စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
OOP (နိဒါန်း...။)
အခုရေးမယ့် OOP က C# Language သုံးပြီးရေးမှာပါ..။ C# ပဲဖြစ်ဖြစ်၊ Java ပဲဖြစ်ဖြစ် အခြေခံ OOP ကတော့ အတူတူပါပဲ..။ Java ဖြစ်ဖြစ်၊ OOP ဖြစ်ဖြစ် ဘာကိုပဲ စသင်သင် ပထမဆုံးအခန်းက Program တစ်ပုဒ် Run ရင် နောက်ကွယ်က ဖြစ်ပျက်သွားမယ့် အကြောင်းအရာတွေကို စသင်လေ့ရှိပါတယ်..။ ကို့စ်ဆွဲထားတဲ့သူတွေကိုက ဒါကိုနားလည်ဖို့လိုအပ်တယ်လို့ ယူဆလို့ ဒီအကြောင်းအရာတွေကို စပြောလေ့ရှိပါတယ်..။ ဒီအကြောင်းအရာတွေက Beginners တွေအတွက် အလွန်နားရှူပ်စေပါတယ်..။ စာရေးသူလည်း ဒီအခန်းကို တော်တော်နားလည်အောင်ဖတ်လည်း ဖတ်တုံးပဲ သဘောပေါက်လိုက်ပြီး ပြီးရင်မေ့သွားလို့ ပြန်ဖတ်ရပါတယ်...။ အဓိကပြောချင်တာတွေကတော့ User က Program တစ်ပုဒ်ရေးလိုက်ရင် Compiler က Execute လုပ်ပါတယ်..။ မှားရင် Compiler ကနေ Error ထွက်တယ်..။ မှန်ရင် Result ထွက်လာပါမယ်..။ ဒီလောက်ပဲအကြမ်းဖျဉ်းနားလည်ပြီဆို ရပါပြီ..။ စာရေးသူအနေနဲ့ဆို ဒီအခန်းကို နောက်ဆုံးမှ ပြန်ပြောချင်ပါတယ်..။ နောက်ဆုံးခန်းရောက်ပြီဆိုရင် User တွေအနေနဲ့လည်း C# ကဘာလဲ..၊ Program ဆိုတာဘာလဲ သဘောပေါက်ချိန်မှ ဒီအခန်းကိုပြန်ရှင်းပြရင် နားလည်နိုင်တယ် စိတ်အခြေခံ ရှိနေပြီလို့ စာရေးသူယူဆပါတယ်..။
ဒီပုံကတော့ Program တစ်ပုဒ်ရဲ့ အကြမ်းဖျဉ်းသဘောတရားပါ..။ တော်တော်တော့ အကြမ်းဖျဉ်းဆန်ပါတယ်..။ ဒါပေမယ့် Beginners တွေအတွက် ရည်ရွယ်လို့ အသေးစိပ်နားလည်အောင် ရေးလိုက်တာပါ..။ ဒီစာကိုရေးတဲ့ရည်ရွယ်ချက်က OOP သင်ကာစ Beginners တွေကို ရည်ရွယ်ပြီးရေးတာမို့ပါ..။
အစပိုင်းသင်ကာစနေ့တွေမှာ ကိုယ်ကတော့ ရိုက်ထည့်လိုက်တာ မှန်တယ်..။ ဒါပေမယ့် Error တွေ တစ်သီကြီးထွက်ချင်ထွက်နေတတ်ပါတယ်..။ Typing အမှား..၊ စာလုံးအကြီးအသေးအမှား..၊ (;) အပိတ်တွေကျန်လို့ များပါတယ်..။ ဒါတွေကို ဖြည်းဖြည်းချင်းစိတ်ရှည်ရှည်နဲ့ ကျော်လွှားသွားရင်း ကျွမ်းကျင်သူအဖြစ် ရောက်တာပါပဲ..။ လူတိုင်းကျော်လွှားရမယ့် အဆင့်ပဲဖြစ်လို့ Error ပြရင် ဘာကြောင့်လဲဆိုတာ အကြောင်းရင်းသိအောင်လုပ်ရင်း ပျော်ပျော်ကြီး ကျော်ဖြတ်ကြပါစို့..။
