့ ကိုယ့်တကိုယ်တည်းအတွက် တာဝန်ကိုသာမက လူ့လောကအတွက်ပါ တာဝန်ယူတတ်သူ ဖြစ်ရမယ်လို့  ဆိုထားပါတယ်။

ဒါပေမယ့် တာဝန်ယူတတ်သူအဖြစ်ကို အလိုအလျောက် ရောက်မှာ မဟုတ်ဘူး၊ ရောက်ရှိဖို့အတွက် ကြိုးပမ်းအားထုတ်ရမယ်၊ သည်လို ကြိုးပမ်းအားထုတ်နိုင်ဖို့ အတွက် ကိုယ့်မှာ ရှိတဲ့ အကျင့်စွဲတွေ အသိစွဲတွေကို ဖြတ်ကျော်ဖို့  လိုတဲ့အကြောင်း သည်လို ဆက်ပြောပါတယ်။

တာဝန်မသိမှုမှ တာဝန်သိမှုဆီသို့ လျှောက်လှမ်းရသောဘ၀သည် ဘေးအန္တရာယ်တို့နှင့် ပြည့်နေသည်။ ကလေးငယ်ဘ၀တွင် လုံခြုံရေးပြဿနာကိုလည်းကောင်း၊ အရေးပါ အရာရောက်အောင် လုပ်ရသည့် ပြဿနာကိုလည်းကောင်း ရင်ဆိုင်ရသည်။ သို့သော် မိမိ လိုချင်သည့်အရာကို ရအောင် ကြိုးပမ်းရန်အတွက် စွမ်းရည် စွမ်းအား လုံလုံလောက်လောက် မရှိသေးသဖြင့် တစုံတယောက်ကို အားကိုးမှီခိုနေရသည်။ ယင်းသို့  မှီခို နေရစဉ်အတွင်း "အောင်မြင်စွာ မှီခိုတတ်သော အကျင့်" ကို ခိုင်မာအောင် လုပ်မိလာတတ်သည်။ ထိုသို့ လုပ်မိလျှင် တာဝန်ယူတတ်သည့်စိတ်သည် မဖွံ့ဖြိုးလာတော့။ ယင်းမှာ ပထမ အန္တရာယ်ဖြစ်သည်။

ဒုတိယအန္တရာယ်မှာ သူတပါးကို မှီခိုရင်း သိမ်ငယ်စိတ် ၀င်သွားတတ်သည့်အချက် ဖြစ်သည်။ မှီခိုခြင်းကင်းပြီး လွတ်လပ်သည့်ဘ၀သို့  ဦးတည်သည့် စိတ်ဆန္ဒနေရာတွင် အညံ့ခံ အရှုံးပေးတတ်သည့် ကျွန်စိတ်က အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ခံပြင်းစိတ်ကြောင့် ဘယ်အရာကိုမဆို မှုန်ဆန်ပုန်ကန်တတ်သည့် စိတ် ၀င်လာတတ်သည်။

အရွယ်ရောက်သူတွေရဲ့ တာဝန်မဲ့အပြုအမူများရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ အကြောင်းတရားတွေ ရှိနေတယ်လို့  ဆရာကြီး အိုဗာစထရိက ယူဆပါတယ်။ ကလေးငယ်ဘ၀မှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့  ထိန်းချုပ်ခံခဲ့ရတာမျိုး၊ မှီခိုအားထားတတ်တဲ့ အကျင့်နဲ့ နေထိုင်ရင်း ကယ်တင်ရှင်ကိုပဲ မျှော်လင့်နေတတ်တာမျိုး ၊ သည်လို အကျင့်မှား အသိမှားတွေက မသိစိတ်ထဲမှာ ကိန်းအောင်းသွားတာကြောင့် တာဝန်မယူတတ်တော့တာလို့ သူက ကောက်ချက်ချပါတယ်။

