ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ



ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ.... တဲ့ ဗဟုသုတလေးပေါ့ ! ဘာရယ်မဟုတ်ဘူး.. တနေရာကနေ မလာတာ ..သူငယ်ချင်းတွေ နဲ့ ကျွန်မအတွက်ရော.. အားလုံး သိရအောင်ဆိုပြီးေ တာ့ ! -------------------------------------------------------------------- ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်
Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး

Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ )
beet root - မုန်လာဥနီ ( အလုံး ပုံ )
White radish / turnip - မုန်လာဥဖြူ အကြီး။
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ ( တရုပ် )
White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် )
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး

capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ။
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်။
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး။
Cinnamon bark - သစ်ဂျပိုးခေါက်။
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား။

salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf -ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း။
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley- တရုပ်နံနံ
coriander leaf/ seeds - နံနံရွက်။ နံနံပင်။
mustard seeds - မုန့်ညင်းစေ့။
mustard leaf - မုန့်ညင်းရွက်။
mint - ပူစီနံ။
tamarind - မန်ကျည်းသီး။
turmeric powder - နနွင်းမှုန့်။
saffron - ဂုန်မာန်။

(copy fr: ထူးထူးဆန်းဆန်း )

စာဖတ်တတ်ရဲ့လား



စာဖတ်တတ်ရဲ့လား.....ဟုမေးလျှင်

စာဖတ်တတ်ရဲ့လား..... ဟုမေးလျှင် ဟာ....ဖတ်တတ်တာ ပေါ့ ဟု ဆိုကြပေလိမ့်မည်။ ဟိုက်စကူးမှ ဘီအေ၊ အမ်အေ အောင်သူတို့အား ဤမေးခွန်း မေးမိ ပါမူ မေးသူကို အမေးခံရသူက ရိုက်ပစ်လိုက်ချင်ပေလိမ့်မည် ။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ စာဖတ်တတ်ဖို့ကား လိုပေသေးသည်။ စာတတ်တိုင်း စာဖတ်တတ်သည် ဟု မဆိုသာပေ။ အတန်းစာဖတ်၍ စာမေးပွဲ အသီးသီး အောင်မြင်သော်လည်း စာဖတ်ဖို့ လိုသေးသည် ဟု ဆိုရမည် မှာ အတော်ပင် အားနားစရာကောင်းလှ၏။ စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ်တတ်သည် ဟု ခေါ်ချင်ပါသည်။

အကျိုးပြုသော စာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင် စာဖတ်တတ်သည် ဟု ဆိုနိုင်ပါလိမ့်မည်။ စာကို အပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကိုဗဟုသုတ ပွားရန်ဖတ်ခြင်းကိုပင် စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိ၏ ဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါမှ စာဖတ်ရကျိုး နပ်ပေမည်။

ထိုစာမျိုးကိုဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင် စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။ အချို့သော ပုဂ္ဂိုလ်တို့သည်စာကို စနစ်တကျ ဖတ်ကြသည်။ ပညာရပ် အသီးသီး တို့ကို တစ်ခုပြီး တစ်ခု တတ်နိုင်သလောက် အကုန်အစင် ဖတ်ကြသည်။ ဥပမာ အရှေ့တိုင်း ဒသနိကဗေဒ ကို ကျကျနနသိအောင် ထိုပညာရပ်နှင့် ပတ်သက်သည့် စာအုပ်များကို စုဆောင်း၍ ပြီးအောင် ဖတ်ပစ်လိုက်သည်။ မှတ်စုမှတ်ရာများထုတ်၍ ပြန်လည်သုံးသပ်သည်။ ယင်းသို့ ဖတ်ခြင်းသည် ကောင်းပါ၏။ ပညာဗဟုသုတ ရှားမှီးရုံသာ ဖြစ်သဖြင့် မိမိ၏ဘ၀၌ သာမန်အကျိုးများကိုသာ ပေးနိုင်စွမ်းသည်။