Program နဲ့ Result နဲ့ကြားထဲမှာ Compiler ဆိုတာလေး နောက်ကွယ်က အလုပ်လုပ်နေပါတယ်..။ ကိုယ်ရေးလိုက်တဲ့ Program ကို Compiler က Machine Language ကိုပြောင်းလိုက်တယ်..။ Machine Language က နားလည်တယ်..၊ Error မပါဘူးဆိုရင် Compiler ဆီကိုပဲ ပြန်ပို့ပါတယ်..။ Compiler ကနေပဲ လိုချင်တဲ့ Result ပြန်ထုတ်ပေးပါတယ်..။ ရှင်းအောင် ပုံလေးနဲ့ပြမယ်နော်..။ ဒါက Beginners တွေနားလည်အောင် စာရေးသူဘာသာရှင်းအောင်ဆွဲထားတဲ့ ပုံတွေပါ..။ စာရေးသူက ဒီစာကို ဘာသာပြန်ရေးမှာမဟုတ်ပါဘူး..။ ကိုယ်နားလည်သလို ပြန်ရှင်းပြတဲ့ပုံနဲ့ ရေးမှာပါ..။ C# Courses တွေကို နားလည်အောင်ပဲဖတ်ပါတယ်..။ ကိုယ်နားလည်သလိုပဲ ပြန်ရှင်းပြပြီး ဘာသာပြန်ရုံ ရေးသွားမှာ မဟုတ်ပါဘူး..။ စာရေးသူလည်း ဘာသာပြန်ရုံလေးရေးထားတာဆို ဖတ်ရတာ စိတ်ဝင်စားမှု နည်းတတ်လို့ပါ...။
ဒါက Compiler ဆီကနေ Machine ဆီ သွားတဲ့ အသွားပါ..။ Result မပေါ်သေးပါဘူး..။ Execute လုပ်ဆဲကာလပါ..။
ဒါကတော့ Machine Language က Compiler ဆီပြန်ထုတ်ပေးတဲ့ အပိုင်းပါ..။ မှန်ရင် Result ထုတ်ပေးပါမယ်..။ စာတစ်တန်ပေတစ်တန်ရေးနေရပေမယ့် ဒီအဖြစ်အပျက်ကလေးက စက္ကန့်ပိုင်းလောက်ပဲ ကြာတဲ့အဖြစ်အပျက်လေးပါ..။ Developer တွေကတော့ ဒါကိုသိထားရပါမယ်..။
Program တစ်ပုဒ် ဘယ်လို Run မလဲ..။
နောက်အခန်းကနေစပြီး Program တွေစမ်းရပါမယ်..။ ဒီလိုစမ်းဖို့အတွက် မြန်မာနိုင်ငံကလူတွေအတွက်ဆို Visual Studio 2010 တစ်ခွေကိုဝယ်ပြီး Install လုပ်စေချင်ပါတယ်..။ ခွေဝယ်ဖို့ခဲယဉ်းတဲ့ ပြည်ပကလူတွေအတွက် Microsoft Website က Visual Studio 2010 Express Version ကို အလကားပေးထားပါတယ်..။ သူ့ကိုဒေါင်းပြီး Install လုပ်စေချင်ပါတယ်...။ < href="http://www.microsoft.com/visualstudio/eng/downloads">အဲဒီလင့်မှာ Install Now ကိုကလစ်ရုံပါပဲ..။ Install လုပ်ချိန်ကတော့ နာရီဝက်ကနေ ၄၅ မိနစ်လောက် ကြာတတ်ပါတယ်...။ Memory လည်းတော်တော်များများ နေရာယူမှာမို့ စက်မှာနေရာမရှိရင် နေရာအရင်ရှင်းစေချင်ပါတယ်..။ 200Mb ကျော်ကျော်လောက် ရှိပါတယ်..။ Install လုပ်တဲ့ အဆင့်တွေကိုလည်း ထည့်မရေးတော့ပါဘူး..။ < href="http://geekswithblogs.net/Ramaraju/archive/2009/05/24/step-by-step--installing-visual-studio-2010.aspx">အဲဒီလင့်မှာ Install လုပ်နည်းတစ်ဆင့်ချင်းကို ရှင်းပြထားပါတယ်..။ သေချာအောင်လို့ အဲဒီရှင်းပြချက်တစ်ဆင့်ချင်းကိုကြည့်ပြီးလုပ်ရင် အမှားနည်းလို့ အချိန်ကုန်သက်သာပါလိမ့်မယ်..။