ဘာပဲဖြစ်ဖြစ် လူဟာ အမှီအခိုကင်းတဲ့ ဘ၀ကို ရောက်ဖို့  ကိုယ့်ဖာသာ ကြိုးပမ်းအားထုတ်ရမှာပဲလို့  ဆရာကြီးက ဆိုပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ တာဝန်ယူတတ်တဲ့ စိတ်တွေဟာ အလိုအလျောက် မဖြစ်လာတတ်ဘူး၊ ကိုယ့်ဖာသာ လေ့ကျင့်အားထုတ်ရလိမ့်မယ်၊ လူသားဟာ ရင့်ကျက်သူအဖြစ်ကို ရရောက်ဖို့  တာဝန်ယူခြင်း ကွင်းဆက်ကို ခိုင်မာအောင် လုပ်ရမယ်၊ တာဝန်ယူခြင်းကွင်းဆက် ချို့တဲ့အားနည်းရင် အချောင်သမား အဖြစ်ပဲ ရပ်တည်နေရလိမ့်မယ်လို့  သူက သတိပေးထားပါတယ်။ ။





ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet

မောင်သာမည

(ရင့်ကျက်မှုအတွက် ကွင်းဆက်များ -၂၀၀၃ စာအုပ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး ဖြစ်ပါ သည်။)


Credit to http://myanmarinsingapore.com/

ရင့်ကျက်သောစိတ်..။ (အပိုင်း ၁)

လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီးတက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခ

ဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။ အသက်အရွယ်ကြီးပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ်အဝေါ်တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။ အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။

လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြတာပါ။

လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက် ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ ဘယ်လောက် ဆင်းရဲကြမလဲ။

အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင် သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။

"နေရာမှန်ကို ရောက်ရှိခဲ့တဲ့ စိတ်ဓာတ်ရင့်ကျက်သူရယ်လို့  ကမ္ဘာ့သမိုင်းမှာ သည်နေ့ အထိ အလုံအလောက် မရှိသေးပါဘူး" လို့  ဂျီဘီ ချစ္စဟုမ်း (G.B. Chisholm) ဆိုတဲ့ စိတ်ကုဆရာ ၀န်တယောက်က ပြောဖူးပါတယ်။ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ နေရာယူထားတာကြောင့် နေရာမှန် လူမှန် ဆိုတဲ့ အခြေအနေမျိုး ရှားပါးနေရတာကို ဆိုလိုချင် ပုံရပါတယ်။

"အတ္တဟိတနဲ့ ပရဟိတကို ဟန်ချက်ညီညီ ဒွန်တွဲဖန်တီးပေးနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေ ယနေ့ အထိ လုံလုံလောက်လောက် မရှိသေးတဲ့အတွက် လူ့လောက ဟာလည်း ကသောင်းကနင်း ဖြစ်နေရတယ်" လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားဟာ သုံးစွဲလွန်းလို့  ဖွတ်ဖွတ်ကြေပြီး စွမ်းအားမဲ့ တဲ့ စကားလုံးတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် လူကြီးတယောက်ရဲ့ ဘ၀ကို မလွဲဧကန် ရောက်ရှိ မယ့် လူငယ်တွေအနေနဲ့  "ရင့်ကျက်မှု" ဆိုတဲ့ အသိစိတ်ဓာတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်လေ့ကျင့်တာမျိုးက အလွန်နည်းပါးနေပါသေးတယ်။

နောက်ပြီး အသိစိတ်ဓာတ် ရင့်ကျက်မှုကို သင်ကြားလေ့ကျင့်ပေးတဲ့ ပတ်ဝန်းကျင်ကလည်း ရှားပါးနေပါတယ်။စာသင်ကျောင်းတွေမှာလည်း သည်လို စိတ်ဓာတ် ဖွံ့ ဖြိုးရေးပညာကို စနစ်တကျ လေးလေး နက်နက် သင်ပေးတာမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဆိုရင် ဆရာဝန် အင်ဂျင်နီယာ စတဲ့ အသက်မွေးပညာတွေကိုပဲ ဘ၀ရဲ့ ထိပ်တန်း ရည်မှန်းချက်လို ဖြစ်နေအောင် ပညာရေးလောကက ဖန်တီးပေးနေပါတယ်။ သည်လို အတတ်ပညာတွေအပေါ်မှာပဲ အာရုံ စိုက် နေအောင် သင်ကြားပေးနေတာပါ။ ဒါပေမယ့် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး တယောက်ဖြစ် လာရုံနဲ့  အသိစိတ်ဓာတ်က အလိုလို ရင့်ကျက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်မှု ဆိုတာက လေ့ကျင့်ပွားများ ရတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။