ပညာရှိ တစ်ဦးဖြစ်ရန် အကြောင်းလမ်းများ ရှိသဖြင့် လောက၌ အကျိုးဖြစ်ထွန်းသည် ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် သူ့ဘ၀ အကျိုးကျေးဇူးမျိုးကို ပေးနိုင်ဖို့ ခဲယဉ်းသည်ဟု ဆိုချင်ပါသည်။ စာပေကို ပညာရပ်အဖြစ် ဖတ်ရှုလေ့လာခြင်းသည် စာပေပညာရှိကြီး တစ်ဦး ဖြစ်ဖို့ အကြောင်းလမ်း ပေါ်ရုံမျှသာဖြစ်သည်။ ဘ၀ အကျိုးပေး ကောင်းမွန်စေနိုင်သည် ဟု မဆိုသာပေ။

ဥပမာအားဖြင့် ငယ်စဉ်က အင်္ဂလိပ်ဆန်ပြီး မာနတက်နေခဲ့သော ဂန္ဓီသည် အာဖရိကပြည်၌ ၀တ်လုံလိုက်နေစဉ် မီးရထားပေါ်တွင် အင်္ဂလိပ်ပညာရှိ စာရေးကြီး ရွတ်ရပ်စကင်း၏ ( Unto This Last ) စာအုပ်ကို ဖတ်သဖြင့် သူ၏ ဘ၀ အခြေအနေနှင့် လမ်းစဉ်သည် သိသိသာသာကြီး ပြောင်းလဲသွားလေသည်။ ဂန္ဒီသည် ထိုစာအုပ်ကို မဖတ်ရသေးခင် အခြားအခြားသော စာအုပ်များကို ဖတ်ရာ၌ ဆင်ခြင်သုံးသပ်မှု အစဉ်ပြုခဲ့သည်...။ သို့ ရာတွင် ထိုစာအုပ်နှင့်ကြုံကာမှ စက်ခလုတ်နှိပ်လိုက်သကဲ့သို့  ရုတ်တရက် ဘ၀လမ်းကြောင်း ပြောင်းသွားတော့သည်...။ စင်စစ် ထိုစာအုပ်တစ်အုပ်တည်းက ဂန္ဒီ၏ဘ၀လမ်းကြောင်းကို ပြောင်းစေသလော....။ မဟုတ်နိုင်ပေ...။ ထိုစာအုပ်သည် စက်ခလုတ်ပမာမျှသာဖြစ်သည် ။ အစကတည်းက ဂန္ဒီ၏ဆင်ခြင်သုံးသပ်မှုအလေ့သည် သူ့ ဘ၀လမ်းကြောင်းပြောင်းလဲရန် စက်ယန္တရား ဆင်ထားခြင်းပင်ဖြစ်၏...။ ပုံပမာနှိုင်းရလျှင် ဘ၀အစဉ်အဆက်က ဆည်းပူးလာရသော ပါရမီအရှိန်ကြောင့် နောက်ဆုံးဘ၀၌ အချက်ကလေးတစ်ခု ပေါ်လိုက်ရုံနှင့် ရုတ်တရက် အကျွတ်တရားရသကဲ့သို့ ပင်...။ စာဖတ်ရာ၌ စာတွင်ပါရှိသော အကြောင်းအရာများကို မှတ်သားသည်ထက် မပါသော ၊မဖော်ပြသော အတွင်းခံ အဓိပ္ပါယ်ရှိမရှိကို စူးစမ်းရှာဖွေ၍ ရှိလျှင် ထိုအတွင်းအဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်ရပေမည်...။ အင်္ဂလိပ်ကဗျာဆရာကြီး ၀ပ်ဒ်ဝပ်က ကဗျာတစ်ပုဒ်ကိုဖတ်တတ်ခြင်းသည် ရေးတတ်ခြင်းထက်ပင် ခက်ခဲလှသည်ဟု ဆိုဖူးလေသည် ။