Program တွေ မ Run ခင် Folder အရင်ဆောက်သင့်ပါတယ်..။ စာရေးသူကတော့ D:> အောက်မှာ folder တစ်ခုဆောက်ထားပါတယ်..။ ဒါမို့လို့ စာဖတ်သူကိုရော D:>အောက်မှာ ဆောက်စေချင်ပါတယ်..။ ဒါမှ စာရေးသူရှင်းပြရင် နားလည်မှုမမှားစေချင်လို့ပါ..။ Folder တစ်ခုဆောက်ပြီး အဲဒီ Folder ထဲမှာ File ကိုသိမ်းပြီး command prompt ထဲကနေ လှမ်းRun ရမှာပါ..။ Start-->Program-->Visual Studio 2010-->Visual Studio 2010 (tool)--> Command prompt (2010) ကိုရွေးပါ..။ Command prompt ထဲရောက်သွားရင် သူက C:> အောက်ကို ပုံသေပေးထားတတ်တာများပါတယ်..။ cd.. နဲ့နောက်ပြန်ဆုတ်ရပါမယ်..။ cd d နဲ့ Directory ပြောင်းယူရပါမယ်..။ cd class(ကိုယ်ပေးထားတဲ့ ဖိုဒါနာမည်) လို့ရေးပြီး ကိုယ်သိမ်းတဲ့ ဖိုဒါအောက်ကို ပို့ရပါမယ်...။
တကယ် Run တော့မယ်ဆို ပြန်ပြောပါမယ်..။ မြင်သာတဲ့ ဥပမာအနေနဲ့ကတော့
C:/cd..(နောက်ပြန်ဆုတ်တာ)
C:/ cd d (C အောက်ကနေ D အောက်ကို ချိန်းတာ..။)
D:/ cd class (ကိုယ်သိမ်းတဲ့ ဖိုဒါအောက် ၀င်တာ..။)
D:/ Class(ဖိုဒါအောက်ရောက်သွားပြီ..။)
D:/Class/csc First.cs(Compile လုပ်တာ..။)
D:/Class/First (Run တာ..။)
နောက်အခန်းမှ Theory ပြီးရင် လက်တွေ့ Program Run ပါတော့မယ်..။
အခြေခံ အပိုင်း(၁) ဆက်ရန်..။
ကောင်းတဲ့ အကျင့်...။
မစံပယ်တို့ငယ်ငယ်အချိန်တွေတုံးကတော့ မစံပယ်တို့အဒေါ်တွေကပဲ ဘယ်လိုနေသင့်တယ်..၊ ဘယ်လိုမပြုမူသင့်ဖူး..၊ ဘယ်လိုပြောဆိုဆက်ဆံသင့်တယ်ဆိုတာတွေ တတွတ်တွတ်နဲ့ သွန်သင်ဆုံးမတတ်ကြပါတယ်..။ မစံပယ်တို့အရွယ်တွေရောက်လာတော့ မစံပယ်တို့သွားလာရာတိုင်းမှာ အဒေါ်တွေလိုက်ပါဖို့ဆိုတာ ခဲယဉ်းသွားပါပြီ..။ နေရာတကာ သူတို့သွန်သင်မှုကို လိုချင်နေလို့ မရတော့ဘူး..။ ကိုယ်ကိုယ်တိုင်ပဲ သင့်မသင့် ရာမရာ စဉ်းစားချင့်ချိန်ပြီးလုပ်တတ်ရတော့မယ်ဆိုတဲ့အခါ ကိုယ့်ကြောင့် မိဘ၊ ဆရာသမားတို့ရဲ့ ဂုဏ်သိက္ခာတွေကျမသွားအောင် သတိနဲ့နေထိုင်ကျင့်ကြံဖို့ ကြိုးစားလာမိပါတော့တယ်..။
မစံပယ်စာမရေးဖြစ်ဘဲ စာတွေဖတ်နေဖြစ်တာ ကြာပါပြီ..။ လေ့လာစရာ တော်တော်များများလည်းရှိနေတာမို့ စာရေးတာကို ဆိုင်းငံ့ထားခဲ့တာပါ...။ မစံပယ်ရဲ့ပင်ကိုယ်ဗီဇ၀ါသနာကဘာလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးမိတော့ စာဖတ်တာ၊ စာရေးတာ၊ တရားနာတာနဲ့ တရားထိုင်တာ..။ ရံဖန်ရံခါ သီချင်းဆိုဖို့ ၀ါသနာပါတာတွေ့ရပါတယ်..။ အဲဒီတော့ ၀ါသနာဖြစ်တဲ့ စာရေးတာလေးကိုတော့ အချိန်လေးပေးပြီးလုပ်ဦးမှလို့ ကိုယ့်ကိုယ်ကိုသတိပေးနေမိပါတယ်..။ စာကတော့ ဖေ့စ်ဘုတ်မှာပဲ တမေ့တမောလိုက်ဖတ်နေဖြစ်တတ်ပါတယ်..။ ကွန်းမင့်တွေရေးရင် မဆုံးနိုင်တော့လို့ ကွန်းမင့်မရေးဖြစ်အောင် နေလိုက်ပြီး ဘလော့လေးကိုဖုန်သုတ်ဖို့ ကြိုးစားရပါတယ်..။စာရေးတဲ့အခါမှာလည်း အချိန်ကုန်သက်သာအောင် စာရွက်ပေါ်မှာတစ်ခါချရေးထားပြီးမှ တိုက်ပင်ရိုက်ပါတော့တယ်..။ စဉ်းစားချိန်လျော့ကျသွားပြီး ရေးပြီးသားကိုလိုက်ရိုက်ရတာမို့ အချိန်ကုန် အလွန်သက်သာပါတယ်..။
