Showing posts with label အမေ. Show all posts
Showing posts with label အမေ. Show all posts

Father (11st)

Father, you are away from us but always with us.

Father, We can not touch and can not speak with you, but we always chat and speak each other as usual in our dream.

Oh Father, No matter you can not live with us for the long term, you are always in our heart and in our soul.

Oh Father,If I imagine you, you are alive with us. So, no matter what happen it is, we can face with your encouragement.

Oh Father, when we lost you, when you left from our lives, we feel all the things had gone.

But, we can stand ourselves with your encouragement, with your effort, with your speech.

Although you can not live us for a long time, you are always with us.

We love you. We trust you. We believe you. We relied on you but now we stand ourselves.

Oh Father, we always want to have the father like you. You are everything for our lives.

Thank you for your love, for your supports, for your encouragement, for your guideness, for your kindness.

Thank you father. Do not forget that we always love you.

မားသားအလွမ်းပြေ နှမ်းပြစ်..။





မစံပယ်တို့က အမေ့ကိုစပြီး မာမီမာသားအမေလို့ ခေါ်လေ့ရှိပါတယ်..။ အခုတော့ဖုန်းခေါ်ရင်း အတိုကောက် မားသားလို့ပဲခေါ်ပါတယ်..။ မစံပယ်တို့အမေက အိမ်မှာမနက်ခင်းစာဆိုလည်း တစ်ရက်နဲ့တစ်ရက်မတူအောင် လုပ်ကျွေးလေ့ရှိပါတယ်..။ ထမင်းကြော်၊ မုန့်တီဖတ်သုတ်၊ ခေါက်ဆွဲသုတ်..၊ ထမနှဲ..၊ ကောက်ညှင်းပေါင်း..။ တစ်နေ့တစ်မျိုးမရိုးရအောင် ပူပူနွေးနွေးကျွေးလေ့ရှိပါတယ်..။ မစံပယ်တို့ငယ်ငယ်က ကျောင်းကမုန့်ဆိုင်သေးသေးလေးတွေကနေ နေကြာစေ့၊အချဉ်ထုတ်တွေတော့ စားတတ်ပါတယ်..။ ဒါပေမယ့် လက်သုပ်စုံလိုမျိုးတွေကျတော့ စားလေ့မရှိပါဘူး..။ အမေက အပြင်စာတွေကို ကျွေးလေ့မရှိတာမို့ မစံပယ်လည်း အပြင်စာစားဖို့ဆိုရင် တွန့်နေတတ်ပါတယ်..။ နောက်မှသာ အိမ်နဲ့အဝေးမှာနေရတော့ အပြင်ထမင်းဆိုင်လိုမျိုးတွေမှာ ကြုံသလိုစားရတတ်ပေမယ့် တတ်နိုင်သလောက် မစံပယ်ကတော့ ကိုယ်တိုင်ချက်ပြုတ်စားဖို့ပဲ အားထုတ်လေ့ရှိပါတယ်..။ဆီများများနဲ့ ဟင်းချိုမှုံ့တွေထည့်ချက်တတ်တဲ့ ကိုယ်မမြင်ရာမှာချက်တဲ့အပြင်စာတွေကိုစားရမှာ မစံပယ်နောက်တွန့်တတ်ပါတယ်..။


အစပိုင်းကတော့ အပြင်စာမစားတတ်ပဲရှိပေမယ့် ကိုယ်တိုင်ကလည်း ကောင်းကောင်းမချက်တတ်ပါဘူး..။ အခုမှ ဟိုဘလော့ဒီဘလော့ဖတ်ရင်း မစံပယ်မှာ မီးဖိုချောင်ပစ္စည်း တော်တော်များများရှိလာပါပြီ..။ ကိုယ်တိုင်ချက်..၊ ကိုယ်တိုင်အ၀အပြဲစားရတာလည်း သဘောကျပါတယ်..။ လုပ်ရင်းနဲ့ပိုလုပ်တတ်လာတာ တွေ့ရပါတယ်..။


ညနေက ဖေ့စ်ဘုတ်မှာ အင်္ဂလန်ကဆရာမ နှမ်းလှော်နဲ့ပျားရည်နဲ့နှယ်စားနေတာတွေ့ရတာနဲ့ မစံပယ်လည်း မလုပ်ဖြစ်တာကြာပြီဖြစ်တာ အမေ့လက်ရာလိုမျိုး နှမ်းပြစ်စားချင်စိတ်ဖြစ်လာလို့ ထလုပ်လိုက်ပါတယ်..။ အမေတို့လာတုံးကယူလာတဲ့နှမ်းလှော်ထုတ်ကြီးကလည်း တစ်ဝက်လောက်ကျန်နေပါသေးတယ်..။ မြေပဲဆံရောဦးမလို့လုပ်တာ ရောရင်မကောင်းပါဘူးဆိုပြီး မရောဘဲထားလိုက်ပါတယ်..။