စာကို အပျင်းပြေ အပျော်တမ်းဖတ်သူတို့ ကို မဆိုလိုပါ ။ အပျော်တမ်းဖတ်ချင် ဖတ်ကြပါ...။ အပျော်တမ်းမျှပင် မဖတ်ချင်ဘူးဟု ဆိုကာ စာအုပ်များကို လွှင့်ပစ်ချင် လွှင့်ပစ်ကြပါ...။ စာဖတ်ရန် မည်သူကမျှ အတင်းအကြပ် တိုက်တွန်း၍ မရပါ...။ ဆရာက ဘာတွေလျှောက်ရေးနေတာလဲ...။ ရယ်စရာတွေ ၊ပျော်စရာတွေ ရေးစမ်းပါ...။ ကျွန်မတို့ တော့ စာဖတ်တာ ပျော်ချင်လို့ ပဲ.........ဟု ဘီအေအောင်ပြီးသော မိန်းမပျိုတစ်ယောက်က ကျွန်တော့်ကို ပြောဖူးသည်.။ မကြာခင်ကပင် စာအုပ်ဆိုင်တစ်ဆိုင်တွင် ကျွန်တော်တို့ နှင့် ကျောင်းနေဘက် ဘီအေ၊ ဘီအီးဒီအောင်ပြီး ကျောင်းဆရာမ တစ်ယောက်နှင့်တွေ့ ရာ သူက စာမဖတ်ရလျှင် အိပ်မပျော်ဟု ဆိုသည်..။ ကျွန်တော်က ဘာစာတွေ ဖတ်သလဲဟု မေးသောအခါ သူက စုံထောက်ဝတ္ထုများ နှင့် အချစ်ဝတ္ထုများကို ဖတ်တယ်ဟု ဆိုသည်...။ စာကို ရွှင်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ အိပ်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ ဖတ်ရှုသုံးဆောင်နေသော များစွာသော စာဖတ်ပရိသတ်အား ဖတ်ကြပါ...။ ဖတ်ချင်ရာဖတ်ကြပါ.. ဟုသာ ဆိုပါရစေ...။

စာကို လေးလေးနက်နက် သဘောထား၍ ဖတ်ချင်သော လူနည်းစုကလေးကိုသာ ကျွန်တော်ဦးတည်၍ ဆိုပါရစေ.....။ ၀တ္ထုပင်ဖြစ်စေ.. ၊ ကဗျာပင်ဖြစ်စေ...၊ ဆောင်းပါးပင် ဖြစ်စေ...၊ ဖတ်လိုရာကို ဖတ်ပါ..။ ဖတ်ရာ၌ မိမိကိုယ်တိုင် တွေးခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းဖို့ လိုပါသည်...။ ၀တ္ထုတစ်ပုဒ်ဖတ်လျှင် ၀တ္ထုဆုံးသည်နှင့်တစ်ပြိုင်နက် သင်၏ အတွေးစပါ ဟု ဆရာတစ်ယောက်က သြ၀ါဒ ပေးခဲ့ဖူးသည်...။ အအိပ်၏အရသာသည် နိုးကာမှပေါ်ပါသည် ၊ ၀တ္ထု၏ အရသာသည်ဝတ္ထုအပြီးတွင်မှ ပေါ်ရပေမည်...။ ဒီဝတ္ထု သိပ်ကောင်းတာပဲ ၊ လက်က ချလို့ တောင် မရဘူး ဟူသော စကားမျိုးကို ကြားဖူးကြပေမည်....။ မိမိတို့ ကိုယ်တိုင်ပင် ပြောကောင်းပြောဖူးကြပေမည်...။ ထိုသို့ သော လက်ကချ၍မရနိုင်လောက်အောင်စွဲသော ၀တ္ထုမျိုးနှင့် ပတ်သက်၍ အင်္ဂလိပ်ဝတ္ထုရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ် က ဖတ်မိလျှင် မပြီးမချင်း တစ်ထိုင်တည်းနှင့် ဖတ်ပစ်လိုက်စေသော ၀တ္ထုမျိုးမှာ အိပ်မက်နှင့်တူသည်...။ အိပ်မက်သည် အိပ်နေခိုက်သာ ရင်တဖိုဖို ဖြစ်သည်...။ နိုးသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားသည်...ဟု ဆိုလေသည်...။ စာဖတ်ရာ၌ ဘ၀၏ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု ၊သုံးသပ်မှုကို အရင်းပြုအပ်သည်ဟု ထင်မိပါသည်...။ စာဖတ်ပါရမီ မဖြည့်ဆည်းဘဲ အပျော်ဖတ်သဘောမျိုးသည် အစ၌ ကောင်းပါ၏ ။ စာဖတ်တတ်ကာစ၌ အပေါ်ယံစိတ်ဝင်စားမှုကို အခြေတည်ရမည် ..။ သို့ ရာတွင် ဖတ်ပြီးလျှင် တွေးတောဆင်ခြင်ရန် အလေ့အကျင့်ပြုအပ်လှပေသည်...။ တွေးတောမှု ဆိုသည်မှာ မွေးကတည်းက ပါလာသော အရာမဟုတ်...။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ စာ၏အရသာသည် ပိုမိုလာပေလိမ့်မည်...။ အပျော်တမ်းဖတ်ခြင်းသည် ပျင်းရိငြီးငွေ့ ခြင်း၌ စခန်းရပ်ရန်သာရှိသည်...။ လေးနက်စွာ ဖတ်ခြင်းသည်ကား အခါမလင့် မွေ့ လျော်ဖွယ်သာ ဖြစ်ပေသည်....။