ပြီးခဲ့တဲ့နှစ်ပတ်က မစံပယ်နဲ့ဆယ်စုနှစ်တစ်ခုကျော်ကျော် ကွဲကွာသွားခဲ့တဲ့ အစ်မတစ်ယောက်လိုခင်ရတဲ့ အစ်မတစ်ယောက်ရဲ့အိမ်မှာ ဆွမ်းကျွေးလို့ ထမင်းစားဖိတ်လို့ သွားခဲ့ပါတယ်..။ အဲဒီအစ်မနဲ့ပြောဆိုနှုတ်ဆက်ပြီး ထမင်းစား၊ ထမင်းစားပြီးတော့ အစ်မရဲ့အမေနဲ့ စကားတွေမနားတမ်းထိုင်ပြောနေရင်း အစ်မရဲ့အပြောအဆို၊ အပြုအမူထဲက သဘောကျစရာတစ်ချက်ကို တွေ့ခဲ့ရလို့ ဒီစာရေးဖြစ်သွားတာပါ..။
မစံပယ်ရဲ့အကျင့်က လူရင်းတွေဆို ဘာဟိတ်ဟန် ဘာပကာသနမှ မရှိဘဲ ပြောဆိုဆက်ဆံရင်း၊ သူတို့နဲ့စကားတွေပေါရင်း အကျွေးအမွေးကိုလည်း လူရင်းတွေလိုပဲ ဘာမှကြည့်ကောင်းအောင်လုပ်မနေတော့ဘဲ ၀ိုင်းဖွဲ့စားလိုက်မှာပါပဲ..။ ဒါပေမယ့် ဧည့်သည်တစ်ချို့ဖိတ်ထားသေးပြီး ဧည့်သည်တွေကလည်း အချိန်အဆင်ပြေသလိုရောက်လာနေကြတော့ ဧည့်ခံတဲ့အစ်မက ဟင်းတွေအနားမှာပဲနေပြီး လိုလေသေးမရှိအောင် စီမံနေတာကို တွေ့ရပါတယ်..။ အသားဟင်းတွေအများကြီးကို ဟင်းတွေကို သပ်သပ်ရပ်ရပ်နဲ့ လှပအောင်တစ်ချိန်လုံးစီမံနေတာ၊ မစံပယ်တို့ သူတို့အိပ်ခန်းထဲမှာ စကားပြောနေတာကို တချက်တချက်ပဲဝင်လာပြီး ရှေ့ကဧည့်သည်တွေနားမှာပဲ သင့်တော်အောင်စီမံနေတာကို မစံပယ်တွေ့လိုက်တော့ ကိုယ်နဲ့တော်တော်ကွာပါ့လားလို့ သတိထားလိုက်မိပါတယ်..။
မစံပယ်သာဆွမ်းကျွေးလုပ်ရင် သူငယ်ချင်းတွေဝိုင်းထိုင်စကားပြော၊ လေပန်းရင်း ဘယ်ဟင်းဘယ်လောက်ကျန်ဖို့၊ ဘယ်လိုချန်ဖို့ကို မေ့နေမိမှာပါ..။ သူငယ်ချင်းတွေနဲ့ဝမ်းသာအားရ စကားပြောရင်း ကျန်တာတွေ အရေးစိုက်မိမှာ မဟုတ်တဲ့ ကိုယ်နဲ့ အဲဒီအစ်မကိုယှဉ်တွေးမိပြီး အဲဒီအစ်မဆီက ကောင်းတဲ့အကျင့်လေး ကူးယူလာတာကို အမှတ်ရရင်း ဒီစာကိုရေးလိုက်ပါတယ်..။
မစံပယ်ဆိုရင် မီးဖိုထဲမှာ ချက်စရာတွေပေါလှပါတယ်..။ စိတ်ထဲမှာ စားချင်တာတွေဝယ်ထားပြီး မစားချင်တာတွေ ချောင်ထိုးထားပြီး သုံးမရတော့မှ လွှင့်ပစ်တတ်ပါတယ်..။ လွှင့်မပစ်ရအောင် မစားချင်ပေမယ့်လည်း အထားခံအောင်ပြုပြင်စီရင်တာမျိုး မရှိတော့ အမေပို့သမျှ စားလို့ကုန်တာတစ်ဝက်၊ မစားဘဲလွှင့်ပစ်ရတာ တစ်ဝက်နဲ့ ချီတက်နေခဲ့ါတယ်..။
ဒီနေ့တော့ အဲဒီအစ်မဆီက ကောင်းတဲ့အကျင့်လေးယူခဲ့မိတာမို့ မီးဖိုထဲက မစားချင်သေးပေမယ့် ပုပ်သိုးသွားနိုင်မယ့် စားစရာတွေကိုရှာပြီး သင့်တော်အောင်စီမံရေး လုပ်ပါတယ်..။ မှိုတက်ချင်နေပြီဖြစ်တဲ့ အာပြဲခြောက်ရယ်၊ တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ သရက်သီးကုလားတယ်တွေရယ်ကို ရေရှည်အထားခံအောင် ကြော်ပြီးသိမ်းရင်း သူတစ်ပါးဆီကကောင်းတဲ့အကျင့်လေးကို ကိုယ်တိုင်ကျင့်သုံးရပါတယ်....။