ဆီများနေပုံ
လုပ်နည်းကတော့ ဆီဒယ်ပိုင်းအရင်တယ်ပါတယ်..။ ဆီကျက်ရင် ဒီက၀ယ်တဲ့ထန်းလျက်ခဲသုံးခဲ ထည့်လိုက်ပါတယ်..။ ထန်းလျက်တွေက အပူထဲမှာဖြည်းဖြည်းချင်းပျော်ပါတယ်..။ မစံပယ်က ဇွန်းနဲ့ထိပြီး ဆီထဲမှာ လှည့်မွှေပေးပါတယ်..။ မွှေရင်းနဲ့ထန်းလျက်ခဲက သေးသေးလိုက်လာပြီး ပျော်ကျသွားပါတယ်..။ ဆားနည်းနည်းနဲ့ မန်ကျည်းသီးမှည့်တကယ့်နည်းနည်းကို ရေဆေးပြီးထည့်ပါတယ်..။ ထန်းလျက်ချိုချိုထဲမှာ အဲဒီမန်ကျည်းနှစ်လေးစားလိုက်ရရင် အအီပြေသွားတတ်ပါတယ်..။ ခဏမွှေပေးပြီး ထန်းလျက်နံ့လည်းမွှေးနေပြီ..၊ အရောင်လည်းပိုညိုလာပြီဆိုမှ နှမ်းလှော်ကို လိုသလောက်(သင့်တော်သလောက်)လောင်းထည့်လိုက်ပါတယ်..။ လင်းပန်ထဲကိုလည်း ဆီနည်းနည်းထည့်ပြီး ဇွန်းလေးနဲ့ပွတ်ပေးထားပါတယ်..။ လင်ပန်းနဲ့ထန်းလျက်နဲ့ကပ်မနေအောင်ပါ..။ ပြီးတာနဲ့ ထန်းလျက်နဲ့နှမ်းလှော်ဒယ်ပိုင်းကို လင်ပန်းထဲလောင်းထည့်လိုက်ပါတယ်..။ မစံပယ်လုပ်တာ ဆီထည့်တာနည်းနည်းများသွားလို့ ဆီတွေအပေါ်ကဝေ့တက်နေပါတယ်..။ ဇွန်းဖင်လေးနဲ့ မျက်နှာပြင်ညီအောင် လိုက်သပ်ပေးပြီး ဝေ့နေတဲ့ဆီတွေကို ပန်းကန်လေးထဲကို ကဲ့ပစ်လိုက်ပါတယ်..။ တကယ်ကတော့ မစံပယ်ဆီများများစားခဲပါတယ်..။ အခုတော့ သင့်တော်ရုံဆိုပြီး အရင်ကထက်တော့ ပိုစားနေပါပြီ..။


မစံပယ်က အချိုတွေ၊ အအီတွေ စားလှပါတယ်..။ အခုနှမ်းပြစ်လုပ်တာလည်း ဆီထည့်တာ မှန်းတာလွဲလို့ နည်းနည်းများသွားပါတယ်..။ ၅ ကျပ်သားနီးပါးလောက်ရှိသွားပါတယ်..။ ထန်းလျက်သုံးလုံးနဲ့ဆို ဆီကအဲလောက်မလိုတာ တွေ့ရပါတယ်..။ ဆီကများလွန်းတော့ ပေါင်းမသွားဘဲ အပေါ်မှာအိုင်ထွက်နေတာကို ကဲ့ထားလိုက်ပါတယ်..။ ထမင်းလည်းအစားများပါတယ်..။ ၀က်ပုပ်ကြီးဖြစ်မှာစိုးပေမယ့် တခါတလေလည်းစားတာပါပဲ..။ တခါတလေတော့ လေ့ကျင့်ခန်းထလုပ်ပါတယ်..။ မလုပ်တာက များပါတယ်..။






ဆီကဲ့ပြီးပုံ

အမေကြီး..။

အမေ့အမေကို ဘယ်လိုခေါ်ရသလဲဆိုတာ မစံပယ်တိတိကျကျ မသိပါဘူး..။ မစံပယ်တို့ကတော့ အမေ့အမေကို အမေကြီးလို့ခေါ်တယ်..။ မစံပယ်တို့ငယ်ငယ် အမေကြီးတို့ဆီအလည်သွားပြီဆို မုန့်ဖက်ထုပ် ပူပူလောလောထုပ်ပြီး ကျွေးတတ်တဲ့ အမေကြီးကို မစံပယ်အမြဲသတိရပါတယ်..။