ဆရာတက်တိုး

လပြည့်ဝန်း (သာစည်)

လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်းသို့သွားရာ လှေခါး (၃၀)



၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။

၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။

၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။

၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်း ကိုဖြစ်စေသည်။

၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။

၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာ မူတည်ပါလိမ့်မယ်။

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။

၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။

၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။

၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။

၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။

၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။

၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်ေ အာင်မြင်ခြင်းဖြစ်၏။

၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံး သပ်ခြင်းသည်နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။

၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကို ထိခိုက်စေ မည့်အကြောင်းမရှိနိင်။

၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ ၏။

၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာ အသုံးချပါ။

၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။

၂၇။ အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။

၂၈။ သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများ နှင့်ဝေးဝေးနေသင့်၏။

၂၉။ သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ်စိတ်နှစ်ဖြာချမ်း သာရ၏။

၃၀။ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသ ဟာပေါကြွယ်ပါ၏။

ကဲ....အဆွေတို့ရေ အထက်ပါ စည်းကမ်းချက်များ သင့်မှာရှိပြီးသားဖြစ်ပါ သလား မရှိသေးပါက သင့်အတွက်အကျိုးရှိမည်ဟု ယုံကြည်ပါလျှင်ကျင့်သုံး သင့်သည်ထင်ပါသည်။အကုန်လုံးကိုယ်တိုင်ရေးသည်မဟုတ်သော်ငြားလည်း ပြင်ဆင်ဖြည့်စွပ်ထားပါသည်။

source://facebook

မိန်းမသားများ အောင်မြင်ခြင်း အကြောင်းတရား။




လောကကြီးမှာ လူဖြစ်ရတာခြင်းအတူတူ ဒီထဲကမှ မိန်းမသားဖြစ်ရတာခြင်း အတူတူ အောင်မြင်မှုမတူ ဘာကြောင့်များ အခြေနေတွေ ကွာခြားနေရတာ ပါလဲ။ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ အောက်ပါ အချက်အ လက်တွေကို ပိုင်ဆိုင်နေတယ်ဆိုတာ သတိထားမိစေဖို့ တင်ပြလိုက်ပါတယ်။