ရေဆေးထားတဲ့ အာပြဲခြောက်တွေ ကြော်ကာနီး..။
တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ သရက်သီးကုလားတယ်တွေ..။ အခုမှ ကြော်ရတယ်..။ ကောင်းမှကောင်း..။
အသက်တွေရလာပြီး မိဘ၊ အဒေါ်တွေ ကိုယ်နဲ့မကွာပါလာဖို့ ခဲယဉ်းကြတဲ့ ဒေသတွေမှာ နေရသူတွေအနေနဲ့ သူတစ်ပါးဆီက ကောင်းတဲ့အကျင့်ကို အတုယူပြီး..၊ မကောင်းတဲ့အကျင့်တွေကို ကိုယ့်မှာလည်းမရှိစေဖို့ ကြိုးစားရင်း ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ဆရာသမားတွေရဲ့ ဂုဏ်သိက္ခာကို ကိုယ့်ကြောင့်မထိခိုက်အောင် ထိန်းပြီး ကြိုးစားနေထိုင်ရပါတယ်...။
ဆွမ်းကျွေးက ငပိချက်..။ မစံပယ်လည်း အိမ်မှာချက်စားတာ ကောင်းမှကောင်း..။
Labels:
အမျိုးသမီးကဏ္ဍ
ချစ်စရာ့ OOP....။ (စကားချီး)
ချစ်စရာ့ OOP ဆိုပြီး OOPအကြောင်း ရေးသားသွားဖို့ စိတ်ကူးရလာတာ ကြာပါပြီ..။ စစိတ်ကူးရတုံးက ကိုယ်တိုင်ကလည်း OOP ကိုလေ့လာဆဲအချိန်၊ မပိုင်နိုင်သေးတဲ့ အချိန်ပဲရှိသေးလို့ OOP ရဲ့သဘောတရားကို ကိုယ်တိုင်နားမလည်သေးတဲ့ အပိုင်းတွေကို ပိုနားလည်လာအောင် ကြိုးစားနေခဲ့ပါတယ်..။ နားမလည်တဲ့အပိုင်းတွေကို ပိုနားလည်အောင်လုပ်ပြီးတဲ့အခါမှာတော့ ဒီစာကို စရေးတော့တာပါပဲ..။
ချစ်စရာ့ OOP လို့ ခေါင်းစဉ်ကိုဘာလို့ပေးတာလဲဆိုတော့ အမြင်ကတ်လို့ ဒီခေါင်းစဉ်ကိုပေးတာပါ..။ တော်တော်နဲ့သဘောမပေါက်နိုင်ခဲ့ပဲ သူများတွေကိုယ့်ကိုသင်ပေးနိုင်မလားဆိုတာ နို့သက်ခံစို့ဖို့စောင့်နေခဲ့ရင်း အချိန်တွေတော်တော်ကုန်ခဲ့ပါတယ်..။ ဘယ်လိုရှင်းပြပြ မရမှန်းသိတော့မှ ကိုယ်တိုင်လုပ်ရင်း တဖြည်းဖြည်းချင်းနားလည်လာတော့မှ အော် OOP ဆိုတာ ဒါပါလားဆိုပြီးတော့မှ ဒီစာကိုရေးဖို့ စိတ်ကူးတော့တာပါ..။
လေ့လာလိုက်တော့ အခြေခံတစ်ခေါက်ပြီးသွားတော့ နားလည်တာ တစ်အုပ်စု၊ နားမလည်တာတစ်အုပ်စု ထွက်လာပါတယ်..။ နောက်တစ်ခေါက်ထပ်လေ့လာလိုက်တော့ နားမလည်တဲ့အုပ်စုက တစ်ဝက်လောက် ထပ်နားလည်သွားပါတယ်..။ အကုန်နားလည်တာတော့ မဟုတ်သေးပါဘူး..။ အခုဒီစာကိုရေးချိန်ထိ မရသေးတဲ့ အပိုင်းတစ်ချို့ကျန်နေပါသေးတယ်..။အတွေ့အကြုံလိုနေသေးလို့ နားမလည်သေးတာလို့ ထင်ပါတယ်..။ နောက်တော့တဖြည်းဖြည်း နားလည်သွားမယ်လို့ ယူဆပါတယ်..။
စာရေးသူ၏ OOPခရီး