အမေတွေအတွက်တော့ ကိုယ့်သားသမီးကဘယ်အရွယ်နေနေ သူတို့မျက်စိထဲ သူတို့အသိထဲမှာတော့ သမီးဟာသမီးပါပဲ..။ မစံပယ်တို့အဖေဆုံးတော့ အဖေ့အသုဘချပြီးတဲ့ညမှာ မစံပယ်တို့အမေကြီးက ရယ်စရာတွေပြောပြီး တဟားဟားနဲ့အော်ရယ်နေတာ တွေ့ရပါတယ်..။ မစံပယ်တို့ကတော့ရိပ်မိနေတယ်...။ အမေကြီးက သူ့သမီးရဲ့သောကကို နည်းနည်းမှသက်သာသက်သာဆိုပြီး ရယ်စရာတွေပြောပေးနေတယ်ဆိုတာလေ..။

အမေကလည်း တစ်လနှစ်လလောက် သိသိသာသာကို စကားနည်းညှိုးငယ်သွားလိုက်တာ..။ ဒီသမီးကိုစိတ်ပြေအောင် စိတ်သက်သာအောင်လုပ်ပေးနေတဲ့အမေကြီးရဲ့ မိဘမေတ္တာကိုခံစားရတာ ပီတိဖြစ်ဖို့ကောင်းပါတယ်..။

အမေကြီးကစာမတတ်တဲ့ တောထဲက တောသူ..။ ဘဘက မူလတန်းကျောင်းအုပ်ဆရာ..။ စာမတတ်တဲ့အမေကြီးက သားကိုသခင် လင်ကိုဘုရား၊ ဘဘ ဘာကိုပဲ တလိုက် တလိုက် ခုချက်ချင်း သူလုပ်နိုင်တာဆိုထလုပ်ပေးလိုက်တာ အမေကြီးရဲ့ ကြီးမားတဲ့မေတ္တာပါ..။ လောကဓံကိုခါးစည်းခံခဲ့ရင်း ခုဆိုရင်တော့ ဘ၀နေ၀င်ချိန်ကိုရောက်နေပြီပေါ့..။

ဘလော့တစ်ခုကိုသွားဖတ်ရင်း အမေကြီးကိုသတိရလာလို့ မှတ်တမ်းတင်ထားလိုက်တာပါ..။ အမေကြီး ကျန်းမာ ချမ်းသာစွာရှိပါစေလို့ မြေးမဆုတောင်းပေးလိုက်ပါတယ်..။

အဖေ

အဖေဟု အသံခဏခဏမထွက်ရတာကြာပြီ..။ ခုစာကျက်ရင်းနဲ့ အဖေ အဖေ လို့ ဆက်တိုက်ခေါ်ကြည့်တာ ကိုယ်ခေါ်နေမကျတဲ့အသံကိုထွက်ရသလို မရင်းနှီးတဲ့စကားလုံးကြီးလိုဖြစ်နေတယ်..။ အင်း.. အဖေဆုံးတာ ၉ နှစ်တောင်ပြည့်တော့မှာပဲ..။ ကိုယ့်အဖေအရွယ်တွေကို အဖေလိုသဘောထားလိုက်တယ်..။ အဖေဖြစ်စေချင်တာတွေ ဖြစ်အောင်ကြိုးစားတယ်..။ အဖေမဖြစ်စေချင်တာတွေ မဖြစ်အောင်နေခဲ့တယ်..။ လောကကြီးမှာ အဖေ့ကိုအားအကိုးဆုံးနဲ့ စိတ်ချအယုံကြည်ဆုံးပဲ..။ အခုအဖေမရှိတော့ ကိုယ်ဘာသာပဲအားကိုးရုန်းကန်နေရတယ်..။ အဖေနဲ့နေခဲ့ရတဲ့အချိန်တွေက တိုလိုက်တာ..။ ၂၃ နှစ်တည်း..။ ကံကောင်းတဲ့သူများကျတော့ ၅၀ ၆၀ ထိ အဖေ အမေနဲ့ အတူတူနေကြရတယ်..။ ကောင်းလိုက်တာ..။