(၁) ထူးကဲတဲ့ ဝီရိယရှိကြတယ်

အောင်မြင်ထင်ရှားမိန်းမသားတိုင်းမှာ သူများထက်ထူးတဲ့ ဝီရိယကို ပိုင်ဆိုင် ထားကြတယ်ဆိုတာ မမေ့သင့်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားမှာ ဆိုတဲ့ စကားကို လုံးဝအယုံအကြည်မရှိတဲ့ မိန်းမသားများပေါ့။ သူတို့ဟာ သူတို့ လုပ်ဆောင်စရာရှိသမျှကို ကြိုတင်ပြင်ဆင်တတ်ပြီး သူများထက်အရင် ဦးစွာပြီးစီးစေခြင်းဖြင့် အောင်မြင်မှုကို ရယူတတ်ပါတယ်။


(၂) ကတိတစ်လုံး စကားတစ်ခွန်းကို တန်ဖိုးထားတတ်ကြတယ်

သူတို့ဟာ ပြောပြီးသားစကားတစ်ခွန်း ပြန်ပြင်ဖို့အတွက်ကိုအင်မတန်ဝန်လေး တတ်ကြပါတယ်။ ပေးပြီးသားကတိအတွက် ဖျက်ရမယ်ဆိုရင်တော့ အ သက်သာ အသေခံချင်တော့တယ်ဆိုတဲ့ အစားမျိုးပေါ့။ အောင်မြင်ထင်ရှား မိန်းမသားများဟာ ဒီလို စကားတည်ခြင်း ကတိမြဲခြင်းတို့နဲ့ပဲ သူ့ပတ်ဝန်း ကျင်က ပြိုင်ဘက်တွေကို ကျော်လွှာအနိုင်ရသွားတတ်မြဲပါ။


(၃) ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်

ပုထုဇဉ်ဆိုတာကတော့ ဖောက်ပြန်တတ်တဲ့ သဘာဝရှိကြတာချည်းပါပဲ။ ဒါပေမဲ့ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ ဖောက်ပြန်ချင်တဲ့စိတ်ကို သူတို့ရဲ့ ဟီရိသြတ္တပ တရားက ပြန်လည်ထိန်းချုပ်ပြီး ကြည့်လိုက်တာနဲ့ တည်ကြည်ခြင်း အပေါင်းစုလို့ သူတို့ရဲ့မြဲမြံတဲ့ ကိုယ်ကျင့်တရားကြောင့် လူကြည်ညိုစရာ အလိုလိုဖြစ်နေတတ်တာ သူတို့ရဲ့ သဘာဝပါ။


(၄) ကိုယ်ချင်းစာစိတ်ရှိကြတယ်

ကိုယ်ချင်းစာစိတ်မရှိရင် အောင်မြင်ပေမယ့် မထင်ရှားဘူး၊ ထင်ရှားမှုရှိလည်း မအောင်မြင်ဘူး။ အောင်မြင်ထင်ရှားနေပြီဆိုရင်တော့ သေချာပါတယ် သူ ဟာ ကိုယ်ချင်းစာတရားရှိသူ ဖြစ်ပါတယ်။ ကိုယ်တွေ ကိုယ်တွေ ချင်းသာ စာနာ တတ်သူကတော့ လူမုန်းများတတ်ပြီးကိုယ်တွေက အများကို စာနာတတ်မှ သာ လူချစ်လူခင်များတဲ့ အောင်မြင်ထင်ရှားသူအစစ်ပါ။


(၅) သူများရဲ့အရည်အချင်းကို တန်ဖိုးထားတယ်

တကယ့်အောင်မြင်ထင်ရှားသူတွေဟာ ကိုယ့်အရည်အချင်းတွေ တိုးမြင့်နေဖို့ ပဲ ကြိုစား၊ ကိုယ့်အရည်အချင်းကိုဘဲ ကိုယ်အသိအမှတ်ပြုတဲ့တစ်ကိုယ်တော် သမားမဟုတ်ပါဘူး။ သူတို့ဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရည်အချင်း ရှိသူ မှန်သမျှကို ချီးမြှင့်အားပေးလိုတဲ့ စိတ်ထားပိုင်ရှင်တွေပါ။