ပါမောက္ခ အိုဗာစထရိက ရင့်ကျက်သော စိတ် ( The Mature Mind) ဆိုတဲ့ စာအုပ် တအုပ် ကို ရေးသားခဲ့ပါတယ်။ သည်စာအုပ်မှာ ရင့်ကျက်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် ရရှိဖို့ လိုအပ်ချက် တွေကို ရှင်းလင်းပြထားပါတယ်။ အဓိက တင်ပြထားတာ ကတော့ ရင့်ကျက်မှု ဆိုင်ရာ ကွင်းဆက် သဘောတရား(The Linkage Theory of Maturity) ဖြစ်ပါတယ်။

ရင့်ကျက်သူတယောက်ဖြစ်လာဖို့  ဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက် ခြောက်ခုကို ပါမောက္ခ အိုဗာစထရိက သည်စာအုပ်မှာ ရှင်းပြထားပါတယ်။

သည်ကွင်းဆက်တွေကတော့ အသိပညာ ကွင်းဆက်၊ တာဝန်ကွင်းဆက်၊ ပြောဆိုဆက်ဆံရေး ကွင်းဆက်၊ လိင်မှု ကွင်းဆက်၊ ကိုယ်ချင်းစာနာမှု ကွင်းဆက်နဲ့ ဒဿနအမြင်ကွင်းဆက်တို့  ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ တခုနဲ့ တခု ဆက်စပ်နေပြီး အပြန်အလှန် အထောက်အပံ့ပြု နေတဲ့အကြောင်း၊ သည်ကွင်းဆက်ခြောက်ခုကို ပြည့်ဖြိုးသန်မာအောင် ကြိုးစား အားထုတ်တဲ့ သူဟာ ရင့်ကျက်တဲ့စိတ်ကို ပိုင်ဆိုင်သူဖြစ်လာမယ့်အကြောင်း အိုဗာစထရိက ပြောပါတယ်။ ။



အသိပညာကွင်းဆက်

လူဟာ အသက်အရွယ်ကြီးမြင့်လာပေမယ့် စိတ်ဓာတ်ရင့်ကျက်တဲ့သူအဖြစ်ကို အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်သူ ဖြစ်လာဖို့ အတွက် လေ့ကျင့်ပွားများ ရမယ့်အရာတွေ

သပ်သပ် ရှိနေပါတယ်။ သည်လို လေ့ကျင့်ပွားများရမယ့် အရာတွေ အကြောင်း ကို ပါမောက္ခ အိုဗာစထရိ (Overstreet) က ကွင်းဆက်ခြောက်ခု သဘောတရား နဲ့ တင်ပြပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ လူသားရဲ့ ရှင်သန်မှုဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သူကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးနဲ့ ဆက်စပ် နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုထဲမှာ ပါဝင်တဲ့ အသိပညာ ကွင်းဆက်နဲ့  ပတ်သက်ပြီး အိုဗာစထရိက သည်လို စတင်ပြောပြပါတယ်။



- လူသည် မည်သည့်အသိပညာမှ မပါဘဲလျက် မွေးဖွားလာသည်။ သို့ သော် မွေးကင်းစ ကလေးငယ်တွင် သဘာဝကပေးသော ဗီဇအသိတချို့ ပါဝင်သည်ကိုမူ ၀န်ခံရမည်။ သူ့  အသက် ရှင်ဖို့ အတွက် မိခင်ဧ။် နို့ ကို မည်သို့ သောက်စို့ ရမည်ကိုကား ကလေးငယ် သိသည်။ ထိုသို့ သော ဗီဇသိမှ လွဲလျှင် အခြားအသိပညာ ဘာမှ မပါရှိ။ သူနှင့် ကမ္ဘာလောကကြီး အကြား မည်သည့် အသိပညာကွင်းဆက်မှ မရှိသေး။ အရေးအဖတ် အတွက်အချက် ကဲ့သို့  သော စွမ်းရည်များကို မဆိုထားဘိ။ အသက်ရှင်ရေးအတွက် လိုအပ်ချက်များကိုပင် ကျယ်ကျယ်ပြန့် ပြန့် မသိသေး။ သူ့ ကိုယ်ပေါ်က ခြုံစောင် ကွာကျသွားလျှင် အအေးမိပြီး နေထိုင် မကောင်းဖြစ်မည်ကိုပင် မသိသေးပေ။ ----