စာရေးသူက OOP ကိုဆရာနဲ့ ၃ ခါတိုင်တိုင် သင်ခဲ့ဖူးပါတယ်..။ ပထမတစ်ခါကတော့ ကျောင်းမှာ တတိယနှစ်မှာ စသင်ရတာပါ..။ သင်တဲ့ဆရာကိုယ်တိုင်က ကျွန်တော်တို့ကိုသင်မယ်ဆိုမှ စာဖတ်ပြီးသင်တာမို့ သူကိုယ်တိုင်က ရှင်းပြရင်း လည်ထွက်နေပါတယ်..။ သူကိုယ်တိုင်လည်း OOP က ဘာဆိုတာ လေ့လာဆဲမို့ ပိုင်ပိုင်နိုင်နိုင် မသင်နိုင်တာပါ..။ စာရေးသူကလည်း ဆရာသင်မှဆိုပြီး ဆရာဆီက ဇွန်းနဲ့ခွံ့ကျွေးတာကို အလိုက်သင့်စောင့်နေတတ်တဲ့ အကျင့်ဆိုးရှိတော့ ဆရာကိုယ်တိုင်က နားမလည်သေးဘူးလို့ ၀န်ခံသံကြားလိုက်တော့ စိတ်ပျက်လက်ပျက်နဲ့ပဲ အတော်အောင်အောင် အားထုတ်ပြီး အတန်းအောင်အောင် လုပ်ခဲ့ရပါတယ်...။ ဒီပညာနဲ့ ကိုယ်ကအသက်မွေးမယ်လို့လည်း အမြင်မရှိတာလည်း ပါပါတယ်...။ စာမေးပွဲအောင်ရင်ပြီးရောလို့ပဲ အားထုတ်ခဲ့ပါတယ်...။
နောက်တစ်ခါ ကျောင်းကဘွဲ့တွေပြီးတော့လည်း OOP သင်တာကောင်းတယ်ဆိုတဲ့ ဆရာမဆီမှာ သေချာထပ်သင်ပါသေးတယ်..။ အဲဒီတော့ ကိုယ်က ဒီဘာသာရပ်နဲ့ အသက်မွေးဝမ်းကြောင်းတော့မှာလို့ ရေးရေးသဘောပေါက်နေပါပြီ..။ ဒါပေမယ့် သူများသင်ရင် တတ်မယ်လို့ပဲ ယူဆနေတုံးပါ..။ ကိုယ်ဘာသာ ဘာသာရပ်တစ်ခုကိုလေ့လာဖို့ဆိုတာ စာရေးသူရဲ့ ငယ်ရွယ်စဉ်ဘ၀တွေမှာ အိပ်မက်တောင် မမက်ဘူးခဲ့တာပါ..။ဆရာမကလည်း စာရှင်းပြရုံလောက်သင်သွားပြီး လေ့ကျင့်ခန်းလည်းမရှိ၊ ဘာလည်းမရှိ..။စာသင်ချိန်တိတိကျကျမရှိဘဲ ဆရာမကိုလိုက်ဖမ်းနေရတာဆိုတော့ သင်တန်းခပဲ ပက်ပက်စက်စက်ပေးခဲ့ရပြီး ၂ ချိန် ၃ ချိန် သင်ရုံ၊ အိယောင်ဝါးနဲ့ပဲ ပြီးသွားပြီး သဘောမပေါက်ပြန်ပါဘူး..။ :(
တတိယတစ်ကြိမ်ကတော့ သေချာကောင်းကောင်းသင်ရပါရဲ့..။ သင်ပေးတဲ့သူက သူ့အတွက် ဒီသင်ရိုးက ရိုးသွားပြီ..။ အသင်ခံရတဲ့သူတွေက ပြောင်းပြောင်းသွားတယ်..။ သူသင်ပြီးသား သဘောပေါက်ပြီးသားလူတွေမဟုတ်ဘူးဆိုတာ သတိထားမိဟန်မတူဘူး..။ ဗလပ် ဗလပ်နဲ့ ကြက်တူရွေးစာအံသလို ရွတ်ရွတ်သွားပြီး ဘာလေးမေးမေး ကောင်းကောင်းမဖြေချင်တဲ့ ဆရာမပီသတဲ့ သင်တန်းနည်းပြတစ်ယောက်ဖြစ်ပါတယ်..။ အခုမှအဲဒီသင်ရိုးကို ပြန်ဖတ်ကြည့်မိတော့ သင်ရိုးကတော့ တော်တော်ကောင်းမွန်တာ တွေ့ရပါတယ်..။ သင်တဲ့နည်းပြက နိုင်ငံတကာကအတွေ့အကြုံရှိတဲ့ နည်းပြတွေလို မဟုတ်ဘဲ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲသင်တဲ့ ဘလန်းဘလန်း နည်းပြဖြစ်နေတာက ဆိုးတာပါ..။ အဲဒီဆရာမသင်ကြားမှုအပေါ် သုံးသပ်ချက်ကို Vote ပေးတဲ့အခါ ဆရာမအလုပ်ပြုတ်သွားနိုင်လို့ မှတ်ချက်ဆိုးဆိုးရွားရွားတော့ မရေးခဲ့ပေမယ့် သင်ရတဲ့ အချိန်နဲ့ အားစိုက်မှုအတွက်တော့ နှမြောမိတာ အမှန်ပါပဲ..။ အဲဒီသင်တန်းကနေ ဘာမှမရခဲ့ဘူး..၊ ဘာမှနားလည်ခဲ့တာ မရှိဘူးလို့ ပြောနိုင်ပါတယ်..။