(၆) ဒေါသကို ထိန်းချုပ်နိုင်ကြတယ်

အင်မတန်သိသာတဲ့အချက်ပါ၊ သူတို့ဟာ ဖြစ်ပျက်ကြုံဆုံလာရတဲ့ အကြောင်း အရာမှန်သမျှအပေါ်မှာ သွေးအေးစွာ ဖြေရှင်းနိုင်သူတွေပါ၊ ဒေါသ ထွက်ခဲ့ ရင်တောင် လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်တဲ့ အသိတရားတွေ ပိုင်ဆိုင် တတ် ကြပါတယ်။ ဒေါသထွက်လွန်းလို့ ရင်တွင်းဆူပွက်နေခဲ့ရင်တောင် သူ့ဒေါသ ကိုသူပဲ အသိခံပြီး ဒေါသကြောင့် အမှားတရားတွေကို ဖန်တီးမယ့် သူမျိုး မဟုတ်ပါဘူး။


ကမ္ဘာပေါ်ရှိ အမျိုးသား၊ အမျိုးသမီးများအားလုံး ထက်မြက်အောင်မြင်သော သူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်..............................။


Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

လေးစားကြည်ညိုရသူများ..။




ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ရင်မြင်ရင် အသိတရားအမျိုးမျိုးရတယ်..။ တစ်ချက်က ကျွန်တော်တို့နိုင်ငံမှာ သူလိုလုပ်တတ်ကိုင်တတ်တဲ့သူ (အဲလိုပဲပြောပါမယ်နော်..။) မရှိသလောက်နည်းတယ်..။ ဒါပေမယ့် ငါမှလုပ်တတ်တယ်..၊ ငါမို့လုပ်တတ်တယ်ဆိုတဲ့ အသုံးအနုန်း၊ ဟန်ပန်မူ ယာတစ်ခါမှမတွေ့ဘူးတဲ့အပြင် တစ်ခြားလူတွေကိုပါ အဲလိုစိတ်မမွေးဖို့ ဆုံးမတာကြားရတယ်..။ အရွယ်ကွာခြားချက်ကြောင့်လား..၊ မွေးရာပါဗီဇကွာတာကြောင့်လားမသိ..။ အဲဒီအချက်ကိုမြင်မိတိုင်း လေးစားပြီးရင်း လေးစားမိရတယ်..။


ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး မေး။ ။ ပထမဦးဆုံးအနေနဲ့ မျိုးချစ်စိတ်ဆိုတာ ဘယ်အချိန်က စပြီး ခံစား မိတာလဲဆိုတာ သိပါရစေ ခင်ဗျာ။


ဖြေ။ ။ အဲဒီမျိုးချစ်စိတ် ၊ မျိုးချစ်စိတ်ဆိုတဲ့ အကြောင်းကို သိပ်မပြောချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့တချို့က မျိုးချစ်စိတ်၊ မျိုးချစ်စိတ်ဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်တာမျိုးကို မျိုးချစ်စိတ်နဲ့ အကြောင်းပြပြီး မျိုးချစ်စိတ်နဲ့ လုပ်တယ်လို့ ပြောတယ်၊ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကိုယ့်အမျိုးအဆွေ ကိုယ့်မောင်နှမသားချင်းတွေကို ချစ်သလို ကိုယ့်ရဲ့လူမျိုးချစ်တဲ့ စိတ်ကတော့ အမြုတေအားဖြင့်တော့ ရှိနေမယ်လို့ ထင်ပါတယ်။

မေး။ ။ အမေ့ရဲ့ မပြောင်းလဲခဲ့တဲ့ မြန်မာဝတ်စုံ နဲ့ပတ်သတ်ပြီး တစ်ခုလောက် မေးပါရစေ၊ အမေက မြန်မာပြည်က အမျိုးသမီးထုကို လမ်းပြပေးခဲ့တဲ့ ပုံစံမျိုးလား။