ကလေးငယ်မှာ အသိပညာ မပါရှိပေမယ့် အသိပညာကို ရယူနိုင်တဲ့ စွမ်းအားတွေတော့ ပါရှိနေတယ် ၊ ဒါပေမယ့် လူတွေဟာ သည်လို စွမ်းအားကို အသုံးမချနိုင်ဘဲ ၊ အသုံးချရ ကောင်းမှန်း မသိဘဲ သေဆုံးသွားတတ်တယ်လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ဆက်စပ်ဖို့ အတွက် အသိပညာကွင်းဆက်ကို မဖန်တီးရင် ကလေး ဘ၀ ကို ကျော်လွန်ရှင်သန်နိုင်မှာ မဟုတ် ၊ အသိပညာကွင်းဆက်ကို ခိုင်မာ သည်ထက် ခိုင်မာအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါမှ ကလေး ကလား ဆန်တဲ့ စိတ်ဓာတ်ကို ကျော်လွန်ပြီး ရင့်ကျက်သူ ဖြစ်လာမယ်လို့  သူက ဆိုပါတယ်။ ဒါပေမယ့် သူပြောတဲ့ အသိပညာ ဆိုတာက ဗဟုသုတသက်သက်ကို ဆိုလိုတာ မဟုတ်တဲ့အကြောင်း သည်လို ရှင်းပြပါတယ်။

- ရင့်ကျက်သူ ဖြစ်လာရန်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနဗေဒ စသည့် သီးခြား ဘာသာ ရပ်များအားလုံးကို သိရမည်ဟု ဆိုလိုသည်မဟုတ်။ ရင့်ကျက်မှုနှင့် ဗဟုသုတသည် တခြားစီ သာ ဖြစ်သည်။ တောလမ်းတလမ်းပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်သွားသည် ဆိုပါစို့ ။ နှစ်ယောက်စလုံးပင် လမ်းဘေးက သစ်ပင်ပန်းပင် များကို မြင်နေရမည်။ တယောက် က ယင်းသစ်ပင်ပန်းပင်တို့ ဧ။် သဘာဝကို သိပြီး ကျန်တယောက် ကတော့ မသိ ဟု ဆိုပါစို့ ။ ထိုအခြေအနေတွင် သိသူကို ရင့်ကျက်သူဟု သတ်မှတ်ပြီး မသိသူကို မရင့်ကျက်သူဟု သတ်မှတ်၍ မရနိုင်ပါ။



- ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့်သာ သက်ဆိုင်သည်။ သစ်ပင်ပန်းပင်တို့ ဧ။် အမည်နာမနှင့်သဘာဝတို့ ကို သိရန်လိုအပ်သည့် ဘ၀အခြေအနေတွင် သိရန်မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူ ဟု သတ်မှတ်ရမည်။ တကယ်မသိပါဘဲလျက် သိဟန်ဆောင်နေလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ ကိုယ့်မသိသည့် ပညာရပ်များကို ကိုယ်မသိသည့်အတွက် တန်ဖိုးမရှိသလို နှိမ့်ချပြောဆိုလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ သိသင့်သောအရာကို သိလည်း သိနိုင်ပါလျက် မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက်ဖျက်လျှင် မိမိကျင်လည် နေထို င် ရသော ပတ်ဝန်းကျင်လောကကြီးအပေါ် အရေးမစိုက်သည့် သဘောထား ဖြစ်သည့် အတွက် ထိုသူမျိုးကို မရင့်ကျက်သူဟုပင် သတ်မှတ်ရမည်။ ----