အဲဒီတုံးက ကိုယ်ကမသိခဲ့တာက အတတ်ပညာတစ်ခုကို သူများသင်ပေးနေရုံနဲ့ တတ်မယ်လို့ယူဆခဲ့တာကိုပါ..။ အခုမှသဘောပေါက်လာတာက အတတ်ပညာတစ်ခုက အစပိုင်းတော့နားလည်သူတစ်ယောက်ရဲ့ အကူအညီကိုယူကောင်းယူရမယ်..။ ပြီးရင်တော့ ကျန်တာတဖြည်းဖြည်းနဲ့ ကိုယ်တိုင်ဆက်လုပ်သွားရမယ်..။ ဒါမှတကယ်နားလည်တတ်မြောက်တယ်ဆိုတာ တွေ့လာရတော့ Self Study လုပ်ရတာကို စာရေးသူတော်တော်နှစ်ခြိုက်လာပါတယ်..။ ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်သိလိုက်ရတာမှ တကယ်သိတယ်ဆိုတာ ဖြစ်လာပါလားဆိုတာ သဘောပေါက်လာလေ ပိုလေ့လာချင်စိတ် ဖြစ်မိလေ ဖြစ်လာပါတယ်..။
ဒါပေမယ့်စာရေးသူက ကိုယ့်ကိုယ်ကိုသဘောပေါက်မိတာကတော့ တစ်ခုခုကိုယ်နားလည်ထားတယ်ဆိုရင် သူတစ်ပါးကိုလည်း နားလည်အောင်ပြန်ပြောတတ်ပါတယ်..။ တစ်ချို့လူတွေက ကိုယ်နားလည်တာကို သူတစ်ပါးနားလည်အောင်ပြောဆိုရင် မပြောတတ်ကြတာ များပါတယ်..။ စာရေးသူရဲ့ပင်ကိုယ်သဘာဝမှာ ကိုယ်နားလည်ထားတာကို သူတစ်ပါးကလိုချင်တယ်..၊ လက်ခံတယ်ဆိုရင် နားလည်အောင် ပြောပြတတ်တယ်လို့ ကိုယ့်ကိုယ်ကို မြင်ပါတယ်..။ ဒါပေမယ့် ကိုယ်နားလည်အောင်လုပ်ရတဲ့အဆင့်တွေက စာရေးသူအတွက် ပိုခဲယဉ်း၊ ပိုအချိန်ယူရပါတယ်...။ လက်ပေါက်ကတ်တတ်တဲ့ စာရေးသူ သဘာဝကြောင့် တော်တော်တန့်တန့်နားလည်ရုံနဲ့ နားလည်ပြီလို့ မသတ်မှတ်လို့ နားလည်ပြီဆိုတဲ့အဆင့်ရောက်အောင် တခါတရံ တော်တော်အချိန်ပေးရတတ်ပါတယ်..။
နောက်အခန်းကတော့ OOP နိဒါန်းလာပါမယ်..။ စကားချီးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်..။
မစံပယ်
Labels:
OOP
ကျောက်ကပ်အတွက် မြန်မာဆေးနည်း..။
ကျာက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ် ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက် နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
Sandar Laynyuntmg
Labels:
ဖတ်သင့်သောစာ..။
“အထွေထွေယဉ်ကျေးခြင်း”
၁။ လူကြီးလူကောင်းများနှင့် လည်းကောင်း၊ လူစိမ်းများနှင့် လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကိုကြည့်၍ပြောရာ၏။
၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့်၊ (သူတစ်ပါးသည် သင့်အားအပြစ်ရှာနေသည်ဟုမထင်နှင့်)။
၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ၏။ အကယ်၍ စိတ်မပါသ့ည့်တိုင်အောင် စိတ်မပါသည့် အမူအရာမပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။
၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာဖြည့်စွက်ရမည်။(မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။
၅။ သူတစ်ပါး၏ အပြစ်ကို ပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန်မရှိလျှင် မပြောဘဲနေရာ၏။
