tag:blogger.com,1999:blog-3094728610073601317.post3412644248425803293..comments2023-03-21T06:45:24.895+06:30Comments on စံပယ်ပန်း: မိမိကိုယ်ကို ရောင်းချခြင်း..။Unknownnoreply@blogger.comBlogger1125tag:blogger.com,1999:blog-3094728610073601317.post-30020749044438105622013-02-12T10:35:17.191+06:302013-02-12T10:35:17.191+06:30အလုပ်အကိုင် အခွင့်အလမ်းအတွက်သာမက ကိစ္စများမြောင်အတွ...အလုပ်အကိုင် အခွင့်အလမ်းအတွက်သာမက ကိစ္စများမြောင်အတွက် လူတွေအချင်းချင်းဆက်သွယ်နေရတာ သတိပြုမိဖူးပါတယ်။
တစ်စုံတစ်ဦး သို့မဟုတ် မိမိရွေးခြယ်စူးစိုက်လိုလားတဲ့ လူအများက မိမိအလိုဆန္ဒပြည့်ဝအောင် လိုက်လျောလာစေဖို့ ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့ နည်းနာ ပညာရပ်များ (ညှို့ဓါတ်) (လူတွေကိုဆွဲဆောင်နိုင်သော သြဇာ သံလိုက်ဓါတ်) စသည်တို့ ရှိတယ်ရယ်လို့ ယုံကြည်သူတွေ အများကြီးရှိပါတယ်။ စိတ်ပါဝင်စားလျှင် အချိန်အနည်းငယ်ပေးကာ လေ့လာကျင့်သုံးသင့်ကြောင်း အကြံပြုလိုပါတယ်။
ဒါဟာ မိမိစိတ်ကို ဖြေသိမ့်လှည့်စားတာသက်သက် မဟုတ်သလို ဘာသာရေးအမြင် အချို့နဲ့လွဲချော်လွတ်ကင်းနေခြင်းမရှိပါဘူး၊ ပဉ္စလက်နည်းပညာ မှော်အတတ်နဲ့ အောက်လမ်းနည်း တွေလဲ မဟုတ်ပါဘူး။
အလွယ်တကူ လက်လှမ်းမီ လေ့လာဖတ်ရှုနိုင်တာ တချို့ကို ညွှန်းရလျှင် စာရေးဆရာ မင်းသိင်္ခ ရေးတဲ့ ၀တ္တုအချို့မှာ ဒီသဘောတရားတွေကို ၀တ္တုဇာတ်လမ်း ဇာတ်ကွက်များအသွင် မိတ်ဆက်သင်ကြားပေးထားတာ တွေ့မြင်နိုင်ကြပါတယ်။
ဆင်ခြင်အလေးထားသိမြင်စေဖို့ စီစဉ်ရေးဖွဲ့တာတွေအပေါ် အတွေးနယ်ချဲ့ကျော်လွန်ပြီး ဂမ္ဘီရနယ်အထိ မျှော်တွေးကာ မလိုတာတွေကိုမယူမိစေဖို့ သတိလိုကြောင်းလည်း စေတနာအပြည့်ဖြင့် အသိပေးလိုပါတယ်။
အထက်မီးအောက်မီးပေးရတဲ့ မုန့်ကို ရောင်းချသူကအစ ရတနာရွှေငွေကုန်သည် သူဌေးမလေး မမိုးကောင်းတို့အထိ ဆွဲဆောင်နိုင်စွမ်းနဲ့ အပြုသဘော ထင်မြင်ယုံကြည်ပုံဖေါ်ကြည့်တဲ့အလေ့အထရဲ့ အစွမ်း လက်တွေ့အသုံးချ အောင်မြင်မှုရတာတွေကို သာဓက .သဘာလေ့လာနိုင်ပါတယ်။
လူတချို့အတွက် လက်မှတ်နဲ့ အတတ်ပညာတွေ လုံးဝ ထုတ်မပြပဲနဲ့ တစ်ဖက်သားက လိုလိုလားလား အကျိုးဆောင်ကူညီလိုတာတွေ ကူညီဆောင်ရွက်တာတွေ တွေ့ဖူးကြမှာပါ။
အစ်မ စံပယ်နှင့်တဟ်ကွ အသုံးချဖို့လိုအပ်နေသူများအားလုံး အသုံးဝင် အသုံးကျစေဖို့ မိမိထင်မြင်ချက်ကို စေတနာရှေ့ထား တင်ပြပေးလိုက်ပါတယ်ရှင်။
(သဘောမတိုက်ဆိုင် အသုံးမ၀င်ခဲ့ပါက ပေလျကံထား၍ လစ်လျူရှု သွားကြပါကုန်)မေ၀မ်https://www.blogger.com/profile/09752130338859082727noreply@blogger.com