အမေ့အတွက် ဘလော့တွေက ကူးထားတာ..။

ရွှေဝါရောင်အသား

မဟာစည်ဆရာတော်ဘုရားကြီးတစ်ပါးဟောကြားမှုနှင့်
အင်ဒိုနီရှားဗုဒ္ဓဘာသာခွဲစိတ်အထူးကုဆရာဝန်ကြီး(Singapore General Hospital) ၏
ဓါတ်တော်တိုက်ဆရာတော်ခွဲစိတ်မှုအပေါ်အခြေခံ၍ရေးသားတင်ပြပါသည်။
မျှဝေလိုပါသဖြင့်အမှားပါရှိပါကနားလည်ပေးကြပါ။

ဆရာတော်ကြီး၏ဟောကြားချက်။
သည်းခြေအိတ်(Gallbladder) မှာအမဲ၊အနီ၊အ၀ါ အကန့်သုံးကန့်ရှိပါတယ်။
အဖွင့်အပိတ်များပါရှိပါတယ်။လိုအပ်တဲ့ဖိအားရောက်မှပွင့်ကြပါတယ်။

လောဘ
စိတ်ဖြစ်ပေါ်တဲ့အခါစိတ်ဖိအားကြောင့်အမဲရောင်အကန့်မှသည်းခြေရည်( bile)
အမဲရောင်ထွက်လာပြီး၊အသားဟာအမဲရောင်ဖြစ်လာပါတယ်။
ဒေါသ
စိတ်ဖြစ်ပေါ်တဲ့အခါစိတ်ဖိအားကြောင့်အနီရောင်အကန့်မှသည်းခြေရည်( bile )
အနီရောင်ထွက်လာပြီး၊အသားဟာအနီရောင်ဖြစ်လာပါတယ်။


သည်းခြေအိတ်(Gallbladder ) ဟာသစ်တော်သီးပုံသဏ္ဍန်းရှိပြီးသည်းခြေရည်များ
သိုလှောင်ထားပြီးအသဲနဲ့ပြွန်ဖြင့်ဆက်သွယ်ထားပါတယ်။သုံးလေးလက်မလောက်ရှည်ပြီး
တစ်လက္မရှည်ပါတယ်။အထူးသဖြင့်အဆီကိုအစာအိမ်ကမချေနိုင်တဲ့အတွက်အစာအိမ်
အကြိမ်ကြိမ်ပွတ်မှုကြောင့်သည်းခြေအိတ်မှအ၀ါရောင်သည်းခြေရည်အပျစ်ရည်ဟာ
အစာအိမ်ထဲရောက်ရှိလာပြီးအဆီကိုချေဖျက်ပါတယ်။ကျောက်ပိတ်တဲ့အခါအ၀ါနှစ်ရည်ဟာ
ခန္ဓာကိုယ်အပေါ်ပိုင်းတက်သွားပြီးမျက်လုံးများဝါထိန်လာပါတယ်။

တရား ထိုင်တဲ့အခါဖြစ်စေ၊မှတ်တဲ့အခါဖြစ်စေ၊စိတ်တည်ငြိမ်လာမှုကြောင့်အ၀ါနှစ်များအနည်
ထိုင်ပြီးအ၀ါအရည်ကြည်များထွက်လာကြပါတယ်။ဒါကြောင့်
တရား ထိုင်တဲ့သူ၊မှတ်တဲ့သူများဟာအသားရွှေဝါရောင် ဖြစ်လာပါတယ်။
( သမာဓိပေါ်မူတည်ပြီးအသားရောင်ပြောင်းလဲလာတတ်ပါတယ်။)