သက်ရှိသတ္တ၀ါတမျိုး ဖြစ်တဲ့ လူသားဟာ အသက်ရှင်ဖို့ လောက်ကိုသာ အာရုံမထားသင့်ဘဲ ကျန်တဲ့ အသိပညာတွေကိုလည်း အရေးထားပြီး အာရုံစိုက်သင့်တယ်လို့  ပါမောက္ခ အိုဗာစထရိက ယူဆပါတယ်။ လူမှာ ပါရှိတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချရကောင်းမှန်း မသိတဲ့သူတွေကို တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့  သူက မြင်ပါတယ်။ လူသားဟာ သူ့ မှာ ပါရှိနေတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချပြီး ၊ အသက်ရှင်သန်ဖို့ ထက် ပိုလွန်တဲ့ ပညာရပ်တွေကို တိုးတက်လေ့လာခဲ့တဲ့အတွက်ပဲ တိရစ္ဆာန်လောကထက် တဆင့် မြင့်တဲ့ လူသားလောကကို ရောက်ခဲ့တာလို့  သူက ဆိုပါတယ်။ ရင့်ကျက်မှုရှိတဲ့ လူသားတွေကြောင့်

လူသားလောကဟာ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတယ်လို့ သူက ကောက်ချက်ချရင်း သည်လို ဆက်ပြောပါတယ်။

- လူ သည် အသက်အရွယ်အရရော အဆင့်အတန်းအရပါ လူကြီးတယောက်ဖြစ်လာပြီး သားသမီးများ၊ တပည့်တပန်းများကို ဦးဆောင်ရမည့် အနေအထားကို ရောက်လာပါလျက် ထိုအနေအထားတွင် လိုအပ်သည့် အသိပညာမျိုးကို ရရှိအောင် ကြိုးစားအားထုတ်မှု မရှိလျှင် မရင့်ကျက်သူ ဖြစ်သည်။



- လူ့ အဖွဲ့ အစည်းအတွင်း နေထိုင်ရသော လူသားတွင် ရွေးချယ်ဆုံးဖြတ်စရာများ အများ အပြား ရှိနေသည်။ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသစရာများလည်း အများ အပြားရှိနေသည်။ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေး၊ ကမ္ဘာကြီးအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး စသော အလွန်အရေးပါတဲ့ ကိစ္စရပ်များတွင် ဆန္ဒပေးရခြင်းများ၊ ပါဝင်ဆုံးဖြတ် ရခြင်း များကို ဆောင်ရွက်ရသည်။ သို့ ပါလျက် သည်လို ကိစ္စရပ်မျိုးကို လေးလေးနက်နက် စိတ်ဝင်စားရကောင်းမှန်မသိဘဲ ပေါ့ပေါ့တန်တန် သဘောထားနေလျှင် မရင့်ကျက်သူ ဖြစ်သည်။ - - -

လူတယောက်အတွက် ဘ၀မှာ သိစရာတွေ အများအပြားရှိပါတယ်။သည်လို သိစရာတွေကို သိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်၊ အသက်ရှင်သန်နေသရွေ့  လိုအပ်တဲ့ အသိပညာကို ဆည်းပူးနေရမယ်လို့  အိုဗာစထရိက ဆိုပါတယ်။ စဉ်ဆက်မပြတ်ပညာရေး၊ သက်ကြီးပညာရေး စတဲ့ ပညာရေးလောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအပေါ်မှာ အိုဗာ စထရိရဲ့ အယူအဆတွေက အလွန်သြဇာရှိခဲ့တာပါ။ လူတယောက်ဟာ အသိ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာများမှာ ရင့်ကျက်မှုကို ရယူလိုတယ်ဆိုရင် အသိပညာ ကွင်းဆက်ကို စဉ်ဆက်မပြတ် တည်ဆောက် နေရပါမယ်။ အသိပညာကွင်းဆက်ကို တည်တံ့ ခိုင်မြဲအောင် လုပ်ဖို့ စဉ်ဆက်မပြတ် ပညာရေးကို လုပ်ဆောင်ရပါမယ်။ စဉ်ဆက်မပြတ် ပညာရေးကို လက်မခံရင် ဘာဖြစ်မလဲဆိုတာကို အိုဗာစထရိက သည်လို ရှင်းပြပါတယ်။