ဖြေ။ ။မဟုတ်ပါဘူး၊ အမေ့ဘာသာ အမေ ကြိုက်လို့ ဝတ်တာပါ၊

မေး။ ။ အမေ့အနေနဲ့ ပြည်ပ ခရီးစဉ်တွေ မှာဝတ်ခဲ့တာကို ကမ္ဘာ မှာ မြန်မာ ဝတ်စုံနဲ့ ပတ်သတ်ပြီး သတိထား လာကြတယ်လို့ ပြောလာကြတယ်၊ အဲဒါနဲ့ ပတ်သတ်ပြီး ဖန်တီးပေးထားတဲ့သူ၊ ဒီဇိုင်နာပေါ့ ၊ခုလည်း လွှတ်တော် မှာ ဝတ်ဆင်နေတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ပြောလို့ ရရင်ပြောပေးပါဗျ၊

ဖြေ။ ။ ခုဝတ်ထားတာက ကရင်လုံချည်ပေါ့၊ (ရယ်လျက်)၊ အင်း….ဒီဇိုင်နာ ရယ် လို့ မရှိပါ ဘူး၊ ဒီလိုပဲ ..၊ တချို့တွေကျတော့ သူများတွေ ချုပ်ပြီးပေး လည်း အမေဝတ်တာပဲ၊ သူများပေးတာ ဝတ်တာ များတာပေါ့နော်၊ နောက် ထပ် ကိုယ့်ဟာ ကိုယ်လည်း ဒီလိုပဲ ချုပ်ဝတ်တာပဲ၊ ဒီဇိုင်နာရယ်လို့ တော့ မဟုတ်ပါဘူး။

မေး။ ။ ဘဝမှာ အတွေ့အကြုံ အပြောင်းအလဲ တွေ ကြားမှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့တာလဲ၊ အဓိက စိတ်ဓာတ်လေး တစ်ခု သိပါ ရစေ။

ဖြေ။ ။ အဲ့ဒါပြောရခက်တယ်၊ စိတ်ဓာတ်ဆိုတာ တစ်မျိုးတည်းမှ မဟုတ် တာဘဲ၊ ကိုယ်တွေ့ကြုံရတဲ့ ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီးတော့ စိတ်ဓာတ် က ပြောင်းလဲတာပေါ့၊ ပျော့ပျောင်းသင့်တဲ့ နေရာမှာ ပျော့ပျောင်းတယ်။ တင်းမာသင့်တဲ့နေရာမှာ တင်းမာတယ်၊ အဲဒီတော့ အမေအမြဲပဲပြောတယ် တင်းမာတာမဟုတ်ဘူး၊ခိုင်မာတာပေါ့၊ ပျော့ ပျောင်းတာနဲ့ ပျော့ညံ့တာ မတူဘူး၊ ခိုင်မာတာနဲ့ တင်းမာတာနဲ့ မတူဘူး၊လိုအပ်ရင် လိုအပ်သလိုပေါ့၊ အမြဲပဲ ဒါပျော့ပျောင်းနေ လို့လည်း မရဘူး၊ ပြောရမယ် ဆိုရင် တိုက်ဖို့ လိုရင်လည်း တိုက်ရမှာပဲ၊ ခံဖို့လိုရင် လည်းခံရမှာပဲ၊ချော့ဖို့လိုရင်လည်း ချော့ ရမှာပဲ၊ လျှော့ဖို့လိုရင်လည်း လျှော့ရမှာပဲ(ရယ်လျက်)။ ဒါက ကိုယ့်ရဲ့ မူအရလုပ်သင့် တာတွေ လုပ်နိုင်ဖို့ စိတ်ဓာတ်ကို ပြောင်းသွားရမှာပါ။

မေး။ ။မိသားစုနဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ကြံ့ကြံ့ ခိုင်နေထိုင်နိုင်ခဲ့တဲ့ သတ္တိကိုလည်း တစ်ချက် လောက်သိပါရစေ။