၆။ ဒေါသထွက်နေသူတစ်ဦး၏ အတုံ့ အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏၊ တစ်ယူသန်သူနှင့်လည်း ယှဉ်ပြိုင်ပြောဆိုခြင်းမပြုအပ်၊ ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင်ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။
၇။ မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သော စကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။
၈။ လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကိုရှောင်ကြဉ်ရာ၏၊ စိတ်ဆိုးသောအခါမှာပင် မသုံးမိစေရန် သတိထားရာ၏၊ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာလိမ့်မည်)။
၉။ မကောင်းသောစကားကို မပြောမိစေရန်၊ မကောင်းသောအလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာ၏။ သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင်ရှောင်၍သွားရာ၏၊ တစ်စုံတစ်ရာအား ပေးခြင်း၊ မပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ ( ဤကား ဝတ္တရားဖြစ်ကြောင်း မမေ့အပ်)။
၁၀။ မိမိနှင့် မဆိုင်သောနေရာ အရာဝတ္ထုပစ္စည်း အလုပ်အကိုင်များတွင် မပါမဝင် ရှောင်ကြဉ်ရာ၏။
၁၁။ မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအား သိစေသော အခါမှသာလျှင် သိရာ၏၊ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့် ၊ အခွင့်ကိုစောင့်၍ မေးသင့်မှမေးရာ၏။
၁၂။ အခြားသူများ၏ အာရွက်စားတမ်းများအား စောင်းငဲ့ ၍ပင် မကြည့်ရာ၊ (စည်းကမ်းစနစ်ကြီးသူဖြစ်ပါစေ)။
၁၃။ မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်၊ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမဝင်ချေ၊ အများ၏ အနှောင့်အယှက်ဖြစ်စရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကိုဖြစ်စေသည်။
၁၄။ မည်သည့်အခါမဆို မျက်နှာကိုကောင်းစွာထားရာ၏။ မကောင်းသောဘေးဒုက္ခ တွေ့သည့်အခါမှာပင် စိတ်မညစ်ဘဲ မှတ်သားရန် သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာ၏။
၁၅။ ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ။
၁၆။ စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသော အမူအရာဖြစ်၍ မိတ်ဆွေပေါများကြောင်းဖြစ်၏၊
၁၇။ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍ သုံးပြီးလျှင် စိတ်ချမ်းသာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ။
Credit - Original up-loader
Labels:
ဖတ်သင့်သောစာ..။
Subscribe to:
Posts (Atom)