- လက်ရှိပိုင်ဆိုင်ထားသမျှ အသိပညာ ဗဟုသုတလောက်ကို လုံလောက်ပြီဟု ဆုံးဖြတ်ပြီး နောက်ထပ် ဆည်းပူးလေ့လာခြင်းမရှိသူသည် မရင့်ကျက်သူ ဖြစ်သည်။ ထိုသူမျိုးသည် အခြေအနေသစ်နှင့် ရင်ဆိုင်တွေ့ ရသည့်အခါ ဘာလုပ်ရမှန်း မသိတော့။ ပြဿနာ အသစ်များ နှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းဟောင်းများနှင့်သာ ဖြေရှင်းတတ်သည်။ သို့ ဖြင့် ပြဿနာ မပြေလည်ဘဲ ပိုရှုပ်ထွေးလာခြင်းသာ အဖတ်တင်တတ်သည်။ တရားသေနည်းလမ်း ဟောင်း များနှင့် တရားသေ၀ါဒများက သူ့ ဘ၀ကို ပုံဆောင်ခဲတခုအဖြစ် ဖန်တီးပစ်လိုက်သည်။ သို့  တိုင် သူကတော့ မာနတလူလူ ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေ တတ်သည်။ ဘာမှ ထပ်သိစရာ မလိုအပ်တော့သည့် လူတတ်ကြီးတယောက်လို ကိုယ့်ကိုယ် ကိုယ် ထင်မှတ်နေလေရာ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ်သို့  ရောက်မှန်းမသိ ရောက်သွားရတော့သည်။



- ကျမ်းဂန်စာပေ တတ်ကျွမ်းသည့် ပညာရှိကြီး ဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံး

ဖြစ်နေလျှင် စာမတတ်သည့် လယ်သမားတယောက်နှင့် ဘာမှ မထူးပြီ။ စာမတတ်သည့် လယ်သမားသည်လည်း သူ့ ဖခင် သင်ပေးသမျှနှင့် တင်းတိမ်နေပြီး အသစ်အသစ်သော စိုက်ပျိုးရေးပညာရပ်များကို လေ့လာခြင်းမရှိ ၊ အသုံးချရကောင်းမှန်း မသိသူ ဖြစ်သည်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း ကင်းမဲ့သည့် ပညာရှိနှင့် စာမတတ်ပေမတတ် လယ်သမားတို့  နှစ်ယောက်စလုံးပင် မရင့်ကျက်သူများ ဖြစ်သည်။------

ရင့်ကျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာကွင်းဆက်အကြောင်းကို တင်ပြပြီးတဲ့ နောက်မှာ " အသိပညာကွင်းဆက်ကို တည်ဆောက်ဖို့  ဘာကြောင့် ပျက်ကွက် ကြတာလဲ၊ တည်ဆောက်ပြီးသားကွင်းဆက်ကို ခိုင်မာအားကောင်းလာအောင် ဘာကြောင့် ဆက်ပြီး အားမထုတ်နိုင်ကြတာလဲ " ဆိုတဲ့ မေးခွန်းကို သူက ဆက်မေးပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းများကိုလည်း သည်လို ဆက်ဆွေးနွေးပြပါတယ်။

- အသိပညာကွင်းဆက်ကို တည်ဆောက်ရန် သို့ မဟုတ် ဘ၀တလျှောက်လုံး စဉ်ဆက် မပြတ်တည်ဆောက်ရန် ပျက်ကွက်ခြင်းမှာ အတွင်းအဇ္ဈတ္တရှိအကြောင်းရင်း များတွင် လည်းကောင်း၊ အပြင် ဗဟိဒ္ဓအကြောင်းရင်းများတွင်လည်း အခြေခံသည်။