ဖြေ။ ။ အဲဒါကတော့ တာဝန်သိစိတ်လို့ပဲ ပြောရ မှာပဲ၊ အမေတို့ ငယ်ငယ် တည်းက မေမေ (ဒေါ်ခင်ကြည်) က အင်မတန်မှ တာဝန်သိတယ်၊ မေ့မေ့ရဲ့ တာဝန်သိစိတ်က အင်မတန်မှလည်း ကြီးတယ်၊ ကလေးတွေကိုလည်း တာဝန်သိစိတ်ရှိဖို့ သင်ထားတယ်။ အဲတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရ ခံစားချက်တွေထက် ကိုယ့်တာဝန်လို့လက်ခံတဲ့ ကိစ္စကို ရှေ့တန်းတင် ရမယ်ဆိုတဲ့ ဟာကိုတော့ ဒါငယ်ငယ်က ပြုစုပျိုးထောင်ထားခဲ့တာပါ။

မေး။ ။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း အဓိပ္ပာယ်ကို ကျတော့ ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်ပါသလဲ ခင်ဗျ။

ဖြေ။ ။မှန်ကန်ခြင်း ဆိုတာကတော့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်ဟာက မှန်ကန်သလဲ ဆိုတာ တစ်ခါတလေ အငြင်းပွားကြတာပေါ့၊ ဒါပေမဲ့လည်း ဖေဖေပြောခဲ့တဲ့ အသုံးအနှုန်းဆိုရင်တော့ ကိုယ့်လိပ်ပြာခုံ ရုံးရှေ့မှာ ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်မှ။ မှန်ကန်လား မမှန်ကန်လား ဆိုတာ အဲ့ဒါနဲ့ ဆုံးဖြတ်ရမှာပေါ့၊ ရဲရင့်တယ် ဆိုတာက ကိုယ် မှန်ကန်တဲ့ ကိစ္စအတွက် ထိမယ်ထင်ရင်လည်း၊ နာမယ် ထင်ရင်လည်း ထိမှာ နာမှာကို ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိကို ထုတ်တာဟာ ..ဒါ ရဲရင့် တာပေါ့၊

မေး။ ။ အခု ပြုပြင်ပြောင်းလဲရေး ကာလမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအရေး တွေပေါ့။ အဲဒါမှာ ဘယ်အရာက မြန်မာနိုင်ငံ အတွက် ပထမဆုံး အဓိက လိုအပ်မယ်လို့ ထင်မိ ပါသလဲ ။

ဖြေ။ ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ ပညာရေး ကတော့ အဓိက အရေးကြီးတယ်။ ပညာရေးကို အခြေခံမှ မှန်ကန်တဲ့ စီးပွားရေး မူတွေ လည်း ချနိုင်မယ်၊ မှန်ကန်တဲ့ စီးပွားရေးလမ်းကိုလည်း လျှောက်နိုင်မယ်။ နောက် ..လူမှုရေးက လည်း ပညာရေးက အများကြီး အကျုံးဝင် တာပေါ့လေ၊ ပညာရေးက မှန်ကန်လို့ရှိရင် မှန်ကန်တဲ့ လူမှုရေး ဆက်ဆံ မှုတွေကလည်း မှန်ကန် လာမှာပေါ့၊ အမေတို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် စိတ်ဓာတ်ကောင်းမွန်ဖို့ ..။ ဒါမျိုးတွေက အများကြီး သင်တာတွေ ရှိတယ်၊ သားတို့ခေတ်မှာ ဒါ တွေက ကျောင်းတွေမှာ သိပ်မသင်ဘူးပေါ့။ အဲတော့ ပညာရေးက စိတ်ဓာတ်မှန်ကန်ဖို့နဲ့ ဆက်စပ်တယ် ဆိုတော့ လူမှုရေးနဲ့လည်း ဆက်စပ်သွားတာပေါ့။

အောင်ထက် (NYK)