လောဘ၊ဒေါသများနည်းပါးရေးအတွက်
ကြိုးစားကြရအောင်။


credit/http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:103303

အမေ

အမေပိန်သွားသည်တဲ့..။
   စိတ်မကောင်းလိုက်တာ..။ ဖုန်းခေါ်လို့ကလည်းမရ..။ အမေနဲ့အတူတူနေချင်သည်..။ ဘ၀တစ်လျှောက်လုံး အမေ့ဘေးမှာ အပူအပင်ကင်းကင်းနေချင်သည်..။ ဒါပေမယ့် ဆန္ဒဇောကမရ..။ တိုးတက်ချင်သည်..။ ဒီလောက်နဲ့အားမရ..။
    အမေ့ဘေးမှာနေကာ အမေချက်ကြွေးသောထမင်းကိုစားကာ ဘာကိုမှရှေ့ကလုပ်စရာမလိုဘဲ အမေပြီးမှ လိုက်ပြီးရသော သမီးကလေးဘ၀ဘဲ နေလိုက်ချင်သည်..။ ဒါပေမယ့် ဆန္ဒဇောတစုံတရာက မရ..။
   ရုန်းကန်လှူပ်ရှားနေမှဘ၀ဟု အမေက ပါးစပ်ကမပြောဘဲလက်တွေ့သရုပ်ပြသခဲ့သည်..။ ထို့ကြောင့် သမီးလည်း ရုန်းကန်လှူပ်ရှားရမည့်ဘ၀ကိုရွေးခဲ့သည်..။ သို့သော်အမေနှင့်ဝေးခဲ့ရသည်..။ အမေနှင့်အတူတူနေချင်သည်..။ အရာရာကို ကိုယ်ပဲဦးဆောင် ကိုယ်ပဲဆုံးဖြတ် လူကြီးလုပ်ရသော ဘ၀မှ တခါတရံ ထွက်ပြေးလွတ်မြောက်ချင်သည်..။
  သည်းခြေအိတ်ကျောက်တည်တဲ့..။ အင်တာနက်မှ ရှာဖတ်ရဦးမည်..။ လူကြီးဘ၀..၊ သူနာဘ၀ကို အမေ့ကို သက်သက်သာသာဖြတ်သန်းစေချင်သည်..။ အမေ့ရဲ့ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတွေကို နိုင်သလောက်တော့ ပြန်ဆပ်ချင်သည်..။
   အမေနေကောင်းပါစေ..။
                                                                                                  
                                                                                                         မစံပယ်

ကျွန်တော်နဲ့ကျွန်တော့်အမေ..။

အဖေကိုချစ်ပေမယ့် ကံမကောင်းအကြောင်းမလှစွာ အဖေနဲ့တစ်သက်လုံးနေခွင့်မရတော့ အမေနဲ့ပဲ အတူနေရပါတော့တယ်..။
    စိတ်ဓာတ်မာတဲ့အမေဟာ ကျွန်တော့်ကိုခွဲခွာတာတောင် မျက်ရည်လုံးဝမ၀ဲပါဘူး..။ အမေ့ကိုကန်တော့ရင် လုံးဝမျက်ရည်မကျဘူးလို့စဉ်းစားထားတဲ့ကျွန်တော်ပဲ ကန်တော့ရင်း မျက်ရည်တွေဝဲလာမိပါတယ်..။ အဲဒါကြောင့် အမေ့ကိုမကန်တော့ချင်တာ..။ ကန်တော့ရင်ဝမ်းနည်းလွန်းလို့..။ ခွဲရကာနီးဆို ညာတာပါတေးနဲ့ လှည့်ထွက်လာခဲ့တာများတယ်..။ မသိတတ်ဘူးပြောပြော ရိုင်းတယ် မယဉ်ကျေးဘူးပဲပြောပြော အမေ့ကို မကန်တော့ဘူး..။ ၀မ်းနည်းတတ်လွန်းလို့..။ ခုက အကြာကြီးခွဲရမှာမို့ ကန်တော့ခဲ့တာ..။ ရိုးလွန်းတဲ့အမေက နိုင်ငံခြားကိုကျောင်းသွားတက်တဲ့သမီးကို semister တစ်ခုပြီးတဲ့ ၆ လပြည့်ရင် အိမ်ပြန်လာမှာမို့လားလို့မေးတယ်..။ လေယာဉ်ခတင် ၅ သိန်းလောက်ရှိတဲ့ဈေးမှာ ဘယ်လိုလုပ်ပြီး ၆ လ တစ်ခါ အိမ်ပြန်နိုင်မှာလဲ..။ ၃ နှစ်ပြည့်မှပြန်လာမှာအမေလို့ပြောလိုက်တော့မှ မျက်နှာပျက်သွားတယ်..။ ဘာပဲဖြစ်ဖြစ် ပညာရေးအတွက် မျက်နှာတစ်ချက်မပျက်တဲ့အမေကို ကျေးဇူးတွေတင်ပြီးရင်းတင်ရင်းပါပဲ..။ ကျောင်းက Grade တွေနဲ့လျှောက်ရတာမို့ ကျောင်းဝင်ခွင့်ရတာကိုပဲ အမေက ဂုဏ်ယူနေပါတယ်..။ တကယ်ကအင်တာဗျူးဖြေတာမအောင်တဲ့ကိုယ့်ကိုယ်ကို ကျိန်ဆဲလို့မဆုံးပါဘူး..။ နှစ်ဘာသာလျှောက်တာမှာ တစ်ဘာသာကအင်တာဗျူးဖြေရပါတယ်..။ မအောင်ပါဘူး..။ အောင်တဲ့သူတွေရှိပါတယ်..။ အင်တာဗျူးမဖြေရတဲ့ဘာသာက ကျောင်းဝင်ခွင့်ရတာပါ..။ ဒီ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးအောင်ရှိပါတယ်..။