- ပုံစံပြရလျှင် ကလေးဘ၀ကပင် အသိပညာလေ့လာဆည်းပူးချင်သော စိတ်ကို ပိတ်ဆို့ ဟန့်  တားခြင်း ခံခဲ့ရနိုင်သည်။ " မင်းက ငါ့ထက်သာအောင် ကြိုးစားနေတာပေါ့လေ ဟုတ်လား" ဟု ဖခင်ဖြစ်သူဧ။် ရိသဲ့သဲ့ ထိပါးပြောဆိုမှုမျိုးကို ခံခဲ့ရနိုင်သည်။ " သည်လို လောကီစာတွေ လေ့လာ နေရင်တော့ ပျက်စီးရုံပဲ ရှိမှာပေါ့" ဟု ဘာသာရေးဆန်သော မိခင်ဧ။် ဝေဖန်ပြောဆိုမှု မျိုးကို ခံခဲ့ရနိုင်သည်။ " ဆရာ့အချစ်တော် လာပြီဟေ့၊ တို့ ကစားဝိုင်းထဲ မပါစေနဲ့ " ဟု အတန်းတူ သူငယ်ချင်းများဧ။် ၀ိုင်းပယ်မှုမျိုးကို ခံခဲ့ရနိုင်သည်။ ထိုသို့ ပြုမူပြောဆိုခြင်း ခံခဲ့ ရလျှင် မသိစိတ်အတွင်းတွင် အသိပညာလေ့လာဆည်းပူးမှုကို မုန်းတီးသောစိတ် ကိန်း အောင်း သွားနိုင်သည်။ ကလေးဘ၀တွင် ကိန်းအောင်းသွားသောစိတ်သည် ဘ၀တလျှောက် လုံး သူ့ ကို လွှမ်းမိုးနေမည်။သို့ ဖြင့် အသိပညာကွင်းဆက်ကို တည်ဆောက်ရန် ပျက်ကွက်ရ တော့သည်။

- နောက်တယောက်က ထိုသို့ သော မသိစိတ်မျိုး မရှိ။ သို့ သော် မိဘဆွေမျိုး အသိုင်းအ၀ိုင်း နှင့် လိုက်လျောညီထွေ နေရခြင်းကိုသာ သဘောကျသည်။ အသိုင်းအ၀ိုင်းတွင် လွှမ်းမိုး သော ယုံကြည်မှုများ၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များကို စူးစမ်းဆင်ခြင်မှုမရှိဘဲ မျက်စိမှိတ် လက်ခံသည်။ ကိုယ်ပိုင်ဦးနှောက် မရှိသူဟု ဆိုရမည်။ မိသားစုဧ။် အလိုအတိုင်း နေသည်။ သူငယ်ချင်းအပေါင်းအသင်းများဧ။် အလိုအတိုင်း နေသည်။ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ လူများစုလုပ်သည့်အတိုင်း လိုက်လုပ်သည်။ ရှေးရိုး အစဉ်အလာအတိုင်း လိုက်လုပ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဘာမှ မရှိ။ ပတ်ဝန်းကျင်အလိုအတိုင်း လိုက်နေသည့် အတွက် သူ့ တွင် အသိပညာကွင်းဆက် ကင်းမဲ့နေရသည်။ ရှိလျှင်သော်မှ ယင်းကွင်းဆက် သည် ခိုင်မာခြင်းမရှိဘဲ ကျိုးပဲ့ပြတ်တောက်နေတတ်သည်။ သို့ ဖြင့် ထိုသူသည်လည်း ရင့်ကျက်ခြင်း ကင်းရလေတော့သည်။ ။

Credit to http://myanmarinsingapore.com/

ကျွန်တော်သွားခဲ့တဲ့ ပတ်ဝန်းကျင်..။

NTU ထဲမှာ ကျောင်းသွားအပ်တော့ ကျွန်တော်ရင်ခုန်မိတဲ့ ရွှေလာဂမုန်းတွေကို ကန်စွန်းရွက်တွေလို မြေပြင်မှာ ချစိုက်ထားတာ တွေ့ခဲ့ရပါတယ်..။ ကျွန်တော်လည်း ပါတဲ့ဖုန်းလေးနဲ့ လက်စွမ်းပြပါတော့တယ်..။ ဒီလိုပဲကြုံရင်ကြုံသလိုလက်စွမ်းပြပါတော့မယ်ဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်..။